သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ လူေပါင္း သန္း ၂၇၀ အငတ္ေဘးၾကံဳရႏုိင္ေၾကာင္း WFP သတိေပး


ဘရားဇီးႏိုင္ငံ Sorocaba ၿမိဳ႕မွာ COVID ေရာဂါရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ဇူလိုင္ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါေၾကာင့္ ႏိုင္ငံေပါင္း ၂၅ ႏိုင္ငံထက္မနည္းက လူေတြဟာ အင္မတန္ဆိုးဝါးတဲ့ အငတ္ေဘး ႀကံဳၾကရႏိုင္တယ္လို႔ ကမာၻ႔စားနပ္ရိကၡာအဖဲြ႔ WFP က ဒီေန႕ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

WFP အမႈေဆာင္ၫႊန္ၾကားေရးမွဴး David Beasley
WFP အမႈေဆာင္ၫႊန္ၾကားေရးမွဴး David Beasley

ငတ္မြတ္ေခါင္းပါးမႈျဖစ္ႏိုင္တဲ့ အႏၱရာယ္႐ွိေၾကာင္း လြန္ခဲ့တဲ့ ၃ လက ကုလသမဂၢလံုၿခံဳေရးေကာင္စီကို WFP ကေျပာခဲ့သလို ဒီကေန႔ ဒီအခ်ိန္မွာ ကမာၻေပၚက အဆင္းရဲဆံုးမိသားစုေတြဟာ အငတ္ေဘးေခ်ာက္ထဲကို တြန္းပို႔ခံေနရတာ ေတြ႔ေနရတယ္လုိ႔ WFP အမႈေဆာင္ၫႊန္ၾကားေရးမွဴး David Beasley က ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

စားေရရိကၡာမလံုေလာက္တဲ့ ျပႆနာကို တုန္႔ျပန္ဖို႔ ေဒၚလာ ၅ ဘီလီယံ နီးပါး လိုအပ္တယ္လို႔ WFP ကေျပာပါတယ္။ အာ႐ွ၊ အာဖရိက၊ ကာရစ္ဘီယံကၽြန္းေဒသ၊ လက္တင္အေမရိကနဲ႔ အေ႐ွ႕အလယ္ပိုင္းေဒသေတြက အေျခအေနအဆိုးဆံုးႏိုင္ငံေတြမွာ ငတ္မြတ္ေခါင္းပါးမႈမျဖစ္ေအာင္ ေနာက္ထပ္ ေဒၚလာ သန္း ၅၀၀ လိုအပ္တယ္လို႔လည္း ခန္႔မွန္းထားပါတယ္။

အငတ္ေဘးႀကံဳေနတဲ့ႏိုင္ငံေတြမွာ COVID-19 ကပ္ေရာဂါ မျဖစ္ခင္က အစားအေသာက္ကို ဝလင္ေအာင္ မစားႏုိင္သူ ၁၄၉ သန္းေလာက္႐ွိမယ္လို႔ ခန္႔မွန္းထားၿပီး ဒီႏိုင္ငံေတြကိုအေရးေပၚ ေထာက္ပံ့မေပးႏိုင္ရင္ အခုႏွစ္ကုန္ခ်ိန္မွာ သန္း ၂၇၀ အထိ တိုးလာႏိုင္တယ္လို႔လည္း ေျပာပါတယ္။ လက္႐ွိ WFP ရဲ႕ ခန္႔မွန္းတြက္ခ်က္မႈေတြအရ လာမယ့္ ၆ လအတြင္း ႀကိဳတင္ကာကြယ္ႏုိင္တဲ့ ေရာဂါေတြနဲ႔ တေန႔ကို ကေလးငယ္ ၆,၀၀၀ အထိ ေသဆံုးႏုိင္တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကေလးငယ္ေတြအတြက္ မျဖစ္မေနလိုအပ္တဲ့ က်န္းမာေရးေစာင့္ေ႐ွာက္မႈနဲ႔ အဟာရျဖည့္တင္းေရး ဝန္ေဆာင္မႈေတြ ထိခို္က္ေနတာကို သူတုိ႔က ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကြောင့် လူပေါင်း သန်း ၂၇၀ အငတ်ဘေးကြုံရနိုင်ကြောင်း WFP သတိပေး

COVID-19 ကပ်ရောဂါကြောင့် နိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းကလူတွေဟာ အင်မတန်ဆိုးဝါးတဲ့ အငတ်ဘေး ကြုံကြရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ငတ်မွတ်ခေါင်းပါးမှုဖြစ်နိုင်တဲ့ အန္တရာယ်ရှိကြောင်း လွန်ခဲ့တဲ့ ၃ လက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို WFP ကပြောခဲ့သလို ဒီကနေ့ ဒီအချိန်မှာ ကမ္ဘာပေါ်က အဆင်းရဲဆုံးမိသားစုတွေဟာ အငတ်ဘေးချောက်ထဲကို တွန်းပို့ခံနေရတာ တွေ့နေရတယ်လို့ WFP အမှုဆောင်ညွှန်ကြားရေးမှူး David Beasley က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

စားရေရိက္ခာမလုံလောက်တဲ့ ပြဿနာကို တုန့်ပြန်ဖို့ ဒေါ်လာ ၅ ဘီလီယံ နီးပါး လိုအပ်တယ်လို့ WFP ကပြောပါတယ်။ အာရှ၊ အာဖရိက၊ ကာရစ်ဘီယံကျွန်းဒေသ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက အခြေအနေအဆိုးဆုံးနိုင်ငံတွေမှာ ငတ်မွတ်ခေါင်းပါးမှုမဖြစ်အောင် နောက်ထပ် ဒေါ်လာ သန်း ၅၀၀ လိုအပ်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

အငတ်ဘေးကြုံနေတဲ့နိုင်ငံတွေမှာ COVID-19 ကပ်ရောဂါ မဖြစ်ခင်က အစားအသောက်ကို ဝလင်အောင် မစားနိုင်သူ ၁၄၉ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ဒီနိုင်ငံတွေကိုအရေးပေါ် ထောက်ပံ့မပေးနိုင်ရင် အခုနှစ်ကုန်ချိန်မှာ သန်း ၂၇၀ အထိ တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။ လက်ရှိ WFP ရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရ လာမယ့် ၆ လအတွင်း ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေနဲ့ တနေ့ကို ကလေးငယ် ၆,၀၀၀ အထိ သေဆုံးနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ကလေးငယ်တွေအတွက် မဖြစ်မနေလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အဟာရဖြည့်တင်းရေး ဝန်ဆောင်မှုတွေ ထိခိုက်နေတာကို သူတို့က ထောက်ပြထားပါတယ်။

XS
SM
MD
LG