သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID 19 ကာကြယ္ေဆးစမ္းသပ္မႈ အလားအလာေကာင္း


COVID -19 ကာကြယ္ေဆးလို႔ တံဆိပ္တပ္ထားတဲ့ ပုလင္းတခု။ (ဧၿပီ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

တကမာၻလုံး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၁၄.၇ သန္းနဲ႔ ေသဆုံးသူ ၆၁၀,၀၀၀ နီးပါးရွိလာခ်ိန္မွာပဲ COVID - 19 ကာကြယ္ေဆး စမ္းသပ္မႈေတြနဲ႔ ပတ္သက္လို႔ တိုးတက္မႈ အလားအလာေတြရွိေနေၾကာင္း သုေတသနပညာရွင္ေတြက ေျပာပါတယ္။

ၿဗိတိန္ႏိုင္ငံ Oxford တကၠသိုလ္ နဲ႔ ၿဗိတိန္-ဆြီဒင္ AstraZeneca ေဆးကုမၸဏီပူးေပါင္းစမ္းသပ္ေနတဲ့ COVID - 19 ကာကြယ္ေဆးနဲ႔ တ႐ုတ္ႏိုင္ငံ CanSino Biologics ေဆးကုမၸဏီက စမ္းသပ္ေနတဲ့ေဆး ဒီ အလားအလာရွိတဲ့ ကာကြယ္ေဆး ႏွစ္ မ်ိဳးကို လူေတြနဲ႔ စမ္းသပ္ေနတာ ေနာက္ဆုံး အဆင့္ကို ေရာက္ေနၿပီျဖစ္ပါတယ္။ ဒီ ေဆးေတြက လူခႏၵာကိုယ္ထဲ ေရာဂါတိုက္ဖ်က္တဲ့ ခုခံစြမ္းအားကို သိသိသာသာ ျမႇင့္တင္ေပးႏိုင္တာကို ေလ့လာေတြ႕ရွိရေၾကာင္း တနလၤာေန႔ထုတ္ ၿဗိတိန္ ေဆးပညာဂ်ာနယ္ The Lancet မွာ ေဖာ္ျပပါတယ္။

တခ်ိန္ထဲမွာပဲ အေမရိကန္ ေဆးကုမၸဏီ Pfizer နဲ႔ တြဲဘက္ ဂ်ာမဏီ BioNTech ကစမ္းသပ္ေနတဲ့ COVID - 19 ကာကြယ္ေဆးကလည္း တိုးတက္မႈ အလားအလာေကာင္းေတြ ရွိေၾကာင္း မေန႔က ေျပာပါတယ္။

ၿဗိတိန္ Oxford တကၠသိုလ္နဲ႔ ၿဗိတိန္-ဆြီဒင္ Oxford - AstraZeneca ေဆးကုမၸဏီ ႏွစ္ ခုပူးေပါင္း စမ္းသပ္ေနတဲ့ ကာကြယ္ေဆးကို အမ်ားက အာ႐ုံစိုက္ေနၾကတာပါ။ ဒီေဆးက ထိေရာက္မႈရွိေၾကာင္း ျပသႏိုင္ၿပီးေနာက္ ခြင့္ျပဳခ်က္ရရင္ ကုမၸဏီအေနနဲ႔ ေဆးကို ျဖန္႔ျဖဴးဖို႔ ႏိုင္ငံအေတာ္မ်ားမ်ားနဲ႔လည္း သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးျဖစ္ပါတယ္။

အခုထိ ကုမၸဏီအေနနဲ႔ ကာကြယ္ေဆး ၂၀၀၀,၀၀၀ ထုတ္လုပ္ေပးသြားဖို႔ သေဘာတူထားၿပီးျဖစ္ပါတယ္။ ဒီေဆးကို ၿဗိတိန္၊ ဘရာဇီးနဲ႔ ေတာင္အာဖရိကႏိုင္ငံေတြမွာ လူ ၁၀,၀၀၀ ေက်ာ္နဲ႔ စမ္းသပ္ခဲ့တာျဖစ္ၿပီး ေနာက္သီတင္းပတ္အတြင္း အေမရိကန္ႏိုင္ငံမွာ လူ ၃၀,၀၀၀ ေလာက္နဲ႔ စမ္းသပ္သြားဖို႔ စီစဥ္ထားတယ္လို႔ The New York Times သတင္းစာက ေဖာ္ျပထားပါတယ္။

COVID 19 ကာကွယ်ဆေးစမ်းသပ်မှု အလားအလာကောင်း
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID 19 ကာကွယ်ဆေးစမ်းသပ်မှု အလားအလာကောင်း

တကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၄.၇ သန်းနဲ့ သေဆုံးသူ ၆၁၀,၀၀၀ နီးပါးရှိလာချိန်မှာပဲ COVID - 19 ကာကွယ်ဆေး စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ တိုးတက်မှု အလားအလာတွေရှိနေကြောင်း သုတေသနပညာရှင်တွေက ပြောပါတယ်။

ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ် နဲ့ ဗြိတိန်-ဆွီဒင် AstraZeneca ဆေးကုမ္ပဏီပူးပေါင်းစမ်းသပ်နေတဲ့ COVID - 19 ကာကွယ်ဆေးနဲ့ တရုတ်နိုင်ငံ CanSino Biologics ဆေးကုမ္ပဏီက စမ်းသပ်နေတဲ့ဆေး ဒီ အလားအလာရှိတဲ့ ကာကွယ်ဆေး နှစ် မျိုးကို လူတွေနဲ့ စမ်းသပ်နေတာ နောက်ဆုံး အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ ဒီ ဆေးတွေက လူခန္ဒာကိုယ်ထဲ ရောဂါတိုက်ဖျက်တဲ့ ခုခံစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်တာကို လေ့လာတွေ့ရှိရကြောင်း တနင်္လာနေ့ထုတ် ဗြိတိန် ဆေးပညာဂျာနယ် The Lancet မှာ ဖော်ပြပါတယ်။

တချိန်ထဲမှာပဲ အမေရိကန် ဆေးကုမ္ပဏီ Pfizer နဲ့ တွဲဘက် ဂျာမဏီ BioNTech ကစမ်းသပ်နေတဲ့ COVID - 19 ကာကွယ်ဆေးကလည်း တိုးတက်မှု အလားအလာကောင်းတွေ ရှိကြောင်း မနေ့က ပြောပါတယ်။

ဗြိတိန် Oxford တက္ကသိုလ်နဲ့ ဗြိတိန်-ဆွီဒင် Oxford - AstraZeneca ဆေးကုမ္ပဏီ နှစ် ခုပူးပေါင်း စမ်းသပ်နေတဲ့ ကာကွယ်ဆေးကို အများက အာရုံစိုက်နေကြတာပါ။ ဒီဆေးက ထိရောက်မှုရှိကြောင်း ပြသနိုင်ပြီးနောက် ခွင့်ပြုချက်ရရင် ကုမ္ပဏီအနေနဲ့ ဆေးကို ဖြန့်ဖြူးဖို့ နိုင်ငံအတော်များများနဲ့လည်း သဘောတူ စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။

အခုထိ ကုမ္ပဏီအနေနဲ့ ကာကွယ်ဆေး ၂၀၀၀,၀၀၀ ထုတ်လုပ်ပေးသွားဖို့ သဘောတူထားပြီးဖြစ်ပါတယ်။ ဒီဆေးကို ဗြိတိန်၊ ဘရာဇီးနဲ့ တောင်အာဖရိကနိုင်ငံတွေမှာ လူ ၁၀,၀၀၀ ကျော်နဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး နောက်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံမှာ လူ ၃၀,၀၀၀ လောက်နဲ့ စမ်းသပ်သွားဖို့ စီစဉ်ထားတယ်လို့ The New York Times သတင်းစာက ဖော်ပြထားပါတယ်။

XS
SM
MD
LG