သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

TikTok နဲ႔ တျခား တရုတ္ Apps ၅၉ ခုကုိ အိႏၵိယပိတ္ပင္


TikTok Apps

(Zawgyi/Unicode)

တရုတ္နဲ႔ အိႏၵိယ ႏွစ္ႏိုင္ၾကား နယ္စပ္အေရးတင္းမာေနခ်ိန္မွာ TikTok အပါဝင္ တ႐ုတ္ႏိုင္ငံထုတ္ မိုဘိုင္းဖုန္း Apps ၅၉ ခု အသုံးျပဳခြင့္ကို အိႏၵိယႏိုင္ငံက ပိတ္ပင္လိုက္ပါတယ္။

အိႏၵိယႏိုင္ငံ လွ်ပ္စစ္နဲ႔ IT နည္းပညာ ဝန္ႀကီးဌာန ေၾကညာခ်က္ထဲမွာေတာ့ တရုတ္ရဲ႕ ဒီ Apps ၅၉ ခုဟာ အိႏၵိယႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာ တည္ၿငိမ္ေရး ၊ အိႏၵိယ ကာကြယ္ေရးနဲ႔ ႏိုင္ငံေတာ္ လုံၿခဳံေရး တရားဥပေဒ စုိးမိုးေရးေတြကို ထိခိုက္နစ္နာ လာေစတဲ့အတြက္ အခုလို ပိတ္ပင္ဖို႔ ဆုံးျဖတ္ရတာလို႔ ဆိုပါတယ္။

လူႀကဳိက္မ်ားတဲ့ TikTok Apps ကို ByteDance ဆိုတဲ့ တ႐ုတ္ကုမၸဏီက ပုိင္ဆိုင္တာျဖစ္ၿပီး အိႏၵိယဟာ TikTok ရဲ႕အႀကီးဆုံး ေစ်းကြက္ ျဖစ္ပါတယ္။

ဒီတားျမစ္မႈက ဘယ္အခ်ိန္မွာ စၿပီး အက်ဳိးသက္ေရာက္မလဲ ၊ မိုဘိုင္းဖုန္း ကုမၸဏီေတြကေရာ ဒါကို လိုက္နာရမလား ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး ။ ပိတ္ပင္မယ္ဆိုတဲ့ အဲဒီ Apps ေတြကို တနလၤာ ညေနပိုင္းအထိ အိႏၵိယရဲ႕ Google’s Play နဲ႔ Apple App store မွာ ေဒါင္းလုပ္ လုပ္လို႔ရေနပါေသးတယ္။

TikTok နဲ႔ တျခား တရုတ္ Apps ၅၉ ခုကုိ အိႏၵိယပိတ္ပင္
please wait

No media source currently available

0:00 0:00:51 0:00
တိုက္႐ိုက္ လင့္ခ္


..............

TikTok နဲ့ တခြား တရုတ် Apps ၅၉ ခုကို အိန္ဒိယပိတ်ပင်

(Unicode)

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ကြား နယ်စပ်အရေးတင်းမာနေချိန်မှာ TikTok အပါဝင် တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်း Apps ၅၉ ခု အသုံးပြုခွင့်ကို အိန္ဒိယနိုင်ငံက ပိတ်ပင်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ လျှပ်စစ်နဲ့ IT နည်းပညာ ဝန်ကြီးဌာန ကြေညာချက်ထဲမှာတော့ တရုတ်ရဲ့ ဒီ Apps ၅၉ ခုဟာ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်ငြိမ်ရေး ၊ အိန္ဒိယ ကာကွယ်ရေးနဲ့ နိုင်ငံတော် လုံခြုံရေး တရားဥပဒေ စိုးမိုးရေးတွေကို ထိခိုက်နစ်နာ လာစေတဲ့အတွက် အခုလို ပိတ်ပင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။

လူကြိုက်များတဲ့ TikTok Apps ကို ByteDance ဆိုတဲ့ တရုတ်ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး အိန္ဒိယဟာ TikTok ရဲ့အကြီးဆုံး ဈေးကွက် ဖြစ်ပါတယ်။

ဒီတားမြစ်မှုက ဘယ်အချိန်မှာ စပြီး အကျိုးသက်ရောက်မလဲ ၊ မိုဘိုင်းဖုန်း ကုမ္ပဏီတွေကရော ဒါကို လိုက်နာရမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး ။ ပိတ်ပင်မယ်ဆိုတဲ့ အဲဒီ Apps တွေကို တနင်္လာ ညနေပိုင်းအထိ အိန္ဒိယရဲ့ Google’s Play နဲ့ Apple App store မှာ ဒေါင်းလုပ် လုပ်လို့ရနေပါသေးတယ်။

XS
SM
MD
LG