သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယေရာက္ျမန္မာေတြ ေနရပ္ျပန္ေရးေစာင့္ဆိုင္း


ေမလ ၂၄ ရက္ေန႔က အိႏၵိယႏိုင္ငံကေန ျမန္မာႏိုင္ငံသို႔ ထြက္ခြာမယ့္ အထူးေလယာဥ္နဲ႔ လိုက္ပါဖို႔ အိႏိၵယႏိုင္ငံ Chennai ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ တန္းစီးေနၾကတဲ့ အိႏၵိယႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားတခ်ိဳ႕။ (ေမ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာေရာက္ အိႏၵိယႏိုင္ငံသားေတြကို ျပန္လည္ေခၚေဆာင္မယ့္ ေလယာဥ္ဟာ လာမယ့္ ဇူလိုင္လ ၄ ရက္ေန႔မွာ ရန္ကုန္-လခ္ေနာင္း-နယူးေဒလီ ေျပးဆြဲမွာေသခ်ာေပမဲ့ အဲဒီေလယာဥ္နဲ႔ ျမန္မာႏိုင္ငံသားေတြ ျပန္လိုက္ႏိုင္ဖို႔ကေတာ့ မေသခ်ာေသးပါဘူး။ ဒီအေၾကာင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

Air India ေလေၾကာင္းလိုင္းနဲ႔ ဇူလိုင္ ၄ ရက္ေန႔မွာ ရန္ကုန္ကေန အိႏၵိယႏိုင္ငံသားေတြကို ျပန္လည္ေခၚေဆာင္ဖို႔ အစီအစဥ္ရွိေနၿပီး အဲဒီေလယာဥ္နဲ႔ပဲ နယူးေဒလီကေနတဆင့္ မိခင္ႏိုင္ငံကိုျပန္လာဖို႔ ျမန္မာႏိုင္ငံသားေတြ ေမွ်ာ္လင့္ေနၾကတာပါ။ ဒီေလယာဥ္နဲ႔ ျပန္လိုက္ႏိုင္ဖို႔အတြက္ နယူးေဒလီမွာရွိတဲ့ ျမန္မာသံ႐ုံးရဲ႕ ေထာက္ခံစာကို ေတာင္းယူေနၾကၿပီး ေလယာဥ္လက္မွတ္ဝယ္ဖို႔အတြက္ ေစာင့္ဆိုင္းေနၾကတယ္လို႔ မြမ္ဘိုင္းၿမိဳ႕မွာ ေရာက္ေနတဲ့ ကိုေအာင္မ်ိဳးထက္က ေျပာပါတယ္။

“Air India ရန္ကုန္႐ုံးကေတာ့ အိႏၵိယဘက္ကအေျဖကို ခဏေစာင့္ေပးပါလို႔ ေျပာတယ္။ ေလယာဥ္လက္မွတ္ကေတာ့ ရဖို႔မ်ားပါတယ္။ ဒါေပမဲ့ ေလာေလာဆယ္အခုထိေတာ့ ဝယ္လို႔မရေသးဘူး။ ေစာင့္ဆိုင္းတုန္းပါပဲ။ တခု စိုးရိမ္တာက သူတို႔က ေလယာဥ္လက္မွတ္ကို ဘယ္ေတာ့မွ ေရာင္းေပးမလဲ မသိဘူးေပါ့ေနာ္။ တကယ္လို႔ အနားကပ္မွ ေရာင္းေပးမယ္ဆိုရင္ က်ေနာ္တို႔က မြမ္ဘိုင္းကေန ေဒလီကို လာရမွာဆိုေတာ့ ၾကားထဲမွာ စီစဥ္စရာေလးေတြက ရွိတယ္ခင္ဗ်။ သေဘၤာေပၚက ဆင္းဖို႔ စာ႐ြက္စာတမ္းေတြ မြမ္ဘိုင္းကေန ေဒလီေလေၾကာင္းက ဘယ္ေတာ့ရွိမလဲ မသိဘူးေပါ့ေနာ္။ အဆင္ေျပပါ့မလားေပါ့ အနားကပ္မွေရာင္းမယ္ဆိုရင္။ အဲဒါတခုေတာ့ နည္းနည္းစိတ္ပူမိတယ္။”

အိႏၵိယေရာက္ ျမန္မာႏိုင္ငံသားေတြကို ေမလအတြင္းမွာ ကယ္ဆယ္ေရးေလယာဥ္စီစဥ္ၿပီး ျပန္လည္ေခၚေဆာင္ခဲ့တာ သုံးႀကိမ္ရွိခဲ့ပါၿပီ။ ေနရပ္ျပန္ႏိုင္ဖို႔အတြက္ အခုထပ္ၿပီးစာရင္းေပးထားတဲ့ ျမန္မာႏိုင္ငံသား အေရအတြက္ကိုေတာ့ ေျပာလို႔မရေသးေပမဲ့ ေလေၾကာင္းလိုင္းရွိခဲ့ရင္ လက္မွတ္ဝယ္ယူႏိုင္ဖို႔အတြက္ ေထာက္ခံစာ ထုတ္ေပးေနတယ္လို႔ နယူးေဒလီ၊ ျမန္မာသံ႐ုံးကို ဆက္သြယ္ရာမွာ အခုလိုေျပာပါတယ္။

“က်မတို႔ကေလ အခုဆက္သြယ္လာသမွ် ျမန္မာႏိုင္ငံသားေတြ ေလယာဥ္လက္မွတ္ဝယ္ဖို႔အတြက္ကိုေတာ့ ေလေၾကာင္းလိုင္းကို ေထာက္ခံစာေတြ ထုတ္ေပးေနပါတယ္။”

ျမန္မာအစိုးရရဲ႕ COVID - 19 ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ဆက္စပ္တဲ့ ႀကိဳတင္ကာကြယ္ေရးဆိုင္ရာ ကန႔္သတ္ခ်က္ေတြကို ဇူလိုင္လကုန္ထိ တိုးျမႇင့္သတ္မွတ္တဲ့အထဲမွာ ျပည္ဝင္ခြင့္ယာယီကန႔္သတ္တဲ့ အစီအမံေတြအားလုံး ပါဝင္ေနပါတယ္။ ဒါေပမဲ့ ကယ္ဆယ္ေရးေလယာဥ္နဲ႔ အထူးေလယာဥ္အစီအစဥ္ေတြ ရွိေနေသးလို႔ ျပည္တြင္းကို ဝင္ေရာက္မယ့္သူေတြဟာ ကိုဗစ္နဲ႔ ပတ္သက္တဲ့ၫႊန္ၾကားခ်က္ေတြကို လိုက္နာရမယ္လို႔ ေဖာ္ျပထားပါတယ္။

ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြကို ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္လည္ေခၚယူဖို႔ ေဆာင္႐ြက္ေပးေနတဲ့ ေကာင္စစ္ေရးရာနဲ႔ ဥပေဒေရးရာဦးစီးဌာနက ၫႊန္ၾကားေရးမႉး ဦးေအာင္ေက်ာ္ဇံကလည္း VOA ကို အခုလိုေျဖၾကားထားပါတယ္။

“၄ ရက္ေန႔ကေတာ့ Flight ရွိတာေတာ့ ေသခ်ာတယ္။ ေသခ်ာတာကေတာ့ ဒီဘက္က Flight ကေတာ့ ရန္ကုန္မွာ ရွိတဲ့ အိႏၵိယႏိုင္ငံသားေတြကို အဓိကျပန္ေခၚဖို႔။ အဲဒီမွာမွ ဟိုဘက္ကအလာမွာ ျမန္မာႏိုင္ငံသားမ်ား ေခၚေဆာင္ရမလားဆိုတာမ်ိဳး သူတို႔ စဥ္းစားၾကတယ္ထင္ပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ဆီမွာေတာ့ ျပန္လာမယ့္အေရအတြက္တို႔၊ ျပန္လာဖို႔ရာအဆိုျပဳတာကေတာ့ အေသးစိတ္ မရွိထားေသးပါဘူး။ ဒီေန႔အထိေပါ့ေနာ္။”

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအမ်ားဆုံးနဲ႔ ထိပ္ဆုံးမွာရွိေနတဲ့ ကမာၻ႔ႏိုင္ငံေတြကေတာ့ အေမရိကန္၊ ဘရာဇီး၊ ႐ုရွားနဲ႔ အိႏၵိယႏိုင္ငံ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာ ဒီကေန႔ ေန႔တဝက္စာရင္းေတြအရဆို ကူးစက္သူ လူနာသစ္ ၇၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၇ ဦး အထိရွိထားပါတယ္။ အဲဒါေၾကာင့္ ဓာတ္ခြဲစမ္းသပ္မႈအရ ပိုးေတြ႕လူနာ ၅၀၀,၀၀၀ ေက်ာ္ရွိထားၿပီး၊ ေသဆုံးသူကေတာ့ ၁၀,၀၀၀ ေက်ာ္ရွိသြားပါၿပီ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယရောက်မြန်မာတွေ နေရပ်ပြန်ရေးစောင့်ဆိုင်း

မြန်မာရောက် အိန္ဒိယနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်မယ့်လေယာဉ်ဟာ လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ ရန်ကုန်-လခ်နောင်း-နယူးဒေလီ ပြေးဆွဲမှာသေချာပေမဲ့ အဲဒီလေယာဉ်နဲ့ မြန်မာနိုင်ငံသားတွေ ပြန်လိုက်နိုင်ဖို့ကတော့ မသေချာသေးပါဘူး။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

Air India လေကြောင်းလိုင်းနဲ့ ဇူလိုင် ၄ ရက်နေ့မှာ ရန်ကုန်ကနေ အိန္ဒိယနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ဖို့ အစီအစဉ်ရှိနေပြီး အဲဒီလေယာဉ်နဲ့ပဲ နယူးဒေလီကနေတဆင့် မိခင်နိုင်ငံကိုပြန်လာဖို့ မြန်မာနိုင်ငံသားတွေ မျှော်လင့်နေကြတာပါ။ ဒီလေယာဉ်နဲ့ ပြန်လိုက်နိုင်ဖို့အတွက် နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးရဲ့ ထောက်ခံစာကို တောင်းယူနေကြပြီး လေယာဉ်လက်မှတ်ဝယ်ဖို့အတွက် စောင့်ဆိုင်းနေကြတယ်လို့ မွမ်ဘိုင်းမြို့မှာ ရောက်နေတဲ့ ကိုအောင်မျိုးထက်က ပြောပါတယ်။

“Air India ရန်ကုန်ရုံးကတော့ အိန္ဒိယဘက်ကအဖြေကို ခဏစောင့်ပေးပါလို့ ပြောတယ်။ လေယာဉ်လက်မှတ်ကတော့ ရဖို့များပါတယ်။ ဒါပေမဲ့ လောလောဆယ်အခုထိတော့ ဝယ်လို့မရသေးဘူး။ စောင့်ဆိုင်းတုန်းပါပဲ။ တခု စိုးရိမ်တာက သူတို့က လေယာဉ်လက်မှတ်ကို ဘယ်တော့မှ ရောင်းပေးမလဲ မသိဘူးပေါ့နော်။ တကယ်လို့ အနားကပ်မှ ရောင်းပေးမယ်ဆိုရင် ကျနော်တို့က မွမ်ဘိုင်းကနေ ဒေလီကို လာရမှာဆိုတော့ ကြားထဲမှာ စီစဉ်စရာလေးတွေက ရှိတယ်ခင်ဗျ။ သင်္ဘောပေါ်က ဆင်းဖို့ စာရွက်စာတမ်းတွေ မွမ်ဘိုင်းကနေ ဒေလီလေကြောင်းက ဘယ်တော့ရှိမလဲ မသိဘူးပေါ့နော်။ အဆင်ပြေပါ့မလားပေါ့ အနားကပ်မှရောင်းမယ်ဆိုရင်။ အဲဒါတခုတော့ နည်းနည်းစိတ်ပူမိတယ်။”

အိန္ဒိယရောက် မြန်မာနိုင်ငံသားတွေကို မေလအတွင်းမှာ ကယ်ဆယ်ရေးလေယာဉ်စီစဉ်ပြီး ပြန်လည်ခေါ်ဆောင်ခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ နေရပ်ပြန်နိုင်ဖို့အတွက် အခုထပ်ပြီးစာရင်းပေးထားတဲ့ မြန်မာနိုင်ငံသား အရေအတွက်ကိုတော့ ပြောလို့မရသေးပေမဲ့ လေကြောင်းလိုင်းရှိခဲ့ရင် လက်မှတ်ဝယ်ယူနိုင်ဖို့အတွက် ထောက်ခံစာ ထုတ်ပေးနေတယ်လို့ နယူးဒေလီ၊ မြန်မာသံရုံးကို ဆက်သွယ်ရာမှာ အခုလိုပြောပါတယ်။

“ကျမတို့ကလေ အခုဆက်သွယ်လာသမျှ မြန်မာနိုင်ငံသားတွေ လေယာဉ်လက်မှတ်ဝယ်ဖို့အတွက်ကိုတော့ လေကြောင်းလိုင်းကို ထောက်ခံစာတွေ ထုတ်ပေးနေပါတယ်။”

မြန်မာအစိုးရရဲ့ COVID - 19 ကာကွယ်ထိန်းချုပ်ရေးနဲ့ ဆက်စပ်တဲ့ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဇူလိုင်လကုန်ထိ တိုးမြှင့်သတ်မှတ်တဲ့အထဲမှာ ပြည်ဝင်ခွင့်ယာယီကန့်သတ်တဲ့ အစီအမံတွေအားလုံး ပါဝင်နေပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ အထူးလေယာဉ်အစီအစဉ်တွေ ရှိနေသေးလို့ ပြည်တွင်းကို ဝင်ရောက်မယ့်သူတွေဟာ ကိုဗစ်နဲ့ ပတ်သက်တဲ့ညွှန်ကြားချက်တွေကို လိုက်နာရမယ်လို့ ဖော်ပြထားပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူဖို့ ဆောင်ရွက်ပေးနေတဲ့ ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံကလည်း VOA ကို အခုလိုဖြေကြားထားပါတယ်။

“၄ ရက်နေ့ကတော့ Flight ရှိတာတော့ သေချာတယ်။ သေချာတာကတော့ ဒီဘက်က Flight ကတော့ ရန်ကုန်မှာ ရှိတဲ့ အိန္ဒိယနိုင်ငံသားတွေကို အဓိကပြန်ခေါ်ဖို့။ အဲဒီမှာမှ ဟိုဘက်ကအလာမှာ မြန်မာနိုင်ငံသားများ ခေါ်ဆောင်ရမလားဆိုတာမျိုး သူတို့ စဉ်းစားကြတယ်ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာတော့ ပြန်လာမယ့်အရေအတွက်တို့၊ ပြန်လာဖို့ရာအဆိုပြုတာကတော့ အသေးစိတ် မရှိထားသေးပါဘူး။ ဒီနေ့အထိပေါ့နော်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများဆုံးနဲ့ ထိပ်ဆုံးမှာရှိနေတဲ့ ကမ္ဘာ့နိုင်ငံတွေကတော့ အမေရိကန်၊ ဘရာဇီး၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီကနေ့ နေ့တဝက်စာရင်းတွေအရဆို ကူးစက်သူ လူနာသစ် ၇၀၀ ကျော်နဲ့ သေဆုံးသူ ၁၇ ဦး အထိရှိထားပါတယ်။ အဲဒါကြောင့် ဓာတ်ခွဲစမ်းသပ်မှုအရ ပိုးတွေ့လူနာ ၅၀၀,၀၀၀ ကျော်ရှိထားပြီး၊ သေဆုံးသူကတော့ ၁၀,၀၀၀ ကျော်ရှိသွားပါပြီ။

XS
SM
MD
LG