သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ျပည္ေတာ္ျပန္ အမ်ိဳးသမီးတခ်ိဳ႕ရဲ႕ အေတြ႔အၾကံဳ 


(Zawgyi/Unicode)

ကမၻာတ၀ွမ္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ စက္႐ံု အလုပ္ရံုေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြ အမ်ားအျပား ပိတ္ပစ္လိုက္ရတာမွာ အိမ္နီးခ်င္းႏိုင္ငံေတြမွာ သြားေရာက္ အလုပ္ လုပ္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြ ေသာင္းနဲ႔ခ်ီ အလုပ္လက္မဲ့ျဖစ္ျပီး ေနရပ္ ျပန္လာေနၾကရပါတယ္။ ဒီလိုျပန္လာေနၾကရေပမဲ့လို႔ လက္ရွိ တိုင္းျပည္တြင္းမွာကလည္း အလုပ္အကိုင္ အခြင့္အလမ္းေတြ နည္းပါးေနတာေၾကာင့္ ျပည္ေတာ္ျပန္ေတြ အမ်ားအျပား အလုပ္လက္မဲ့ ဘ၀နဲ႔ စား၀တ္ေနေရး အခက္ၾကံဳၾကရပါတယ္။ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈေတြေၾကာင့္ ေနရပ္ျပန္လာရၾကတဲ့ ျမန္မာ အမ်ိဳးသမီးတခ်ိဳ႕ရဲ႕ အေတြ႔အၾကံဳေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ ျဖစ္လာတဲ့ စီးပြားေရးအေပၚ ႐ိုက္ခတ္မႈေတြ ႏုိင္ငံတုိင္းလိုလို ၾကံဳေတြ႔ၾကရသလို၊ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား သန္းနဲ႔ခ်ီ ရွိေနတဲ့ အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာဆိုရင္လည္း အသြားအလာေတြ ကန္႔သတ္၊ စီးပြားေရးလုပ္ငန္းေတြ ပိတ္ပစ္လိုက္ရျပီး အေရးေပၚ အေျခအေန လနဲ႔ခ်ီ ေၾကညာရတဲ့အထိ ျဖစ္ခဲ့တာပါ။ အဲ့ဒီလို လုပ္ငန္းေတြ ရပ္နားသြားတဲ့ကာလအတြင္း အလုပ္လက္မဲ့ျဖစ္ျပီး အခက္အခဲ ၾကံဳၾကရတဲ့ ျမန္မာႏိုင္ငံသားေတြ အမ်ားအျပား ေနရပ္ျပန္ခဲ့ၾကရသလို၊ ဒီအထဲမွာ မေဌးေဌးၾကြယ္တို႔ ဇနီးေမာင္ႏွံလည္း ပါ ပါတယ္။

''မတ္လထဲက ျပန္ေရာက္တယ္။ ျပန္ေရာက္ေတာ့ ဒီဘက္မွာ Quarantine ၁၄ ရက္ ၀င္ရတယ္။ အဲ့ဒီကတည္းက ျမန္မာျပည္မွာ Quarantine ေတြ ၀င္ရေတာ့မယ္ဆိုျပီး ကိုယ္ေတြေရာက္တဲ့ အခ်ိန္နဲ႔ သြားၾကံဳေတာ့ Quarantine ၀င္လိုက္ရတယ္။ အေစာပိုင္း ပထမျပန္လာတဲ့ သူေတြတုန္းက လူက သိပ္မက်ပ္ေသးဘူး။ ညီမတို႔ျပန္တဲ့အခ်ိန္ ေရာက္ေတာ့မွ ကားခေတြလည္း ေစ်းေတြ တက္ကုန္တယ္။ မေျပာဘဲနဲ႔ေပါ့ေနာ္။ ကားသမားက မေျပာဘဲနဲ႔ ေစ်းေတြတက္ကုန္တာေတြ ရွိတယ္။''

ဒါကေတာ့ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ျပီး ကုိဗစ္ကာလမွာ ေနရပ္ ျပန္ေရာက္လာတဲ့ ေညာင္ေလးပင္ျမိဳ႕က မေဌးေဌးၾကြယ္ ေျပာျပခဲ့တာပါ။ ဒီလိုထိုင္းကေန ျပန္လာခဲ့တဲ့အခ်ိန္ဟာ သၾကၤန္ကာလနဲ႔ သိပ္မေ၀းေတာ့သလို၊ ထိုင္းႏုိင္ငံမွာ သၾကၤန္ရက္ကာလဆိုရင္ အလုပ္ေတြလည္း ပိတ္ေလ့ရွိတာေၾကာင့္ သၾကၤန္ ပိတ္ရက္ျပီးရင္ေတာ့ ထိုင္းဘက္ျပန္သြား အလုပ္ လုပ္ႏုိင္ဖို႔ ေမ ွ်ာ္လင့္ခဲ့တယ္လုိ႔လည္း မေဌးေဌးၾကြယ္က ေျပာပါတယ္။

“ဟုိမွာက ေကာ့ဆန္းေလ။ ေကာ့ဆန္းဆိုေတာ့ အိမ္ေဆာက္တဲ့ေနရာရယ္၊ လမ္းလုပ္တဲ့ေနရာေတြမွာ လုပ္ရတယ္။ ညီမတို႔က အိမ္ေဆာက္တာဆိုရင္ အႏၱရာယ္မ်ားလို႔ အိမ္ေဆာက္တဲ့အလုပ္ မလုပ္ဘူး။ လမ္းလုပ္တဲ့ အလုပ္မွာလုပ္တယ္။ တႏွစ္ေလာက္ပဲရွိေသးတယ္။ လိုက္သြားတာ။ အဲ့ဒီမွာ အမ်ိဳးသားရွိေတာ့ သူတို႔ဆီသြားရင္း၊ အလုပ္သြားလုပ္ရင္းနဲ႔ ျမန္မာႏုိင္ငံကို ခန ျပန္လာမယ္ဆိုျပီး အဲ့ဒီလို ရည္မွန္းထားတာေပါ့။ ကုိယ္ေတြက ဒီကို ျပန္လာမယ္။ မိသားစုေတြကိုလည္း ဒီဘက္မွာ ကိုဗစ္-၁၉ ေၾကာင့္ စိတ္ပူလို႔။ ျပီးေတာ့ ကေလးလည္း ရွိေနတယ္ဆိုေတာ့ အျပင္ထြက္ရင္ တခုခုျဖစ္မွာစိုးေတာ့ မိသားစု စိတ္ပူတာေတြလည္း ပါတယ္။ ထိုင္းဘက္ ျပန္လာရလိမ့္မယ္လို႔လည္း ေမ ွ်ာ္မွန္းထားျပီးေတာ့ အဲ့ဒီလိုပဲေပါ့ေနာ္။ လမ္းကေတာ့ ဖြင့္မွာပဲဆိုျပီး အဲဒီလိုေမ ွ်ာ္မွန္းခ်က္လည္း ပါတယ္။ အဲ့ဒါ လမ္းမွာက်ေတာ့ အခက္အခဲကေတာ့ ပိုက္ဆံ ေငြေရးေၾကးေရးေပါ့။ ကိုယ္လည္း ဒီမွာ အေၾကြးေတြနဲ႔။ ထိုင္းဘက္တက္သြားတာ အေၾကြးေတာင္ မေက်ေသးဘူးေလ။ အဲ့ဒီလို ျပႆနာ အခက္အခဲေလးေတြ။ ပိုက္ဆံ ေငြေရးေၾကးေရး အခက္အခဲေတြ ေတာ့ ရွိတယ္။''

ဒီလိုနဲ႔ မတ္လထဲကေန ေနရပ္ျမန္မာႏုိင္ငံကို ျပန္ေရာက္လာခဲ့တာ အခုဆိုရင္ေတာ့ ၃ လေက်ာ္လာေပမဲ့၊ ထိုင္းဘက္ ျပန္သြားျပီး အလုပ္ လုပ္လို႔လည္းမရ၊ ျမန္မာႏုိင္ငံတြင္းမွာလည္း အလုပ္ရွာမရနဲ႔ အခက္အခဲ ၾကံဳရတယ္လို႔လည္း မေဌးေဌးၾကြယ္က ေျပာပါတယ္။

“အခက္အခဲေတာ့ ရွိတာေပါ့ေနာ္။ အမ်ိဳးသားကလည္း ဘန္ေကာက္မွာေနတာ ၁၅ ႏွစ္သားေလာက္ကတည္းက ေနခဲ့တာဆိုေတာ့ သူက ျမန္မာျပည္ေရာက္ေတာ့ အလုပ္အကိုင္က မလုပ္စားတတ္တာရယ္။ ျပီးေတာ့ ဒီနယ္ကလူေတြက အလုပ္ေတြဘာေတြ မေခၚတာရယ္။ အဲ့ဒါနဲ႔ အေမ့ဆီမွာပဲ မိသားစုလိုက္ ေနတာဆိုေတာ့ အေမကပဲ ေကၽြးထားရတာေပါ့။ အကုန္လံုး မိသားစုသံုးေယာက္စလံုးကို အေမပဲ ေကၽြးထားတာေပါ့။ အခုဆိုရင္ေတာ့ မုန္႔ဆိုင္ေလးဖြင့္္ျပီး ကေလးေတြအတြက္ မုန္႔ေလး ေရာင္းတယ္ တႏုိင္တပိုင္။ ဒီဆိုင္ေလးေလာက္ပဲ ဖြင့္ထားတယ္။ ဒီမုန္႔ဆိုင္ေလး ကေတာ့ ကေလးမုန္႔စားတဲ့ ကေလးမုန္႔ဖိုးေလာက္ေလးပဲ ဖြင့္ထားတာေပါ့။”

ဒီလို ကုိဗစ္-၁၉ ေၾကာင့္ ျပည္ပႏုိင္ငံေတြကေန ျပန္လာၾကတဲ့ ျမန္မာႏိုင္ငံသားေတြ အတြက္ လိုအပ္တဲ့အကူအညီေတြကို အစိုးရ ဒါမွမဟုတ္ ရပ္ရြာအလုိက္ ကူညီေစာင့္ေရွာက္တာေတြေရာ ရွိပါလား။ အစိုးရက ေငြသား ကူညီေထာက္ပံ့မယ္လို႔ ၾကားေပမဲ့ ခုထိေတာ့ မရေသးဘူးလို႔ မေဌးေဌးၾကြယ္က ေျပာပါတယ္။

“မရဘူးအစ္မ။ သူတို႔ေၾကညာထားတယ္။ တအိမ္ေထာင္တဦးကို ေငြ ၄ ေသာင္းေပးမယ္ဆိုတာကို လာေတာ့ ေကာက္ခံတယ္။ ဒါေပမဲ့ အဲ့ဒီလို ေပးတာမရွိဘူး။ ပထမတုန္းက မိသားစု တစုကို ဆန္ ၈ ျပည္ေပးတာေတာ့ ရွိတယ္။ အဲ့ဒါေပးတာကေတာ့ အိမ္ကအေမက မုဆိုးမ ဆိုေတာ့ အေမ ရတယ္။ ဒီျပည္ေတာ္ျပန္ေတြအတြက္ကေတာ့ ဘာမွမပါဘူး။ ဘာမွမလာဘူး။ ဒါေပမဲ့ စာရင္းကေတာ့ အိမ္က မိသားစုအလိုက္ေပါ့ေနာ္။ အေမ့ရဲ႕ နာမည္က ထိပ္ဆံုးကဆိုေတာ့ အေမ့ရဲ႕ နာမည္နဲ႔ အဲ့ဒီလို ယူသြားတယ္။ ညီမတို႔ရပ္ကြက္မွာရွိတဲ့ ဆင္းရဲသားအပိုင္း ေပါ့ေနာ္။ ညီမတို႔ရပ္ကြက္ဆိုရင္ အဲ့ဒီလိုမ်ိဳး စာရင္းေကာက္သြားတယ္။ ဒါေပမဲ့ ဘာတခုမွ မလာဘူး။”

ဒီလိုအခ်ိန္မွာ ထိုင္းႏိုင္ငံ ဘက္မွာ လုပ္ငန္းတခ်ိဳ႕ ျပန္ ဖြင့္လာေနတဲ့အတြက္ ျပန္သြားလုပ္ဖို႔ ဆိုတာမွာလည္း နယ္စပ္ အသြားအလာေတြ ပိတ္ထားဆဲမို႔ ျပန္မရဘူးလို႔လည္း မေဌးေဌးၾကြယ္က ေျပာပါတယ္။ ဒီလို အခက္အခဲၾကံဳေနရတဲ့ ထိုင္းဘက္ကျပန္လာသူ ျမန္မာေတြရွိသလိုဘဲ၊ အိမ္နီးခ်င္း တ႐ုတ္ႏုိင္ငံမွာ အလုပ္ လုပ္ေနရင္း ကိုဗစ္-၁၉ ေၾကာင့္ စီးပြားေရး အေရာင္းအ၀ယ္ေတြ ထိခိုက္ျပီး ေနရပ္ ျပန္လာၾကရတဲ့ ျမန္မာႏိုင္ငံသားေတြလည္း ရွိပါတယ္။ တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္နဲ႔ ေရႊလီျမိဳ႕ေတြမွာ ၄ ႏွစ္ေလာက္ ေနထိုင္ လုပ္ကိုင္ ရွာေဖြ စားေသာက္ေနရာကေန ကိုဗစ္-၁၉ ေၾကာင့္ ေနရပ္ျပန္လာရတဲ့ မၾကည္ၾကည္မိုး ေျပာျပတာကို နားေထာင္ၾကည့္ရေအာင္ပါ။

“ပထမတုန္းက မူဆယ္ဘက္မွာပဲေနတာပါ။ ေနာက္ ေရႊလီထဲကိုေျပာင္းသြားတာက ၁ ႏွစ္ေက်ာ္ေလာက္ၾကာျပီ။ ေယာက်္ားက ကုန္ထမ္းတာေလ။ ေယာက်္ားက ကုန္ထမ္းေတာ့ သိပ္ျပီး အဆင္မေျပဘူး။ အဲ့ဒါေၾကာင့္ ဟိုဘက္ ေရႊလီထဲသြားလို႔ရွိရင္ ေစ်းေတြဘာေတြေရာင္းရင္ ေကာင္းတယ္လို႔ အေပါင္းအသင္းေတြကေျပာလို႔ အဲ့ဒီဘက္မွာ ေစ်းသြားေရာင္းတာပါ။ အဲ့ဘက္က စက္႐ံုေတြမွာ ကေလးေတြကို ဟင္းေလးေတြ ဘာေတြ ခ်က္ေရာင္းတာေလ။ အခန္းငွားျပီးေတာ့ ဟင္းေတြဘာေတြ ခ်က္ေရာင္းတာပါ။ ဒီ ကိုဗစ္ျဖစ္တဲ့အခ်ိန္မွာ ပက္စ္ပို႔စ္ေတြ ဘာေတြမရွိလို႔ ဖမ္းတာေတြ ရွိတယ္။ အစ္မတို႔ကေတာ့ ပက္စ္ပို႔စ္ေတြ ဘာေတြ လုပ္ထားတာဆိုေတာ့ အဖမ္းေတာ့ မခံရဘူး။ ကိုယ့္ဟာကိုယ္ ကိုယ့္အိမ္ထဲမွာကိုယ္ေနျပီး အျပင္မထြက္ရဘူးဆိုေတာ့ လုပ္ကိုင္စားေသာက္ဖို႔ သိပ္ျပီးထြက္လို႔မရေတာ့ ဒီေနာက္ပိုင္းက်ေတာ့ က်ပ္တည္းတာ။ အခုဟာကေတာ့ ပဲခူးကို ျပန္လာတာဆိုေတာ့ ေလာေလာဆယ္ ဘာလုပ္လို႔ လုပ္ရမွန္းကို မသိပါဘူး။ ေစ်းေရာင္းေစ်း၀ယ္ေလးပဲ လုပ္စားရင္ေကာင္းမလား စဥ္းစားေနတာပါ။ တ႐ုတ္ျပည္ကေတာ့ ျပန္မသြားေတာ့ဘူး။”

မၾကည္ၾကည္မိုးကေတာ့ ေရႊလီက ျပန္လာတာ ရက္ပိုင္းပဲ ရွိပါေသးတယ္။ ေလာေလာဆယ္ အစိုးရကသတ္မွတ္ထားတဲ့ Quarantine ေနရာတခုမွာ ေန ေနရျပီး Quarantine ကာလ ျဖတ္သန္းျပီးရင္ေတာ့ မိသားစု ေဆြမ်ိဳးေတြရွိရာ ပဲခူးမွာပဲ လုပ္ကိုင္စားေသာက္မယ္လို႔ ေျပာပါတယ္။ မိခင္တေယာက္ျဖစ္တာေၾကာင့္ ကိုဗစ္ကာလ ႐ုန္းကန္မႈေတြၾကားမွာ သားျဖစ္သူရဲ႕ ပညာေရးအတြက္ စိုးရိမ္ေနသူလည္း ျဖစ္ပါတယ္။

“အသက္က ၆ ႏွစ္ရွိျပီ။ သူ႔ကို ေရႊလီထဲမွာ KG ထားခဲ့တာေလ။ အခု ဒီျပန္ေရာက္ေတာ့ ၁ တန္းစတက္မွာေပါ့ ဒီကေလး ေလးက။ ကေလးပညာေရးအတြက္ပဲ အစ္မက စိတ္ပူတာပါ။ က်န္တာကေတာ့ အစ္မတို႔ လႈပ္ရွား ႐ုန္းကန္ရမွာေပါ့။ ဒီကေလး ပညာေရးကိုပဲ ဆံုးခန္းတိုင္ေအာင္ ထားခ်င္တာ။ ပဲခူးမွာပဲ ထားမယ္။ သူ႔အတြက္ စိတ္ပူတာေပါ့ ညီမရယ္။ ဘယ္လို ဘယ္နား ဘယ္ေက်ာင္းကို ထားရင္ေကာင္းမတုန္း။ ဘယ္ေတာ့ဖြင့္မလဲ။ ေက်ာင္းေတြဖြင့္တဲ့အခါက်ေတာ့ေရာ လူအစုအေ၀းနဲ႔ေရာ ဘယ္လိုစီစဥ္မတုန္း။ အဲ့ဒါေတြနဲ႔ စိတ္ပူေနရတာ ဒီကေလးအတြက္။”

မၾကည္ၾကည္မိုး တို႔လို ေနရပ္ကို ခုမွ ေလာေလာလတ္လတ္ ျပန္ေရာက္လာျပီး ေရွ႕ေရးအတြက္ ပူပင္ေနၾကရသူေတြ ရွိသလို၊ အေစာပိုင္းကာလကတည္းက ျပန္ေရာက္လာျပီး အလုပ္လက္မဲ့ အခက္အခဲ ေတြ႔ေနသူေတြကလည္း ဒုနဲေဒး ရွိေနတာပါ။ အလုပ္အကိုင္ ေရေရရာရာ မရွိတာ လေတြနဲ႔ ခ်ီလာျပီျဖစ္တဲ့ မေဌးေဌးၾကြယ္တို႔ ဇနီးေမာင္ႏွံ ဆိုရင္ အခ်ိန္ၾကာလာတာနဲ႔အမ ွ် မိသားစု အက်ပ္အတည္း ပိုဆိုးလာတယ္လို႔ ေျပာပါတယ္။

“၀င္ေငြက တစ္လ တစ္လဆို ေတာ္ေတာ္ ထိခိုက္တယ္။ အခက္အခဲ ေတာ္ေတာ္ၾကံဳရတယ္။ ထိုင္းမွာက ပိုက္ဆံပိုျပီးေတာ့ မ်ားတာေပါ့ေနာ္။ အမ်ိဳးသားအလုပ္ဆုိရင္ ထိုင္းပိုက္ဆံနဲ႔ ျမန္မာေငြ လဲလိုက္တယ္ဆိုရင္ တစ္လကို ျမန္မာေငြ ၅ သိန္း ၆ သိန္းေလာက္ ပို႔ႏိုင္တယ္။ အခုဘာေတြ လိုအပ္မလဲဆိုရင္ေတာ့ ကိုယ့္မွာက ေငြေရးေၾကးေရး အခက္အခဲပါပဲ။ ေငြက ျမန္မာျပည္မွာဆိုရင္ သိတဲ့အတိုင္းပဲေလ။ ပိုက္ဆံ ေခ်းတယ္ဆိုရင္ အတိုးက တစ္လ ပံုမွန္ တက္ေနတာ။ ကိုယ့္ထက္ မရွိဆင္းရဲသားေတြ ဆိုရင္ ပိုေတာင္မွမ်ားပါတယ္။ အဲ့ဒီလိုမ်ိဳးဆိုေတာ့ ေငြေရးေၾကးေရး လာေထာက္ပံ့တာမ်ိဳး မရွိဆင္းရဲသားေတြကို ပိုျပီးေတာ့ ေထာက္ပံ့ေပးေစခ်င္တာေပါ့ေနာ္။ ကိုယ့္ရပ္ကြက္ထဲမွာဆိုရင္ ကိုယ့္ထက္မရွိဆင္းရဲသားေတြလည္း ရွိတယ္ေလ။ သူတို႔ကေတာ့ ေမ ွ်ာ္မွန္းတာေပါ့။ တစ္အိမ္ေထာင္ကို ေငြ ၄ ေသာင္းရမယ္ဆိုေတာ့။ အဲ့ဒီလိုေၾကညာထားတယ္။ လိုင္းေပၚမွာလည္း တစ္အိမ္ေထာင္ ၄ ေသာင္းနဲ႔ သူတို႔က ေၾကညာထားျပီးေတာ့ အခုကေတာ့ တစ္ခုမွ မရလိုက္ၾကဘူးေပါ့ အဲ့ဒီလိုမ်ိဳး။ ျပီးရင္လည္း ဒီဘက္မွာ ပိုဆိုးတာက ထိုင္းျပန္ေတြ၊ ႏုိင္ငံျခားျပန္ေတြ ဆိုရင္ အလုပ္ေတြကို ဘယ္သူမွမေခၚၾကဘူး။”

အေစာပိုင္း ျပန္ေရာက္လာခ်ိန္ကဆိုရင္ ျပည္ေတာ္ျပန္ေတြျဖစ္တဲ့အတြက္ ေရာဂါပိုးရွိသူေတြလို အထင္ခံခဲ့ရတာမ်ိဳးနဲ႔ေတာင္ ၾကံဳရတယ္လို႔လည္း မေဌးေဌးၾကြယ္က ေျပာပါတယ္။

“ညီမတို႔ ျပန္လာတဲ့အခ်ိန္ေတြတုန္းက ေတာ့ ထိုင္းျပန္ေတြမွာ ဒီေရာဂါ မေတြ႔ေသးဘူးေပါ့ေနာ္။ ေတြ႔တာဆိုလို႔ ဟို ႏုိင္ငံၾကီးေတြကေန ျပန္လာတဲ့သူေတြမွာ ေရာဂါပိုး ေတြ႔တာ ရွိတယ္။ ဒါေပမဲ့ သူတို႔က ႏိုင္ငံျပန္သား ဆိုရင္ အကုန္လံုးကို ေရာဂါသည္လို႔ပဲ သူတို႔ထင္တာကိုေတာ့ ၾကံဳဖူးပါတယ္။”

ကိုဗစ္-၁၉ ကာလမွာကေတာ့ ထိုင္းကျပန္လာတာပဲျဖစ္ျဖစ္၊ တ႐ုတ္၊ မေလးရွား၊ စင္ကာပူ၊ ကိုရီးယား၊ ဂ်ပန္ ဘယ္ႏိုင္ငံကပဲျပန္လာလာ ျပည္ေတာ္ျပန္ေတြအတြက္ အနည္းနဲ႔အမ်ား အခက္အခဲ ၾကံဳၾကရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအေျခအေနၾကီး အျမန္ဆံုး ျပန္လည္ ေကာင္းမြန္ျပီး အားလံုး အဆင္ေျပေစခ်င္တယ္လုိ႔လည္း မၾကည္ၾကည္မိုးက ေျပာပါတယ္။

“ကမၻာနဲ႔အ၀ွမ္းၾကီး ဒီလိုၾကီး ဒုကၡေတြ ေရာက္ကုန္တာဆိုေတာ့ ဒါၾကီးကိုပဲ ျမန္ျမန္ ျပီးဆံုးပါေစပဲ ဆုေတာင္းပါတယ္ညီမရယ္။”

လက္ရွိမွာေတာ့ ကမၻာတ၀ွမ္း ဒီေရာဂါကူးစက္မႈေတြကို သိသိသာသာ ထိန္းခ်ဳပ္ႏိုင္တဲ့အေျခအေနကို မေရာက္ေသးတာေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ အရင္လို အျပည့္အ၀ ျပန္ျဖစ္လာဖို႔ ႏုိင္ငံအသီးသီးမွာ ႐ုန္းကန္ေနၾကရဆဲျဖစ္ပါတယ္။ မၾကံဳစဖူးၾကံဳရတဲ့ အေျခအေန ျဖစ္သလို၊ ႐ိုက္ခတ္မႈ ပမာဏၾကီးမားျပီး ခန္႔မွန္းရခက္တဲ့ အေျခအေန ျဖစ္တာေၾကာင့္လည္း ခုလိုအခ်ိန္မွာ ျပန္ေတာ္ျပန္ေတြ အပါအ၀င္ လူသားတိုင္း အက်ပ္အတည္းၾကံဳေနၾကရတာပါ။ ဒါေၾကာင့္ ဒီေရာဂါ ကာကြယ္ ကုသႏုိင္တဲ့ေဆး၀ါးေတြ အျမန္ဆံုး ေတြ႔ရွိျပီး အက်ပ္အတည္းေတြကို ေျဖရွင္းကိုင္တြယ္ႏုိင္ဖို႔ အေရးၾကီးေနတယ္ဆိုတာကို တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲရပ္နားခြင့္ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္


=================================

ကိုဗစ်ကာလ ပြည်တော်ပြန် အမျိုးသမီးတချို့ရဲ့ အတွေ့အကြုံ

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် စက်ရုံ အလုပ်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အများအပြား ပိတ်ပစ်လိုက်ရတာမှာ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက် အလုပ် လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ သောင်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်ပြီး နေရပ် ပြန်လာနေကြရပါတယ်။ ဒီလိုပြန်လာနေကြရပေမဲ့လို့ လက်ရှိ တိုင်းပြည်တွင်းမှာကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးနေတာကြောင့် ပြည်တော်ပြန်တွေ အများအပြား အလုပ်လက်မဲ့ ဘဝနဲ့ စားဝတ်နေရေး အခက်ကြုံကြရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကြောင့် နေရပ်ပြန်လာရကြတဲ့ မြန်မာ အမျိုးသမီးတချို့ရဲ့ အတွေ့အကြုံတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဖြစ်လာတဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေ နိုင်ငံတိုင်းလိုလို ကြုံတွေ့ကြရသလို၊ မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနဲ့ချီ ရှိနေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း အသွားအလာတွေ ကန့်သတ်၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ပစ်လိုက်ရပြီး အရေးပေါ် အခြေအနေ လနဲ့ချီ ကြေညာရတဲ့အထိ ဖြစ်ခဲ့တာပါ။ အဲ့ဒီလို လုပ်ငန်းတွေ ရပ်နားသွားတဲ့ကာလအတွင်း အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲ ကြုံကြရတဲ့ မြန်မာနိုင်ငံသားတွေ အများအပြား နေရပ်ပြန်ခဲ့ကြရသလို၊ ဒီအထဲမှာ မဌေးဌေးကြွယ်တို့ ဇနီးမောင်နှံလည်း ပါ ပါတယ်။

''မတ်လထဲက ပြန်ရောက်တယ်။ ပြန်ရောက်တော့ ဒီဘက်မှာ Quarantine ၁၄ ရက် ဝင်ရတယ်။ အဲ့ဒီကတည်းက မြန်မာပြည်မှာ Quarantine တွေ ဝင်ရတော့မယ်ဆိုပြီး ကိုယ်တွေရောက်တဲ့ အချိန်နဲ့ သွားကြုံတော့ Quarantine ဝင်လိုက်ရတယ်။ အစောပိုင်း ပထမပြန်လာတဲ့ သူတွေတုန်းက လူက သိပ်မကျပ်သေးဘူး။ ညီမတို့ပြန်တဲ့အချိန် ရောက်တော့မှ ကားခတွေလည်း ဈေးတွေ တက်ကုန်တယ်။ မပြောဘဲနဲ့ပေါ့နော်။ ကားသမားက မပြောဘဲနဲ့ ဈေးတွေတက်ကုန်တာတွေ ရှိတယ်။''

ဒါကတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး ကိုဗစ်ကာလမှာ နေရပ် ပြန်ရောက်လာတဲ့ ညောင်လေးပင်မြို့က မဌေးဌေးကြွယ် ပြောပြခဲ့တာပါ။ ဒီလိုထိုင်းကနေ ပြန်လာခဲ့တဲ့အချိန်ဟာ သင်္ကြန်ကာလနဲ့ သိပ်မဝေးတော့သလို၊ ထိုင်းနိုင်ငံမှာ သင်္ကြန်ရက်ကာလဆိုရင် အလုပ်တွေလည်း ပိတ်လေ့ရှိတာကြောင့် သင်္ကြန် ပိတ်ရက်ပြီးရင်တော့ ထိုင်းဘက်ပြန်သွား အလုပ် လုပ်နိုင်ဖို့ မေ ျှာ်လင့်ခဲ့တယ်လို့လည်း မဌေးဌေးကြွယ်က ပြောပါတယ်။

“ဟိုမှာက ကော့ဆန်းလေ။ ကော့ဆန်းဆိုတော့ အိမ်ဆောက်တဲ့နေရာရယ်၊ လမ်းလုပ်တဲ့နေရာတွေမှာ လုပ်ရတယ်။ ညီမတို့က အိမ်ဆောက်တာဆိုရင် အန္တရာယ်များလို့ အိမ်ဆောက်တဲ့အလုပ် မလုပ်ဘူး။ လမ်းလုပ်တဲ့ အလုပ်မှာလုပ်တယ်။ တနှစ်လောက်ပဲရှိသေးတယ်။ လိုက်သွားတာ။ အဲ့ဒီမှာ အမျိုးသားရှိတော့ သူတို့ဆီသွားရင်း၊ အလုပ်သွားလုပ်ရင်းနဲ့ မြန်မာနိုင်ငံကို ခန ပြန်လာမယ်ဆိုပြီး အဲ့ဒီလို ရည်မှန်းထားတာပေါ့။ ကိုယ်တွေက ဒီကို ပြန်လာမယ်။ မိသားစုတွေကိုလည်း ဒီဘက်မှာ ကိုဗစ်-၁၉ ကြောင့် စိတ်ပူလို့။ ပြီးတော့ ကလေးလည်း ရှိနေတယ်ဆိုတော့ အပြင်ထွက်ရင် တခုခုဖြစ်မှာစိုးတော့ မိသားစု စိတ်ပူတာတွေလည်း ပါတယ်။ ထိုင်းဘက် ပြန်လာရလိမ့်မယ်လို့လည်း မေ ျှာ်မှန်းထားပြီးတော့ အဲ့ဒီလိုပဲပေါ့နော်။ လမ်းကတော့ ဖွင့်မှာပဲဆိုပြီး အဲဒီလိုမေ ျှာ်မှန်းချက်လည်း ပါတယ်။ အဲ့ဒါ လမ်းမှာကျတော့ အခက်အခဲကတော့ ပိုက်ဆံ ငွေရေးကြေးရေးပေါ့။ ကိုယ်လည်း ဒီမှာ အကြွေးတွေနဲ့။ ထိုင်းဘက်တက်သွားတာ အကြွေးတောင် မကျေသေးဘူးလေ။ အဲ့ဒီလို ပြဿနာ အခက်အခဲလေးတွေ။ ပိုက်ဆံ ငွေရေးကြေးရေး အခက်အခဲတွေ တော့ ရှိတယ်။''

ဒီလိုနဲ့ မတ်လထဲကနေ နေရပ်မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့တာ အခုဆိုရင်တော့ ၃ လကျော်လာပေမဲ့၊ ထိုင်းဘက် ပြန်သွားပြီး အလုပ် လုပ်လို့လည်းမရ၊ မြန်မာနိုင်ငံတွင်းမှာလည်း အလုပ်ရှာမရနဲ့ အခက်အခဲ ကြုံရတယ်လို့လည်း မဌေးဌေးကြွယ်က ပြောပါတယ်။

“အခက်အခဲတော့ ရှိတာပေါ့နော်။ အမျိုးသားကလည်း ဘန်ကောက်မှာနေတာ ၁၅ နှစ်သားလောက်ကတည်းက နေခဲ့တာဆိုတော့ သူက မြန်မာပြည်ရောက်တော့ အလုပ်အကိုင်က မလုပ်စားတတ်တာရယ်။ ပြီးတော့ ဒီနယ်ကလူတွေက အလုပ်တွေဘာတွေ မခေါ်တာရယ်။ အဲ့ဒါနဲ့ အမေ့ဆီမှာပဲ မိသားစုလိုက် နေတာဆိုတော့ အမေကပဲ ကျွေးထားရတာပေါ့။ အကုန်လုံး မိသားစုသုံးယောက်စလုံးကို အမေပဲ ကျွေးထားတာပေါ့။ အခုဆိုရင်တော့ မုန့်ဆိုင်လေးဖွင့််ပြီး ကလေးတွေအတွက် မုန့်လေး ရောင်းတယ် တနိုင်တပိုင်။ ဒီဆိုင်လေးလောက်ပဲ ဖွင့်ထားတယ်။ ဒီမုန့်ဆိုင်လေး ကတော့ ကလေးမုန့်စားတဲ့ ကလေးမုန့်ဖိုးလောက်လေးပဲ ဖွင့်ထားတာပေါ့။”

ဒီလို ကိုဗစ်-၁၉ ကြောင့် ပြည်ပနိုင်ငံတွေကနေ ပြန်လာကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက် လိုအပ်တဲ့အကူအညီတွေကို အစိုးရ ဒါမှမဟုတ် ရပ်ရွာအလိုက် ကူညီစောင့်ရှောက်တာတွေရော ရှိပါလား။ အစိုးရက ငွေသား ကူညီထောက်ပံ့မယ်လို့ ကြားပေမဲ့ ခုထိတော့ မရသေးဘူးလို့ မဌေးဌေးကြွယ်က ပြောပါတယ်။

“မရဘူးအစ်မ။ သူတို့ကြေညာထားတယ်။ တအိမ်ထောင်တဦးကို ငွေ ၄ သောင်းပေးမယ်ဆိုတာကို လာတော့ ကောက်ခံတယ်။ ဒါပေမဲ့ အဲ့ဒီလို ပေးတာမရှိဘူး။ ပထမတုန်းက မိသားစု တစုကို ဆန် ၈ ပြည်ပေးတာတော့ ရှိတယ်။ အဲ့ဒါပေးတာကတော့ အိမ်ကအမေက မုဆိုးမ ဆိုတော့ အမေ ရတယ်။ ဒီပြည်တော်ပြန်တွေအတွက်ကတော့ ဘာမှမပါဘူး။ ဘာမှမလာဘူး။ ဒါပေမဲ့ စာရင်းကတော့ အိမ်က မိသားစုအလိုက်ပေါ့နော်။ အမေ့ရဲ့ နာမည်က ထိပ်ဆုံးကဆိုတော့ အမေ့ရဲ့ နာမည်နဲ့ အဲ့ဒီလို ယူသွားတယ်။ ညီမတို့ရပ်ကွက်မှာရှိတဲ့ ဆင်းရဲသားအပိုင်း ပေါ့နော်။ ညီမတို့ရပ်ကွက်ဆိုရင် အဲ့ဒီလိုမျိုး စာရင်းကောက်သွားတယ်။ ဒါပေမဲ့ ဘာတခုမှ မလာဘူး။”

ဒီလိုအချိန်မှာ ထိုင်းနိုင်ငံ ဘက်မှာ လုပ်ငန်းတချို့ ပြန် ဖွင့်လာနေတဲ့အတွက် ပြန်သွားလုပ်ဖို့ ဆိုတာမှာလည်း နယ်စပ် အသွားအလာတွေ ပိတ်ထားဆဲမို့ ပြန်မရဘူးလို့လည်း မဌေးဌေးကြွယ်က ပြောပါတယ်။ ဒီလို အခက်အခဲကြုံနေရတဲ့ ထိုင်းဘက်ကပြန်လာသူ မြန်မာတွေရှိသလိုဘဲ၊ အိမ်နီးချင်း တရုတ်နိုင်ငံမှာ အလုပ် လုပ်နေရင်း ကိုဗစ်-၁၉ ကြောင့် စီးပွားရေး အရောင်းအဝယ်တွေ ထိခိုက်ပြီး နေရပ် ပြန်လာကြရတဲ့ မြန်မာနိုင်ငံသားတွေလည်း ရှိပါတယ်။ တရုတ်-မြန်မာနယ်စပ် မူဆယ်နဲ့ ရွှေလီမြို့တွေမှာ ၄ နှစ်လောက် နေထိုင် လုပ်ကိုင် ရှာဖွေ စားသောက်နေရာကနေ ကိုဗစ်-၁၉ ကြောင့် နေရပ်ပြန်လာရတဲ့ မကြည်ကြည်မိုး ပြောပြတာကို နားထောင်ကြည့်ရအောင်ပါ။

“ပထမတုန်းက မူဆယ်ဘက်မှာပဲနေတာပါ။ နောက် ရွှေလီထဲကိုပြောင်းသွားတာက ၁ နှစ်ကျော်လောက်ကြာပြီ။ ယောကျ်ားက ကုန်ထမ်းတာလေ။ ယောကျ်ားက ကုန်ထမ်းတော့ သိပ်ပြီး အဆင်မပြေဘူး။ အဲ့ဒါကြောင့် ဟိုဘက် ရွှေလီထဲသွားလို့ရှိရင် ဈေးတွေဘာတွေရောင်းရင် ကောင်းတယ်လို့ အပေါင်းအသင်းတွေကပြောလို့ အဲ့ဒီဘက်မှာ ဈေးသွားရောင်းတာပါ။ အဲ့ဘက်က စက်ရုံတွေမှာ ကလေးတွေကို ဟင်းလေးတွေ ဘာတွေ ချက်ရောင်းတာလေ။ အခန်းငှားပြီးတော့ ဟင်းတွေဘာတွေ ချက်ရောင်းတာပါ။ ဒီ ကိုဗစ်ဖြစ်တဲ့အချိန်မှာ ပက်စ်ပို့စ်တွေ ဘာတွေမရှိလို့ ဖမ်းတာတွေ ရှိတယ်။ အစ်မတို့ကတော့ ပက်စ်ပို့စ်တွေ ဘာတွေ လုပ်ထားတာဆိုတော့ အဖမ်းတော့ မခံရဘူး။ ကိုယ့်ဟာကိုယ် ကိုယ့်အိမ်ထဲမှာကိုယ်နေပြီး အပြင်မထွက်ရဘူးဆိုတော့ လုပ်ကိုင်စားသောက်ဖို့ သိပ်ပြီးထွက်လို့မရတော့ ဒီနောက်ပိုင်းကျတော့ ကျပ်တည်းတာ။ အခုဟာကတော့ ပဲခူးကို ပြန်လာတာဆိုတော့ လောလောဆယ် ဘာလုပ်လို့ လုပ်ရမှန်းကို မသိပါဘူး။ ဈေးရောင်းဈေးဝယ်လေးပဲ လုပ်စားရင်ကောင်းမလား စဉ်းစားနေတာပါ။ တရုတ်ပြည်ကတော့ ပြန်မသွားတော့ဘူး။”

မကြည်ကြည်မိုးကတော့ ရွှေလီက ပြန်လာတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ လောလောဆယ် အစိုးရကသတ်မှတ်ထားတဲ့ Quarantine နေရာတခုမှာ နေ နေရပြီး Quarantine ကာလ ဖြတ်သန်းပြီးရင်တော့ မိသားစု ဆွေမျိုးတွေရှိရာ ပဲခူးမှာပဲ လုပ်ကိုင်စားသောက်မယ်လို့ ပြောပါတယ်။ မိခင်တယောက်ဖြစ်တာကြောင့် ကိုဗစ်ကာလ ရုန်းကန်မှုတွေကြားမှာ သားဖြစ်သူရဲ့ ပညာရေးအတွက် စိုးရိမ်နေသူလည်း ဖြစ်ပါတယ်။

“အသက်က ၆ နှစ်ရှိပြီ။ သူ့ကို ရွှေလီထဲမှာ KG ထားခဲ့တာလေ။ အခု ဒီပြန်ရောက်တော့ ၁ တန်းစတက်မှာပေါ့ ဒီကလေး လေးက။ ကလေးပညာရေးအတွက်ပဲ အစ်မက စိတ်ပူတာပါ။ ကျန်တာကတော့ အစ်မတို့ လှုပ်ရှား ရုန်းကန်ရမှာပေါ့။ ဒီကလေး ပညာရေးကိုပဲ ဆုံးခန်းတိုင်အောင် ထားချင်တာ။ ပဲခူးမှာပဲ ထားမယ်။ သူ့အတွက် စိတ်ပူတာပေါ့ ညီမရယ်။ ဘယ်လို ဘယ်နား ဘယ်ကျောင်းကို ထားရင်ကောင်းမတုန်း။ ဘယ်တော့ဖွင့်မလဲ။ ကျောင်းတွေဖွင့်တဲ့အခါကျတော့ရော လူအစုအဝေးနဲ့ရော ဘယ်လိုစီစဉ်မတုန်း။ အဲ့ဒါတွေနဲ့ စိတ်ပူနေရတာ ဒီကလေးအတွက်။”

မကြည်ကြည်မိုး တို့လို နေရပ်ကို ခုမှ လောလောလတ်လတ် ပြန်ရောက်လာပြီး ရှေ့ရေးအတွက် ပူပင်နေကြရသူတွေ ရှိသလို၊ အစောပိုင်းကာလကတည်းက ပြန်ရောက်လာပြီး အလုပ်လက်မဲ့ အခက်အခဲ တွေ့နေသူတွေကလည်း ဒုနဲဒေး ရှိနေတာပါ။ အလုပ်အကိုင် ရေရေရာရာ မရှိတာ လတွေနဲ့ ချီလာပြီဖြစ်တဲ့ မဌေးဌေးကြွယ်တို့ ဇနီးမောင်နှံ ဆိုရင် အချိန်ကြာလာတာနဲ့အမ ျှ မိသားစု အကျပ်အတည်း ပိုဆိုးလာတယ်လို့ ပြောပါတယ်။

“ဝင်ငွေက တစ်လ တစ်လဆို တော်တော် ထိခိုက်တယ်။ အခက်အခဲ တော်တော်ကြုံရတယ်။ ထိုင်းမှာက ပိုက်ဆံပိုပြီးတော့ များတာပေါ့နော်။ အမျိုးသားအလုပ်ဆိုရင် ထိုင်းပိုက်ဆံနဲ့ မြန်မာငွေ လဲလိုက်တယ်ဆိုရင် တစ်လကို မြန်မာငွေ ၅ သိန်း ၆ သိန်းလောက် ပို့နိုင်တယ်။ အခုဘာတွေ လိုအပ်မလဲဆိုရင်တော့ ကိုယ့်မှာက ငွေရေးကြေးရေး အခက်အခဲပါပဲ။ ငွေက မြန်မာပြည်မှာဆိုရင် သိတဲ့အတိုင်းပဲလေ။ ပိုက်ဆံ ချေးတယ်ဆိုရင် အတိုးက တစ်လ ပုံမှန် တက်နေတာ။ ကိုယ့်ထက် မရှိဆင်းရဲသားတွေ ဆိုရင် ပိုတောင်မှများပါတယ်။ အဲ့ဒီလိုမျိုးဆိုတော့ ငွေရေးကြေးရေး လာထောက်ပံ့တာမျိုး မရှိဆင်းရဲသားတွေကို ပိုပြီးတော့ ထောက်ပံ့ပေးစေချင်တာပေါ့နော်။ ကိုယ့်ရပ်ကွက်ထဲမှာဆိုရင် ကိုယ့်ထက်မရှိဆင်းရဲသားတွေလည်း ရှိတယ်လေ။ သူတို့ကတော့ မေ ျှာ်မှန်းတာပေါ့။ တစ်အိမ်ထောင်ကို ငွေ ၄ သောင်းရမယ်ဆိုတော့။ အဲ့ဒီလိုကြေညာထားတယ်။ လိုင်းပေါ်မှာလည်း တစ်အိမ်ထောင် ၄ သောင်းနဲ့ သူတို့က ကြေညာထားပြီးတော့ အခုကတော့ တစ်ခုမှ မရလိုက်ကြဘူးပေါ့ အဲ့ဒီလိုမျိုး။ ပြီးရင်လည်း ဒီဘက်မှာ ပိုဆိုးတာက ထိုင်းပြန်တွေ၊ နိုင်ငံခြားပြန်တွေ ဆိုရင် အလုပ်တွေကို ဘယ်သူမှမခေါ်ကြဘူး။”

အစောပိုင်း ပြန်ရောက်လာချိန်ကဆိုရင် ပြည်တော်ပြန်တွေဖြစ်တဲ့အတွက် ရောဂါပိုးရှိသူတွေလို အထင်ခံခဲ့ရတာမျိုးနဲ့တောင် ကြုံရတယ်လို့လည်း မဌေးဌေးကြွယ်က ပြောပါတယ်။

“ညီမတို့ ပြန်လာတဲ့အချိန်တွေတုန်းက တော့ ထိုင်းပြန်တွေမှာ ဒီရောဂါ မတွေ့သေးဘူးပေါ့နော်။ တွေ့တာဆိုလို့ ဟို နိုင်ငံကြီးတွေကနေ ပြန်လာတဲ့သူတွေမှာ ရောဂါပိုး တွေ့တာ ရှိတယ်။ ဒါပေမဲ့ သူတို့က နိုင်ငံပြန်သား ဆိုရင် အကုန်လုံးကို ရောဂါသည်လို့ပဲ သူတို့ထင်တာကိုတော့ ကြုံဖူးပါတယ်။”

ကိုဗစ်-၁၉ ကာလမှာကတော့ ထိုင်းကပြန်လာတာပဲဖြစ်ဖြစ်၊ တရုတ်၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန် ဘယ်နိုင်ငံကပဲပြန်လာလာ ပြည်တော်ပြန်တွေအတွက် အနည်းနဲ့အများ အခက်အခဲ ကြုံကြရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေကြီး အမြန်ဆုံး ပြန်လည် ကောင်းမွန်ပြီး အားလုံး အဆင်ပြေစေချင်တယ်လို့လည်း မကြည်ကြည်မိုးက ပြောပါတယ်။

“ကမ္ဘာနဲ့အဝှမ်းကြီး ဒီလိုကြီး ဒုက္ခတွေ ရောက်ကုန်တာဆိုတော့ ဒါကြီးကိုပဲ မြန်မြန် ပြီးဆုံးပါစေပဲ ဆုတောင်းပါတယ်ညီမရယ်။”

လက်ရှိမှာတော့ ကမ္ဘာတဝှမ်း ဒီရောဂါကူးစက်မှုတွေကို သိသိသာသာ ထိန်းချုပ်နိုင်တဲ့အခြေအနေကို မရောက်သေးတာကြောင့် စီးပွားရေးလုပ်ငန်းတွေ အရင်လို အပြည့်အဝ ပြန်ဖြစ်လာဖို့ နိုင်ငံအသီးသီးမှာ ရုန်းကန်နေကြရဆဲဖြစ်ပါတယ်။ မကြုံစဖူးကြုံရတဲ့ အခြေအနေ ဖြစ်သလို၊ ရိုက်ခတ်မှု ပမာဏကြီးမားပြီး ခန့်မှန်းရခက်တဲ့ အခြေအနေ ဖြစ်တာကြောင့်လည်း ခုလိုအချိန်မှာ ပြန်တော်ပြန်တွေ အပါအဝင် လူသားတိုင်း အကျပ်အတည်းကြုံနေကြရတာပါ။ ဒါကြောင့် ဒီရောဂါ ကာကွယ် ကုသနိုင်တဲ့ဆေးဝါးတွေ အမြန်ဆုံး တွေ့ရှိပြီး အကျပ်အတည်းတွေကို ဖြေရှင်းကိုင်တွယ်နိုင်ဖို့ အရေးကြီးနေတယ်ဆိုတာကို တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG