သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှား စစ်တက္ကသိုလ်မှာ ၁,၃၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ


ဗိုင်းရပ်စ်ကာကွယ်နိုင်ရေး ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ထမ်းအချို့။ (ဇူလိုင် ၂၊ ၂၀၂၀)
ဗိုင်းရပ်စ်ကာကွယ်နိုင်ရေး ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ထမ်းအချို့။ (ဇူလိုင် ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ အင်ဒိုနီးရှားနိုင်ငံက စစ်တက္ကသိုလ်တခုမှာ လူပေါင်း ၁,၃၀၀ နီးပါး ရောဂါပိုး ကူးစက်ခံထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အနောက်ဂျာဗားပြည်နယ်တွင်း အင်ဒိုနီးရှား စစ်တက္ကသိုလ် အရာရှိသင်တန်းကျောင်းက သီးခြားခွဲ စောင့်ကြည့်ထားသူတွေထဲက ရောဂါလက္ခဏာတွေပြတဲ့ အယောက် ၃၀ ကို အစပိုင်းက ဆေးရုံတင် ကုသပေးခဲ့ကြောင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Andika Perkasa က စနေနေ့က ပြောပါတယ်။

ရောဂါကူးစက်ခံထားရသူတွေထဲ ၉၉၁ ယောက်က ဗိုလ်လောင်းတွေဖြစ်ပြီး ကျန်တာက ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ အတော်များများက ရောဂါလက္ခဏာ မပြကြဘဲ မနေ့ကအထိ ဆေးရုံမှာ ၁၇ ဦး တက်ရောက်ကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။

သင်တန်းကျောင်းထဲက ဗိုလ်လောင်း ၂ ဦး ကိုယ်အပူချိန်မြင့်တက်ပြီး ခါးနာတာကြောင့် ကျောင်းတွင်းဆေးခန်းကို သွားရောက်ရာကနေ ရောဂါကူးစက်မှု ဖြစ်ပွားနေတာကို စသိခဲ့တာပါ။

သူတို့ ၂ ယောက်မှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက် ကျန်ဗိုလ်လောင်းတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၂,၀၀၀ ကျော်လောက်ကို နှာခေါင်းတို့ဖတ် နမူနာယူ စစ်ဆေးခဲ့ပါတယ်။

ဗိုလ်လောင်း ၂ ယောက်မှာ ရောဂါပိုး ဘယ်လို စတင်ကူးစက်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် တချို့ဝန်ထမ်းတွေက သင်တန်းကျောင်းပြင်ပ လှုပ်ရှားသွားလာမှုတွေ ရှိကြောင်းတော့ ဗိုလ်ချုပ်ကြီး Perkasa က ပြောပါတယ်။

ကူးစက်မှုကို မထိန်းချုပ်နိုင်ခင် အချိန်အထိ သင်တန်းကျောင်းတဝိုက် နေထိုင်သူတွေအနေနဲ့ အသွားအလာ သတိထားကြဖို့ အနောက်ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးက သတိပေးထားပါတယ်။

အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးဆုံးခံရပြီး စုစုပေါင်း ကူးစက်သူ ၇၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၅၀၀ ကျော် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)










XS
SM
MD
LG