သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ထိခိုက္ေနတဲ့ ႏုိင္ငံ ၆၀ ေက်ာ္ အကူအညီေပးဖို႔ ကုလပန္ၾကား


အိႏၵိယႏိုင္ငံ Mumbai ၿမိဳ႕မွာ COVID ေရာဂါ ရွိမရွိ swap နမူနာ ယူေနတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါေၾကာင့္ လူသားခ်င္းစာနာမႈ အကူအညီ လိုအပ္ေနတဲ့ ႏိုင္ငံေပါင္း ၆၀ ေက်ာ္အတြက္ ကုလသမဂၢက ေဒၚလာ ၁၀.၃ ဘီလီယံ လိုအပ္ေနတယ္လို႔ ပန္ၾကားလိုက္ပါတယ္။ ကပ္ေရာဂါေၾကာင့္ က်န္းမာေရး၊ စီးပြားေရးထိခိုက္ေနၾကတဲ့ ႏိုင္ငံေတြကို အကူအညီေပးဖို႔ ကုလသမဂၢက ဒီေန႔ ေသာၾကာေန႔မွာ အလႉေငြ ေတာင္းခံလိုက္တာပါ။

အဲဒီႏိုင္ငံေတြကို အခု မကူညီရင္ ေနာင္မွာ မေရတြက္ႏိုင္တဲ့ အသက္ဆုံးရႈံးမႈနဲ႔ ေဒၚလာ ထရီလီယံနဲ႔ခ်ီ ဆုံးရႈံးမႈ ႀကဳံရမယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈ အကူအညီေပးေရးဆိုင္ရာ အႀကီးအကဲ Mark Lowcock ကေျပာပါတယ္။

ႏိုင္ငံေပါင္း ၄၀ မွာ COVID-19 ကပ္ေရာဂါ တုန႔္ျပန္ႏိုင္ေရးအတြက္ ကုလသမဂၢက မတ္လမွာ ေဒၚလာ ၂ ဘီလီယံ စတင္အလႉခံခဲ့ၿပီး ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေရာဂါပ်ံ႕ႏွံ႔ခဲ့တဲ့ ေမလေရာက္ခ်ိန္မွာ ၆.၇ ဘီလီယံအထိ တိုးၿပီးအလႉခံခဲ့ပါတယ္။ ဒါေပမဲ့ အလႉေငြ ၁.၆၄ ဘီလီယံပဲ ရရွိပါေသးတယ္။

ဒီကေန႔ တိုးျမႇင့္ပန္ၾကားတဲ့ အလႉေငြ ေဒၚလာ ၁၀ ဘီလီယံေက်ာ္ဟာ ႏိုင္ငံေပါင္း ၆၃ ႏိုင္ငံက လူေပါင္း သန္း ၂၅၀ ကို ကူညီဖို႔ျဖစ္ၿပီး အဓိကအားျဖင့္ေတာ့ အာဖရိက၊ အေရွ႕အလယ္ပိုင္းနဲ႔ လက္တင္အေမရိကေဒသ ႏိုင္ငံေတြကို ကူညီဖို႔ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကြောင့် ထိခိုက်နေတဲ့ နိုင်ငံ ၆၀ ကျော် အကူအညီပေးဖို့ ကုလပန်ကြား

COVID-19 ကပ်ရောဂါကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတဲ့ နိုင်ငံပေါင်း ၆၀ ကျော်အတွက် ကုလသမဂ္ဂက ဒေါ်လာ ၁၀.၃ ဘီလီယံ လိုအပ်နေတယ်လို့ ပန်ကြားလိုက်ပါတယ်။ ကပ်ရောဂါကြောင့် ကျန်းမာရေး၊ စီးပွားရေးထိခိုက်နေကြတဲ့ နိုင်ငံတွေကို အကူအညီပေးဖို့ ကုလသမဂ္ဂက ဒီနေ့ သောကြာနေ့မှာ အလှူငွေ တောင်းခံလိုက်တာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ Mark Lowcock
ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ Mark Lowcock

အဲဒီနိုင်ငံတွေကို အခု မကူညီရင် နောင်မှာ မရေတွက်နိုင်တဲ့ အသက်ဆုံးရှုံးမှုနဲ့ ဒေါ်လာ ထရီလီယံနဲ့ချီ ဆုံးရှုံးမှု ကြုံရမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ Mark Lowcock ကပြောပါတယ်။

နိုင်ငံပေါင်း ၄၀ မှာ COVID-19 ကပ်ရောဂါ တုန့်ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂက မတ်လမှာ ဒေါ်လာ ၂ ဘီလီယံ စတင်အလှူခံခဲ့ပြီး နိုင်ငံတော်တော်များများမှာ ရောဂါပျံ့နှံ့ခဲ့တဲ့ မေလရောက်ချိန်မှာ ၆.၇ ဘီလီယံအထိ တိုးပြီးအလှူခံခဲ့ပါတယ်။ ဒါပေမဲ့ အလှူငွေ ၁.၆၄ ဘီလီယံပဲ ရရှိပါသေးတယ်။

ဒီကနေ့ တိုးမြှင့်ပန်ကြားတဲ့ အလှူငွေ ဒေါ်လာ ၁၀ ဘီလီယံကျော်ဟာ နိုင်ငံပေါင်း ၆၃ နိုင်ငံက လူပေါင်း သန်း ၂၅၀ ကို ကူညီဖို့ဖြစ်ပြီး အဓိကအားဖြင့်တော့ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင်အမေရိကဒေသ နိုင်ငံတွေကို ကူညီဖို့ဖြစ်ပါတယ်။

XS
SM
MD
LG