(Zawgyi/Unicode)
Apple ကုမၸဏီရဲ့ iPhones လက္ကိုင္ဖုန္းေတြကို တပ္ဆင္ထုတ္လုပ္ေပးေနတဲ့ ထိုင္ဝမ္ ကုမၸဏီ Foxconn က အိႏၵိယနိုင္ငံ ေတာင္ပိုင္း က စက္႐ုံကို တိုးခ်ဲ႕ဖို႔ အေမရိကန္ ေဒၚလာ ၁ ဘီလီယံအထိ ရင္းႏွီးျမႇုပ္ႏွံဖို႔ စီစဥ္ေနတယ္လို႔သတင္းရင္းျမစ္ ႏွစ္ခုက ေျပာပါတယ္။ အဲဒီ ရင္းႏွီးျမႇုပ္ႏွံမႈဟာ Apple ကုမၸဏီရဲ့ ထုတ္လုပ္မႈေတြကို တ႐ုတ္နိုင္ငံထဲကေန တစ္ျဖည္းျဖည္း ေရႊ႕ေျပာင္းေနတဲ့အထဲက လုပ္ေဆာင္ခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ အက်ပ္အတည္းနဲ႔ အေမရိကန္နဲ႔ တ႐ုတ္တို႔အၾကားက ကုန္သြယ္ေရး စစ္ပြဲေၾကာင့္ ထိခိုက္မႈေတြကို ေရွာင္ရွားတဲ့ အေနနဲ႔ လုပ္ေဆာင္တာလည္း ျဖစ္ပါတယ္။
Foxconn ကုမၸဏီပိုင္ စက္႐ုံတခ်ိဳ႕ကို တ႐ုတ္နိုင္ငံ ျပင္ပကို ေရႊ႕ေျပာင္းဖို႔ Apple ဘက္က ခိုင္ခိုင္မာမာ ေတာင္းဆိုေနတာ ရွိတယ္လို႔ လည္း သတင္းရင္းျမစ္တခုက ရိုက္တာ သတင္းဌာနကို ေျပာပါတယ္။
အခု သတင္းနဲ႔ ပတ္သက္လို႔ Apple ေရာ၊ Foxconn ကုမၸဏီပါ ေဝဖန္ခ်က္ မေပးပါဘူး။
Channaiၿမိဳ႕နဲ႔ မိုင္ ၅၀ အကြာမွာ ရွိတဲ့ SRIPERUMBUR စက္႐ုံကို တိုးခ်ဲ႕မယ့္ အစီအစဥ္က သုံးႏွစ္ ၾကာမယ္ လို႔လည္း ေျပာပါတယ္။ အဲဒီ စက္႐ုံမွာ APPLE ရဲ့ Iphone XR အမ်ိဳးအစား လက္ကိုင္ဖုန္းေတြကို ထုတ္လုပ္ေနတာ ျဖစ္ပါတယ္။ ေလာေလာဆယ္ FOXCONN က တ႐ုတ္နိုင္ငံထဲမွာ ထုတ္လုပ္ေနတဲ့ IPhone အမ်ိဳးအစားတစ္ခ်ိဳ႕ကို အိႏၵိယ ေတာင္ပိုင္းက အဲဒီ စက္႐ုံမွာ ေျပာင္းလဲ ထုတ္လုပ္မွာ ျဖစ္ၿပီး အလုပ္သမား ၆ ေထာင္ေလာက္ အတြက္ အလုပ္အကိုင္ ဖန္တီးေပးနိုင္မွာ ျဖစ္ပါတယ္။
အိႏၵိယနိုင္ငံထဲ ရင္းႏွီး ျမႇုပ္ႏွံမႈေတြ တိုးလုပ္မယ္လို႔ ၿပီးခဲ့တဲ့ လကပဲ Foxconn ကုမၸဏီ ဥကၠဌLiu Young-way က ေၾကညာထားခဲ့ တာပါ။ ကမၻာမွာ ဒုတိယ အႀကီးဆုံး စမတ္ဖုန္း ေဈးကြက္ရွိတဲ့ အိႏၵိယမွာ Apple က ေဈးကြက္ရဲ့ တစ္ရာခိုင္ႏႈန္းကို ရထားပါတယ္။ Apple IPhone ေတြကို ထုတ္လုပ္ေပးေနတဲ့ ေနာက္ ထိုင္ဝမ္ ကုမၸဏီတစ္ခု ျဖစ္တဲ့ Wistron Corp ကုမၸဏီကလည္း အိႏၵိယမွာ ေနာက္ထပ္ စက္႐ုံအသစ္တစ္ခု ဖြင့္ေတာ့မွာ ျဖစ္ပါတယ္။ အိႏၵိယ အလုပ္သမား လခ တ႐ုတ္ထက္ ပိုသက္သာပါတယ္။
အိႏၵိယနိုင္ငံ ကိုယ္ႏွိုက္ကလည္း အီလက္ထရြန္းနစ္ ပစၥည္းေတြတိုးျမႇင့္ထုတ္လုပ္ဖို႔ ႀကိဳးပမ္းေနတာပါ။ ၿပီးခဲ့တဲ့ လကပဲ ကမၻာ့အႀကီးဆုံး စမတ္ဖုန္း ကုမၸဏီႀကီး ၅ ခုကို မက္လုံးေတြ ေပးထားတဲ့ အေမရိကန္ ၆ ဒႆမ ၆၅ ဘီလီယံ တန္ဖိုးရွိတဲ့ စီမံကိန္း တစ္ခုကို စတင္ခဲ့ပါတယ္။
...........
ထိုင်ဝမ်အခြေစိုက် Foxconn နည်းပညာကုမ္ပဏီ အိန္ဒိယမှာပြောင်းရွေ့ ရင်းနှီးမြှုပ်နှံမည်
(Unicode)
Apple ကုမ္ပဏီရဲ့iPhones လက်ကိုင်ဖုန်းတွေကို တပ်ဆင်ထုတ်လုပ်ပေးနေတဲ့ ထိုင်ဝမ် ကုမ္ပဏီ Foxconn က အိန္ဒိယနိုင်ငံ တောင်ပိုင်း က စက်ရုံကို တိုးချဲ့ဖို့ အမေရိကန် ဒေါ်လာ ၁ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်လို့သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှုဟာ Apple ကုမ္ပဏီရဲ့ ထုတ်လုပ်မှုတွေကို တရုတ်နိုင်ငံထဲကနေ တစ်ဖြည်းဖြည်း ရွှေ့ပြောင်းနေတဲ့အထဲက လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနဲ့ အမေရိကန်နဲ့ တရုတ်တို့အကြားက ကုန်သွယ်ရေး စစ်ပွဲကြောင့် ထိခိုက်မှုတွေကို ရှောင်ရှားတဲ့ အနေနဲ့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
Foxconn ကုမ္ပဏီပိုင် စက်ရုံတချို့ကို တရုတ်နိုင်ငံ ပြင်ပကို ရွှေ့ပြောင်းဖို့ Apple ဘက်က ခိုင်ခိုင်မာမာ တောင်းဆိုနေတာ ရှိတယ်လို့ လည်း သတင်းရင်းမြစ်တခုက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အခု သတင်းနဲ့ ပတ်သက်လို့ Apple ရော၊ Foxconn ကုမ္ပဏီပါ ဝေဖန်ချက် မပေးပါဘူး။
Channaiမြို့နဲ့ မိုင် ၅၀ အကွာမှာ ရှိတဲ့ SRIPERUMBUR စက်ရုံကို တိုးချဲ့မယ့် အစီအစဉ်က သုံးနှစ် ကြာမယ် လို့လည်း ပြောပါတယ်။ အဲဒီ စက်ရုံမှာ APPLE ရဲ့ Iphone XR အမျိုးအစား လက်ကိုင်ဖုန်းတွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ လောလောဆယ် FOXCONN က တရုတ်နိုင်ငံထဲမှာ ထုတ်လုပ်နေတဲ့ IPhone အမျိုးအစားတစ်ချို့ကို အိန္ဒိယ တောင်ပိုင်းက အဲဒီ စက်ရုံမှာ ပြောင်းလဲ ထုတ်လုပ်မှာ ဖြစ်ပြီး အလုပ်သမား ၆ ထောင်လောက် အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံထဲ ရင်းနှီး မြှုပ်နှံမှုတွေ တိုးလုပ်မယ်လို့ ပြီးခဲ့တဲ့ လကပဲ Foxconn ကုမ္ပဏီ ဥက္ကဌLiu Young-way က ကြေညာထားခဲ့ တာပါ။ ကမ္ဘာမှာ ဒုတိယ အကြီးဆုံး စမတ်ဖုန်း ဈေးကွက်ရှိတဲ့ အိန္ဒိယမှာ Apple က ဈေးကွက်ရဲ့ တစ်ရာခိုင်နှုန်းကို ရထားပါတယ်။ Apple IPhone တွေကို ထုတ်လုပ်ပေးနေတဲ့ နောက် ထိုင်ဝမ် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Wistron Corp ကုမ္ပဏီကလည်း အိန္ဒိယမှာ နောက်ထပ် စက်ရုံအသစ်တစ်ခု ဖွင့်တော့မှာ ဖြစ်ပါတယ်။ အိန္ဒိယ အလုပ်သမား လခ တရုတ်ထက် ပိုသက်သာပါတယ်။
အိန္ဒိယနိုင်ငံ ကိုယ်နှိုက်ကလည်း အီလက်ထရွန်းနစ် ပစ္စည်းတွေတိုးမြှင့်ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာပါ။ ပြီးခဲ့တဲ့ လကပဲ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီကြီး ၅ ခုကို မက်လုံးတွေ ပေးထားတဲ့ အမေရိကန် ၆ ဒဿမ ၆၅ ဘီလီယံ တန်ဖိုးရှိတဲ့ စီမံကိန်း တစ်ခုကို စတင်ခဲ့ပါတယ်။