သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ COVID ကူးစက္မႈႏႈန္း ဆက္လက္ျမင့္တက္


ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈႏႈန္း တုိးေနတဲ့ ကယ္လီဖုိးနီးယားမွာ ႏွာေခါင္းစည္းတပ္ သြားလာေနသူအခ်ဳိ႕။ (ဇြန္ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ႏုိင္ငံဟာ ကမာၻမွာ COVID-19 ကူးစက္ခံရသူနဲ႔ ေသဆံုးရသူ အေရအတြက္ အမ်ားဆံုးျဖစ္ေနၿပီး ေန႔စဥ္ကူးစက္မႈႏႈန္းကလည္း ဆက္ၿပီး စံခ်ိန္တင္ေနပါတယ္။

ေသာၾကာေန႔မွာ ကူးစက္ခံရသူ စုစုေပါင္း ၇၆,၀၀၀ ေက်ာ္ ရွိခဲ့ၿပီး ဒါဟာ ဒုတိယအႀကိမ္ေျမာက္ ကူးစက္ခံရသူ ၇၀,၀၀၀ ေက်ာ္သြားတာျဖစ္ၿပီး ၿပီးခဲ့တဲ့လထဲ ၁၁ ႀကိမ္ေျမာက္ တရက္အတြင္း ကူးစက္မႈ စံခ်ိန္တင္ခဲ့တာ ျဖစ္ပါတယ္။

ကမာၻတလႊား ဒီေရာဂါ ကူးစက္ခံရသူ ၁၄ သန္းေက်ာ္ ရွိေနၿပီး အေမရိကန္ႏုိင္ငံမွာေတာ့ ၃ သန္းခြဲေက်ာ္ ရွိေနတယ္လို႔ Johns Hopkins စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ကူးစက္မႈႏႈန္း သိပ္မ်ားေနတဲ့ ျပည္နယ္ေတြကေတာ့ အရီဇိုးနား၊ ကယ္လီဖိုးနီးယား၊ ဖေလာ္ရီဒါ၊ ေဂ်ာ္ဂ်ီယာနဲ႔ တကၠဆက္စ္ျပည္နယ္ေတြ ျဖစ္ပါတယ္။

ႏိုင္ငံမွာ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ေရး ရွင္းလင္းျပတ္သားတဲ့ အစီအစဥ္ မရွိသလို လူထုၾကား လႈပ္ရွားသြားလာမႈေတြမွာလည္း မျဖစ္မေန ႏွာေခါင္းစည္း တပ္ဆင္ဖို႔လည္း မလိုအပ္တဲ့ အေျခအေနမွာ ကူးစက္မႈေတြကလည္း တိုးလာေနတာ ျဖစ္ပါတယ္။

အေမရိကန္သမၼတ Donald Trump က တနဂၤေႏြ Fox သတင္းဌာန ေမးျမန္းခန္းအတြက္ ေျဖၾကားရာမွာ လူတိုင္း လြတ္လပ္မႈ ရွိေစခ်င္တယ္လို႔ ေျပာၾကားခဲ့တာပါ။

အေမရိကန္ႏိုင္ငံဟာ ကမာၻမွာ ဒီေရာဂါကူးစက္မႈ အမ်ားဆံုးျဖစ္ၿပီး ဘရာဇီးက ကူးစက္ခံရသူ ၂ သန္းနဲ႔ ဒုတိယျဖစ္ေနသလုိ အိႏၵိယကေတာ့ ကူးစက္သူ ၁ သန္းနဲ႔ တတိယအမ်ားဆံုး ျဖစ္ေနတာပါ။

တခ်ိန္တည္းမွာပဲ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ကမာၻတလႊား မညီမွ်မႈေတြေၾကာင့္ ေပၚေပါက္လာတဲ့ လတ္တေလာ ဆႏၵျပမႈေတြကေန ဒီေရာဂါ ကူးစက္ခံရသူ တိုးလာႏုိင္တာေၾကာင့္ မညီမွ်မႈေတြ အဆံုးသတ္ၾကဖို႔ စေနေန႔မွာပဲ ပန္ၾကားခဲ့ပါတယ္။

အေမရိကန္မွာ COVID ကူးစက္မႈႏႈန္း ဆက္လက္ျမင့္တက္
please wait

No media source currently available

0:00 0:01:09 0:00
တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

အမေရိကန်မှာ COVID ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်

အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ COVID-19 ကူးစက်ခံရသူနဲ့ သေဆုံးရသူ အရေအတွက် အများဆုံးဖြစ်နေပြီး နေ့စဉ်ကူးစက်မှုနှုန်းကလည်း ဆက်ပြီး စံချိန်တင်နေပါတယ်။

သောကြာနေ့မှာ ကူးစက်ခံရသူ စုစုပေါင်း ၇၆,၀၀၀ ကျော် ရှိခဲ့ပြီး ဒါဟာ ဒုတိယအကြိမ်မြောက် ကူးစက်ခံရသူ ၇၀,၀၀၀ ကျော်သွားတာဖြစ်ပြီး ပြီးခဲ့တဲ့လထဲ ၁၁ ကြိမ်မြောက် တရက်အတွင်း ကူးစက်မှု စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတလွှား ဒီရောဂါ ကူးစက်ခံရသူ ၁၄ သန်းကျော် ရှိနေပြီး အမေရိကန်နိုင်ငံမှာတော့ ၃ သန်းခွဲကျော် ရှိနေတယ်လို့ Johns Hopkins စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ကူးစက်မှုနှုန်း သိပ်များနေတဲ့ ပြည်နယ်တွေကတော့ အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာနဲ့ တက္ကဆက်စ်ပြည်နယ်တွေ ဖြစ်ပါတယ်။

နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး ရှင်းလင်းပြတ်သားတဲ့ အစီအစဉ် မရှိသလို လူထုကြား လှုပ်ရှားသွားလာမှုတွေမှာလည်း မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ဖို့လည်း မလိုအပ်တဲ့ အခြေအနေမှာ ကူးစက်မှုတွေကလည်း တိုးလာနေတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေ Fox သတင်းဌာန မေးမြန်းခန်းအတွက် ဖြေကြားရာမှာ လူတိုင်း လွတ်လပ်မှု ရှိစေချင်တယ်လို့ ပြောကြားခဲ့တာပါ။

အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ဒီရောဂါကူးစက်မှု အများဆုံးဖြစ်ပြီး ဘရာဇီးက ကူးစက်ခံရသူ ၂ သန်းနဲ့ ဒုတိယဖြစ်နေသလို အိန္ဒိယကတော့ ကူးစက်သူ ၁ သန်းနဲ့ တတိယအများဆုံး ဖြစ်နေတာပါ။

တချိန်တည်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကမ္ဘာတလွှား မညီမျှမှုတွေကြောင့် ပေါ်ပေါက်လာတဲ့လတ်တလော ဆန္ဒပြမှုတွေကနေ ဒီရောဂါ ကူးစက်ခံရသူ တိုးလာနိုင်တာကြောင့် မညီမျှမှုတွေ အဆုံးသတ်ကြဖို့ စနေနေ့မှာပဲ ပန်ကြားခဲ့ပါတယ်။

XS
SM
MD
LG