သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မလေးရှားထိပ်တန်းကုမ္ပဏီ အလုပ်သမားအခွင့်ချိုးဖောက်မှုတိုင်ခံရ


Top Glove စက်ရုံအလုပ်လုပ်နေသောမြင်ကွင်း

ကမ္ဘာမှာသုံးစွဲနေတဲ့ လက်အိတ်တွေအများဆုံးထုတ်လုပ်သူ Top Glove ကုမ္ပဏီရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ အလုပ်သမားအခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီကုမ္ပဏီမှာ အလုပ်လုပ်ကြရတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ နာရီအတော်ကြာ အလုပ်လုပ်ရပြီး သူတို့အပေါ် တင်နေတဲ့ အကြွေးတွေဆပ်ဖို့ တရားမ၀င် အချိန်ပိုတွေလည်း ဆင်းနေရတယ်ဆိုတဲ့ အချက်အလက်တွေ ပေါ်ပေါက်လာပြီးနောက် အခုလို တောင်းဆိုလိုက်တာပါ။ အလုပ်သမာတွေဟာ မလေးရှားဥပဒေကခွင့်ပြုထားတဲ့အချိန်ထက်ပိုပြီး အလုပ်လုပ်နေကြကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ သုံးစွဲနေတဲ့ ရော်ဘာလက်အိတ် ၂၅ ရာခိုင်နှုန်းကို ထုတ်လုပ်နေတဲ့ Top Glove ကုမ္ပဏီကတော့ အခုလို စွပ်စွဲချက်တွေနဲ့ ပတ်သတ်ပြီး စုံးစမ်းစစ်ဆေးသွားမှာဖြစ်ပြီး မမှန်ကန်တဲ့နည်းလမ်းနဲ့ လုပ်သားသစ်စုဆောင်းသူတွေနဲ့ ဆက်လက်ဆက်ဆံတော့မှာ မဟုတ်ကြောင်းနဲ့ အလုပ်သမားတွေ အလုပ်နားချိန်အပြည့်အ၀ရရှိရေး အသေအချာဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

Top Glove ကုမ္ပဏီဟာ ဆေးရုံသုံး လက်အိတ်တွေကို ဗြိတိန်နဲ့ အမေရိကန်အပါအ၀င် နိုင်ငံပေါင်း ၁၉၅ နိုင်ငံကို တင်သွင်းနေတာပါ။ မလေးရှားနိုင်ငံက ဒီလုပ်ငန်းမှာ ရွှေ့ပြောင်း လုပ်သားပေါင်း ၁၁၀၀၀ ကျော် အလုပ်လုပ်နေပြိး အဲဒီထဲမှာ နီပေါလ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေပါဝင်ပါတယ်။ အဲဒီအလုပ်သမားတွေဟာ သူတို့ကို ကုမ္ပဏီမှာ သွင်းပေးတဲ့ ပွဲစားတွေကို မလေးရှားရင်းဂစ် ၅၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၀၀) မြန်မြန်ဆပ်နိုင်ဖို့ အခုလိုအချိန်ပို လုပ်နေကြရတာလို့လည်းဆိုပါတယ်။ တချို့တွေဆို ပွဲခ ဒေါ်လာ ၅၀၀၀ ထိပေးရတာတောင်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG