သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ တုိက္ဖ်က္ေရးနဲ႔ ျပန္လည္ထူေထာင္ေရးတုိ႔အတြက္ အီးယူေခါင္းေဆာင္ေတြေဆြးေႏြး


(Zawgyi/Unicode)

ကိုဗစ္ ၁၉ ကပ္ေရာဂါေၾကာင့္ ထိခိုက္ေနမႈေတြ ျပန္လည္ထူေထာင္ႏိုင္ေရး အစီအစဥ္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔ အီးယူ ဥေရာပသမဂၢေခါင္းေဆာင္ေတြဟာ ဘယ္လ္ဂ်ီယံႏုိင္ငံ ဘရပ္ဆဲလ္ၿမိဳ႕မွာ ေသာၾကာေန႔က ေတြ႔ဆံုၾကပါတယ္။

အီးယူဘတ္ဂ်က္နဲ႔ ကိုဗစ္ ၁၉ ကပ္ေရာဂါ ျပန္လည္ထူေထာင္ေရး ရန္ပံုေငြ အျဖစ္ မႀကံဳစဖူး လိုအပ္ေနတဲ့ ေဒၚလာ ၂.၁ ထရီလီယံ အတြက္ ဘယ္လိုထည့္ဝင္ၾကမယ္ ဆိုတာကို ညွိႏႈိင္းေဆြးေႏြးၾကမွာ ျဖစ္တဲ့ အတြက္ သိပ္ကို ခက္ခဲမယ္လို႔ အီးယူအလွည့္က် ဥကၠဌ ဂ်ာမဏီႏိုင္ငံက ဝန္ႀကီးခ်ဳပ္ Angela Merkel က ေမ ွ်ာ္လင့္ထားတာပါ။

ဒီကပ္ေရာဂါေၾကာင့္ အဖြဲ႔ဝင္ႏိုင္ငံေတြၾကား ထိေတြ႔မႈ သိပ္မရွိတဲ့အတြက္ အေျခေနမွန္ကို မခန္႔မွန္းႏိုင္ၾကေၾကာင္းနဲ႔ ကြဲျပားမႈေတြ သိပ္ႀကီးေနခ်ိန္မို႔ အခုေဆြးေႏြးမႈ ေအာင္ျမင္မယ္ မေအာင္ျမင္ဘူး ဆိုတာလည္း ခန္႔မွန္းလို႔ မရႏိုင္ဘူးလို႔ ဝန္ႀကီးခ်ဳပ္ Merkel က ေျပာပါတယ္။

အဖြဲ႔ဝင္ ၂၇ ႏိုင္ငံပါ အီးယူဥေရာပသမဂၢဟာ အခုအခ်ိန္မွာ စီးပြါးေရးက်ဆင္းမႈ အဆိုးဝါးဆံုး ႀကံဳေတြ႔ေနရတာ ျဖစ္ၿပီး အဖြဲ႔ဝင္ႏိုင္ငံေတြ ၾကားမွာလည္း တျခားႏုိင္ငံေတြကို အကူညီေပးဖို႔ ဘယ္ႏိုင္ငံက အလွဴေငြ အမ်ားဆံုးထည့္ဝင္ရမယ္ ဆိုတာနဲ႔ က်ဆင္းေနတဲ့ စီးပြါးေရး ျပန္ေကာင္းေစဖို႔ ဘယ္ႏုိင္ငံက အကူေငြ အမ်ားဆံုးရသင့္တယ္ ဆိုတာေတြနဲ႔ ပတ္သက္ၿပီး အျငင္းပြါးေနၾကတာ ျဖစ္ပါတယ္။

အခုလို အေရးေပၚေဆြးေႏြးဖို႔ ျဖစ္လာတာေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္မကူးစက္ေအာင္ ကာကြယ္မယ့္ ဗီြဒီယိုကတဆင့္ ေဆြးေႏြးပြဲ မလုပ္ေတာ့ပဲ ကိုယ္တုိင္ေတြ႔ဆံုတဲ့ ေဆြးေနြးပြဲက်င္းပ ၾကတာပါ။ ဒါဟာ ဒီကပ္ေရာဂါ ျဖစ္ပြါးခ်ိန္ကစၿပီး ပထမဆံုး အႀကိမ္အျဖစ္ အီးယူေခါင္းေဆာင္ေတြ လူကိုယ္တုိင္ေတြ႔ဆံုၾကတာလည္း ျဖစ္ပါတယ္။

ဥေရာပေကာ္မရွင္ဥကၠဌ. Ursula von der Leyen ကေတာ့ အီးယူအဖြဲ႔ဝင္ေတြ အေနနဲ႔ မွန္ကန္တဲ့ ဆံုးျဖတ္မႈ လုပ္ႏိုင္ရင္ ရင္ဆိုင္ေနရတဲ့ ျပႆနာကို ေကာင္းေကာင္း ေက်ာ္လႊားႏုိင္မွာ ျဖစ္ေၾကာင္းနဲ႔ လုပ္ႏုိင္တာေတြကို ခ်ျပထားတာေၾကာင့္ အေျဖရႏုိင္မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ကိုဗစ် တိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေးတို့အတွက် အီးယူခေါင်းဆောင်တွေဆွေးနွေး

(Unicode)

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ထိခိုက်နေမှုတွေ ပြန်လည်ထူထောင်နိုင်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အီးယူ ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ သောကြာနေ့က တွေ့ဆုံကြပါတယ်။

အီးယူဘတ်ဂျက်နဲ့ ကိုဗစ် ၁၉ ကပ်ရောဂါ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ အဖြစ် မကြုံစဖူး လိုအပ်နေတဲ့ ဒေါ်လာ ၂.၁ ထရီလီယံ အတွက် ဘယ်လိုထည့်ဝင်ကြမယ် ဆိုတာကို ညှိနှိုင်းဆွေးနွေးကြမှာ ဖြစ်တဲ့ အတွက် သိပ်ကို ခက်ခဲမယ်လို့ အီးယူအလှည့်ကျ ဥက္ကဌ ဂျာမဏီနိုင်ငံက ဝန်ကြီးချုပ် Angela Merkel က မေ ျှာ်လင့်ထားတာပါ။

ဒီကပ်ရောဂါကြောင့် အဖွဲ့ဝင်နိုင်ငံတွေကြား ထိတွေ့မှု သိပ်မရှိတဲ့အတွက် အခြေနေမှန်ကို မခန့်မှန်းနိုင်ကြကြောင်းနဲ့ ကွဲပြားမှုတွေ သိပ်ကြီးနေချိန်မို့ အခုဆွေးနွေးမှု အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတာလည်း ခန့်မှန်းလို့ မရနိုင်ဘူးလို့ ဝန်ကြီးချုပ် Merkel က ပြောပါတယ်။

အဖွဲ့ဝင် ၂၇ နိုင်ငံပါ အီးယူဥရောပသမဂ္ဂဟာ အခုအချိန်မှာ စီးပွါးရေးကျဆင်းမှု အဆိုးဝါးဆုံး ကြုံတွေ့နေရတာ ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေ ကြားမှာလည်း တခြားနိုင်ငံတွေကို အကူညီပေးဖို့ ဘယ်နိုင်ငံက အလှူငွေ အများဆုံးထည့်ဝင်ရမယ် ဆိုတာနဲ့ ကျဆင်းနေတဲ့ စီးပွါးရေး ပြန်ကောင်းစေဖို့ ဘယ်နိုင်ငံက အကူငွေ အများဆုံးရသင့်တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး အငြင်းပွါးနေကြတာ ဖြစ်ပါတယ်။

အခုလို အရေးပေါ်ဆွေးနွေးဖို့ ဖြစ်လာတာကြောင့် ကိုရိုနာဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်မယ့် ဗွီဒီယိုကတဆင့် ဆွေးနွေးပွဲ မလုပ်တော့ပဲ ကိုယ်တိုင်တွေ့ဆုံတဲ့ ဆွေးနွေးပွဲကျင်းပ ကြတာပါ။ ဒါဟာ ဒီကပ်ရောဂါ ဖြစ်ပွါးချိန်ကစပြီး ပထမဆုံး အကြိမ်အဖြစ် အီးယူခေါင်းဆောင်တွေ လူကိုယ်တိုင်တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

ဥရောပကော်မရှင်ဥက္ကဌ. Ursula von der Leyen ကတော့ အီးယူအဖွဲ့ဝင်တွေ အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်မှု လုပ်နိုင်ရင် ရင်ဆိုင်နေရတဲ့ ပြဿနာကို ကောင်းကောင်း ကျော်လွှားနိုင်မှာ ဖြစ်ကြောင်းနဲ့ လုပ်နိုင်တာတွေကို ချပြထားတာကြောင့် အဖြေရနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG