သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္အနီး အိႏၵိယတပ္ဖြဲ႔ရဲ႕ ပစ္ခတ္မႈေၾကာင့္ နာဂသူပုန္ ၆ ဦးေသဆံုး


နယ္စပ္လုံၿခဳံေရး ေစာင့္ၾကပ္ေနတဲ့ အိႏၵိယစစ္သည္အခ်ဳိ႕။ (ၾသဂုတ္ ၈၊ ၂၀၁၃)

(Zawgyi / Unicode)

ျမန္မာနဲ႔နယ္စပ္ အိႏၵိယ အေရွ႕ေျမာက္ပိုင္းျပည္နယ္မွာ အိႏၵိယ လုံၿခဳံေရးတပ္ဖြဲ႔ေတြနဲ႔ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ နာဂ ခြဲထြက္ေရးသူပုန္ ၆ ဦး ေသဆုံးသြားတယ္လို႔ အိႏၵိယရဲတပ္ဖြဲ႔က ေျပာပါတယ္။

အိႏၵိယစစ္တပ္ အကူလက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ ရဲတပ္ဖြဲ႔က စေနေန႔မနက္ လင္းအားႀကီးအခ်ိန္မွာ Arunachal Pradesh ျပည္နယ္ထဲက သစ္ေတာေခါင္ေခါင္ထဲ စစ္ေသြးႂကြေတြ ပုန္းခိုေနတဲ့ ေနရာတခုကို ဝင္ေရာက္စီးနင္းခ်ိန္မွာ အခုလို တိုက္ပြဲျဖစ္ပြားခဲ့တာပါ။

အိႏၵိယစစ္သားတေယာက္ ဒဏ္ရာရခဲ့ေပမယ့္ မစိုးရိမ္ရဘူးလို႔ ျပည္နယ္ရဲခ်ဳပ္ R.P. Upadhayay က ေျပာပါတယ္။

တိုက္ပြဲအၿပီးမွာ လုံၿခဳံေရးတပ္ဖြဲ႔ေတြက တိုက္ခုိက္ေရးသံုး ႐ုိင္ဖယ္ေသနတ္ ၆ လက္၊ က်ည္ေတာင့္ ၅၀၀ နဲ႔ လက္လုပ္ဗုံး ၂ လုံးကို သူပုန္ေတြဆီက သိမ္းဆည္းရမိေၾကာင္း၊ အဲဒီသူပုန္ေတြဟာ နာဂျပည္ အမ်ိဳးသားဆိုရွယ္လစ္ေကာင္စီ (ISAK-MUIVAH) အဖြဲ႔ဝင္ေတြ ျဖစ္ေၾကာင္းလည္း ျပည္နယ္ရဲခ်ဳပ္က ေျပာပါတယ္။

အဲဒီ ISAK-MUIVAH အဖြဲ႔ဟာ အိႏၵိယ အေရွ႕ေျမာက္ပိုင္းက လူဦးေရ ၂ သန္းနီးပါးရွိတဲ့ နာဂလူမ်ိဳးစုေတြ လြတ္လပ္ေရးရဖို႔ ဗဟိုအစိုးရကို တိုက္ခိုက္ေနတဲ့အဖြဲ႔ ျဖစ္ပါတယ္။

နာဂ ခြဲထြက္ေရးသမားေတြက Arunachal Pradesh ျပည္နယ္ကတဆင့္ ျဖတ္သန္းၿပီး ျမန္မာပိုင္နက္ကို သူတို႔ပုန္းခိုရာနယ္အျဖစ္ အသုံးခ်ၾကတယ္လို႔လည္း AP သတင္းက ေျပာပါတယ္။

အဲဒီအဖြဲ႔ဟာ ၁၉၉၇ ခုႏွစ္ကတည္းက အိႏၵိယအစိုးရနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးေနတာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ ၿငိမ္းခ်မ္းေရး သေဘာတူစာခ်ဳပ္ကို ပဏာမ လက္မွတ္ေရးထိုးထားတာပါ။ အပစ္ရပ္စဲထားတာကို NAGALAND ျပည္နယ္ထဲမွာ လိုက္နာေပမယ့္ တျခားေနရာေတြကေန အိႏၵိယအစိုးရ တပ္ေတြကို တိုက္ခိုက္ေလ့ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

မြန်မာနယ်စပ်အနီး အိန္ဒိယတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် နာဂသူပုန် ၆ ဦးသေဆုံး

မြန်မာနဲ့နယ်စပ် အိန္ဒိယ အရှေ့မြောက်ပိုင်းပြည်နယ်မှာ အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နာဂ ခွဲထွက်ရေးသူပုန် ၆ ဦး သေဆုံးသွားတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

အိန္ဒိယစစ်တပ် အကူလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့က စနေနေ့မနက် လင်းအားကြီးအချိန်မှာ Arunachal Pradesh ပြည်နယ်ထဲက သစ်တောခေါင်ခေါင်ထဲ စစ်သွေးကြွတွေ ပုန်းခိုနေတဲ့ နေရာတခုကို ဝင်ရောက်စီးနင်းချိန်မှာ အခုလို တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အိန္ဒိယစစ်သားတယောက် ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ပြည်နယ်ရဲချုပ် R.P. Upadhayay က ပြောပါတယ်။

တိုက်ပွဲအပြီးမှာ လုံခြုံရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရေးသုံး ရိုင်ဖယ်သေနတ် ၆ လက်၊ ကျည်တောင့် ၅၀၀ နဲ့ လက်လုပ်ဗုံး ၂ လုံးကို သူပုန်တွေဆီက သိမ်းဆည်းရမိကြောင်း၊ အဲဒီသူပုန်တွေဟာ နာဂပြည် အမျိုးသားဆိုရှယ်လစ်ကောင်စီ (ISAK-MUIVAH) အဖွဲ့ဝင်တွေ ဖြစ်ကြောင်းလည်း ပြည်နယ်ရဲချုပ်က ပြောပါတယ်။

အဲဒီ ISAK-MUIVAH အဖွဲ့ဟာ အိန္ဒိယ အရှေ့မြောက်ပိုင်းက လူဦးရေ ၂ သန်းနီးပါးရှိတဲ့ နာဂလူမျိုးစုတွေ လွတ်လပ်ရေးရဖို့ ဗဟိုအစိုးရကို တိုက်ခိုက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

နာဂ ခွဲထွက်ရေးသမားတွေက Arunachal Pradesh ပြည်နယ်ကတဆင့် ဖြတ်သန်းပြီး မြန်မာပိုင်နက်ကို သူတို့ပုန်းခိုရာနယ်အဖြစ် အသုံးချကြတယ်လို့လည်း AP သတင်းက ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ၁၉၉၇ ခုနှစ်ကတည်းက အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို ပဏာမ လက်မှတ်ရေးထိုးထားတာပါ။ အပစ်ရပ်စဲထားတာကို NAGALAND ပြည်နယ်ထဲမှာလိုက်နာပေမယ့် တခြားနေရာတွေကနေ အိန္ဒိယအစိုးရ တပ်တွေကို တိုက်ခိုက်လေ့ ရှိပါတယ်။

XS
SM
MD
LG