သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယ COVID-19 ကူးစက္သူ ၁ သန္းေက်ာ္သြားၿပီ


အိႏၵိယႏိုင္ငံ Greater Noida ၿမိဳ႕က ေဆးရံုတခုမွာ COVID 19 လူနာတဦးကို ေဆးကုသေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ဇူလိုင္ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏုိင္ငံမွာ ကို႐ုိနာဗုိ္င္းရပ္စ္ကူးစက္ခံရသူအေရအတြက္ဟာ ၁,၀၀၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။ ဒီေန႔မွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၃၄,၉၅၆ ေယာက္ ထပ္မံေတြ႔ရွိတာေၾကာင့္ စုစုေပါင္း ၁,၀၀၃,၈၃၂ ရွိသြားၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ ၆၈၇ ေယာက္ေသဆုံးတဲ့အတြက္ ေသဆုံးသူစုစုေပါင္း ၂၅,၆၀၂ ေယာက္ရွိၿပီလို႔ အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ အခုလို ဗုိင္းရပ္စ္ကူးစက္မႈေတြ တုိးလာတာေၾကာင့္ အိႏၵိယႏုိင္ငံအေနနဲ႔ ဗုိင္းရပ္စ္ကူးစက္မႈကုိ တုိက္ဖ်က္ဖို႔အတြက္ အဆင္သင့္ျဖစ္ရဲ႕လားဆုိတဲ့အေပၚမွာ စိုးရိမ္မႈေတြ ျဖစ္လာေနပါတယ္။

ဂ်ပန္ႏုိင္ငံ တုိက်ိဳၿမိဳ႕မွာေတာ့ ဒီေန႔ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၂၉၃ ေယာက္ရွိခဲ့တာေၾကာင့္ ဒါဟာ တုိက်ိဳမွာ ၂ ရက္ဆက္တုိက္ ဗုိင္းရပ္စ္ကူးစက္မႈနႈန္း စံခ်ိန္တင္ျမင့္တက္ခဲ့တာျဖစ္ပါတယ္။ ဂ်ပန္ျပည္သူေတြ နဲ႔ စီးပြားေရးလုပ္ငန္းေတြ အေနနဲ႔ ဗုိင္းရပ္စ္နဲ႔ပတ္သက္ၿပီး ပိုၿပီးေတာ့ သတိရွိၾကဖို႔၊ တစ္ေယာက္နဲ႔ တစ္ေယာ္ကခပ္ခြာခြာေနဖို႔၊ လက္ကိုပုံမွန္ေဆးဖို႔နဲ႔ တျခား ဗုိင္းရပ္စ္ကာကြယ္ေရးအတြက္ လုပ္သင့္တာေတြကို လုပ္ၾကဖို႔ ပန္ၾကားလိုတယ္လို႔ တုိက်ဳိအုပ္ခ်ဳပ္ေရးမွဴး Yuriko Koike က ေျပာပါတယ္။ ဂ်ပန္ႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၂၄,၀၀၀ ေလာက္ နဲ႔ ေသဆုံးသူ ၁,၀၀၀ ေလာက္ရွိပါတယ္။

ၾသစေၾတးလ်ႏုိင္ငံ ဗစ္တုိးရီးယားျပည္နယ္မွာေတာ့ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၄၂၈ ေယာက္ရွိခဲ့တာေၾကာင့္ ေနာက္ထပ္စံခ်ိန္တင္ခဲ့ၿပီး၊ ဗုိင္းရပ္စ္ ရွိ၊ မရွိ စစ္ေဆးတာေတြကိုလည္း တုိးလုပ္လာေနသလို၊ ကန္႔သတ္မႈေတြကိုလည္း ပိုၿပီးေတာ့ တင္းတင္းၾကပ္ၾကပ္ ခ်မွတ္လာေနပါတယ္။ ကူးစက္မႈအမ်ားစုက Melbourne ၿမိဳ႕မွာျဖစ္ၿပီး ေသဆုံးသူလည္း ၃ ေယာက္ရွိပါတယ္။

လူဦးေရအမ်ားဆုံးျဖစ္တဲ့ New South Wales ျပည္နယ္မွာေတာ့ ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္သူ ၈ ေယာက္ေတြ႔ရွိခဲ့ပါတယ္။ အခုေလာေလာဆယ္ ဘီယာဆုိင္ေတြမွာ လူဦးေရကန္႔သတ္ထားေပးမဲ့လည္း လာမယ့္ ေသာၾကာေန႔ကစၿပီး စားေသာက္ဆုိင္ေတြ၊ ေကာ္ဖီဆုိင္ေတြ၊ ကလပ္ေတြ နဲ႔ တျခား ဧည့္ခံေဖ်ာ္ေျဖေရးလုပ္ငန္းေတြကိုလည္း လူဦးေရကန္႔သတ္သြားမယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာလိုက္ပါတယ္။

အိႏိၵယ COVID-19 ကူးစက္သူ ၁ သန္းေက်ာ္သြားၿပီ
please wait

No media source currently available

0:00 0:01:42 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယ COVID-19 ကူးစက်သူ ၁ သန်းကျော်သွားပြီ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်ဟာ ၁,၀၀၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၄,၉၅၆ ယောက် ထပ်မံတွေ့ရှိတာကြောင့် စုစုပေါင်း ၁,၀၀၃,၈၃၂ ရှိသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ၆၈၇ ယောက်သေဆုံးတဲ့အတွက် သေဆုံးသူစုစုပေါင်း ၂၅,၆၀၂ ယောက်ရှိပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အခုလို ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာတာကြောင့် အိန္ဒိယနိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်ဖို့အတွက် အဆင်သင့်ဖြစ်ရဲ့လားဆိုတဲ့အပေါ်မှာ စိုးရိမ်မှုတွေ ဖြစ်လာနေပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာတော့ ဒီနေ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၃ ယောက်ရှိခဲ့တာကြောင့် ဒါဟာ တိုကျိုမှာ ၂ ရက်ဆက်တိုက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဂျပန်ပြည်သူတွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပိုပြီးတော့ သတိရှိကြဖို့၊ တစ်ယောက်နဲ့ တစ်ယော်ကခပ်ခွာခွာနေဖို့၊ လက်ကိုပုံမှန်ဆေးဖို့နဲ့ တခြား ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လုပ်သင့်တာတွေကို လုပ်ကြဖို့ ပန်ကြားလိုတယ်လို့ တိုကျိုအုပ်ချုပ်ရေးမှူး Yuriko Koike က ပြောပါတယ်။ ဂျပန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၄,၀၀၀ လောက် နဲ့ သေဆုံးသူ ၁,၀၀၀ လောက်ရှိပါတယ်။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၂၈ ယောက်ရှိခဲ့တာကြောင့် နောက်ထပ်စံချိန်တင်ခဲ့ပြီး၊ ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးတာတွေကိုလည်း တိုးလုပ်လာနေသလို၊ ကန့်သတ်မှုတွေကိုလည်း ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ချမှတ်လာနေပါတယ်။ ကူးစက်မှုအများစုက Melbourne မြို့မှာဖြစ်ပြီး သေဆုံးသူလည်း ၃ ယောက်ရှိပါတယ်။

လူဦးရေအများဆုံးဖြစ်တဲ့ New South Wales ပြည်နယ်မှာတော့ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူ ၈ ယောက်တွေ့ရှိခဲ့ပါတယ်။ အခုလောလောဆယ် ဘီယာဆိုင်တွေမှာ လူဦးရေကန့်သတ်ထားပေးမဲ့လည်း လာမယ့် သောကြာနေ့ကစပြီး စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ ကလပ်တွေ နဲ့ တခြား ဧည့်ခံဖျော်ဖြေရေးလုပ်ငန်းတွေကိုလည်း လူဦးရေကန့်သတ်သွားမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောလိုက်ပါတယ်။

XS
SM
MD
LG