သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဘုရင် နန်းစွန့်


မလေးရှားဘုရင် Sultan Muhammad (၅)
မလေးရှားဘုရင် Sultan Muhammad (၅)

မလေးရှားဘုရင် Sultan Muhammad (၅) က သူအနေနဲ့ ထီးနန်းကို စွန့်လိုက်ပြီလို့ တနင်္ဂနွေနေ့တုန်းက ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ ဘာ့ကြောင့် ဆိုတဲ့ အကြောင်းပြချက်တော့ မပေးပါဘူး။

အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ မလေးဘုရင်က တိုင်းသူပြည်သားတွေအနေနဲ့ ဆက်ပြီး ညီညွတ်ရေးကို ထိန်းသိမ်းကြဖို့၊ သည်းခံမှုတွေနဲ့ အတူတကွပူးပေါင်း ဆောင်ရွက်ကြဖို့ ဘုရင့်နန်းတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုင်းပြည်ကို တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ ဆေးကုသမှု ခံယူဖို့ အနားယူမယ်ဆိုပြီး ပြောခဲ့ချိန် ၊ ရုရှားနိုင်ငံက အလှမယ်တဦးနဲ့ ဘုရင်ကြီး လက်ထပ်လိုက်ပြီဆိုတဲ့ အတည်မပြုနိုင်တဲ့ ကောလဟလတွေ ထွက်ပေါ် ခဲ့ချိန်ကစလို့ ဘုရင်ကြီး အနားယူတော့ မလားဆိုတဲ့ ထင်ကြေးပေးပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့တာပါ။

မူဆလင်အများစုရှိတဲ့ မလေးရှားမှာ အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၅၇ ခုနှစ်နောက်ပိုင်း ဒီလို ထီးနန်းစွန့်တဲ့လုပ်ရပ်ဟာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ထီးနန်းအမွေ ဆက်ခံခွင့်ရှိတဲ့ ပြည်နယ် ၉ခုက စော်ဘွားတွေအနေနဲ့ အလှည့်ကျစီ စည်းမျည်းခံဘုရင်အဖြစ် ထီးနန်းဆက်ခံခွင့်ရှိပြီး ၅ နှစ်သက်တမ်း တာဝန်ယူရပါတယ်။ ဘုရင် Sultan Muhammad(၅) ဟာ အရှေ့မြောက်ဘက် Kelantan ပြည်နယ်ကဖြစ်ပြီး အသက်အငယ်ဆုံး ဘုရင်လည်း ဖြစ်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာကစလို့ နန်းတက်ခဲ့တာပါ။

မလေးရှားဘုရင် နန်းစွန့်
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG