(Zawgyi / Unicode)
ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြဟာ လူမႈစီးပြား အက်ပ္အတည္းႀကီးကို ရင္ဆိုင္လာရဖြယ္ ရွိတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က သတိေပး ေျပာၾကားလုိက္ပါတယ္။ အျပည့္အစုံကို ကုိဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။
ကမၻာ့ႏုိင္ငံေတြ ရင္ဆုိင္ေနရတဲ့ ကုိ႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ အထူးသျဖင့္ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြဟာ ကပ္ေရာဂါရဲ႕ ၿခိမ္းေျခာက္မႈကို ခံေနရၿပီး အဲဒီေဒသမွာရွိၾကတဲ့ အလုပ္လုပ္ေနသူ သန္း ၂၂၀ နီးပါးရဲ႕ ေန႔စဥ္ စားဝတ္ေနေရးဘဝကို ထိခိုက္လာေစမွာ ျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ ထုတ္ျပန္တဲ့ ‘အေရွ႕ေတာင္အာရွေဒသတြင္း COVID-19 သက္ေရာက္မႈ အစီရင္ခံစာ’ မွာ ကုလအတြင္းေရးမွဴးခ်ဳပ္ António Guterres က ထည့္သြင္း ေျပာၾကားသြားတာ ျဖစ္ပါတယ္။
"လက္ရွိအေျခအေနက စီးပြားေရးက်ဆင္းမႈ၊ အလုပ္လက္မဲ့နဲ႔ လူမႈေရး တင္းမာမႈဘက္ကို ဦးတည္သြားေစမွာ ျဖစ္တဲ့အျပင္ ႏုိင္ငံေရးလုပ္ငန္းစဥ္ေတြ ရပ္တန္႔ကုန္တာ အေျခအေနေတြ ပိုဆုိးလာေစမွာ ျဖစ္ပါတယ္။"
ျမန္မာႏိုင္ငံမွာလည္း ကိုဗစ္ေၾကာင့္ အထိနာလာတဲ့ စီးပြားေရးကို ျပန္လည္ကုစားႏိုင္ဖို႔ အစိုးရက ေခ်းေငြအစီအစဥ္ တခ်ဳိ႕နဲ႔အတူ ကမၻာ့ဘဏ္၊ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႔ (IMF) တို႔ကလည္း ေခ်းေငြအစီအစဥ္ေတြ လုပ္ေဆာင္ေနတယ္ ဆုိေပမယ့္ လက္ေတြ႔မွာေတာ့ စီးပြားေရးက႑ အမ်ားစုဟာ သိသိသာသာ ထိခိုက္ေနတယ္လို႔ ရန္ကုန္ၿမဳိ႕အေျခစိုက္ Smart Way Travel ခရီးသြားလုပ္ငန္း တာဝန္ခံ ကိုသန္းထြဋ္ေအာင္ ေခၚ Anthony Aung က ဗြီအုိေအကို ေျပာပါတယ္။
"ဒီအခ်ိန္မွာ က်ေနာ့္ပတ္ဝန္းက်င္က စီးပြားေရးလုပ္ငန္းရွင္ အေတာ္မ်ားမ်ား ညည္းေနၾကတာပဲ။ ဒါေပမယ့္ က်ေနာ္သိရသေလာက္ကေတာ့ ဒီ ေဆာက္လုပ္ေရးပစၥည္း ေရာင္းတဲ့သူေတြကေတာ့ အက်ဳိးေတာ္ေတာ္ခံစားရတယ္။ ဘာလို႔လဲဆိုေတာ့ ဒီလုိအခ်ိန္မွာ လူေတြက အားေနၾကတယ္။ အလုပ္မေကာင္းတဲ့ အခါက်ေတာ့ အိမ္မွာပဲ ရွိေနၾကေတာ့ အိမ္ကို ဟိုေနရာျပဳျပင္ ဒီေနရာျပဳျပင္ဖို႔အတြက္ တိုလီမုတ္စေလးေတြ ဝယ္ၾကတယ္ေပါ့။ အဲဒီေတာ့ ေဆာက္လုပ္ေရးပစၥည္း အေသးအမႊားေတြ ေရာင္းေကာင္းတယ္။ ဒါေပမယ့္ ေဆာက္လုပ္ေရး လုပ္ငန္းႀကီးေတြ ေဆာက္ေနခ်ိန္မဟုတ္ေတာ့ အႀကီးသမားေတြက ေရာင္းအားမေကာင္းၾကဘူး။”
ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးက႑မွာ အဓိက ဝင္ေငြရေစတဲ့အထဲ ခရီးသြားလုပ္ငန္းက ထိပ္ဆုံးက ပါဝင္ေနတာပါ။ ကိုဗစ္ ကပ္ေရာဂါေၾကာင့္ ႏိုင္ငံတကာ ေလယာဥ္ပ်ံသန္းမႈေတြ ပိတ္ထားရသလို ျပည္တြင္းမွာလည္း ခရီးသြားေတြ စိတ္အဝင္စားဆုံး ေရႊတိဂုံလုိ၊ အင္းေလး ေဖာင္ေတာ္ဦးလို၊ ပုဂံလို ေနရာေတြပါ ပိတ္ထားတာေၾကာင့္ ခရီးသြားလုပ္ငန္းႀကီးတခုလုံး က်ဆင္းေနၿပီး သူနဲ႔ဆက္စပ္ေနတဲ့ လုပ္ငန္းေတြပါ ထိခိုက္ေနရတယ္လို႔ ကို Anthony က ေျပာပါတယ္။
"အမွန္ေတာ့ ဒီ ခရီးသြားလုပ္ငန္းမွာ ခရီးသြားကုမၸဏီေတြပဲ ထိခိုက္တာမဟုတ္ဘူး။ ဟုိတယ္ေတြလည္း ထိခိုက္တယ္။ ဟိုတယ္ေတြ ထိခိုက္ေတာ့ အလုပ္လုပ္ေနတဲ့ ဝန္ထမ္းေတြပါ ထိခိုက္လာတယ္။ တခ်ဳိ႕ဟိုတယ္ေတြဆို လစာမေပးႏိုင္တာေတြ ရွိတယ္။ ေနာက္ၿပီး လက္ေဆာင္ပစၥည္းေရာင္းတဲ့ Souvenir ဆုိင္ေတြလည္း ထိခိုက္တယ္။ ေနာက္ၿပီး ခရီးသြားဧည့္သည္ေတြကို ဆဲြေဆာင္တဲ့ ဘုရားတို႔၊ ဘုရားေစာင္းတန္းက ဆိုင္သမားေတြလည္း ထိခိုက္တယ္။ ေနာက္ၿပီး ဘုရားေတြဘက္က ၾကည့္မယ္ဆိုရင္လည္း ႏိုင္ငံျခားသား ခရီးသြားေတြ လာရင္ ေကာက္ေနၾကျဖစ္တဲ့ ဝင္ေၾကးေတြလည္း မရေတာ့ဘူးဆိုေတာ့ က႑ေတြ အမ်ားႀကီး ထိခိုက္တာပါပဲ။"
အကယ္၍ အစိုးရကသာ မူဝါဒ အေျပာင္းအလဲတခ်ဳိ႕ လုပ္ၿပီး ေဆာင္ရြက္ေပးႏိုင္ရင္ ျမန္မာ့ခရီးသြားလုပ္ငန္းကို က်ားကန္ထားႏိုင္မယ္လုိ႔ ကို Anthony က အႀကံျပဳပါတယ္။
"ဆုိေတာ့ ခရီးသြားလုပ္ငန္း ျပန္ဖြံ႔ၿဖဳိးဖို႔က လိုဦးမယ္။ က်ေနာ့္အျမင္မွာေတာ့ ကုိဗစ္ေရာဂါကို ထိန္းသိမ္းႏုိင္တဲ့ ႏိုင္ငံတခ်ဳိ႕နဲ႔ေပါ့ ပူးေပါင္းေဆာင္ရြက္ၿပီး Bubble Tourism ေပါ့၊ ႏွစ္ႏိုင္ငံၾကား အတြင္းမွာပဲ ကိုယ့္ႏုိင္ငံကလူေတြ သူ႔ဆီ သြားလည္လို႔ရမယ္၊ သူ႔ႏုိင္ငံကလူေတြ ကိုယ့္ဆီလာလည္လို႔ရမယ္ ဆိုတဲ့ပုံစံမ်ဳိးနဲ႔ သေဘာတူညီခ်က္တခု ယူထားမယ္ဆုိရင္၊ အားလုံးကို ဖြင့္ေပးလုိက္တာမ်ဳိး မဟုတ္ဘဲ တခ်ဳိ႕ႏိုင္ငံေတြနဲ႔သာ စနစ္တက် ပူးေပါင္းေဆာင္ရြက္ႏိုင္မယ္ ဆုိရင္ေတာ့ ခရီးသြားလုပ္ငန္းရွင္ေတြအတြက္ နည္းနည္း အသက္႐ွဴ ေခ်ာင္လိမ့္မယ္။"
ကုလအတြင္းေရးမွဴးခ်ဳပ္ António Guterres ရဲ႕ အစီရင္ခံစာထဲမွာေတာ့ အစိုးရေတြအေနနဲ႔ ေရတိုမွာ ကိုဗစ္ကုစားေရးအတြက္ အစီအစဥ္ေတြ ေရးဆဲြေဆာင္ရြက္ၾကဖို႔နဲ႔ ေရရွည္မွာ လူမႈစီးပြားေရးဆုိင္ရာ မူဝါဒအေျပာင္းအလဲနဲ႔ ကိုင္တြယ္ေဆာင္ရြက္ၾကဖို႔ တိုက္တြန္းထားပါတယ္။
ဒါ့အျပင္ ကိုဗစ္ေၾကာင့္ ဆင္းရဲႏြမ္းပါးမႈ အပါအဝင္ တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ လုံၿခဳံမႈအပိုင္း၊ စစ္ေရးပဋိပကၡနဲ႔ ၿငိမ္းခ်မ္းေရးေတြမွာပါ စိန္ေခၚခ်က္ေတြ ရွိလာမွာျဖစ္ၿပီး အေရွ႕ေတာင္အာရွ ေဒသအတြင္း ဆယ္စုႏွစ္ၾကာ တိုက္ဖ်က္ေနတဲ့ ဆင္းရဲမႈေလွ်ာ့ခ်ေရး လုပ္ငန္းဟာလည္း ေနာက္ျပန္ဆုတ္သြားႏုိင္တယ္လို႔ António Guterres က သတိေပးထားပါတယ္။
----------------------------------
(Unicode)
မြန်မာအပါအဝင် အရှေ့တောင်အာရှ လူမှုစီးပွားကပ်ဘေး အန္တရာယ် ကုလအကြီးအကဲ သတိပေ
ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေဟာ လူမှုစီးပွား အကျပ်အတည်းကြီးကို ရင်ဆိုင်လာရဖွယ် ရှိတယ်လို့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။
ကမ္ဘာ့နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေဟာ ကပ်ရောဂါရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး အဲဒီဒေသမှာရှိကြတဲ့ အလုပ်လုပ်နေသူ သန်း ၂၂၀ နီးပါးရဲ့ နေ့စဉ် စားဝတ်နေရေးဘဝကို ထိခိုက်လာစေမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ‘အရှေ့တောင်အာရှဒေသတွင်း COVID-19 သက်ရောက်မှု အစီရင်ခံစာ’ မှာ ကုလအတွင်းရေးမှူးချုပ် António Guterres က ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။
"လက်ရှိအခြေအနေက စီးပွားရေးကျဆင်းမှု၊ အလုပ်လက်မဲ့နဲ့ လူမှုရေး တင်းမာမှုဘက်ကို ဦးတည်သွားစေမှာ ဖြစ်တဲ့အပြင် နိုင်ငံရေးလုပ်ငန်းစဉ်တွေ ရပ်တန့်ကုန်တာ အခြေအနေတွေ ပိုဆိုးလာစေမှာ ဖြစ်ပါတယ်။"
မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကြောင့် အထိနာလာတဲ့ စီးပွားရေးကို ပြန်လည်ကုစားနိုင်ဖို့ အစိုးရက ချေးငွေအစီအစဉ် တချို့နဲ့အတူ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ကလည်း ချေးငွေအစီအစဉ်တွေ လုပ်ဆောင်နေတယ် ဆိုပေမယ့် လက်တွေ့မှာတော့ စီးပွားရေးကဏ္ဍ အများစုဟာ သိသိသာသာ ထိခိုက်နေတယ်လို့ ရန်ကုန်မြို့အခြေစိုက် Smart Way Travelခရီးသွားလုပ်ငန်း တာဝန်ခံ ကိုသန်းထွဋ်အောင် ခေါ် Anthony Aung က ဗွီအိုအေကို ပြောပါတယ်။
"ဒီအချိန်မှာ ကျနော့်ပတ်ဝန်းကျင်က စီးပွားရေးလုပ်ငန်းရှင် အတော်များများ ညည်းနေကြတာပဲ။ ဒါပေမယ့် ကျနော်သိရသလောက်ကတော့ ဒီ ဆောက်လုပ်ရေးပစ္စည်း ရောင်းတဲ့သူတွေကတော့ အကျိုးတော်တော်ခံစားရတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအချိန်မှာ လူတွေက အားနေကြတယ်။ အလုပ်မကောင်းတဲ့ အခါကျတော့ အိမ်မှာပဲ ရှိနေကြတော့ အိမ်ကို ဟိုနေရာပြုပြင် ဒီနေရာပြုပြင်ဖို့အတွက် တိုလီမုတ်စလေးတွေ ဝယ်ကြတယ်ပေါ့။ အဲဒီတော့ ဆောက်လုပ်ရေးပစ္စည်း အသေးအမွှားတွေ ရောင်းကောင်းတယ်။ ဒါပေမယ့် ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေ ဆောက်နေချိန်မဟုတ်တော့ အကြီးသမားတွေက ရောင်းအားမကောင်းကြဘူး။”
မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ အဓိက ဝင်ငွေရစေတဲ့အထဲ ခရီးသွားလုပ်ငန်းက ထိပ်ဆုံးက ပါဝင်နေတာပါ။ ကိုဗစ် ကပ်ရောဂါကြောင့် နိုင်ငံတကာ လေယာဉ်ပျံသန်းမှုတွေ ပိတ်ထားရသလို ပြည်တွင်းမှာလည်း ခရီးသွားတွေ စိတ်အဝင်စားဆုံး ရွှေတိဂုံလို၊ အင်းလေး ဖောင်တော်ဦးလို၊ ပုဂံလို နေရာတွေပါ ပိတ်ထားတာကြောင့် ခရီးသွားလုပ်ငန်းကြီးတခုလုံး ကျဆင်းနေပြီး သူနဲ့ဆက်စပ်နေတဲ့ လုပ်ငန်းတွေပါ ထိခိုက်နေရတယ်လို့ ကို Anthony က ပြောပါတယ်။
"အမှန်တော့ ဒီ ခရီးသွားလုပ်ငန်းမှာ ခရီးသွားကုမ္ပဏီတွေပဲ ထိခိုက်တာမဟုတ်ဘူး။ ဟိုတယ်တွေလည်း ထိခိုက်တယ်။ ဟိုတယ်တွေ ထိခိုက်တော့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေပါ ထိခိုက်လာတယ်။ တချို့ဟိုတယ်တွေဆို လစာမပေးနိုင်တာတွေ ရှိတယ်။ နောက်ပြီး လက်ဆောင်ပစ္စည်းရောင်းတဲ့ Souvenir ဆိုင်တွေလည်း ထိခိုက်တယ်။ နောက်ပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်တဲ့ ဘုရားတို့၊ ဘုရားစောင်းတန်းက ဆိုင်သမားတွေလည်း ထိခိုက်တယ်။ နောက်ပြီး ဘုရားတွေဘက်က ကြည့်မယ်ဆိုရင်လည်း နိုင်ငံခြားသား ခရီးသွားတွေ လာရင် ကောက်နေကြဖြစ်တဲ့ ဝင်ကြေးတွေလည်း မရတော့ဘူးဆိုတော့ ကဏ္ဍတွေ အများကြီး ထိခိုက်တာပါပဲ။"
အကယ်၍ အစိုးရကသာ မူဝါဒ အပြောင်းအလဲတချို့ လုပ်ပြီး ဆောင်ရွက်ပေးနိုင်ရင် မြန်မာ့ခရီးသွားလုပ်ငန်းကို ကျားကန်ထားနိုင်မယ်လို့ ကို Anthony က အကြံပြုပါတယ်။
"ဆိုတော့ ခရီးသွားလုပ်ငန်း ပြန်ဖွံ့ဖြိုးဖို့က လိုဦးမယ်။ ကျနော့်အမြင်မှာတော့ ကိုဗစ်ရောဂါကို ထိန်းသိမ်းနိုင်တဲ့ နိုင်ငံတချို့နဲ့ပေါ့ ပူးပေါင်းဆောင်ရွက်ပြီး Bubble Tourism ပေါ့၊ နှစ်နိုင်ငံကြား အတွင်းမှာပဲ ကိုယ့်နိုင်ငံကလူတွေ သူ့ဆီ သွားလည်လို့ရမယ်၊ သူ့နိုင်ငံကလူတွေ ကိုယ့်ဆီလာလည်လို့ရမယ် ဆိုတဲ့ပုံစံမျိုးနဲ့ သဘောတူညီချက်တခု ယူထားမယ်ဆိုရင်၊ အားလုံးကို ဖွင့်ပေးလိုက်တာမျိုး မဟုတ်ဘဲ တချို့နိုင်ငံတွေနဲ့သာ စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုရင်တော့ ခရီးသွားလုပ်ငန်းရှင်တွေအတွက် နည်းနည်း အသက်ရှူ ချောင်လိမ့်မယ်။"
ကုလအတွင်းရေးမှူးချုပ် António Guterres ရဲ့ အစီရင်ခံစာထဲမှာတော့ အစိုးရတွေအနေနဲ့ ရေတိုမှာ ကိုဗစ်ကုစားရေးအတွက် အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်ကြဖို့နဲ့ ရေရှည်မှာ လူမှုစီးပွားရေးဆိုင်ရာ မူဝါဒအပြောင်းအလဲနဲ့ ကိုင်တွယ်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကိုဗစ်ကြောင့် ဆင်းရဲနွမ်းပါးမှု အပါအဝင် တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံမှုအပိုင်း၊ စစ်ရေးပဋိပက္ခနဲ့ ငြိမ်းချမ်းရေးတွေမှာပါ စိန်ခေါ်ချက်တွေ ရှိလာမှာဖြစ်ပြီး အရှေ့တောင်အာရှ ဒေသအတွင်း ဆယ်စုနှစ်ကြာ တိုက်ဖျက်နေတဲ့ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းဟာလည်း နောက်ပြန်ဆုတ်သွားနိုင်တယ်လို့António Guterres က သတိပေးထားပါတယ်။