သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းသွားတဲ့ အိန္ဒိယစစ်သား ၁၀ ဦး တရုတ် ပြန်လွှဲပေး


အိန္ဒိယစစ်ယာဉ်တန်းကို အိန္ဒိယနိုင်ငံ Ladakh ဒေသကိုသွားတဲ့ highway လမ်းမမှာ တွေ့ရ။ (ဇွန် ၁၈၊ ၂၀၂၀)
အိန္ဒိယစစ်ယာဉ်တန်းကို အိန္ဒိယနိုင်ငံ Ladakh ဒေသကိုသွားတဲ့ highway လမ်းမမှာ တွေ့ရ။ (ဇွန် ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

အခုသီတင်းပတ်အစောပိုင်းက အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံနယ်စပ်မှာ တပ်ဖွဲ့ဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုအတွင်း ဖမ်းသွားတဲ့ အိန္ဒိယစစ်သား ၁၀ ယောက်ကို တရုတ်နိုင်ငံက အိန္ဒိယဘက်ကို ပြန်လွှဲပေးခဲ့တယ်လို့ အိန္ဒိယအစိုးရ သတင်းရင်းမြစ်တခုက ဒီနေ့ ပြောပါတယ်။

နျူကလီးယားအင်အားကြီး နှစ်နိုင်ငံကြား နယ်နိမိတ်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ တင်းမာမှုတွေကို လျှော့ချဖို့ နှစ် ဘက်စလုံးက ကြိုးပမ်းနေချိန်မှာပဲ တရုတ်ဘက်က အခုလို အိန္ဒိယစစ်သားတွေကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယစစ်တပ်ကတော့ ဒါနဲ့ပတ်သက်ပြီး တစုံတရာပြောဆိုတာ မရှိပါဘူး။ အိန္ဒိယအစိုးရရဲ့ သတင်းရင်းမြစ်အရတော့ အိန္ဒိယစစ်သားတွေကို တရုတ်ဘက်က မနေ့ ကြာသပတေးနေ့ နှောင်းပိုင်းက လွှတ်ပေးလိုက်တာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က Galwan တောင်ကြားမှာ နှစ်ဘက် ခိုက်ရန်ဖြစ်ပွားမှုအတွင်း အရာရှိ တဦးအပါအဝင် အိန္ဒိယစစ်သား ၂၀ သေဆုံးသွားခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း သေဆုံးမှုအများဆုံး ပဋိပက္ခဖြစ်ပါတယ်။ တရုတ်တပ်တွေဘက်မှာလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အိန္ဒိယက ပြောပေမဲ့ တရုတ်အစိုးရဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

ဒီဖြစ်ရပ်အတွင်း အိန္ဒိယဘက်က စစ်သား ၇၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ အစိုးရတာဝန်ရှိသူ တဦးက ပြောပါတယ်။ ဒါပေမဲ့ တစ်ယောက်မှတော့ စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘူးလို့ ပြောပါတယ်။ နှစ်နိုင်ငံ အစိုးရတွေက တင်းမာမှုလျှော့ချဖို့ ကြိုးပမ်းနေပေမယ့်လည်း တင်းမာမှုတွေကတော့ ဆက်ပြီးမြင့်တက်နေဆဲဖြစ်ပါတယ်။

တချို့ရဲ့ နာရေးအခမ်းအနားတွေကိုလုပ်ပြီး တရက်အကြာမှာ အိန္ဒိယလူထုက တရုတ်ကို လက်တုံ့ပြန်ဖို့နဲ့ တရုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ တောင်းဆိုမှုတွေ ပိုများလာနေပါတယ်။ အမေရိကန်ကတော့ အခုလို နှစ်ဘက်ပဋိပက္ခအတွင်း အိန္ဒိယစစ်သားတွေ သေဆုံးခဲ့တဲ့အပေါ်မှာ ဝမ်းနည်းစိတ်မကောင်း ဖြစ်မိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG