သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒုိနီးရွားမွာ တရက္အတြင္း ကုိဗစ္ကူးစက္သူ တေထာင္ေက်ာ္တုိး


ကိုရုိနာဗိုင္းရပ္စ္ကာကြယ္ရန္ မ်က္ႏွာဖံုးတပ္ထားေသာ က်န္းမာေရးေစာင့္ေရွာက္ေရးဝန္ထမ္းမ်ား

Zawgyi/Unicode

အင္ဒိုနီးရွားမွာ မေန႔ ဗုဒၶဟူးေန႔က တရက္တည္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္သူ ၁၀၃၁ ေယာက္ရွိတဲ့ အတြက္ ကူးစက္သူ စုစုေပါင္း ၄၁၀၀၀ ေက်ာ္ရွိသြားခဲ့ၿပီး ကူးစက္မႈႏႈန္း စကၤာပူကို ေက်ာ္လြန္သြားခဲ့တာေၾကာင့္ အေရွ႕ေတာင္အာရွေဒသမွာ ဗိုင္းရပ္စ္ ကူးစက္ မႈ အမ်ားဆုံး နိုင္ငံ ျဖစ္လာခဲ့ပါတယ္။ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူလည္း မေန႔က ၄၅ ေယာက္ ရွိခဲ့ၿပီး ေသဆုံးသူ စုစုေပါင္း ၂၂၇၆ ေယာက္ရွိသြားၿပီ ျဖစ္လို႔ အေရွ႕အာရွေဒသမွာ အင္ဒိုနီးရွားနိုင္ငံဟာ တ႐ုတ္နိုင္ငံကလြဲရင္ ဗိုင္းရပ္စ္ေၾကာင့္ အေသအေပ်ာက္ အမ်ားဆုံးရွိတဲ့ နိုင္ငံလည္း ျဖစ္လာပါတယ္။

နိုင္ငံရဲ့ ၿမိဳ႕ေတာ္ Jakarta နဲ႔တျခားၿမိဳ႕ေတြမွာ ကပ္ေရာဂါေၾကာင့္ က်ဆင္းေနတဲ့ စီးပြါးေရး ျပန္ၿပီးနလံထူလာနိုင္ဖို႔အေရး အာဏာ ပိုင္ေတြက အသြားအလာ ကန္႔သတ္ထားတာေတြကို ေျဖေလၽွာ့ေပးလိုက္သလို ေရာဂါပိုး စစ္ေဆးမႈေတြ လည္း ပိုတိုးလုပ္လာတဲ့ အတြက္ ဒီသီတင္းပတ္ေတြအတြင္း ကူးစက္မႈႏႈန္း အခုလို ပိုမ်ားလာတာလည္း ျဖစ္ပါတယ္။

သမၼတ Joko Widodo အပါအဝင္ တာဝန္ရွိသူေတြက ကူးစက္မႈ ဒုတိယလွိုင္းကို ကာကြယ္တားဆီးဖို႔ ေရာဂါတားဆီးေရး လုပ္ငန္းေတြ အရွိန္ျမႇင့္ လုပ္ေဆာင္ဖို႔ကို သတိေပးေနသလို လိုအပ္ရင္ တားျမစ္ကန္႔သတ္ခ်က္ေတြ ျပန္ခ်မွတ္သြားမယ္လို႔ လည္း ေျပာထားပါတယ္။

စကၤာပူမွာ ကူးစက္မႈ အမ်ားစုက ေရႊ႕ေျပာင္းလုပ္သားေတြမွာ ျဖစ္ေပမဲ့ လူဉီးေရ သန္း ၂၅၀ ရွိတဲ့ အင္ဒိုနီးရွားမွာေတာ့ ကူးစက္မႈ ေတြက ျပည္နယ္ ၃၄ ခုထဲ့ ျပန္႔ႏွံ့ ကူးစက္ ေနတာပါ။ ေရာဂါ ကူးစက္ျပန္႔ႏွံ့ေန သလို ကာကြယ္ေဆးလည္း မရွိေသးတာေၾကာင့္ မၾကာခင္မွာ ေန႔စဥ္ ေရာဂါ ပိုး စစ္ေဆးမႈ ၂ ေသာင္းထိတိုးၿပီး စစ္ေဆးသြားဖို႔ ရည္ရြယ္ထားတယ္လို႔ ေတာ့ သမၼတ Widodo က ေျပာ ပါတယ္။

အင္ဒိုနီးရွား နိုင္ငံမွာ ေရာဂါပိုးစစ္ေဆးမႈေပါင္း ၃ သိန္း ၄ ေသာင္းေက်ာ္ျပဳလုပ္ခဲ့ၿပီး အခုအခ်ိန္အထိ စမ္းသပ္ စစ္ေဆးဖို႔ ေစာင့္ေနရတဲ့ သံသယလူနာ ၁၃၀၀၀ ေက်ာ္ရွိေနတယ္လို႔ အစိုးရရဲ့စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။ ကူးစက္မႈ အမ်ားဆုံးက အေရွ႕ ဂ်ာဗားျပည္နယ္ မွာ ျဖစ္ေနတာပါ။

တိုက္႐ိုက္ လင့္ခ္


[Unicode]

အင်ဒိုနီးရှားမှာ မနေ့ ဗုဒ္ဓဟူးနေ့က တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၀၃၁ ယောက်ရှိတဲ့ အတွက် ကူးစက်သူ စုစုပေါင်း ၄၁၀၀၀ ကျော်ရှိသွားခဲ့ပြီး ကူးစက်မှုနှုန်း စင်္ကာပူကို ကျော်လွန်သွားခဲ့တာကြောင့် အရှေ့တောင်အာရှဒေသမှာ ဗိုင်းရပ်စ် ကူးစက် မှု အများဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူလည်း မနေ့က ၄၅ ယောက် ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂၂၇၆ ယောက်ရှိသွားပြီ ဖြစ်လို့ အရှေ့အာရှဒေသမှာ အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်နိုင်ငံကလွဲရင် ဗိုင်းရပ်စ်ကြောင့် အသေအပျောက် အများဆုံးရှိတဲ့ နိုင်ငံလည်း ဖြစ်လာပါတယ်။

နိုင်ငံရဲ့ မြို့တော် Jakarta နဲ့တခြားမြို့တွေမှာ ကပ်ရောဂါကြောင့် ကျဆင်းနေတဲ့ စီးပွါးရေး ပြန်ပြီးနလံထူလာနိုင်ဖို့အရေး အာဏာ ပိုင်တွေက အသွားအလာ ကန့်သတ်ထားတာတွေကို ဖြေလျှော့ပေးလိုက်သလို ရောဂါပိုး စစ်ဆေးမှုတွေ လည်း ပိုတိုးလုပ်လာတဲ့ အတွက် ဒီသီတင်းပတ်တွေအတွင်း ကူးစက်မှုနှုန်း အခုလို ပိုများလာတာလည်း ဖြစ်ပါတယ်။

သမ္မတ Joko Widodo အပါအဝင် တာဝန်ရှိသူတွေက ကူးစက်မှု ဒုတိယလှိုင်းကို ကာကွယ်တားဆီးဖို့ ရောဂါတားဆီးရေး လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ကို သတိပေးနေသလို လိုအပ်ရင် တားမြစ်ကန့်သတ်ချက်တွေ ပြန်ချမှတ်သွားမယ်လို့ လည်း ပြောထားပါတယ်။

စင်္ကာပူမှာ ကူးစက်မှု အများစုက ရွှေ့ပြောင်းလုပ်သားတွေမှာ ဖြစ်ပေမဲ့ လူဉီးရေ သန်း ၂၅၀ ရှိတဲ့ အင်ဒိုနီးရှားမှာတော့ ကူးစက်မှု တွေက ပြည်နယ် ၃၄ ခုထဲ့ ပြန့်နှံ့ ကူးစက် နေတာပါ။ ရောဂါ ကူးစက်ပြန့်နှံ့နေ သလို ကာကွယ်ဆေးလည်း မရှိသေးတာကြောင့် မကြာခင်မှာ နေ့စဉ် ရောဂါ ပိုး စစ်ဆေးမှု ၂ သောင်းထိတိုးပြီး စစ်ဆေးသွားဖို့ ရည်ရွယ်ထားတယ်လို့ တော့ သမ္မတ Widodo က ပြော ပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ ရောဂါပိုးစစ်ဆေးမှုပေါင်း ၃ သိန်း ၄ သောင်းကျော်ပြုလုပ်ခဲ့ပြီး အခုအချိန်အထိ စမ်းသပ် စစ်ဆေးဖို့ စောင့်နေရတဲ့ သံသယလူနာ ၁၃၀၀၀ ကျော်ရှိနေတယ်လို့ အစိုးရရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ကူးစက်မှု အများဆုံးက အရှေ့ ဂျာဗားပြည်နယ် မှာ ဖြစ်နေတာပါ။

XS
SM
MD
LG