သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္လက္နက္သဖြယ္ အသံုးျပဳေနတဲ့ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ ရပ္တန္႔ေရး UN Action တုိက္တြန္း


ဖိလစ္ပိုင္မွာ အမ်ိဳးသမီးမ်ားကိုအၾကမ္းဖက္မႈမွကာကြယ္ရန္ ဆႏၵျပေနၾကစဥ္

Zawgyi/Unicode

စစ္မက္ပဋိပကၡျဖစ္ပြားေနတဲ့ေဒသေတြမွာ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈေတြ ရပ္တန္႔ဖုိ႔ ကုလသမဂၢလက္ေအာက္ခံ အဖြဲ႔အစည္း ၁၅ ခုက တနလၤာေန႔မွာ ေတာင္းဆုိလုိက္ၾကပါတယ္။

လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္ေစာ္ကားမႈေတြကုိ စစ္ပြဲေတြမွာ နည္းျဗဴဟာအျဖစ္ အသုံးခ်ေနတာနဲ႔ အၾကမ္းဖက္မႈနဲ႔ ႏုိင္ငံေရးအရ ဖိႏွိပ္မႈေတြအေပၚ အထူးစုိးရိမ္ ပူပန္တဲ့အတြက္ ပဋိပကၡေဒသေတြမွာ လိင္ပုိင္းဆုိင္ရာအၾကမ္းဖက္မႈ ပေပ်ာက္ေရးေန႔အျဖစ္ေရာ၊ Covid-19 ကာလအတြင္း တကမၻာလုံးမွာ ျဖစ္ေပးေနတဲ့ ပစ္ခတ္ တုိက္ခုိက္မႈေတြ ရပ္တန္႔ၾကဖုိ႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေတာင္းဆုိခ်က္ တစိတ္ တေဒသအျဖစ္နဲ႔ေရာ ေတာင္းဆုိျခင္းျဖစ္ေၾကာင္း UN Action Against Sexual Violence in Conflict ပဋိပကၡေဒသေတြမွာ ျဖစ္ေပးေနတဲ့ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရး ကုလသမဂၢအဖြဲ႔က ဇြန္လ ၁၅ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အမ်ဳိးသမီးနဲ႔ မိန္းကေလးငယ္ေတြဟာ ပဋိပကၡေတြနဲ႔ဆက္ႏြယ္ေနတဲ့ လိင္ပုိင္းဆုိင္ရာ ေစာ္ကားမႈေတြကုိ မမွ်တစြာ ခံေနရေၾကာင္း၊ အဲဒီအတြက္ ေစာ္ကားခံသူတင္မကဘဲ သူတုိ႔ရဲ႕ မိသားစု၀င္ေတြနဲ႔ လူမႈအသုိင္းကုိပါ သက္ေရာက္မႈေတြ ရွိေစတာေၾကာင့္ ၿငိမ္းခ်မ္းေရး ရရွိဖုိ႔နဲ႔ အားလုံးတန္းတူပါ၀င္ၿပီး သဟဇာတမွ်တတဲ့ လူမႈအသုိင္းအ၀ုိင္း ေပၚထြန္းလာေရးတုိ႔အတြက္လည္း အဟန္႔အတား ျဖစ္ေစတယ္လုိ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္လည္း ပဋိပကၡဟန္႔တားေရး၊ စာနာမႈဆုိင္ရာ အကူအညီေပးေရး၊ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈနဲ႔ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ စတဲ့ လုပ္ငန္းစဥ္ေတြအားလုံးမွာ ပဋိပကၡေဒသေတြက လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈေတြကုိ ကုိင္တြယ္ ေျဖရွင္းဖုိ႔လုိအပ္တယ္ဆုိတာကုိ အစဥ္တစုိက္ အေလးေပး ေဆာင္ရြက္ခဲ့ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အမ်ဳိးသမီးေတြ အဓိပၸာယ္ျပည့္၀စြာ တန္းတူပါ၀င္ႏုိင္ေရးနဲ႔ ပဋိပကၡေတြမွာ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္ေစာ္ကားခံခဲ့ရတဲ့ အမ်ဳိးသမီးေတြရဲ႕ လုိအပ္ခ်က္နဲ႔ အေတြ႔အႀကံဳေတြကုိ ကူညီ ေျဖရွင္းေပးႏုိင္ေရးကိစၥတုိ႔အတြက္ UN Action အဖြဲ႔က အဆင္သင့္ရွိေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုေၾကညာခ်က္ထုတ္ျပန္တဲ့ UN Action ကုလသမဂၢ​လက္ေအာက္ခံ အဖြဲ႔အစည္း ၁၅ ခုကေတာ့ DPO ၊ DPPA ၊ OCHA ၊ OHCHR ၊ OSRSG-CAAC ၊ IOM ၊ UNAIDS ၊ UNDP ၊ UNFPA ၊ UNHCR ၊ UNICEF ၊ UNODA ၊ UNODC ၊ UN Women နဲ႔ WHO တုိ႔ ျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

စစ်မက်ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း ၁၅ ခုက တနင်္လာနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုတွေကို စစ်ပွဲတွေမှာ နည်းဗြူဟာအဖြစ် အသုံးချနေတာနဲ့ အကြမ်းဖက်မှုနဲ့ နိုင်ငံရေးအရ ဖိနှိပ်မှုတွေအပေါ် အထူးစိုးရိမ် ပူပန်တဲ့အတွက် ပဋိပက္ခဒေသတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ်ရော၊ Covid-19 ကာလအတွင်း တကမ္ဘာလုံးမှာ ဖြစ်ပေးနေတဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်တန့်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုချက် တစိတ် တဒေသအဖြစ်နဲ့ရော တောင်းဆိုခြင်းဖြစ်ကြောင်း UN Action Against Sexual Violence in Conflict ပဋိပက္ခဒေသတွေမှာ ဖြစ်ပေးနေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကုလသမဂ္ဂအဖွဲ့က ဇွန်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ ပဋိပက္ခတွေနဲ့ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို မမျှတစွာ ခံနေရကြောင်း၊ အဲဒီအတွက် စော်ကားခံသူတင်မကဘဲ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ လူမှုအသိုင်းကိုပါ သက်ရောက်မှုတွေ ရှိစေတာကြောင့် ငြိမ်းချမ်းရေး ရရှိဖို့နဲ့ အားလုံးတန်းတူပါဝင်ပြီး သဟဇာတမျှတတဲ့ လူမှုအသိုင်းအဝိုင်း ပေါ်ထွန်းလာရေးတို့အတွက်လည်း အဟန့်အတား ဖြစ်စေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ပဋိပက္ခဟန့်တားရေး၊ စာနာမှုဆိုင်ရာ အကူအညီပေးရေး၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု စတဲ့ လုပ်ငန်းစဉ်တွေအားလုံးမှာ ပဋိပက္ခဒေသတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့လိုအပ်တယ်ဆိုတာကို အစဉ်တစိုက် အလေးပေး ဆောင်ရွက်ခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေ အဓိပ္ပာယ်ပြည့်ဝစွာ တန်းတူပါဝင်နိုင်ရေးနဲ့ ပဋိပက္ခတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်နဲ့ အတွေ့အကြုံတွေကို ကူညီ ဖြေရှင်းပေးနိုင်ရေးကိစ္စတို့အတွက် UN Action အဖွဲ့က အဆင်သင့်ရှိကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုကြေညာချက်ထုတ်ပြန်တဲ့ UN Action ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း ၁၅ ခုကတော့ DPO ၊ DPPA ၊ OCHA ၊ OHCHR ၊ OSRSG-CAAC ၊ IOM ၊ UNAIDS ၊ UNDP ၊ UNFPA ၊ UNHCR ၊ UNICEF ၊ UNODA ၊ UNODC ၊ UN Women နဲ့ WHO တို့ ဖြစ်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG