သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ COVID-19 ကူးစက္သူပိုတိုး၊ ေဒသအမ်ားအျပား ကန္႔သတ္ခ်က္ေတြ ခ်ထား


မြမ္ဘုိင္းၿမိဳ႕မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈရွိမရွိ စစ္ေဆးဖို႔ ေဒသခံတဦးဆီက Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ဇူလုိင္ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏိၵယႏုိင္ငံ ေဒသအမ်ားအျပားမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈ တားဆီးေရးအတြက္ ေဒသဆိုင္ရာ အစိုးရေတြက ပိတ္ပင္ကန္႔သတ္ခ်က္ေတြ ဆက္ၿပီး ခ်မွတ္ထားခ်ိန္မွာပဲ ေနာက္ထပ္ ေရာဂါပိုးကူးစက္သူ ၃ ေသာင္းခြဲနီးပါး ထပ္တိုးၿပီး အခုဆိုရင္ ၁,၀၃၀,၀၀၀ ေက်ာ္သြားပါၿပီ။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆံုးသူ ၆၇၁ ေယာက္ထပ္တိုးၿပီး စုစုေပါင္း ၂၆,၀၀၀ ေက်ာ္ၿပီလို႔ အိႏိၵယ က်န္းမာေရးဌာနက ဒီကေန႔ ထုတ္ျပန္ပါတယ္။

လက္ရွိမွာ တရက္ကို ဓာတ္ခြဲနမူနာ ၃၀၀,၀၀၀ ေက်ာ္ပဲ စစ္ေဆးေနတာေၾကာင့္ ကမာၻေပၚက တျခားေနရာေတြမွာလိုပဲ အမွန္တကယ္ ကူးစက္သူ အေရအတြက္ဟာ ထုတ္ျပန္တဲ့စာရင္းထက္ ပိုမ်ားမယ္လုိ႔ ယူဆၾကပါတယ္။

အိႏိၵယ ေက်းလက္ေဒသေတြမွာ ဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွ႔ံကူးစက္ေနတာေၾကာင့္ ကူးစက္မႈအေရအတြက္ အဆမတန္ ျမင့္တက္လာနုိင္ေျခ ရွိတယ္လုိ႔ ကၽြမ္းက်င္သူေတြက သတိေပးထားပါတယ္။

တ႐ုတ္ႏုိင္ငံ အေနာက္စြန္း Xinjiang ေဒသမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဗိုင္းရပ္စ္ပိုးကူးစက္သူ ၁၆ ဦး ထပ္တိုးတာေၾကာင့္ ပထမဆံုး ကူးစက္ခဲ့သူနဲ႔ေပါင္းရင္ ၁၇ ဦးထိရွိၿပီလို႔ တ႐ုတ္ အမ်ဳိးသားက်န္းမာေရး ေကာ္မရွင္က ဒီကေန႔ ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံတြင္းမွာ ေရာဂါပိုး ပ်ံ႕ႏွံ႔ကူးစက္တာကို မတ္လမွာ စၿပီး ထိန္းခ်ဳပ္ႏုိင္ခဲ့ၿပီးကတည္းက ဆိုရင္ Xinjiang ေဒသက Urumqi ၿမိဳ႕မွာ ေရာဂါပုိး ကူးစက္မႈေတြဟာ အခုေနာက္ဆံုး သိလာရတဲ့ ကူးစက္မႈ ျဖစ္ပါတယ္။ မၾကာေသးခင္က အမ်ားဆံုး ကူးစက္ထားတာကေတာ့ ေဘဂ်င္းၿမိဳ႕ေတာ္မွာျဖစ္ၿပီး လူေပါင္း ၃၃၀ ေက်ာ္ ကူးစက္ခဲ့ပါတယ္။

Xinjiang ေဒသဟာ ဝီဂါမြတ္စလင္အမ်ားစု ေနထိုင္တဲ့ ေဒသျဖစ္ၿပီး လံုၿခံဳေရး အထူးတင္းက်ပ္ထားတဲ့ေနရာ ျဖစ္ၿပီးေတာ့ အခုအခါ ေလဆိပ္ကိုသြားတဲ့ ေျမေအာက္ရထားလိုင္းကို ရပ္ထားတာ အပါအဝင္ လူေတြ ၿမိဳ႕ထဲကေန မထြက္ဖို႔ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ထားပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွာ ေရာဂါပိုးကူးစက္မႈ ျမင့္တက္ခဲ့တဲ့ ဗစ္တိုးရီးယားျပည္နယ္မွာ စေနေန႔က ေနာက္ထပ္ကူးစက္သူ အေရအတြက္ ေလ်ာ့သြားၿပီး ေတာင္ကိုရီးယားမွာေတာ့ ပိုးကူးစက္ခံရသူ ၃၉ ေယာက္ ထပ္တိုးပါတယ္။

အီရန္သမၼတ ဟက္ဆန္ ႐ူဟာနီက အီရန္မွာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူေပါင္း ၂၅ သန္းရွိေနၿပီး ေနာက္ထပ္ ၃၅ သန္းဟာလည္း ကူးစက္ခံရမယ့္ အႏၲရာယ္ ရွိေနတယ္လုိ႔ ဒီကေန႔ ႐ုပ္ျမင္သံၾကားက ထုတ္လႊင့္တဲ့ မိန္႔ခြန္းမွာ ေျပာသြားပါတယ္။

အီရန္က်န္းမာေရးဌာနရဲ႕ ေနာက္ဆံုးအစီရင္ခံစာေပၚ အေျခခံၿပီး ဒီအေရအတြက္ကို သိရတာလုိ႔ သမၼတ ႐ူဟာနီက ေျပာေပမယ့္ တရားဝင္ထုတ္ျပန္ထားတဲ့ ပိုးကူးစက္သူ အေရအတြက္ ၂၇၀,၀၀၀ နီးပါးထက္ အဆမတန္ကို မ်ားေနတာျဖစ္ၿပီး ဒီလို အေရအတြက္ ကြာျခားေနတဲ့ အေပၚမွာေတာ့ သမၼတ ႐ူဟာနီက ဘာမွ ထည့္ေျပာသြားတာ မရွိပါဘူး။

လူဦးေရ သန္း ၈၀ ေက်ာ္ရွိတဲ့ အီရန္ႏုိင္ငံဟာ အေရွ႕အလယ္ပိုင္းေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ အမ်ားဆံုး ကူးစက္ေနတဲ့ႏုိင္ငံ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

အိန္ဒိယမှာ COVID-19 ကူးစက်သူပိုတိုး၊ ဒေသအများအပြား ကန့်သတ်ချက်တွေ ချထား

အိန္ဒိယနိုင်ငံ ဒေသအများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု တားဆီးရေးအတွက် ဒေသဆိုင်ရာ အစိုးရတွေက ပိတ်ပင်ကန့်သတ်ချက်တွေ ဆက်ပြီး ချမှတ်ထားချိန်မှာပဲ နောက်ထပ် ရောဂါပိုးကူးစက်သူ ၃ သောင်းခွဲနီးပါး ထပ်တိုးပြီး အခုဆိုရင် ၁,၀၃၀,၀၀၀ ကျော်သွားပါပြီ။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၆၇၁ ယောက်ထပ်တိုးပြီး စုစုပေါင်း ၂၆,၀၀၀ ကျော်ပြီလို့ အိန္ဒိယ ကျန်းမာရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ တရက်ကို ဓာတ်ခွဲနမူနာ ၃၀၀,၀၀၀ ကျော်ပဲ စစ်ဆေးနေတာကြောင့် ကမ္ဘာပေါ်က တခြားနေရာတွေမှာလိုပဲ အမှန်တကယ် ကူးစက်သူ အရေအတွက်ဟာ ထုတ်ပြန်တဲ့စာရင်းထက် ပိုများမယ်လို့ ယူဆကြပါတယ်။

အိန္ဒိယ ကျေးလက်ဒေသတွေမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်နေတာကြောင့် ကူးစက်မှုအရေအတွက် အဆမတန် မြင့်တက်လာနိုင်ခြေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

တရုတ်နိုင်ငံ အနောက်စွန်း Xinjiang ဒေသမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်သူ ၁၆ ဦး ထပ်တိုးတာကြောင့် ပထမဆုံး ကူးစက်ခဲ့သူနဲ့ပေါင်းရင် ၁၇ ဦးထိရှိပြီလို့ တရုတ် အမျိုးသားကျန်းမာရေး ကော်မရှင်က ဒီကနေ့ ပြောပါတယ်။

တရုတ်နိုင်ငံတွင်းမှာ ရောဂါပိုး ပျံ့နှံ့ကူးစက်တာကို မတ်လမှာ စပြီး ထိန်းချုပ်နိုင်ခဲ့ပြီးကတည်းက ဆိုရင် Xinjiang ဒေသက Urumqi မြို့မှာ ရောဂါပိုး ကူးစက်မှုတွေဟာ အခုနောက်ဆုံး သိလာရတဲ့ ကူးစက်မှု ဖြစ်ပါတယ်။ မကြာသေးခင်က အများဆုံး ကူးစက်ထားတာကတော့ ဘေဂျင်းမြို့တော်မှာဖြစ်ပြီး လူပေါင်း ၃၃၀ ကျော် ကူးစက်ခဲ့ပါတယ်။

Xinjiang ဒေသဟာ ဝီဂါမွတ်စလင်အများစု နေထိုင်တဲ့ ဒေသဖြစ်ပြီး လုံခြုံရေး အထူးတင်းကျပ်ထားတဲ့နေရာ ဖြစ်ပြီးတော့ အခုအခါ လေဆိပ်ကိုသွားတဲ့ မြေအောက်ရထားလိုင်းကို ရပ်ထားတာ အပါအဝင် လူတွေ မြို့ထဲကနေ မထွက်ဖို့ ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။

သြစတြေးလျနိုင်ငံမှာ ရောဂါပိုးကူးစက်မှု မြင့်တက်ခဲ့တဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ စနေနေ့က နောက်ထပ်ကူးစက်သူ အရေအတွက် လျော့သွားပြီး တောင်ကိုရီးယားမှာတော့ ပိုးကူးစက်ခံရသူ ၃၉ ယောက် ထပ်တိုးပါတယ်။

အီရန်သမ္မတ ဟက်ဆန် ရူဟာနီက အီရန်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူပေါင်း ၂၅ သန်းရှိနေပြီး နောက်ထပ် ၃၅ သန်းဟာလည်း ကူးစက်ခံရမယ့် အန္တရာယ် ရှိနေတယ်လို့ ဒီကနေ့ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။

အီရန်ကျန်းမာရေးဌာနရဲ့ နောက်ဆုံးအစီရင်ခံစာပေါ် အခြေခံပြီး ဒီအရေအတွက်ကို သိရတာလို့ သမ္မတ ရူဟာနီက ပြောပေမယ့် တရားဝင်ထုတ်ပြန်ထားတဲ့ ပိုးကူးစက်သူ အရေအတွက် ၂၇၀,၀၀၀ နီးပါးထက် အဆမတန်ကို များနေတာဖြစ်ပြီး ဒီလို အရေအတွက် ကွာခြားနေတဲ့ အပေါ်မှာတော့ သမ္မတ ရူဟာနီက ဘာမှ ထည့်ပြောသွားတာ မရှိပါဘူး။

လူဦးရေ သန်း ၈၀ ကျော်ရှိတဲ့ အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။

XS
SM
MD
LG