သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားေလေၾကာင္းလုိင္း MH17 ပ်က္က်ခဲ့မႈအတြက္ ရုရွားကုိ နယ္သာလန္တရားစြဲမည္


ပ်က္က်ခဲ့တဲ့ မေလးရွားေလေၾကာင္းလုိင္း MH17 အစိတ္အပိုင္းတခ်ိဳ႕

(Zawgyi/Unicode)

မေလးရွားေလေၾကာင္းလိုင္း ခရီးစဥ္ အမွတ္ ၁၇ MH17 ကို လြန္ခဲ့တဲ့ ၆ ႏွစ္က ယူကရိန္းအေရွ႕ပိုင္းမွာ ပစ္ခ်မႈမွာ ပါဝင္တယ္လို႔ စြပ္စြဲၿပီး ရုရွားကို နယ္သာလန္ အစိုးရက လူ႔အခြင့္ေရးဆိုင္ရာ ဥေရာပတရားရံုးမွာ တရားစြဲမယ္လုိ႔ နယ္သာလန္ ႏိုင္ငံျခားေရးဝန္ႀကီးက ေသာၾကာေန႔မွာ ေၾကညာပါတယ္။

၂၀၁၄ ခုႏွစ္ ဇူလိုင္လ ၁၇ ရက္ေန႔က Amsterdam ကေန မေလးရွားႏုိင္ငံ ကြာလာလမ္ပူကို ပ်ံသန္းတဲ့ ေလယာဥ္ကို ရုရွားလိုလားတဲ့ ယူကရိန္းသူပုန္ေတြက သူတုိ႔ ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမမွာ ေျမျပင္ကေန ေဝဟင္ပစ္ဒံုးက်ည္နဲ႔ ပစ္ခ်ခဲ့တာျဖစ္ပါတယ္။ ေလယာဥ္ေပၚလုိက္ပါလာတဲ့ အသက္ေသဆံုးခဲ့ရသူ ၂၉၈ ဦးရဲ့ မိသားစုဝင္ တခ်ိဳ႕က ဒီကိစၥကို ဥေရာပတရားရံုးမွာ အမႈဖြင့္ တိုင္ၾကားထားတာ အတြက္ အေထာက္ အကူ ရေစဖို႔ အခုလို လုပ္ေဆာင္လိုက္တာပါ။

ပ်က္က်ခဲ့တဲ့ MH17 မွာ လိုက္ပါခဲ့သူအားလံုး အတြက္ တရားမ ွ်တမႈ ရရွိေရးဟာ နယ္သာလန္အစိုးရရဲ႕ ဦးစားေပးလုပ္ငန္း အျဖစ္ ရွိေနဆဲမို႔ အခုလို လုပ္ေဆာင္ရတာ ျဖစ္ေၾကာင္း နယ္သာလန္ ႏိုင္ငံျခားေရးဝန္ႀကီး Stef Blok က ေျပာပါတယ္။

ဒီေလယာဥ္ ပစ္အခ်ခံရမႈမွာ ရုရွားပါဝင္ပတ္သက္မႈ မရွိဘူးလို႔ ရုရွား အစိုးရက ထပ္တလဲလဲ ျငင္းဆိုထာတာ ျဖစ္ပါတယ္။ အခုလို နယ္သာလန္ရဲ႕ မေလးရွားေလယာဥ္နဲ႔ ပတ္သက္ၿပီး ထုတ္ျပန္တဲ့ ေသာၾကာေန႔ ေၾကညာခ်က္ဟာ ရုရွားနဲ႔ နယ္သာလန္ ၂ ႏိုင္ငံ ဆက္ဆံေရး ပ်က္ျပားေစတဲ့ အခ်က္ ေ နာက္တခ်က္ ျဖစ္ေၾကာင္း ရုရွား ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Maria Zakharova က တုံ႔ျပန္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ေလယာဥ္ကို ပစ္ခ်ၿပီး ေလယာဥ္ေပၚ ပါသူ အားလံုး အသက္ေသဆံုး ခဲ့ရတဲ့ ျဖစ္စဥ္မွာ ပါဝင္ပတ္သက္မႈနဲ႔ ရုရွားႏိုင္ငံသား ၃ ဦးနဲ႔ ယူကရိန္းႏိုင္ငံသား တဦးတို႔ကို ဒီအမႈနဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးခဲ့တဲ့ ႏိုင္ငံတကာ အစိုးရေရွ႕ေနမ်ား ပါဝင္တဲ့ အဖြဲ႔က တရားစြဲဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မလေးရှားလေကြောင်းလိုင်း MH17 ပျက်ကျခဲ့မှုအတွက် ရုရှားကို နယ်သာလန်တရားစွဲမည်
(Unicode)

မလေးရှားလေကြောင်းလိုင်း ခရီးစဉ် အမှတ် ၁၇ MH17 ကို လွန်ခဲ့တဲ့ ၆ နှစ်က ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချမှုမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး ရုရှားကို နယ်သာလန် အစိုးရက လူ့အခွင့်ရေးဆိုင်ရာ ဥရောပတရားရုံးမှာ တရားစွဲမယ်လို့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ ကြေညာပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က Amsterdam ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ပျံသန်းတဲ့ လေယာဉ်ကို ရုရှားလိုလားတဲ့ ယူကရိန်းသူပုန်တွေက သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်လိုက်ပါလာတဲ့ အသက်သေဆုံးခဲ့ရသူ ၂၉၈ ဦးရဲ့ မိသားစုဝင် တချို့က ဒီကိစ္စကို ဥရောပတရားရုံးမှာ အမှုဖွင့် တိုင်ကြားထားတာ အတွက် အထောက် အကူ ရစေဖို့ အခုလို လုပ်ဆောင်လိုက်တာပါ။

ပျက်ကျခဲ့တဲ့ MH17 မှာ လိုက်ပါခဲ့သူအားလုံး အတွက် တရားမ ျှတမှု ရရှိရေးဟာ နယ်သာလန်အစိုးရရဲ့ ဦးစားပေးလုပ်ငန်း အဖြစ် ရှိနေဆဲမို့ အခုလို လုပ်ဆောင်ရတာ ဖြစ်ကြောင်း နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး Stef Blok က ပြောပါတယ်။

ဒီလေယာဉ် ပစ်အချခံရမှုမှာ ရုရှားပါဝင်ပတ်သက်မှု မရှိဘူးလို့ ရုရှား အစိုးရက ထပ်တလဲလဲ ငြင်းဆိုထာတာ ဖြစ်ပါတယ်။ အခုလို နယ်သာလန်ရဲ့ မလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ သောကြာနေ့ ကြေညာချက်ဟာ ရုရှားနဲ့ နယ်သာလန် ၂ နိုင်ငံ ဆက်ဆံရေး ပျက်ပြားစေတဲ့ အချက် ေ နာက်တချက် ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရ Maria Zakharova က တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လေယာဉ်ကို ပစ်ချပြီး လေယာဉ်ပေါ် ပါသူ အားလုံး အသက်သေဆုံး ခဲ့ရတဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှုနဲ့ ရုရှားနိုင်ငံသား ၃ ဦးနဲ့ ယူကရိန်းနိုင်ငံသား တဦးတို့ကို ဒီအမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ နိုင်ငံတကာ အစိုးရရှေ့နေများ ပါဝင်တဲ့ အဖွဲ့က တရားစွဲဆိုခဲ့ပါတယ်။

XS
SM
MD
LG