သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယမွာ ကုိဗစ္ကူးစက္သူ တသန္းျပည့္ေတာ့မည္


အိႏၵိယကက်န္းမာေရးေစတနာ့ဝန္ထမ္းမ်ား

Zawgyi/Unicode

အိႏၵိယနိုင္ငံက ေက်းလက္ေဒသေတြမွာ COVID 19 ေရာဂါ ကူးစက္မႈႏႈန္း ျမင့္တက္ေနခ်ိန္မွာပဲ တစ္နိုင္ငံလုံး အတိုင္းအတာနဲ႔ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္သူက မေန႔ၾကာသပေတးေန႔ အထိ တစ္သန္းနီးပါးရွိလာေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ အာဏာပိုင္ေတြက ျပည္နယ္အေတာ္မ်ားမ်ားမွာ အသြားအလာကန္႔သတ္ခ်က္ေတြျပန္ၿပီး ခ်မွတ္ေနရၿပီျဖစ္ပါတယ္။

မေန႔က COVID-19 ေရာဂါပိုးေတြ႕သူ လူနာသစ္ ၃၂၀၀၀ ေက်ာ္ ရွိတာေၾကာင့္ စုစုေပါင္း ကူးစက္သူ ၉ သိန္း ၆ ေသာင္း ၈ ေထာင္ေက်ာ္နဲ႔ ေသဆုံးသူ ၂၄၀၀၀ ေက်ာ္ရွိတယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။

အိႏၵိယနိုင္ငံမွာ COVID-19 ကူးစက္ႏႈန္းက အေမရိကန္နဲ႔ ဘရာဇီးၿပီးရင္ အမ်ားဆုံးျဖစ္ၿပီး ေလာေလာဆယ္ ကူးစက္ႏႈန္းက်ဆင္းမယ့္ အရိပ္အေယာင္လည္း မရွိေသးပါဘူး။ လူဦးေရ ၁.၃ သန္းရွိတဲ့ အိႏၵိယနိုင္ငံဟာ နိုင္ငံအတြင္း ရွိတဲ့ လူနဲ႔ ေရာဂါပိုးစမ္းသပ္ စစ္ေဆး နိုင္တဲ့ ႏႈန္း အခ်ိဳးအစား အနိမ့္ဆုံးနိုင္ငံေတြထဲမွာ ပါဝင္ေနပါတယ္။

အဓိက ၿမိဳ႕ႀကီးေတြျဖစ္တဲ့ Delhiနဲ႔ Mumbai ၿမိဳ႕ေတြက နိုင္ငံတြင္း ေရာဂါကူးစက္ပ်ံ႕ပြားမႈ အမ်ားဆုံး ျဖစ္တဲ့ ေနရာေတြျဖစ္လာသလို က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္ ပိုအားနည္းတဲ့ ေက်းလက္ေဒသေတြမွာလည္း ကူးစက္မႈ အသစ္ေတြထပ္တိုးလာေနတာ ျဖစ္ပါတယ္။

ၿမိဳ႕ႀကီးေတြမွာ ေရႊ႕ေျပာင္းအလုပ္လုပ္ကိုင္ေနသူ ေထာင္နဲ႔ခ်ီၿပီး ေက်းလက္ေတြကို ျပန္လာၿပီးတဲ့ေနာက္ပိုင္း ကူးစက္မႈေတြ ပိုတိုးလာ တဲ့ နိုင္ငံ့ အေရွ႕ပိုင္းက Bihar ပည္နယ္မွာေတာ့ ေနရာ အေတာ္မ်ားမ်ားမွာ မေန႔က အသြားအလာပိတ္ပင္ တားျမစ္ခ်က္ ထုတ္ျပန္လိုက္ပါတယ္။

နိုင္ငံတကာက အေမရိကန္နိုင္ငံနဲ႔ ေတာင္အေမရိကေဒသ အေပၚ အာ႐ုံစိုက္ေနခ်ိန္မွာ ေတာင္အာရွေဒသမွာလည္း COVID-19 ကူးစက္ မႈတရွိန္ထိုး ျမင့္တက္ေနတယ္လို႔ အာရွပစိဖိတ္ ေဒသဆိုင္ရာ နိုင္ငံတကာၾကက္ေျခနီအသင္း နဲ႔ လျခမ္းနီအဖြဲ႕ အႀကီးအကဲ John Flemingက ေၾကညာခ်က္ထုတ္ျပန္ သတိေပးလိုက္ပါတယ္။

အိႏၵိယရဲ့ လက္ရွိ ကူးစက္မႈႏႈန္းအရ ေနာက္ လေတြမွာ ေထာင္နဲ႔ခ်ီကူးစက္မႈေတြ ပိုမ်ားလာနိုင္တာေၾကာင့္ ဒီေဒသကို အေလးေပး အကူအညီေပးသြားဖို႔ လိုအပ္တယ္လို႔လည္း Fleming ကေျပာပါတယ္။

အိႏၵိယမွာ ကုိဗစ္ကူးစက္သူ တသန္းျပည့္ေတာ့မည္
please wait

No media source currently available

0:00 0:01:14 0:00
တိုက္႐ိုက္ လင့္ခ္


[Unicode]

အိန္ဒိယနိုင်ငံက ကျေးလက်ဒေသတွေမှာ COVID 19 ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေချိန်မှာပဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူက မနေ့ကြာသပတေးနေ့ အထိတစ်သန်းနီးပါးရှိလာနေပြီဖြစ်ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက ပြည်နယ်အတော်များများမှာ အသွားအလာကန့်သတ်ချက်တွေပြန်ပြီး ချမှတ်နေရပြီဖြစ်ပါတယ်။

မနေ့က COVID-19 ရောဂါပိုးတွေ့သူ လူနာသစ် ၃၂၀၀၀ ကျော် ရှိတာကြောင့် စုစုပေါင်း ကူးစက်သူ ၉ သိန်း ၆ သောင်း ၈ ထောင်ကျော်နဲ့ သေဆုံးသူ ၂၄၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်နှုန်းက အမေရိကန်နဲ့ ဘရာဇီးပြီးရင် အများဆုံးဖြစ်ပြီး လောလောဆယ် ကူးစက်နှုန်းကျဆင်းမယ့် အရိပ်အယောင်လည်း မရှိသေးပါဘူး။ လူဦးရေ ၁.၃ သန်းရှိတဲ့ အိန္ဒိယနိုင်ငံဟာ နိုင်ငံအတွင်း ရှိတဲ့ လူနဲ့ ရောဂါပိုးစမ်းသပ် စစ်ဆေး နိုင်တဲ့ နှုန်း အချိုးအစား အနိမ့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

အဓိက မြို့ကြီးတွေဖြစ်တဲ့ Delhi နဲ့ Mumbai မြို့တွေက နိုင်ငံတွင်း ရောဂါကူးစက်ပျံ့ပွားမှု အများဆုံး ဖြစ်တဲ့ နေရာတွေဖြစ်လာသလို ကျန်းမာရေး စောင့်ရှောက်မှု စနစ် ပိုအားနည်းတဲ့ ကျေးလက်ဒေသတွေမှာလည်း ကူးစက်မှု အသစ်တွေထပ်တိုးလာနေတာ ဖြစ်ပါတယ်။

မြို့ကြီးတွေမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသူ ထောင်နဲ့ချီပြီး ကျေးလက်တွေကို ပြန်လာပြီးတဲ့နောက်ပိုင်း ကူးစက်မှုတွေ ပိုတိုးလာ တဲ့ နိုင်ငံ့ အရှေ့ပိုင်းက Bihar ပြည်နယ်မှာတော့ နေရာ အတော်များများမှာ မနေ့က အသွားအလာပိတ်ပင် တားမြစ်ချက် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာက အမေရိကန်နိုင်ငံနဲ့ တောင်အမေရိကဒေသ အပေါ် အာရုံစိုက်နေချိန်မှာ တောင်အာရှဒေသမှာလည်း COVID-19 ကူးစက် မှုတရှိန်ထိုး မြင့်တက်နေတယ်လို့ အာရှပစိဖိတ် ဒေသဆိုင်ရာ နိုင်ငံတကာကြက်ခြေနီအသင်း နဲ့ လခြမ်းနီအဖွဲ့အကြီးအကဲ John Fleming က ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။

အိန္ဒိယရဲ့ လက်ရှိ ကူးစက်မှုနှုန်းအရ နောက် လတွေမှာထောင်နဲ့ချီကူးစက်မှုတွေ ပိုများလာနိုင်တာကြောင့် ဒီဒေသကို အလေးပေး အကူအညီပေးသွားဖို့ လိုအပ်တယ်လို့လည်း Fleming ကပြောပါတယ်။

XS
SM
MD
LG