Video အတိုလေးတွေတင်နိုင် မျှနိုင်တဲ့ TikTok လူမှုကွန်ယက်ကို အမေရိကန်အစိုးရက အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ရသလားဆိုတာ သုံးသပ်စုံစမ်းနေပါတယ်။ သီချင်း Video တိုလေးတွေနဲ့ လူငယ်တွေကြား အထူးရေပန်းစားနေတဲ့ TikTok လူမှုကွန်ယက်က လုံခြုံရေးအရ စိုးရိမ်စရာ ဘာတွေများရှိနေပါသလဲ။ အချိန်တိုတွင်းမှာ သုံးစွဲသူ သန်းရာချီဖြစ်ခဲ့တဲ့ TikTok လူမှုကွန်ယက်နဲ့ပါတ်သက်လို့ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။