သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလိဝုဒ်မင်းသားကြီး Amitabh Bachchan ကိုဗစ်ကုဖို့ ဆေးရုံတက်


ဘောလိဝုဒ်နာမည်ကျော် ရုပ်ရှင်မင်းသားကြီး Amitabh Bachchan. (အောက်တိုဘာ ၁၁၊ ၂၀၁၃)
ဘောလိဝုဒ်နာမည်ကျော် ရုပ်ရှင်မင်းသားကြီး Amitabh Bachchan. (အောက်တိုဘာ ၁၁၊ ၂၀၁၃)

(Zawgyi / Unicode)

အိန္ဒိယ ဘောလိဝုဒ်နာမည်ကျော် ရုပ်ရှင်မင်းသားကြီး Amitabh Bachchan ဟာ COVID-19 ကူးစက်ခံထားရတဲ့အတွက် သူ့ဇာတိ မွမ်ဘိုင်းမြို့မှာ ဆေးရုံတင် ဆေးကုသမှု ခံယူနေကြောင်း စနေနေ့က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကို ဆေးစစ်ကြဖို့လည်း အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးက တိုက်တွန်းထားပါတယ်။

သူ့မှာ COVID-19 ကူးစက်နေပြီး ဆေးရုံတက်နေရကြောင်းကို သူက တွစ်တာမှာရေးခဲ့ပြီး သူ့မိသားစုဝင်တွေနဲ့ ဝန်ထမ်းတွေလည်း ဆေးစစ်ထားပြီး အဖြေစောင့်နေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း သူနဲ့ အနီးကပ် ဆက်ဆံခဲ့သူတွေကို ရောဂါပိုး စစ်ဆေးကြဖို့လည်း သူက မေတ္တာရပ်ခံခဲ့ပါတယ်။

"Big B" လို့ ချစ်စနိုးခေါ်ကြတဲ့ Amitabh Bachchan ဟာ ၁၉၇၀ ခုနှစ် အစောပိုင်းက ရုပ်ရှင်လောကကို စတင်ဝင်ရောက်ခဲ့တာပါ။ သူ့ရဲ့ရုပ်ရှင်တွေကို အိန္ဒိယနိုင်ငံတဝန်း အခုထိ ရုံပြည့်ရုံလျှံ အားပေးကြဆဲလည်း ဖြစ်ပါတယ်။

Amitabh Bachchan နောက်ဆုံးရိုက်ကူးထားတဲ့ ဟာသနှော ဇာတ်အိမ်ဖွဲ့ ရုပ်ရှင် Gulabo Sitabo ရုပ်ရှင်ကားကိုတော့ ကပ်ရောဂါတွေ ဖြစ်ပွားနေတဲ့ကာလ ဖြစ်တာကြောင့် Amazon ရုပ်သံပိုင်းကနေပဲ ထုတ်လွှင့်ခဲ့တာပါ။

အိန္ဒိယမှာ မတ်လနှောင်းပိုင်းကစလို့ အသွားအလာတွေ တနိုင်ငံလုံး ကန့်သတ်ထားခဲ့ပြီးတဲ့နောက် လနဲ့ချီ ရပ်နားထားတဲ့ ဘောလိဝုဒ် ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းတွေကို မကြာသေးခင်က ပြန်လည်စတင်ခဲ့ပါတယ်။

ဘောလိဝုဒ်မင်းသားကြီး Amitabh Bachchan ကိုဗစ်ကုဖို့ ဆေးရုံတက်
please wait

No media source currently available

0:00 0:00:40 0:00
တိုက်ရိုက် လင့်ခ်

---------------------------------

(Unicode)







XS
SM
MD
LG