(Zawgyi / Unicode)
ေဘာလိဝုဒ္ အေက်ာ္အေမာ္ မင္းသမီး၊ မယ္ကမၻာ အလွမယ္ေဟာင္း Aishwarya Rai Bachchan နဲ႔ ၈ ႏွစ္အရြယ္ သမီးေလးတို႔မွာ ကို႐ုိနာဗိုင္းရပ္စ္ပိုး ေတြ႔ရွိတယ္လို႔ ျပည္နယ္အာဏာပိုင္ေတြက တနဂၤေႏြေန႔မွာ အတည္ျပဳပါတယ္။
ေယာကၡမျဖစ္သူ ေဘာလိ၀ုဒ္မင္းသားႀကီး Amitabh Bachchan နဲ႔ ခင္ပြန္းျဖစ္သူ Abhishek တို႔ဟာလည္း COVID-19 ကူးစက္ခံရေၾကာင္း ေတြ႔ရွိၿပီး စေနေန႔က ေဆး႐ုံတက္ေနၾကေၾကာင္း အသိေပး ထုတ္ျပန္ခဲ့တာပါ။
ေဆး႐ုံတက္ေနရတဲ့ အသက္ ၇၇ ႏွစ္ရွိၿပီျဖစ္တဲ့ ႐ုပ္ရွင္မင္းသားႀကီး Amitabh Bachchan ကေတာ့ အေျခအေန တည္တည္ၿငိမ္ၿငိမ္ ရွိေၾကာင္းနဲ႔ ေရာဂါလကၡဏာ သိပ္ၿပီး မျပင္းထန္ေၾကာင္း မဟာရပ္ရွ္ထရာျပည္နယ္ လူထုက်န္းမာေရးဝန္ႀကီး Rajesh Tope က တနဂၤေႏြေန႔မွာပဲ တြစ္တာ လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။
၁၉၇၀ ခုႏွစ္ အေစာပိုင္းကာလေတြအတြင္း ႐ုပ္ရွင္ကားေပါင္း ၂၀၀ ေက်ာ္မွာ ပါဝင္ခဲ့တဲ့ အထင္ကရ မင္းသားႀကီး Amitabh Bachchan က စေနေန႔က သူ႔မွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံေနရေၾကာင္း သူ႔ရဲ႕ တြစ္တာ လူမႈကြန္ရက္ကေနတဆင့္ ေျပာၾကားလိုက္ပါတယ္။
-----------------------------
(Unicode)
ဘောလိဝုဒ် အကျော်အမော် မင်းသမီး Aishwarya Rai တို့သားအမိ ကိုဗစ် ကူးစက်ခံရ
ဘောလိဝုဒ် အကျော်အမော် မင်းသမီး၊ မယ်ကမ္ဘာ အလှမယ်ဟောင်း Aishwarya Rai Bachchan နဲ့ ၈ နှစ်အရွယ် သမီးလေးတို့မှာကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်လို့ ပြည်နယ်အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ အတည်ပြုပါတယ်။
ယောက္ခမဖြစ်သူ ဘောလိဝုဒ်မင်းသားကြီး Amitabh Bachchan နဲ့ ခင်ပွန်းဖြစ်သူ Abhishek တို့ဟာလည်း COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိပြီး စနေနေ့က ဆေးရုံတက်နေကြကြောင်း အသိပေး ထုတ်ပြန်ခဲ့တာပါ။
ဆေးရုံတက်နေရတဲ့ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ရုပ်ရှင်မင်းသားကြီး Amitabh Bachchan ကတော့ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိကြောင်းနဲ့ ရောဂါလက္ခဏာ သိပ်ပြီး မပြင်းထန်ကြောင်း မဟာရပ်ရှ်ထရာပြည်နယ် လူထုကျန်းမာရေးဝန်ကြီး Rajesh Tope က တနင်္ဂနွေနေ့မှာပဲ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
၁၉၇၀ ခုနှစ် အစောပိုင်းကာလတွေအတွင်း ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်မှာ ပါဝင်ခဲ့တဲ့ အထင်ကရ မင်းသားကြီး Amitabh Bachchan က စနေနေ့က သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ကနေတဆင့် ပြောကြားလိုက်ပါတယ်။