(Zawgyi/Unicode)
ႏွစ္ေပါင္း ၅၀ အတြင္း လူအေသအေပ်ာက္ရွိခဲ့တဲ့ထိ ႏွစ္ဖက္တပ္ဖြဲ႕ေတြ ခိုက္ရန္ျဖစ္ပြားခဲ့အၿပီး အိႏၵိယနဲ႔ တ႐ုတ္နိုင္ငံအၾကား တင္းမာမႈေတြကို ေလၽွာ့ခ်ဖို႔ သေဘာတူလိုက္ၾကပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ဟိမဝႏၲာေတာင္တန္းေဒသ နယ္စပ္ေဒသမွာ ႏွစ္နိုင္ငံတပ္ဖြဲ႕ဝင္ အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားတာမွာ အိႏၵိယစစ္သား အေယာက္ ၂၀ ေသဆုံးခဲ့ရတာပါ။
တနလၤာေန႔တုန္းက ႏွစ္နိုင္ငံ စစ္တပ္ အႀကီးအကဲေတြ ေဆြးေႏြးညႇိႏွိုင္းမႈေတြျပဳလုပ္အၿပီး ႏွစ္ဘက္တပ္ေတြ ထိေတြ႕မႈမရွိေအာင္ ေနရာခ်ထားဖို႔ သေဘာတူလိုက္ေၾကာင္း အဂၤါေန႔မွာ အိႏၵိယစစ္တပ္ တာဝန္ရွိသူေတြက ေျပာပါတယ္။ အေရွ႕ Ladakh ေဒသတဝိုက္ ႏွစ္ဘက္တပ္ေတြ ထိေတြ႕မႈ ျဖစ္နိုင္ေခ်မရွိတဲ့ ေနရာေတြနဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့ၾကသလို ဒါကို ေရွ႕ဆက္ေဆာင္ရြက္ သြားဖို႔ ႏွစ္ဘက္သေဘာတူခဲ့ၾကတာပါ။
ႏွစ္နိုင္ငံ ဆက္ဆံေရးတင္းမာေနခ်ိန္အတြင္း အဂၤါေန႔က ျပဳလုပ္ခဲ့တဲ့ ႐ုရွား၊ တ႐ုတ္နဲ႔ အိႏၵိယနိုင္ငံ နိုင္ငံျခားေရး ဝန္ႀကီးေတြရဲ႕ ႐ုပ္သံ ေဆြးေႏြးပြဲမွာေတာ့ နိုင္ငံႀကီးေတြ အေနနဲ႔ နိုင္ငံတကာ ဥပေဒကို ေလးစားလိုက္နာဖို႔ လိုေၾကာင္း အိႏၵိယဘက္က ေျပာလိုက္ပါတယ္။
“နိုင္ငံတကာ ဥပေဒကို လိုက္နာျခင္း၊ တစ္ဖက္နိုင္ငံရဲ့ တရားဝင္ အက်ိဳးစီးပြားကို အသိအမွတ္ျပဳျခင္း၊ နိုင္ငံေပါင္းစုံ စနစ္ကို ေထာက္ခံျခင္းနဲ႔အမ်ားေကာင္းက်ိဳးကို ျမႇင့္တင္ျခင္းတို႔ကသာ ေရရွည္တည္တံ့ခိုင္ျမဲတဲ့ ကမၻာ့စနစ္တခုကို တည္ေဆာက္နိုင္မွာ ျဖစ္တယ္” လို႔ အိႏၵိယ နိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar က ေျပာပါတယ္။
တ႐ုတ္ နိုင္ငံျခားေရး ဌာနေျပာခြင့္ရ Zhao Lijian ကေတာ့ နယ္စပ္ေဒသ တင္းမာမႈကို ေလၽွာ့ခ်ဖို႔လိုအပ္တဲ့ စည္းမ်ဥ္းကန္႔သတ္ခ်က္ေတြခ်သြားဖို႔ ႏွစ္ဘက္ သေဘာတူခဲ့ ေၾကာင္းေျပာပါတယ္။ ဘယ္လို ကန္႔သတ္ခ်က္ေတြခ်မွတ္မလဲ ဆိုတာကို ႏွစ္နိုင္ငံလုံးက အေသးစိတ္ ေျပာၾကားျခင္းမရွိပါဘူး။
အရင္က သေဘာတူညီခ်က္ေတြအရ တ႐ုတ္နဲ႔ အိႏၵိယ နယ္စပ္မွာရွိတဲ့ တပ္ဖြဲ႕ေတြအေနနဲ႔ ထိပ္တိုက္ေတြ႕ခဲ့ၾကရင္ ပစ္ခတ္မႈ မလုပ္ၾကဖို႔ တားျမစ္ထားတာပါ။ ၿပီးခဲ့တဲ့ သီတင္းပတ္တြင္းက ခိုက္ရန္ျဖစ္ပြားတာမွာ ပစ္ခတ္မႈ မရွိခဲ့ေပမဲ့ တဘက္နဲ႔ တဘက္ ေက်ာက္ခဲေတြနဲ႔ ပစ္ခတ္ခဲ့သလို သံေခ်ာင္းတပ္ တုတ္တံေတြနဲ႔ ရိုက္ခဲ့ၾကပါတယ္။ ဒီျဖစ္ရပ္ အေပၚ တ႐ုတ္ တပ္ဖြဲ႕ဝင္ေတြ ရဲ့ႀကိဳတင္ႀကံစည္တဲ့လုပ္ရပ္လို႔ အိႏၵိယက စြပ္စြဲခဲ့သလို တ႐ုတ္ကလည္း အိႏၵိယကို ျပန္လည္ အျပစ္ဖို႔ခဲ့ပါတယ္။
.............
နယ်စပ်တင်းမာမှု လျှော့ချရေး တရုတ်-အိန္ဒိယ သဘောတူ
(Unicode)
နှစ်ပေါင်း ၅၀ အတွင်း လူအသေအပျောက်ရှိခဲ့တဲ့ထိ နှစ်ဖက်တပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့အပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုတွေကို လျှော့ချဖို့ သဘောတူလိုက်ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဟိမဝန္တာတောင်တန်းဒေသ နယ်စပ်ဒေသမှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင် အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာမှာ အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့ရတာပါ။
တနင်္လာနေ့တုန်းက နှစ်နိုင်ငံ စစ်တပ် အကြီးအကဲတွေ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်အပြီး နှစ်ဘက်တပ်တွေ ထိတွေ့မှုမရှိအောင် နေရာချထားဖို့ သဘောတူလိုက်ကြောင်း အင်္ဂါနေ့မှာ အိန္ဒိယစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ အရှေ့ Ladakh ဒေသတဝိုက် နှစ်ဘက်တပ်တွေ ထိတွေ့မှု ဖြစ်နိုင်ချေမရှိတဲ့ နေရာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြသလို ဒါကို ရှေ့ဆက်ဆောင်ရွက် သွားဖို့ နှစ်ဘက်သဘောတူခဲ့ကြတာပါ။
နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေချိန်အတွင်း အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ရုပ်သံ ဆွေးနွေးပွဲမှာတော့ နိုင်ငံကြီးတွေ အနေနဲ့ နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာဖို့ လိုကြောင်း အိန္ဒိယဘက်က ပြောလိုက်ပါတယ်။
“နိုင်ငံတကာ ဥပဒေကို လိုက်နာခြင်း၊ တစ်ဖက်နိုင်ငံရဲ့ တရားဝင် အကျိုးစီးပွားကို အသိအမှတ်ပြုခြင်း၊ နိုင်ငံပေါင်းစုံ စနစ်ကို ထောက်ခံခြင်းနဲ့အများကောင်းကျိုးကို မြှင့်တင်ခြင်းတို့ကသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကမ္ဘာ့စနစ်တခုကို တည်ဆောက်နိုင်မှာ ဖြစ်တယ်” လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ပြောပါတယ်။
တရုတ် နိုင်ငံခြားရေး ဌာနပြောခွင့်ရ Zhao Lijian ကတော့ နယ်စပ်ဒေသ တင်းမာမှုကို လျှော့ချဖို့လိုအပ်တဲ့ စည်းမျဉ်းကန့်သတ်ချက်တွေချသွားဖို့ နှစ်ဘက် သဘောတူခဲ့ ကြောင်းပြောပါတယ်။ ဘယ်လို ကန့်သတ်ချက်တွေချမှတ်မလဲ ဆိုတာကို နှစ်နိုင်ငံလုံးက အသေးစိတ် ပြောကြားခြင်းမရှိပါဘူး။
အရင်က သဘောတူညီချက်တွေအရ တရုတ်နဲ့ အိန္ဒိယ နယ်စပ်မှာရှိတဲ့ တပ်ဖွဲ့တွေအနေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြရင် ပစ်ခတ်မှု မလုပ်ကြဖို့ တားမြစ်ထားတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက ခိုက်ရန်ဖြစ်ပွားတာမှာ ပစ်ခတ်မှု မရှိခဲ့ပေမဲ့ တဘက်နဲ့ တဘက် ကျောက်ခဲတွေနဲ့ ပစ်ခတ်ခဲ့သလို သံချောင်းတပ် တုတ်တံတွေနဲ့ ရိုက်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ် အပေါ် တရုတ် တပ်ဖွဲ့ဝင်တွေ ရဲ့ကြိုတင်ကြံစည်တဲ့လုပ်ရပ်လို့ အိန္ဒိယက စွပ်စွဲခဲ့သလို တရုတ်ကလည်း အိန္ဒိယကို ပြန်လည် အပြစ်ဖို့ခဲ့ပါတယ်။