သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ျပည္နယ္္နဲ႔ စီးပြားေရးလုပ္ငန္းတခ်ဳိ႕ ႏွာေခါင္းစည္း မတပ္မေနရအမိန္႔ထုတ္


Virginia ျပည္နယ္ Arlingtonၿမိဳ႕မွာ ေတြ႔ရတဲ့ Starbucks ေကာ္ဖီဆိုင္တခုက ၀န္ထမ္းတဦး။ (ေမ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 အတည္ျပဳလူနာ ၃,၅၀၀,၀၀၀ နီးပါး႐ွိေနခ်ိန္မွာ ျပည္နယ္တခ်ဳိ႕နဲ႔ စီးပြားေရးလုပ္ငန္းတခ်ဳိ႕က ႏွာေခါင္းစည္း Mask မျဖစ္မေနတပ္ၾကဖုိ႔ ညႊန္ၾကားထားပါတယ္။

Alabama ျပည္နယ္မွာ ဒီေန႔ၾကာသပေတးေန႔ကစလို႔ ႏွာေခါင္းစည္းအကာဝတ္ဆင္ဖုိ႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Kay Ivey က အမိန္႔ထုတ္ထားပါတယ္။ Montana ျပည္နယ္မွာလည္း အတည္ျပဳလူနာ ၄ ေယာက္နဲ႔ အထက္႐ွိတဲ့ ျမိဳ႕နယ္ေတြမွာ အေဆာက္အဦးအတြင္းနဲ႔ အမုိးအကာေအာက္ မဟုတ္တဲ့ တခ်ဳိ႕ေနရာေတြမွာ လူတုိင္းႏွာေခါင္းစည္းတပ္ရမယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Steve Bullock အမိန္႔ထုတ္ျပန္ထားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ဆိုင္ခဲြေပါင္း ၅,၀၀၀ ေက်ာ္႐ွိတဲ့ အႀကီးဆံုး လက္လီအေရာင္းဆိုင္ႀကီးျဖစ္တဲ့ Walmart က ဆုိင္လာသူတိုင္း ႏွာေခါင္းစည္းဝတ္ထားဖုိ႔ ေျပာထားပါတယ္။ အလားတူ Apple နည္းပညာပစၥည္းအေရာင္းဆုိင္ေတြ၊ Starbucks ေကာ္ဖီဆိုင္ေတြ၊ Best Buy electronic ပစၥည္းအေရာင္းဆိုင္ေတြနဲ႔ Costco ကုန္စံုဆိုင္ႀကီးေတြကလည္း ေစ်းဝယ္လာသူတိုင္း ႏွာေခါင္းစည္းတပ္ရမယ္လို႔ ေၾကညာထားပါတယ္။

အေမရိကန္မွာ ဇြန္လဆန္းပိုင္းထဲကစလို႔ ေန႔စဥ္ပ ွ်မ္းမ ွ် အတည္ျပဳလူနာ ၆၀,၀၀၀ ေက်ာ္ ႐ွိေနခ်ိန္မွာ ခုလို ႏွာေခါင္းစည္း မျဖစ္မေနတပ္ဖုိ႔ အမိန္႔ထုတ္တဲ့ ျပည္နယ္ေတြကေတာ့ အနည္းငယ္သာ ႐ွိေနပါတယ္။

Oklahoma ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Kevin Stitt
Oklahoma ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Kevin Stitt

သူကိုယ္တိုင္ COVID-19 ေရာဂါကူးစက္ေနတယ္လို႔ ဗုဒၶဟူးေန႔က ေၾကညာတဲ့ Oklahoma ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Kevin Stitt က ခုထိျပည္နယ္ထဲမွာ ႏွာေခါင္းစည္းဝတ္ဖို႔ မေၾကညာပါဘူး။ သူဟာ Tulsa ၿမိဳ႕မွာ ၿပီးခဲ့တဲ့လကလုပ္ခဲ့တ့ဲ သမၼတ Trump ရဲ႕စည္း႐ံုးမဲဆြယ္ပြဲကို ႏွာေခါင္းစည္း မဝတ္ဘဲ သြားခဲ့တာပါ။

COVID-19 အတည္ျပဳလူနာ ၃၀၀,၀၀၀ ေက်ာ္သြားတဲ့ Florida ျပည္နယ္မွာလည္း ႏွာေခါင္စည္းဝတ္ဖုိ႔ အမိန္႔မထုတ္ႏိုင္ဘူးလို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားထားပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ေၾကာင့္ ေသဆံုးသူ ၁၃၇,၀၀၀ ေက်ာ္ ႐ွိသြားပါၿပီ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန် ပြည်နယ်နဲ့စီးပွားရေးလုပ်ငန်းတချို့ နှာခေါင်းစည်း မတပ်မနေရအမိန့်ထုတ်

အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြုလူနာ ၃,၅၀၀,၀၀၀ နီးပါးရှိနေချိန်မှာ ပြည်နယ်တချို့နဲ့ စီးပွားရေးလုပ်ငန်းတချို့က နှာခေါင်းစည်း Mask မဖြစ်မနေတပ်ကြဖို့ ညွှန်ကြားထားပါတယ်။

Alabama ပြည်နယ်မှာ ဒီနေ့ကြာသပတေးနေ့ကစလို့ နှာခေါင်းစည်းအကာဝတ်ဆင်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Kay Ivey က အမိန့်ထုတ်ထားပါတယ်။ Montana ပြည်နယ်မှာလည်း အတည်ပြုလူနာ ၄ ယောက်နဲ့ အထက်ရှိတဲ့ မြို့နယ်တွေမှာ အဆောက်အဦးအတွင်းနဲ့ အမိုးအကာအောက် မဟုတ်တဲ့ တချို့နေရာတွေမှာ လူတိုင်းနှာခေါင်းစည်းတပ်ရမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Steve Bullock အမိန့်ထုတ်ပြန်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဆိုင်ခွဲပေါင်း ၅,၀၀၀ ကျော်ရှိတဲ့ အကြီးဆုံး လက်လီအရောင်းဆိုင်ကြီးဖြစ်တဲ့ Walmart က ဆိုင်လာသူတိုင်း နှာခေါင်းစည်းဝတ်ထားဖို့ ပြောထားပါတယ်။ အလားတူ Apple နည်းပညာပစ္စည်းအရောင်းဆိုင်တွေ၊ Starbucks ကော်ဖီဆိုင်တွေ၊ Best Buy electronic ပစ္စည်းအရောင်းဆိုင်တွေနဲ့ Costco ကုန်စုံဆိုင်ကြီးတွေကလည်း ဈေးဝယ်လာသူတိုင်း နှာခေါင်းစည်းတပ်ရမယ်လို့ ကြေညာထားပါတယ်။

အမေရိကန်မှာ ဇွန်လဆန်းပိုင်းထဲကစလို့ နေ့စဉ်ပ ျှမ်းမ ျှ အတည်ပြုလူနာ ၆၀,၀၀၀ ကျော် ရှိနေချိန်မှာ ခုလို နှာခေါင်းစည်း မဖြစ်မနေတပ်ဖို့ အမိန့်ထုတ်တဲ့ ပြည်နယ်တွေကတော့ အနည်းငယ်သာ ရှိနေပါတယ်။

သူကိုယ်တိုင် COVID-19 ရောဂါကူးစက်နေတယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာတဲ့ Oklahoma ပြည်နယ်အုပ်ချုပ်ရေးမှူး Kevin Stitt က ခုထိပြည်နယ်ထဲမှာ နှာခေါင်းစည်းဝတ်ဖို့ မကြေညာပါဘူး။ သူဟာ Tulsa မြို့မှာ ပြီးခဲ့တဲ့လကလုပ်ခဲ့တဲ့ သမ္မတ Trump ရဲ့စည်းရုံးမဲဆွယ်ပွဲကို နှာခေါင်းစည်း မဝတ်ဘဲ သွားခဲ့တာပါ။

COVID-19 အတည်ပြုလူနာ ၃၀၀,၀၀၀ ကျော်သွားတဲ့ Florida ပြည်နယ်မှာလည်း နှာခေါင်စည်းဝတ်ဖို့ အမိန့်မထုတ်နိုင်ဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကြောင့် သေဆုံးသူ ၁၃၇,၀၀၀ ကျော် ရှိသွားပါပြီ။

XS
SM
MD
LG