သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အိန္ဒိယနယ်စပ်မှာ နှစ်ဘက်တပ်တွေ ခိုက်ရန်ဖြစ်ရာက အိန္ဒိယတပ်သား ၂၀ သေဆုံး


တရုတ်-အိန္ဒိယနယ်စပ်
တရုတ်-အိန္ဒိယနယ်စပ်

(Zawgyi/Unicode)

တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ တပ်အင်အားတွေ တိုးချဲ့ ချထားတဲ့ ဟိမဝန္တာတောင်တန်း အနောက်ပိုင်းနယ်စပ်မှာ နှစ်ဖက်တပ်တွေ ကြား ခိုက်ရန်ဖြစ်ပွားရာက အိန္ဒိယ စစ်သား ၂၀ သေဆုံး ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်က မနေ့ အင်္ဂါနေ့က ပြောပါတယ်။

နှစ်ဖက် ရန်ပွဲ တနင်္လာနေ့က ဖြစ်ပွားခဲ့ရာမှာ အသေအပျောက် ရှိခဲ့ကြောင်းနဲ့ အိန္ဒိယ ဘက်က အရာရှိတစ်ဦးနဲ့ စစ်သားနှစ်ဦး သေဆုံးကြောင်း၊ တင်းမာမှု လျှော့ချဖို့ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိတွေ တွေ့ဆုံဆွေးနွေးနေကြောင်း အစောပိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ပြင်းပြင်းထန်ထန် ဒဏ်ရာရ ရထားတဲ့ စစ်သား ၁၇ ဦး ထပ်မံသေဆုံးကြောင်း အိန္ဒိယ စစ်တပ်က အခုလို ကြေညာချက် ထပ်မံ ထုတ်ပြန်လိုက်တာပါ။

တရုတ်နိုင်ငံက ဘက်ကတော့ အသေအပျောက်နဲ့ ဒဏ်ရာရမှု အကြောင်း မပြောဘဲ အခင်းဖြစ်ပွား ခဲ့တာကိုသာ အင်္ဂါနေ့ က အတည်ပြု ကြေညာခဲ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ Zhao Lijian က အိန္ဒိယ စစ်သားတွေ နယ်စပ်ကို ၂ ကြိမ် ကျော်ဖြတ်ပြီး တရုတ် စစ်သားတွေကို ရန်စ တိုက်ခိုက်ခဲ့လို့ သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ် လို့ပြောပါတယ်။

မိုင်ပေါင်း ၂၂၀၀ ကျော်ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ်မှာ သီတင်းပတ် အတော်ကြာ တင်းမာနေတဲ့ အခြေအနေတွေကြောင့် တပ်အင်အား တွေ တိုးချထားခဲ့တာပါ။ ထောင်ချီတဲ့ နှစ်ဖက် နယ်စပ်တပ်ဖွဲ့ဝင်တွေအကြား ပြီးခဲ့တဲ့ မေလကတည်းကစလို့ပုံမှန် ခိုက်ရန်ဖြစ်ပွားမှုတွေ ပေါ်ပေါက်နေခဲ့ပါတယ်။

နှစ်ဖက် တပ်သားတွေအကြား မကြာခဏ ထိပ်တိုက်ရင်ဆိုင်တာတွေရှိခဲ့ပေမဲ့ အခုလို အသက်သေဆုံးမှုမျိုး မရှိခဲ့တာ ဆယ်စုနှစ် အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

ခိုက်ရန်ဖြစ်ပွားတဲ့နေရာက တိဘက်ဒေသမျက်နှာချင်းဆိုင် Galwan တောင်ကြားဒေသမှာ ဖြစ်ပြီး အခုအခါ နှစ်ဘက်တပ်တွေကို ခပ်ခွာခွာ တပ်စွဲထားစေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

တိုက်ရိုက် လင့်ခ်


..............

တရုတျ-အိန်ဒိယနယျစပျမှာ နှဈဘကျတပျတှေ ခိုကျရနျဖွဈရာက အိန်ဒိယတပျသား ၂၀ သဆေုံး

(Unicode)







XS
SM
MD
LG