သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ပျက်ကျတဲ့ မလေးရှားလေယာဉ် ရုရှားဒုံးလက်နက်နဲ့ထိမှန်ခဲ့


၂၀၁၄ ပျက်ကျတဲ့ မလေးရှားလေယာဉ် MH17
၂၀၁၄ ပျက်ကျတဲ့ မလေးရှားလေယာဉ် MH17

၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ အရှေ့ခြမ်းမှာ ပျက်ကျခဲ့တဲ့ မလေးရှား ခရီးသည်တင်လေယာဉ်ဟာ ရုရှားနိုင်ငံကနေ ယူကရိန်းနိုင်ငံထဲကို ရောက်လာတဲ့ မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ချခံရတာ ဖြစ်တယ်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေက ပြောဆိုလိုက်ပါတယ်။

Dutch Safety ဘုတ်အဖွဲ့ရဲ့ အစောပိုင်း စုံစမ်းစစ်ဆေးချက်ဖြစ်တဲ့ MH17 မလေးရှား ခရီးသည်တင်လေယာဉ်ဟာ ရုရှားနိုင်ငံလုပ် Buk မစ်ဇိုင်းနဲ့ ပစ်ချခံခဲ့ရတာ ဆိုတာကို နောက်ဆုံး တွေ့ရှိချက်တွေနဲ့ ဒီကနေ့ အတည်ပြုချက် ထုတ်ပြန်တာပါ။

ရုရှားကတော့ ဒါကို ငြင်းထားပါတယ်။ ရုရှားလိုလားတဲ့ သူပုန်အဖွဲ့တွေက မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်းဒုံးလက်နက်တွေ နေရာချထားဖို့ ရုရှားကို တောင်းဆိုခဲ့ပြီး ဒီမစ်ဇိုင်း ဒုံးကျည် ယူကရိန်းနိုင်ငံ အရှေ့ခြမ်းကို ရောက်လာခဲ့တဲ့အကြောင်း သက်သေအထောက်အထားတွေက ဖော်ပြနေတယ်လို့ နယ်သာလန် နိုင်ငံတော်ရဲတပ်ဖွဲ့ က Wilbert Paulissen ကပြောပါတယ်။

ဒီမစ်ဇိုင်း ဒုံးကျည် တိုက်ခိုက်မှာ တနည်းမဟုတ်တနည်း ဆက်စပ်ပါဝင်နေသူ အယောက် ၁၀၀ လောက်ကို စုံစမ်းစစ်ဆေးသူတွေ က ဖော်ထုတ်ခဲ့တဲ့အကြောင်း ကိုတော့ နယ်သာလန် အစိုးရရှေ့နေအဖွဲ့ အကြီးအကဲ Fred Westerbeke က ပြောပါတယ်။ သူတို့မှာ အပြစ်ရှိမရှိ ဆိုတာကို မဆုံးဖြတ်ခင်မှာ ဒီပစ်ခတ်မှုမှာ ဘယ်သူက အမိန့်ပေးခဲ့တာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုအပ်တယ်လို့လည်း သူက အလေးအနက် ပြောပါတယ်။

၂၀၁၄ ပျက်ကျတဲ့ မလေးရှားလေယာဉ် ရုရှားဒုံးလက်နက်နဲ့ထိမှန်ခဲ့
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG