သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတဝန္း ကိုဗစ္ကူးစက္သူ ၁၄ သန္းေက်ာ္ထဲ အေမရိကန္မွာ ၃.၆ သန္းေက်ာ္ရွိ


တကၠဆက္ျပည္နယ္က အထက္တန္းေက်ာင္းတခုမွာ ေက်ာင္းသူေက်ာင္းသားေတြကို ကုိယ္အပူခ်ိန္ တုိင္းတာေနတဲ့ျမင္ကြင္း။ (ဇူလုိင္ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတ၀န္းမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ဟာ အခုဆုိရင္ ၁၄ သန္းေက်ာ္သြားၿပီ ျဖစ္တယ္လို႔ COVID-19 ကူးစက္မႈကို ေစာင့္ၾကည့္ မွတ္တမ္းတင္ေနတဲ့ အေမရိကန္ Johns Hopkins တကၠသိုလ္ရဲ႕ ကိန္းဂဏန္းေတြမွာ ေဖာ္ျပထားပါတယ္။

အဲဒီထဲမွာ အေမရိကန္ျပည္ေထာင္စုက ၃.၆ သန္းေက်ာ္နဲ႔ ေရာဂါကူးစက္မႈ အမ်ားဆုံးျဖစ္ၿပီး ဘရာဇီးႏုိင္ငံက ၂ သန္းေက်ာ္နဲ႔ ဒုတိယ၊ အိႏၵိယႏုိင္ငံက ၁ သန္းေက်ာ္နဲ႔ တတိယအမ်ားဆုံး ျဖစ္ေနပါတယ္။

မေန႔က တရက္တည္းမွာတင္ အေမရိကန္ျပည္ေထာင္စုမွာ ဗုိင္းရပ္စ္ ေနာက္ထပ္ ကူးစက္ခံရသူ အေရအတြက္ ၇၀,၀၀၀ ေက်ာ္ရွိတယ္လို႔ နယူးေယာက္တုိင္းမ္ သတင္းစာက ေဖာ္ျပပါတယ္။ ဒါ့အျပင္ ကမာၻတ၀န္းမွာေတာ့ မေန႔က ေရာဂါကူးစက္ခံရသူဟာ ၂ သိန္းခဲြေလာက္ ရွိတယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) က ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ကမာၻေပၚမွာ ဗုိင္းရပ္စ္ကူးစက္မႈ အမ်ားဆုံးႏုိင္ငံ ျဖစ္ေနေပမယ့္လည္း သမၼတ Trump ကေတာ့ တႏုိ္င္ငံလုံးမွာ ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြ တပ္ဖို႔ အမိန္႔ကို ထုတ္ဖို႔ စဥ္းစားသြားမွာ မဟုတ္ဘူးလို႔ မနက္ျဖန္မွာ ထုတ္လႊင့္မယ့္ Fox သတင္းဌာနနဲ႔ ေတြ႔ဆုံေမးျမန္းခန္းမွာ ေျပာထားပါတယ္။

သူ႔အေနနဲ႔ လူေတြကို အတုိင္းအတာတခုအထိ လြတ္လပ္ခြင့္ရေစခ်င္ၿပီး တႏုိင္ငံလုံး အတုိင္းအတာနဲ႔ မ်က္ႏွာဖုံးတပ္ဖို႔ လုိအပ္တယ္လို႔ သူ႔အေနနဲ႔ မယုံၾကည္ေၾကာင္း ေျပာပါတယ္။

ဘရာဇီးႏုိင္ငံမွာေတာ့ အခုလို ဗုိင္းရပ္စ္ကူးစက္မႈေတြ အႀကီးအက်ယ္ ျဖစ္လာရတာဟာ ဗဟိုအစိုးရေၾကာင့္ျဖစ္တယ္္လို႔ က်န္းမာေရးဆုိင္ရာ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

ဥေရာပႏုိင္ငံ ေခါင္းေဆာင္ေတြဟာ ေသာၾကာေန႔ကေတာ့ ဘယ္လ္ဂ်ီယမ္ႏုိင္ငံ ဘရပ္ဆဲလ္ၿမိဳ႕မွာ ၂ ရက္ၾကာ ေတြ႔ဆုံခဲ့ၾကၿပီး စီးပြားေရးကို ကယ္တင္ႏုိင္ဖို႔အတြက္ ေဒၚလာ ၈၅၅ ဘီလီယံ တန္ဖိုးရွိတဲ့ စီးပြားေရး အကူအညီေတြေပးဖို႔ အခ်က္အလက္ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ဒါဟာ ၅ လအတြင္းမွာ ဥေရာပေခါင္းေဆာင္ေတြ ပထမဆုံးအႀကိမ္ လူခ်င္းေတြ႔ၿပီးေတာ့ အစည္းအေ၀းလုပ္ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ ၁၄ သန်းကျော်ထဲ အမေရိကန်မှာ ၃.၆ သန်းကျော်ရှိ

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ အခုဆိုရင် ၁၄ သန်းကျော်သွားပြီ ဖြစ်တယ်လို့ COVID-19 ကူးစက်မှုကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုက ၃.၆ သန်းကျော်နဲ့ ရောဂါကူးစက်မှု အများဆုံးဖြစ်ပြီး ဘရာဇီးနိုင်ငံက ၂ သန်းကျော်နဲ့ ဒုတိယ၊ အိန္ဒိယနိုင်ငံက ၁ သန်းကျော်နဲ့ တတိယအများဆုံး ဖြစ်နေပါတယ်။

မနေ့က တရက်တည်းမှာတင် အမေရိကန်ပြည်ထောင်စုမှာ ဗိုင်းရပ်စ် နောက်ထပ် ကူးစက်ခံရသူ အရေအတွက် ၇၀,၀၀၀ ကျော်ရှိတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။ ဒါ့အပြင် ကမ္ဘာတဝန်းမှာတော့ မနေ့က ရောဂါကူးစက်ခံရသူဟာ ၂ သိန်းခွဲလောက် ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်နေပေမယ့်လည်း သမ္မတ Trump ကတော့ တနိုင်ငံလုံးမှာ နှာခေါင်းစည်း မျက်နှာဖုံးတွေ တပ်ဖို့ အမိန့်ကို ထုတ်ဖို့ စဉ်းစားသွားမှာ မဟုတ်ဘူးလို့ မနက်ဖြန်မှာ ထုတ်လွှင့်မယ့် Fox သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောထားပါတယ်။

သူ့အနေနဲ့ လူတွေကို အတိုင်းအတာတခုအထိ လွတ်လပ်ခွင့်ရစေချင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ မျက်နှာဖုံးတပ်ဖို့ လိုအပ်တယ်လို့ သူ့အနေနဲ့ မယုံကြည်ကြောင်း ပြောပါတယ်။

ဘရာဇီးနိုင်ငံမှာတော့ အခုလို ဗိုင်းရပ်စ်ကူးစက်မှုတွေ အကြီးအကျယ် ဖြစ်လာရတာဟာ ဗဟိုအစိုးရကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဥရောပနိုင်ငံ ခေါင်းဆောင်တွေဟာ သောကြာနေ့ကတော့ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ၂ ရက်ကြာ တွေ့ဆုံခဲ့ကြပြီး စီးပွားရေးကို ကယ်တင်နိုင်ဖို့အတွက် ဒေါ်လာ ၈၅၅ ဘီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေး အကူအညီတွေပေးဖို့ အချက်အလက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ၅ လအတွင်းမှာ ဥရောပခေါင်းဆောင်တွေ ပထမဆုံးအကြိမ် လူချင်းတွေ့ပြီးတော့ အစည်းအဝေးလုပ်ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG