သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္တာနက္ေစ်းသက္သာေရးအတြက္ Google က အိႏၵိယမွာ ေဒၚလာ ၁၀ ဘီလီယံ ရင္းႏွီးျမဳပ္ႏွံမည္


india က Google ရဲ႕ Logo

Zawgyi/Unicode

လူဦးေရ သန္းတစ္ေထာင္ေက်ာ္ရွိတဲ့ အိႏၵိယႏိုင္ငံမွာ အင္တာနက္ ေစ်းႏႈန္းသက္သာၿပီး လူေတြ အလြယ္တကူ သုံးႏိုင္ဖို႔အတြက္ Google ကုမၸဏီက အိႏၵိယမွာ ေဒၚလာ (၁၀)ဘီလ်ံ ရင္းႏွီးျမွဳပ္ႏွံ သြားမယ္လို႔ ေၾကညာလိုက္ပါတယ္။

အိႏၵိယရဲ႕ အနာဂတ္နဲ႔ ဒစ္ဂ်စ္တယ္ နည္းပညာဆုိင္ရာ စီးပြားေရးက႑ အေပၚ ယုံၾကည္စိတ္ခ်မႈရွိေၾကာင္း ဒီဆုံးျဖတ္ခ်က္က ေပၚလြင္ေစပါတယ္လို႔ Google အမႈေဆာင္အရာရွိခ်ဳပ္ Sundar Pichai ရဲ႕ တနလၤာေန႔ထုတ္ ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

အိႏိၵယ နည္းပညာေျပာင္းလဲေရးအတြက္ လာမယ့္ ၅ ႏွစ္ကေန ၇ ႏွစ္ထဲ သုံးမယ့္ Google ရဲ႕ မတည္ေငြကတဆင့္ နည္းပညာက႑မွာ ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္သြားမွာျဖစ္ပါတယ္။

ဒီရင္းႏွီးျမွဳပ္ႏွံမႈက အိႏၵိယ တႏိုင္ငံလုံးမွာ ျပည္သူေတြ အင္တာနက္ ပုိၿပီး သုံးခြင့္ရလာဖို႔ အေလးထားၿပီး ၊ စီးပြားေရးလုပ္ငန္းရွင္ေတြ အြန္လိုင္းမွာ လုပ္ငန္း လည္ပတ္ႏိုင္ေအာင္ အေျပာင္းအလဲလုပ္မယ့္ ကိစၥကိုလည္း ကူညီသြားမွာ ျဖစ္ပါတယ္။

Google ကို အဂၤလိပ္ဘာသာနဲ႔ သုံးေနရာ အိႏၵိယရဲ႕ ေဒသဆိုင္ရာ ဘာသာစကားနဲ႔ အလြယ္တကူ ဝင္သုံးႏုိင္ဖုိ႔ ရည္ရြယ္ၿပီး Google က တုိးခ်ဲ႕လုပ္ေဆာင္လာတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္



[Unicode]

လူဦးရေ သန်းတစ်ထောင်ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ အင်တာနက်ဈေးနှုန်းသက်သာပြီး လူတွေ အလွယ်တကူ သုံးနိုင်ဖို့အတွက် Google ကုမ္ပဏီက အိန္ဒိယမှာ ဒေါ်လာ (၁၀)ဘီလျံ ရင်းနှီးမြှုပ်နှံ သွားမယ်လို့ ကြေညာလိုက်ပါတယ်။

အိန္ဒိယရဲ့ အနာဂတ်နဲ့ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ စီးပွားရေးကဏ္ဍ အပေါ် ယုံကြည်စိတ်ချမှုရှိကြောင်း ဒီဆုံးဖြတ်ချက်ကပေါ်လွင်စေပါတယ်လို့ Google အမှုဆောင်အရာရှိချုပ် Sundar Pichai ရဲ့ တနင်္လာနေ့ထုတ် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အိန္ဒိယ နည်းပညာပြောင်းလဲရေးအတွက် လာမယ့် ၅ နှစ်ကနေ ၇ နှစ်ထဲ သုံးမယ့် Google ရဲ့ မတည်ငွေကတဆင့်နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု လုပ်သွားမှာဖြစ်ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုက အိန္ဒိယ တနိုင်ငံလုံးမှာ ပြည်သူတွေ အင်တာနက် ပိုပြီး သုံးခွင့်ရလာဖို့ အလေးထားပြီး ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အွန်လိုင်းမှာ လုပ်ငန်း လည်ပတ်နိုင်အောင် အပြောင်းအလဲလုပ်မယ့် ကိစ္စကိုလည်း ကူညီသွားမှာ ဖြစ်ပါတယ်။

Google ကို အင်္ဂလိပ်ဘာသာနဲ့ သုံးနေရာ အိန္ဒိယရဲ့ ဒေသဆိုင်ရာ ဘာသာစကားနဲ့ အလွယ်တကူ ဝင်သုံးနိုင်ဖို့ ရည်ရွယ်ပြီးGoogle က တိုးချဲ့လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG