သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေနဲ့ထိတွေ့တာကို အလိုအလျောက်အသိပေးမယ့် App မိတ်ဆက်


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူနဲ့ ထိတွေ့နိုင်ချေ ရှိခဲ့တာကို အလိုအလျောက် အသိပေးမယ့် လူအများ မျှော်လင့်စောင့်စားနေတဲ့ စမတ်ဖုန်း application တစ်ခုကို Apple နဲ့ Google နည်းပညာ ကုမ္မဏီနှစ်ခု ပူးပေါင်းပြီး မိတ်ဆက်ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၂၂ နိုင်ငံနဲ့ အမေရိကန်က ပြည်နယ်အတော်များများမှာ ဒီ Apps ကို အသုံးပြုဖို့ ပြင်ဆင်နေကြပြီလို့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Apple နဲ့ Google တို့ကပြောပါတယ်။ ကြိုးမဲ့ bluetooth စနစ်ကို အခြေခံအသုံးပြုထားတဲ့ ဒီ Apps ကိုအသုံးပြုသူ တွေအနေနဲ့ သူတို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိသူနဲ့ ထိတွေ့ ဆက်ဆံသွားလာမိခဲ့သလား ဆိုတာကို ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ဒီလို နည်းပညာသုံး APP မျိုးကို နိုင်ငံအတော်များများက ကုမ္မဏီတွေ ကိုယ်ပိုင်တီထွင် အသုံးပြုဖို့ကြိုးစား ခဲ့ကြပေမဲ့ သိပ်မအောင်မြင်သေးပါဘူး။ အဲဒီ App အတော်များများက Apple နဲ့ Android ဖုန်းတွေနဲ့ အသုံးပြုရာမှာ နည်းပညာပိုင်း ဆိုင်ရာ ပြဿနာ တွေနဲ့ ကြုံတွေ့ရခဲ့ရပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အရင် တီထွင်ခဲ့တဲ့ App တွေက GPS စနစ်အသုံးပြုပြီး ဗိုင်းရပ်စ်ပိုးရှိသူနဲ့ ထိတွေ့ခဲ့သလား ခြေရာခံပေးတာပါ။ Apple နဲ့ Google ကုမ္မဏီတွေ ကတော့ အသုံးပြသူတွေရဲ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက် ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် သူတို့ရဲ့ Apps တွေမှာ GPS စနစ်ကို အသုံးပြုမထားပါဘူး။

ဒီ Apple- Google APPS ကို အသုံးပြုဖို့ အမေရိကန်က ပြည်နယ်တွေအပါအဝင် ဂျာမဏီနိုင်ငံ ကျန်းမာရေးဌာနကလည်း စောင့်နေတာပါ။ တစ်ချို့အစိုးရတွေကတော့ ဒီ ကုမ္မဏီကြီးတွေရဲ့ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက် ဆိုင်ရာ ကန့်သတ် ချက်တွေကြောင့် အသုံးပြုရာမှာ အခက်အခဲရှိမယ်လို့လည်း ပြောပါတယ်။

APPLE နဲ့ GOOGLE ကတော့ သူတို့ ရဲ့ Apps တွေက လက်ရှိ ဆောင်ရွက်နေတဲ့ COVID-19 ရောဂါ ခြေရာခံ လုပ်ငန်းကို အစားထိုးဖို့ ကြိုးစားတာမဟုတ်ပဲ ရောဂါပိုးရှိသူနဲ့ ထိတွေ့နိုင်ချေ ဘယ်လောက် ရှိခဲ့သလဲ သတိပေးတဲ့ စနစ်ပဲ ဖြစ်တယ်လို့ပြောပါတယ်။ အခု နည်းပညာ အသစ်က ပြိင်ဘက် ကုမ္မဏီကြီး ၂ ခုရဲ့ ဖြစ်တောင့်ဖြစ်ခဲ ပူးပေါင်းတီထွင်ထုတ်လုပ်မှုလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.................


(Unicode)







XS
SM
MD
LG