သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယဘက္က ျပန္လာသူေတြကို လက္ခံမယ့္အေပၚ တမူးေဒသခံေတြ စိုးရိမ္ေန


အိႏၵိယ - ျမန္မာ နယ္စပ္

[Zawgyi/Unicode]

အိႏိၵယႏိုင္ငံမွာ COVID - 19 ကူးစက္မႈ ျမင့္တက္ေနတာေၾကာင့္နယ္စပ္ကေန ျပန္၀င္လာမယ့္သူေတြ လက္ခံဖို႔အတြက္ တမူးၿမိဳ႕ခံေတြ စိုးရိမ္ေနတဲ့အေၾကာင္းနဲ႔ လက္ရွိ ျမန္မာႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ အိႏိၵယႏိုင္ငံ မဏိပူရျပည္နယ္ဘက္က အေျခအေနေတြကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

အိႏိၵယႏိုင္ငံမွာ COVID - 19 ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ ခ်မွတ္ထားတဲ့ ကန္႔သတ္မႈေတြ ေျဖေလ်ာ့လိုက္ခ်ိန္မွာ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈႏႈန္းဟာ စံခ်ိန္တင္ ျမင့္တက္လာၿပီး ေဆးရံုေနရာအခက္အခဲေတြ ၾကံဳလာတာေၾကာင့္ ရထားတဲြေတြကိုပါ ေဆးရံုေဆာင္အျဖစ္ အသံုးျပဳဖို႔ စီစဥ္လာေနရတာပါ။

ဒီအေျခအေနမွာ အိႏိၵယႏိုင္ငံကို ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ဟာ စစ္ကိုင္းတိုင္းေဒသႀကီး တမူးနယ္စပ္ကေန ျပန္လာဖို႔ ရွိေနေၾကာင္း တမူးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ႏိုင္၀င္းက ေျပာပါတယ္။

“လက္ရွိ က်ေနာ္တို႔ တိုင္းကို တင္ျပထားတာ ၁၀၉ ဦးပါ။ သူတို႔က က်ေနာ္တို႔ ျမန္မာႏိုင္ငံသားေတြေပါ့ေနာ္။ အိႏိၵယႏိုင္ငံထဲမွာ သြားၿပီးေတာ့ တရား၀င္ Passport၊ Visa နဲ႔ သြားတာလည္း ရွိတယ္။ တရားမ၀င္ သြားၿပီးမွ အလုပ္လုပ္တာလည္း ရွိတာေပါ့ေနာ္။ အဲဒီျမန္မာႏိ္ုင္ငံသားေတြပါ။ ဘယ္ရက္ေလာက္လဲ ဆိုတာေတာ့ က်ေနာ္တို႔ တိုင္းေဒသႀကီးကေန လက္ခံဖို႔ ခြင့္ျပဳၿပီဆိုရင္ စလက္ခံမွာပါ။ ေလာေလာဆယ္ေတာ့ အတိအက်ေတာ့ မသိရေသးဘူး။”

အ္ိႏိၵယႏိုင္ငံကို ေရာက္ရွိေနသူေတြဟာ က်မ္းစာသင္ေက်ာင္းသားေတြ ရွိသလို ရကၠန္းအလုပ္သမားေတြလည္း ပါ၀င္တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔ကေတာ့ အိႏိၵယႏိုင္ငံ Nagaland ျပည္နယ္မွာ က်မ္းစာေက်ာင္းတက္ေနသူ ၆ ဦး နယ္စပ္ကေန တရား၀င္အေၾကာင္းၾကတာမရွိဘဲ ျပန္လည္၀င္ေရာက္လာတာရွိခဲ့ၿပီး ေလာေလာဆယ္ သူတို႔ကို တမူးျပည္သူ႔ေဆးရံုႀကီးမွာ စစ္ေဆး ေစာင့္ၾကည့္ေနပါတယ္။

တမူးေဒသခံေတြကေတာ့ အိႏိၵယက ျပန္လာသူေတြက တဆင့္ ေရာဂါကူးစက္မွာကို စိုးရိမ္တာေတြ ရွိေနေၾကာင္း တမူးၿမိဳ႕နယ္ အမ်ိဳးသား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ပါတီ ဥကၠ႒ ဦးျမင့္ေဇာ္က VOA ကို ေျပာပါတယ္။

“အိႏိၵယဆိုရင္ေတာ့ က်ေနာ္တို႔ တမူးက ျပည္သူေတြက ေတာ္ေတာ္ေလး စိုးရိမ္တာေပါ့ေနာ။ အခုက ၁၀၉ ေယာက္ဆိုတာလည္း က်ေနာ္တို႔လည္း ၾကားတာပဲေပါ့။ ၾကားတဲ့အခါက်ေတာ့ ၿမိဳ႕ေတာ္ခန္းမထဲမွာ ထားမယ္တဲ့ ၿမိဳ႕လယ္ေခါင္မွာႀကီးေလ ခမ္းမက။ တမူးၿမိဳ႕လယ္ေခါင္မွဆိုေတာ့ ကန္႔ကြက္ၾကတာထင္ပါတယ္ ၾကည့္ရတာ။ ကန္႔ကြက္စာကို Volunteer အဖဲြ႔ေတြက ေနျပည္ေတာ္မွာ သြားၿပီးေတာ့ စာတင္တယ္ထင္တယ္။ က်ေနာ္သိသေလာက္ဆိုရင္ေတာ့ ျပည္သူေတြက အမ်ားစုက လက္မခံရဲဘူး။ ဒီ ၁၀၉ ေယာက္ကို။ စိုးရိမ္တာေပါ့။ အစိုးရိမ္ေတာ္ေတာ္ေလး ႀကီးေနတာေပါ့။ အိႏိၵယဘက္က လာမယ္ဆိုရင္ေတာ့ လံုး၀ ကန္႔ကြက္ခ်င္တဲ့သေဘာပဲ အခုဟာကေလ။”

တမူးၿမိဳ႕မွာ ထိုင္းဘက္က ျပန္လာသူေတြကို ထားရွိတဲ့ Quarantine Centre တစ္ခုရွိေၾကာင္း၊ အိႏိၵယက ျပန္လာသူေတြကိုေတာ့ သူတို႔ ဇာတိကို ခ်က္ခ်င္းပို႔ေဆာင္တာမ်ိဳးကို ျပည္သူေတြက လိုလားေနေၾကာင္းလည္း ေျပာပါတယ္။

တမူး၊ မိုးေရး ဆက္စပ္ေနတဲ႔ ျမန္မာ၊ အိႏိၵယ နယ္စပ္ကို မတ္လတည္းက စတင္ပိတ္လိုက္တာျဖစ္ၿပီး လက္ရွိ နယ္စပ္ခ်င္း ထိစပ္ေနတဲ့ အိႏိၵယႏိုင္ငံ မဏိပူရ ျပည္နယ္အတြင္းက Covid 19 ေရာဂါ ကူးစက္မႈအေျခအေနကို အင္ဖာၿမိဳ႕မွာ ေနထိုင္တဲ့ ကိုသိန္းက အခုလို ေျပာပါတယ္။

“ေမလ ၁၃ ရက္ေန႔ ေရွ႕မွာ Positive ျဖစ္တဲ့သူ ႏွစ္ေယာက္ပဲ ရွိတာ။ ဒါေပမဲ့ ေမလ ၁၃ ရက္ေန႔ ကေနၿပီးေတာ့ ေလယာဥ္ပ်ံ၊ မီးရထား၊ ဘတ္စ္ကားေတြနဲ႔ အိႏိၵယႏိုင္ငံတြင္းမွာ ရွိတဲ့ တျခားျပည္နယ္က လူေတြကို လက္ခံလိုက္တဲ့အခ်ိန္မွာ အခု လူ အားလံုး လက္ခံတာ ၃၅,၀၀၀ ေလာက္ရွိၿပီလို႔ ေျပာတယ္။ အဲဒီထဲမွာ ၁၄,၀၀၀ ေလာက္ စစ္ေဆးတဲ့ေနရာမွာ ၅၀၇ ေယာက္၊ ဒီေန႔ မနက္ထိ ၅၀၇ ေယာက္ Positive Case ျဖစ္တယ္လို႔ ေျပာတယ္။ ဒါေပမဲ့ ေသတာကေတာ့ မရွိေသးဘူး။”

တျခားျပည္နယ္ေတြကေန မဏိပူရျပည္နယ္ကို ျပန္လာသူေတြကို ျပည္နယ္က်န္းမာေရးဌာနက ဓါတ္ခဲြနမူနာ ရယူၿပီး စစ္ေဆးေၾကာင္း၊ ခ႐ိုင္ ၁၆ ခုရွိတဲ့အနက္ ခ႐ိုင္တိုင္းမွာ Quarantine Centre တစ္ခုကေန ၃ ခုထားၿပီး ၁၄ ရက္ထား ေစာင့္ၾကည့္ေနေၾကာင္း၊ ေရာဂါပိုးေတြ႕ရွိသူေတြကို ေဆးရံုက သီးသန္႔ေဆာင္ေတြမွာ ထားရွိေၾကာင္း ေျပာပါတယ္။

သြားလာမႈ ကန္႔သတ္ထားတဲ့အေျခအေနကိုလည္း အခုလို ဆက္ေျပာပါတယ္။

“ေစ်းက တနလၤာနဲ႔ ၾကာသပေတးက အ၀တ္အထည္နဲ႔ ဘာဘာဘာ ေရာင္းတယ္။ အဂၤါနဲ႔ ေသာၾကာက သံနဲ႔ ဘိလပ္ေျမ အိမ္ေဆာက္ပစၥည္းေတြ ဘာေတြ၊ လွ်ပ္စစ္ပစၥည္းေတြ ေရာင္းတယ္။ စသည္ျဖင့္ ပစၥည္းေတြနဲ႔ ေစ်းေန႔ေတြလည္း ခဲြထားတယ္။ မနက္ ၅ နာရီက ေန႔လည္ ၂ နာရီမွာ သြားလို႔ လာလို႔ အဆင္ေျပေပမဲ့ ေန႔လယ္ ၂ နာရီကေန ေနာက္ရက္မနက္ ၅ နာရီထိ ကာဖ်ဴးရွိတယ္။ ဒီေန႔အခ်ိန္မွာ အိႏိၵယ မိုးေရး တစ္ခုတည္းတင္မဟုတ္ဘူး၊ တစ္ျခား ခ႐ိုင္ေတြကိုလည္း ျပည္နယ္ တာ၀န္ရွိသူေတြက ထုတ္ေပးတဲ့ စာရြက္ မပါဘဲနဲ႔ သြားလို႔ မရဘူး။”

လက္ရွိျမန္မာႏိ္ုင္ငံ တမူးၿမိဳ႕မွာ အိႏိၵယႏိုင္ငံသား ရွစ္ ဦးဟာ အိႏိၵယအာဏာပိုင္ေတြက လက္မခံတာေၾကာင့္ ေနရပ္မျပန္ႏိုင္ဘဲ ရွိေနပါတယ္။

အိႏိၵယႏိုင္ငံမွာ COVID - 19 ကူးစက္ခံရသူ ၃၅၀,၀၀၀ ေက်ာ္ရွိၿပီး ေသဆံုးသူ ၁၁,၀၀၀ ေက်ာ္ ရွိေနပါတယ္။ ခ်င္းျပည္နယ္နဲ႔ ဆက္စပ္ေနတဲ့ မီဇိုရမ္ျပည္နယ္မွာေတာ့ ကူးစက္ခံရသူ ၁၂၁ ေယာက္နဲ႔ အျခား ျမန္မာျပည္နဲ႔ ထိစပ္ေနတဲ့ Nagaland ျပည္နယ္မွာေတာ့ ၁၇၉ ေယာက္ရွိၿပီး အဲဒီျပည္နယ္ေတြမွာ ေသဆံုးသူမရွိေၾကာင္း စာရင္း ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယဘက်က ပြန်လာသူတွေကို လက်ခံမယ့်အပေါ် တမူးဒေသခံတွေ စိုးရိမ်နေ

အိန္ဒိယနိုင်ငံမှာ COVID - 19 ကူးစက်မှု မြင့်တက်နေတာကြောင့်နယ်စပ်ကနေ ပြန်ဝင်လာမယ့်သူတွေ လက်ခံဖို့အတွက် တမူးမြို့ခံတွေ စိုးရိမ်နေတဲ့အကြောင်းနဲ့ လက်ရှိ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဘက်က အခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

အိန္ဒိယနိုင်ငံမှာ COVID - 19 ရောဂါ ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ ကန့်သတ်မှုတွေ ဖြေလျော့လိုက်ချိန်မှာ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းဟာ စံချိန်တင် မြင့်တက်လာပြီး ဆေးရုံနေရာအခက်အခဲတွေ ကြုံလာတာကြောင့် ရထားတွဲတွေကိုပါ ဆေးရုံဆောင်အဖြစ် အသုံးပြုဖို့ စီစဉ်လာနေရတာပါ။

ဒီအခြေအနေမှာ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ဟာ စစ်ကိုင်းတိုင်းဒေသကြီး တမူးနယ်စပ်ကနေ ပြန်လာဖို့ ရှိနေကြောင်း တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။

“လက်ရှိ ကျနော်တို့ တိုင်းကို တင်ပြထားတာ ၁၀၉ ဦးပါ။ သူတို့က ကျနော်တို့ မြန်မာနိုင်ငံသားတွေပေါ့နော်။ အိန္ဒိယနိုင်ငံထဲမှာ သွားပြီးတော့ တရားဝင် Passport၊ Visa နဲ့ သွားတာလည်း ရှိတယ်။ တရားမဝင် သွားပြီးမှ အလုပ်လုပ်တာလည်း ရှိတာပေါ့နော်။ အဲဒီမြန်မာနိုင်ငံသားတွေပါ။ ဘယ်ရက်လောက်လဲ ဆိုတာတော့ ကျနော်တို့ တိုင်းဒေသကြီးကနေ လက်ခံဖို့ ခွင့်ပြုပြီဆိုရင် စလက်ခံမှာပါ။ လောလောဆယ်တော့ အတိအကျတော့ မသိရသေးဘူး။”

အိန္ဒိယနိုင်ငံကို ရောက်ရှိနေသူတွေဟာ ကျမ်းစာသင်ကျောင်းသားတွေ ရှိသလို ရက္ကန်းအလုပ်သမားတွေလည်း ပါဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတော့ အိန္ဒိယနိုင်ငံ Nagaland ပြည်နယ်မှာ ကျမ်းစာကျောင်းတက်နေသူ ၆ ဦး နယ်စပ်ကနေ တရားဝင်အကြောင်းကြတာမရှိဘဲ ပြန်လည်ဝင်ရောက်လာတာရှိခဲ့ပြီး လောလောဆယ် သူတို့ကို တမူးပြည်သူ့ဆေးရုံကြီးမှာ စစ်ဆေး စောင့်ကြည့်နေပါတယ်။

တမူးဒေသခံတွေကတော့ အိန္ဒိယက ပြန်လာသူတွေက တဆင့် ရောဂါကူးစက်မှာကို စိုးရိမ်တာတွေ ရှိနေကြောင်း တမူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က VOA ကို ပြောပါတယ်။

“အိန္ဒိယဆိုရင်တော့ ကျနော်တို့ တမူးက ပြည်သူတွေက တော်တော်လေး စိုးရိမ်တာပေါ့နော။ အခုက ၁၀၉ ယောက်ဆိုတာလည်း ကျနော်တို့လည်း ကြားတာပဲပေါ့။ ကြားတဲ့အခါကျတော့ မြို့တော်ခန်းမထဲမှာ ထားမယ်တဲ့ မြို့လယ်ခေါင်မှာကြီးလေ ခမ်းမက။ တမူးမြို့လယ်ခေါင်မှဆိုတော့ ကန့်ကွက်ကြတာထင်ပါတယ် ကြည့်ရတာ။ ကန့်ကွက်စာကို Volunteer အဖွဲ့တွေက နေပြည်တော်မှာ သွားပြီးတော့ စာတင်တယ်ထင်တယ်။ ကျနော်သိသလောက်ဆိုရင်တော့ ပြည်သူတွေက အများစုက လက်မခံရဲဘူး။ ဒီ ၁၀၉ ယောက်ကို။ စိုးရိမ်တာပေါ့။ အစိုးရိမ်တော်တော်လေး ကြီးနေတာပေါ့။ အိန္ဒိယဘက်က လာမယ်ဆိုရင်တော့ လုံး၀ ကန့်ကွက်ချင်တဲ့သဘောပဲ အခုဟာကလေ။ ”

တမူးမြို့မှာ ထိုင်းဘက်က ပြန်လာသူတွေကို ထားရှိတဲ့ Quarantine Centre တစ်ခုရှိကြောင်း၊ အိန္ဒိယက ပြန်လာသူတွေကိုတော့ သူတို့ ဇာတိကို ချက်ချင်းပို့ဆောင်တာမျိုးကို ပြည်သူတွေက လိုလားနေကြောင်းလည်း ပြောပါတယ်။

တမူး၊ မိုးရေး ဆက်စပ်နေတဲ့ မြန်မာ၊ အိန္ဒိယ နယ်စပ်ကို မတ်လတည်းက စတင်ပိတ်လိုက်တာဖြစ်ပြီး လက်ရှိ နယ်စပ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်အတွင်းက Covid 19 ရောဂါ ကူးစက်မှုအခြေအနေကို အင်ဖာမြို့မှာ နေထိုင်တဲ့ ကိုသိန်းက အခုလို ပြောပါတယ်။

“မေလ ၁၃ ရက်နေ့ ရှေ့မှာ Positive ဖြစ်တဲ့သူ နှစ်ယောက်ပဲ ရှိတာ။ ဒါပေမဲ့ မေလ ၁၃ ရက်နေ့ ကနေပြီးတော့ လေယာဉ်ပျံ၊ မီးရထား၊ ဘတ်စ်ကားတွေနဲ့ အိန္ဒိယနိုင်ငံတွင်းမှာ ရှိတဲ့ တခြားပြည်နယ်က လူတွေကို လက်ခံလိုက်တဲ့အချိန်မှာ အခု လူ အားလုံး လက်ခံတာ ၃၅,၀၀၀ လောက်ရှိပြီလို့ ပြောတယ်။ အဲဒီထဲမှာ ၁၄,၀၀၀ လောက် စစ်ဆေးတဲ့နေရာမှာ ၅၀၇ ယောက်၊ ဒီနေ့ မနက်ထိ ၅၀၇ ယောက် Positive Case ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ သေတာကတော့ မရှိသေးဘူး။ ”

တခြားပြည်နယ်တွေကနေ မဏိပူရပြည်နယ်ကို ပြန်လာသူတွေကို ပြည်နယ်ကျန်းမာရေးဌာနက ဓါတ်ခွဲနမူနာ ရယူပြီး စစ်ဆေးကြောင်း၊ ခရိုင် ၁၆ ခုရှိတဲ့အနက် ခရိုင်တိုင်းမှာ Quarantine Centre တစ်ခုကနေ ၃ ခုထားပြီး ၁၄ ရက်ထား စောင့်ကြည့်နေကြောင်း၊ ရောဂါပိုးတွေ့ရှိသူတွေကို ဆေးရုံက သီးသန့်ဆောင်တွေမှာ ထားရှိကြောင်း ပြောပါတယ်။

သွားလာမှု ကန့်သတ်ထားတဲ့အခြေအနေကိုလည်း အခုလို ဆက်ပြောပါတယ်။

“ဈေးက တနင်္လာနဲ့ ကြာသပတေးက အဝတ်အထည်နဲ့ ဘာဘာဘာ ရောင်းတယ်။ အင်္ဂါနဲ့ သောကြာက သံနဲ့ ဘိလပ်မြေ အိမ်ဆောက်ပစ္စည်းတွေ ဘာတွေ၊ လျှပ်စစ်ပစ္စည်းတွေ ရောင်းတယ်။ စသည်ဖြင့် ပစ္စည်းတွေနဲ့ ဈေးနေ့တွေလည်း ခွဲထားတယ်။ မနက် ၅ နာရီက နေ့လည် ၂ နာရီမှာ သွားလို့ လာလို့ အဆင်ပြေပေမဲ့ နေ့လယ် ၂ နာရီကနေ နောက်ရက်မနက် ၅ နာရီထိ ကာဖျူးရှိတယ်။ ဒီနေ့အချိန်မှာ အိန္ဒိယ မိုးရေး တစ်ခုတည်းတင်မဟုတ်ဘူး၊ တစ်ခြား ခရိုင်တွေကိုလည်း ပြည်နယ် တာဝန်ရှိသူတွေက ထုတ်ပေးတဲ့ စာရွက် မပါဘဲနဲ့ သွားလို့ မရဘူး။”

လက်ရှိမြန်မာနိုင်ငံ တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ရှစ် ဦးဟာ အိန္ဒိယအာဏာပိုင်တွေက လက်မခံတာကြောင့် နေရပ်မပြန်နိုင်ဘဲ ရှိနေပါတယ်။

အိန္ဒိယနိုင်ငံမှာ COVID - 19 ကူးစက်ခံရသူ ၃၅၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၁,၀၀၀ ကျော် ရှိနေပါတယ်။ ချင်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မီဇိုရမ်ပြည်နယ်မှာတော့ ကူးစက်ခံရသူ ၁၂၁ ယောက်နဲ့ အခြား မြန်မာပြည်နဲ့ ထိစပ်နေတဲ့ Nagaland ပြည်နယ်မှာတော့ ၁၇၉ ယောက်ရှိပြီး အဲဒီပြည်နယ်တွေမှာ သေဆုံးသူမရှိကြောင်း စာရင်း ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG