သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ရောဂါထိခိုက်မှု ကုစားရေးအစီအစဉ် EU သဘောတူညီချက်ရရှိ


ဥရောပကောင်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (ဘယ်) နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel (ညာ)။ (ဇူလိုင် ၂၁၊ ၂၀၂၀)
ဥရောပကောင်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (ဘယ်) နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel (ညာ)။ (ဇူလိုင် ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ အမေရိကန်ဒေါ်လာ ၂.၁ ထရီလီယံနဲ့ ကပ်ရောဂါကြောင့် ထိခိုက်မှုပြန်လည်ကုစားရေး အစီအစဉ်တွေအတွက် အင်္ဂါနေ့အစောပိုင်းမှာပဲ သဘောတူညီမှုရခဲ့ပါတယ်။

ကန့်သတ်ချက်တွေ ထည့်သွင်းသင့်သလားဆိုတာနဲ့ ပတ်သက်ပြီး ရန်ပုံငွေ အတိအကျ ခွဲဝေချထားရေးမှာ သဘောထား ကွဲလွဲနေခဲ့ကြတာကို နေ့ရောညပါ ၄ ရက်ဆက်တိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးတဲ့နောက် ဒီသဘောတူညီချက် ထွက်ပေါ်လာခဲ့တာပါ။

ဥရောပသမဂ္ဂကောင်စီ အကြီးအကဲ Charles Michel
ဥရောပသမဂ္ဂကောင်စီ အကြီးအကဲ Charles Michel

ဥရောပသမဂ္ဂကောင်စီ အကြီးအကဲ ချားလ်စ် မီရှဲလ်က Deal သဘောတူလိုက်ပြီဆိုတဲ့ စကားတလုံးတည်းနဲ့ သဘောတူညီချက်ရပြီဆိုတာကို အတည်ပြုခဲ့ပါတယ်။

အီးယူ အဖွဲ့ဝင်နိုင်ငံတွေမှာ COVID 19 ကပ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၃၅,၀၀၀ ရှိခဲ့ပြီး၊ အီးယူထဲက အီတလီ ပြင်သစ်နဲ့ စပိန်တို့ဟာ ဒီရောဂါကြောင့် သေဆုံးမှုအမြင့်ဆုံးကမ္ဘာ့နိုင်ငံတွေထဲ ပါဝင်ပါတယ်။

ရောဂါပိုးမပြန့်အောင် အသွားအလာ ပိတ်ဆို့မှုတွေကို အစိုးရအများအပြားက အမိန့်ထုတ်ထားခဲ့တာက ဥရောပရဲ့စီးပွါးရေးကို ထိခိုက်စေခဲ့ပြီး ဒီနှစ်မှာ ၈.၃ ရာခိုင်နှုန်း စီးပွါးရေးကျဆင်းသွားမယ်လို့ စီးပွါးရေးပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

နယ်သာလန် ဝန်ကြီးချုပ် မာ့ခ် ရူတီး ကတော့ ဒီအကူအညီငွေတွေကို တရားဥပဒေစိုးမိုးရေးခေါင်းစဉ်နဲ့ ဆက်စပ်ထားစေချင်တယ်လို့ ပြောပါတယ်။ အဓိကအချက်ကတော့ လယ်ယာစွန်းအစိုးရတွေ အနိုင်ရထားပြီး ဒီမိုကရေစီနဲ့ အနည်းငယ်ကင်းကွာတဲ့ သဘောရှိတဲ့ ဟန်ဂေရီတို့ ပိုလန်နိုင်ငံတို့မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်လာဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ကပ်ရောဂါထိခိုက်မှု ကုစားရေးအစီအစဉ် EU သဘောတူညီချက်ရရှိ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG