သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္-၁၉ နဲ႔ ကေလးငယ္ေတြရဲ႕ ပညာေရး


(Zawgyi/Unicode)
ကမာၻတဝွမ္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ ႏိုင္ငံအတာ္မ်ားမ်ားမွာ စာသင္ေက်ာင္းေတြ ပိတ္ပစ္ခဲ့ရသလို၊ ဒီအေျခအေနက ကေလးငယ္ေတြရဲ႕ ပညာေရးနဲ႔ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားမႈေတြမွာ စိုးရိမ္စရာ အေျခအေနေတြ ျဖစ္လာေစတယ္လို႔ ကြၽမ္းက်င္ ပညာရွင္ေတြက သတိေပးေနၾကပါတယ္။ အထူးသျဖင့္ ဆင္းရဲႏြမ္းပါးတဲ့ ေနရာေဒသေတြမွာ ကေလးငယ္ေတြသန္းနဲ႔ခ်ီ ပညာေရး အခြင့္အလမ္း ဆုံးရႈံးေနၾကရသလို၊ ဒီအေျခအေနက မ်ိဳးဆက္တခုလုံး ထိခိုက္သြားႏိုင္တဲ့ အထိေတာင္ ျဖစ္ႏိုင္တယ္လို႔ တြက္ဆေျပာဆိုေနၾကတာပါ။ ကူးစက္မႈေတြ တိုးလာေနဆဲျဖစ္တဲ့ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ကေလးငယ္ေတြရဲ႕ ပညာေရးမွာ ဘယ္လိုသက္ေရာက္မႈေတြ ရွိေနပါလဲ။ ဒီအေပၚမွာ မိခင္တခ်ိဳ႕ရဲ႕ စိုးရိမ္မႈေတြ ဘယ္လိုရွိေနသလဲ။ ပညာရွင္တခ်ိဳ႕ကေရာ ဘာေတြ သတိေပး ေျပာဆိုေနၾကသလဲ ဆိုတာေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ဆက္ထားပါတယ္။

ကမာၻတဝွမ္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြဟာ လေတြနဲ႔ခ်ီ ၾကာျမင့္လာေနၿပီျဖစ္သလို၊ ကူးစက္မႈေတြကလည္း တေန႔တျခား တိုးလာေနဆဲျဖစ္ပါတယ္။ ေရာဂါကူးစက္မႈေတြ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အသြားအလာကန႔္သတ္မႈေတြနဲ႔အတူ စီးပြားေရးလုပ္ငန္းေတြ အမ်ားအျပား ပိတ္ပစ္လိုက္ရတဲ့အျပင္ စာသင္ေက်ာင္းတံခါးေတြပိတ္၊ ေက်ာင္းတက္ ေက်ာင္းဆင္း ေခါင္းေလာင္းသံေတြတိတ္လို႔ ကေလးကစားကြင္းေတြလည္း ေျခာက္ေသြ႕သြားခဲ့ရတာပါ။ ဒီအေပၚ ကေလးမိခင္ေတြရဲ႕ စိုးရိမ္ခ်က္ ဘာေတြရွိေနပါလဲ။

“က်မကေတာ့ ေတာ္ေတာ္ေတာ့ စိတ္ပူတာေပါ့ေနာ္။ အခုဒီ လာမယ့္ စာသင္ႏွစ္ ျပန္စတဲ့အခါ ေက်ာင္းေတြ ဖြင့္မလား မဖြင့္ဘူးလား ဆိုတာ အရမ္းစိုးရိမ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီအ႐ြယ္ေပါ့ေနာ္။ ဒီလိုငယ္တဲ့အ႐ြယ္က ေက်ာင္းမွာ စာသင္တာတခုတည္း မဟုတ္ဘဲနဲ႔ သူတို႔မွာ စိတ္ပိုင္းဆိုင္ရာအတြက္ ကစားတာေတြ အမ်ားႀကီး လိုအပ္ပါတယ္။ ေက်ာင္းကေန လုပ္ေပးတဲ့ဟာေတြေပါ့။ မိဘေတြ အိမ္မွာ မေပးႏိုင္တဲ့အရာေတြ ရွိတယ္။ ေက်ာင္းတက္တာက ပညာေရးအျပင္ တျခား ဆက္ဆံေရး၊ လူမႈေရး၊ စိတ္ခံစားမႈပိုင္းဆိုင္ရာေတြ အမ်ားႀကီး ပါတယ္။ အဲ့ဒါေတြက သူတို႔အ႐ြယ္နဲ႔သူတို႔ အတူတူေပါင္းၿပီးေတာ့ ေနမွ သူတို႔က အဲ့ဒါေတြကို နားလည္ၾကမွာပါ။ ၿပီးေတာ့ အိမ္မွာစာသင္တဲ့အခါ စာႀကိဳးစားဖို႔က motivation လႈံ႕ေဆာ္အား သိပ္မမ်ားဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္က စာသင္ခန္းထဲမွာ သူငယ္ခ်င္းေတြနဲ႔ စာဖတ္တာ မိနစ္အမ်ားဆုံး၊ ငါကေတာ့ သခ်ၤာကို အျမန္ဆုံးၿပီးတယ္ ဆိုတာမ်ိဳး။ အဲ့ဒီလိုမ်ိဳး healthy competition (ေကာင္းမြန္တဲ့ ၿပိဳင္ဆိုင္မႈမ်ိဳး) ေတြေပါ့။ အဲ့ဒီလို motivation ေတြက စာသင္ခန္းထဲမွာ မရွိရင္ အဲ့ဒါေတြက မရွိေတာ့ဘူး။ အဲ့ေတာ့ ကေလးက စိတ္ဓာတ္က်ရင္ က်မယ္။ ငါ ဘယ္ေလာက္ စာႀကိဳးစား ႀကိဳးစား အရာမထင္ဘူး ဆိုတာမ်ိဳး ျဖစ္လာမယ္ေပါ့ေနာ္။ သူတို႔ရဲ႕ စိတ္က။ ၿပီးေတာ့ တျခားဟာေတြကလည္း ခႏၶာကိုယ္ေလ့က်င့္ခန္း လုပ္တာေတြကလည္း အရမ္းအေရးၾကီးတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီအရြယ္က ေဆာ့ေလေလ လႈပ္ရွားေလေလ ေခါင္းက ပိုျပီးေတာ့ ျမန္ေလေလ ျဖစ္တယ္။ ဆိုေတာ့ ပိုစဥ္းစားဖို႔ အာ႐ံုစိုက္မႈလည္း ပိုရတယ္ေပါ့ေနာ္။ အဲ့ဒါေတြက်ေတာ့ မိဘတေယာက္ အေနနဲ႔ အထူးသျဖင့္ အလုပ္ လုပ္ေနတဲ့မိဘေတြက ဘယ္လို တေန႔လံုး တညလံုး သူတို႔နဲ႔ အခ်ိန္ေပးကစားဖို႔ အခ်ိန္မရွိဘူးေပါ့ေနာ္။ ဆုိေတာ့ အဲ့ဒါလည္း က်မ စိတ္ပူတယ္။”

နယူးေယာက္ၿမိဳ႕မွာ ေနထိုင္တဲ့ သားတေယာက္မိခင္ မျမတ္ႏိုးေဇာ္ ေျပာသြားတာပါ။ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ ကမာၻတဝွမ္း ကေလးငယ္သန္းေပါင္းမ်ားစြာ လတ္တေလာ ပညာေရးအခြင့္အလမ္း ဆုံးရႈံးေနရၿပီး မိသားစု စားဝတ္ေနေရး ပိုမို ခက္ခဲလာေနတဲ့ အေျခေအေနေတြ ေအာက္မွာ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားရမႈေတြ ပိုျပီး ၾကံဳလာရတယ္လို႔ University College London (UCL) တကၠသိုလ္က စိတ္ေရာဂါဆိုင္ရာ ပညာရွင္ ေဒါက္တာ Amelia Roberts က ေျပာပါတယ္။

"စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ဖြံ႕ၿဖိဳးမႈဆိုင္ရာ အဖြဲ႕ (Organisationfor Economic Cooperation and Development) ရဲ႕ ေျပာဆိုမႈအရ ႏိုင္ငံေပါင္း ၁၈၈ ႏိုင္ငံမွာ ကေလးစာသင္ေက်ာင္းေတြ ပိတ္ထားရၿပီး ကေလးငယ္ သန္း ၅,၀၀၀ ထိခိုက္ေနရတယ္လို႔ သိရပါတယ္။ ကမာၻ႔ဘဏ္ ေျပာတဲ့အထဲမွာလည္း ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လူ သန္း ၇၀ ေလာက္ ဆင္းရဲတြင္းထဲ က်ေရာက္မယ္လို႔ ေျပာထားပါတယ္။ ဒါေၾကာင့္ ဒီလို ဆင္းရဲတြင္းထဲေရာက္ဖို႔ လြယ္ကူသူေတြ၊ အခက္အခဲႀကဳံေနရသူေတြနဲ႔ ပတ္သက္လာရင္ ဒီျပႆနာကို ကမာၻလုံးဆိုင္ရာ ျပႆနာအျဖစ္ ၾကည့္ရပါလိမ့္မယ္။”

ခ်မ္းသာႂကြယ္ဝတဲ့ ႏိုင္ငံအမ်ားအျပားမွာေတာ့ ကြန္ပ်ဴတာနဲ႔ အင္တာနက္ဝန္ေဆာင္မႈအပါအဝင္ သင္ၾကားေထာက္ကူပစၥည္းေတြ ေနအိမ္မွာ သုံးႏိုင္ေအာင္ အစိုးရတာဝန္ရွိသူေတြက ေထာက္ပံ့ စီစဥ္ေပးၿပီး ကေလးငယ္ေတြရဲ႕ ပညာေရး အဆက္မျပတ္သြားရေအာင္ အြန္လိုင္းေပၚကေန ဆက္ၿပီး စာသင္ၾကားေပးတာေတြ ရွိပါတယ္။ ဒါေပမဲ့ ဒီလိုအေျခအေနမ်ိဳးကို ကေလးငယ္တိုင္း ရၾကတာေတာ့ မဟုတ္ပါဘူး။ ဆင္းရဲႏြမ္းပါးတဲ့ ေနရာေဒသေတြမွာ ဒီလိုသင္ၾကားေပးႏိုင္တဲ့ အခြင့္အလမ္းက အေတာ့္ကိုနည္းတယ္လို႔ ေဒါက္တာ Amelia Roberts က ေျပာပါတယ္။

“ပိုၿပီးေတာ့ ဆင္းရဲႏြမ္းပါးတဲ့ ေနရာေတြမွာဆိုရင္ ကေလးေတြအတြက္ ေန႔စဥ္ ေက်ာင္းစာ သင္ခန္းစာေတြ သင္ၾကားပို႔ခ်ေပးဖို႔က ပိုၿပီးေတာ့ ခက္ပါတယ္။ အဲ့ဒီလို လုပ္ေပးႏိုင္တဲ့ေက်ာင္းက ၃၀ % ပဲရွိတာပါ။ ခ်မ္းသာတဲ့ေနရာေတြမွာ ဆိုရင္ေတာ့ ၅၀ % ေလာက္ ရွိပါတယ္။”

လက္ရွိအေျခအေနမွာ ေရာဂါကူးစက္မႈေတြ က်ဆင္းမသြားေသးတာေၾကာင့္ စာသင္ေက်ာင္းေတြ ပုံမွန္အတိုင္းဖြင့္ဖို႔ မဖြင့္ဖို႔ ဆိုတာကိုပါ တာဝန္ရွိသူေတြ စဥ္းစားေနၾကရဆဲ ျဖစ္သလို၊ ဖြင့္တဲ့အခါမွာလည္း က်န္းမာေရးအရ အႏၲရာယ္ကင္းႏိုင္မယ့္ နည္းလမ္းေတြ စနစ္တက် ခ်မွတ္ေဆာင္႐ြက္ဖို႔ အေရးႀကီးေနတာပါ။ မျမတ္ႏိုးေဇာ္ ကေတာ့ ကေလးငယ္ေတြ ေက်ာင္းျပန္ တက္သင့္ မသင့္ ကိစၥမွာ မိဘေတြလည္း ေ႐ြးခ်ယ္မႈ ရွိသင့္တယ္လို႔ေျပာပါတယ္။

“က်မ စိတ္ထင္ေတာ့ ေက်ာင္းျပန္ဖြင့္သင့္တယ္။ ဆိုေတာ့ တခ်ိဳ႕မိဘေတြကေတာ့ သူတို႔သားသမီးေတြကို ျပန္ပို႔ခ်င္မွာမဟုတ္ဘူး။ ဆုိေတာ့ option ေရြးခ်ယ္မႈ ေပးေစခ်င္တယ္။ အကယ္၍ ကိုယ္က ကိုယ့္သားသမီးေတြကို အိမ္မွာပဲ ထားႏုိင္တယ္။ စာသင္ႏုိင္တယ္။ အရမ္းလည္းေၾကာက္တယ္။ exposure မျဖစ္ေစခ်င္ဘူး။ (လူေတြနဲ႔ မထိေတြ႔ေစခ်င္ဘူး။) အိမ္မွာထားသင့္တယ္ဆိုရင္ သူတို႔အတြက္ကို remote learning ေပး။ ဒါေပမဲ့ က်န္တဲ့သူေတြ အရမ္းသြားခ်င္တယ္။ သြားဖို႔လည္း လိုတယ္။ ဘာလို႔လဲဆိုေတာ့ မိဘေတြက အလုပ္လုပ္ရမယ္။ အဲ့ဒီလူေတြအကုန္လံုးကို ျပန္သြားခိုင္းေစခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲ့ဒီလိုသူတို႔ခြဲလုိက္ရင္ ေက်ာင္းမွာလည္း လူ နည္းနည္း နည္းသြားမယ္။ အားလံုးက ျပန္ပို႔ခ်င္မွ ပို႔မွာဆိုေတာ့ေလ။ အဲ့ဒီလိုေတာ့ option ေရြးခ်ယ္မႈေတာ့ ေပးသင့္တယ္လို႔ ထင္တယ္။”

UCL တကၠသိုလ္က ပါေမာကၡေဟာင္း Uta Frith ကလည္း လက္ရွိ ကိုဗစ္-၁၉ ကာလမွာ ကေလးငယ္ေတြရဲ႕ ပညာေရးကို အခုထက္ပိုၿပီး ဦးစားေပး စဥ္းစား တုံ႔ျပန္သင့္တယ္လို႔ ေျပာပါတယ္။ အထူးသျဖင့္ ဆင္းရဲတဲ့ေဒသေတြမွာ ကေလးငယ္ေတြ ပညာေရးနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈဆိုင္ရာ အခြင့္အလမ္းေတြ ဆုံးရႈံးရတာဟာ အနာဂတ္ လူ႔အဖြဲ႕အစည္းအတြင္း မညီမ ွ်မႈေတြ ပိုၿပီးဆိုး႐ြားေအာင္ လုပ္ေဆာင္ရာ က်ႏိုင္ၿပီး ျပန္လည္ျပင္ဆင္ဖို႔ခက္တဲ့ အက်ိဳးဆက္ေတြ ေနာက္ပိုင္းမွာ ပိုၿပီး ဆိုးဆိုး႐ြား႐ြား ႀကဳံလာရႏိုင္တယ္လို႔ Uta Frith က သတိေပးပါတယ္။

"က်မတို႔ ႀကဳံေတြ႕လာရႏိုင္တဲ့ အတိမ္းအေစာင္းမခံတဲ့ အေျခအေနကို သတိမျပတ္ ေစာင့္ၾကည့္ေနဖို႔ လိုပါတယ္။ လူငယ္ေတြ၊ လူသားေတြ ဘဝကို ႀကံ့ႀကံ့ခံႏိုင္ရည္ စြမ္းအားရွိေစဖို႔ တည္ေဆာက္ၾကရတဲ့ေနရာမွာ အေျခခံပညာေရးက တကယ္ေတာ့ အေရးပါဆုံး တြန္းအားတခုပါ။ ခံႏိုင္ရည္အားကို အဓိက တည္ေဆာက္ေပးတဲ့အရာပါပဲ။ ဒီလိုအရာတခု - ခုခ်ိန္မွာ ျပန္ၿပီး ႐ုပ္သိမ္းခံရတဲ့အခါ ဒါက အင္မတန္ အႏၲရာယ္မ်ားေစတယ္လို႔ က်မေတာ့ ထင္ပါတယ္။"

ကေလးငယ္ေတြဟာ လတ္တေလာမွာကိုပဲ ကိုဗစ္-၁၉ ေၾကာင့္ျဖစ္လာတဲ့ မိသားစု အက်ပ္အတည္းေတြနဲ႔ အိမ္တြင္းအၾကမ္းဖက္မႈ ဒဏ္ေတြကို တိုက္႐ိုက္ ခံစားေနၾကရတယ္ဆိုတာကို အကူအညီေပးေရးအဖြဲ႕ေတြက သတိေပးေနပါတယ္။ တိုးတက္တဲ့ UK လို ႏိုင္ငံမွာေတာင္ ကိုဗစ္-၁၉ ကာလအတြင္း အိမ္တြင္းအၾကမ္းဖက္မႈေတြ၊ မိသားစု အဆင္မေျပမႈေတြေေၾကာင့္ ဆက္သြယ္ အကူအညီ ေတာင္းခံလာသူေတြဟာ သာမန္အခ်ိန္မွာထက္ အဆ ၇၀၀ ပိုမ်ားလာတယ္လို႔ အိမ္တြင္းအၾကမ္းဖက္မႈ တားဆီးေရး ကူညီေဆာင္႐ြက္ေပးေနတဲ့ Refuge အဖြဲ႕က ေျပာပါတယ္။ အလားတူ ကေလးငယ္ေတြအေပၚ ရက္စက္ၾကမ္းၾကဳတ္မႈ တားဆီးေရးအဖြဲ႕ NSPCC ကလည္း ကိုဗစ္ကာလအတြင္း သူတို႔ဆီကို အကူအညီေတာင္းခံလာတဲ့ အေရအတြက္က အဆ ၃၀၀ ပိုမ်ားလာတယ္လို႔ ေျပာပါတယ္။ ဒီလိုအေျခအေနေတြၾကားမွာ ေက်ာင္းေတြကလည္း ပိတ္၊ အြန္လိုင္းေပၚကေန စာဆက္သင္ဖို႔ အခြင့္အလမ္းလည္း မရၾကတဲ့ ကေလးငယ္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆုံ ကစားခြင့္မရဘဲ ေနအိမ္ေတြထဲမွာပဲ ေလွာင္ပိတ္မိေနၾကတဲ့ ကေလးငယ္ေတြအတြက္ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ႀကဳံလာရႏိုင္တယ္လို႔ UCL ပါေမာကၡေဟာင္း Uta Frith က ေျပာပါတယ္။

“စိတ္က် ေရာဂါျဖစ္လာႏိုင္တယ္ဆိုတဲ့ စိုးရိမ္မႈေတြ ရွိပါတယ္။ အခုကို အေတာ္ေလး ဆိုးေနပါၿပီ။ ေရရွည္ဆိုးက်ိဳးေတြ ႀကဳံလာရတဲ့အထိ အခ်ိန္မဆြဲသင့္ပါဘူး။”

ဒါေၾကာင့္ Uta Frith ကေတာ့ ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ကို တိုက္တြန္းေနသူပါ။ အ႐ြယ္ေရာက္ၿပီး သူတေယာက္အတြက္ ေလး-ငါး- ေျခာက္လ ဆိုတဲ့အခ်ိန္က ကြာဟမႈေတြ အမ်ားႀကီး ျဖစ္မသြားေစေပမဲ့၊ ငယ္႐ြယ္ေသးတဲ့ ကေလးေတြ အတြက္ကေတာ့ စာသင္ၾကားမႈေတြ ၆ လေလာက္ ရပ္သြားတာက သက္တမ္းတိုေတာင္းလွတဲ့ သူတို႔ရဲ႕ ဘဝေလးေတြမွာ ကြာဟမႈေတြ အမ်ားႀကီးျဖစ္သြား ေစႏိုင္တယ္လို႔ သူက ေျပာပါတယ္။ ဒါေၾကာင့္ ကေလးငယ္ေတြရဲ႕ ပညာေရး အခ်ိန္ၾကာျပတ္မသြားရေအာင္ ေက်ာင္းေတြ ျပန္ဖြင့္သင့္တယ္လို႔ သူက အႀကံေပးပါတယ္။

“ေက်ာင္းေတြကို မပိတ္ဘဲထားခဲ့တဲ့ ဒါမွမဟုတ္ရင္လည္း ခဏပဲ ပိတ္ၿပီး ျပန္ဖြင့္ဖို႔ဆုံးျဖတ္တဲ့ ႏိုင္ငံေတြ ကမာၻေပၚမွာ ၂၀ ထက္မနည္း ရွိပါတယ္။ အဲ့ဒီေနရာေတြမွာ ကူးစက္မႈ ဆိုးဆိုး႐ြား႐ြား ပိုမ်ားလာတယ္ဆိုတဲ့ သတင္းမ်ိဳး က်မတို႔ မၾကားရဘူးလို႔ ထင္ပါတယ္။"

ဒါေပမဲ့ မိဘေတြ အတြက္ကလည္း သူတို႔ရဲ႕ကေလးငယ္ေတြကို ေက်ာင္းျပန္ပို႔ဖို႔အေရး စိုးရိမ္မႈေတြ ရွိေနတာပါ။ လန္ဒန္ၿမိဳ႕က ကေလးမိခင္တဦးျဖစ္တဲ့ Christine Mazurek ကေတာ့ သူ႔ရဲ႕သမီးငယ္ကို ကေလးကစားကြင္းကိုေတာ့ မပို႔ရဲဘူးလို႔ ေျပာပါတယ္။

“က်မ ကေတာ့ ေၾကာက္တယ္။ သမီးကို ကေလး ကစားကြင္းကို ေခၚမသြားခ်င္ေသးဘူး။ အခု ျပန္ဖြင့္ေနၿပီဆိုတာ သိပါတယ္။ ဒါေပမဲ့ မသြားခ်င္ေသးဘူး။ ဒီအခ်ိန္မွာ မျဖစ္မေန သြားရမယ္ဆိုရင္ေတာင္ က်မ မသြားဘူး။ အႏၲရာယ္ အျဖစ္မခံႏိုင္ပါဘူး။”

လတ္တေလာ ႏိုင္ငံတခ်ိဳ႕မွာ တေက်ာ့ျပန္ ကူးစက္မႈေတြ ရွိေနတာေၾကာင့္လည္း ကေလးမိခင္ေတြၾကား စိုးရိမ္မႈေတြ ပိုျဖစ္လာေစတာပါ။ တကယ္လို႔ ကူးစက္မႈေတြ ျပန္ဆိုးလာမယ္ဆိုရင္ စာသင္ေက်ာင္းေတြလည္း ဆက္ၿပီး ပိတ္ရမယ့္အေျခ ျဖစ္ေနတာမို႔ ဒီအေျခအေနက ကေလးငယ္ေတြရဲ႕ အနာဂတ္အတြက္ ဘယ္ေလာက္ ႐ိုက္ခတ္မႈေတြ ျဖစ္လာမလဲ ဘယ္သူမွ အတိအက် မသိႏိုင္ပါဘူး။ ဒီလို ခန႔္မွန္းရခက္တဲ့ ကိုဗစ္-၁၉ ကပ္ေဘးကာလမွာ လူႀကီး၊ လူငယ္၊ ကေလးသူငယ္မေ႐ြး အက်ပ္အတည္းႀကဳံၾကရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ေရာဂါကူးစက္မႈေတြ ထိန္းခ်ဳပ္ဖို႔အတြက္ လူတိုင္းက တာဝန္သိစိတ္နဲ႔ ေရာဂါကာကြယ္ တားဆီးေရး လမ္းၫႊန္ခ်က္ေတြနဲ႔အညီ လိုက္ပါ ေနထိုင္ၾကမယ္ဆိုရင္ေတာ့ ဒီအက်ပ္အတည္းကေန အျမန္ဆုံး ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္ဆိုတာကို တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

ကိုဗစ္-၁၉ နဲ႔ ကေလးငယ္ေတြရဲ႕ ပညာေရး
please wait

No media source currently available

0:00 0:10:50 0:00
တိုက္႐ိုက္ လင့္ခ္

=============================

[Unicode Version]

ကိုဗစ်-၁၉ နဲ့ ကလေးငယ်တွေရဲ့ ပညာရေး (အမျိုးသမီးကဏ္ဍ)

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နိုင်ငံအတာ်များများမှာ စာသင်ကျောင်းတွေ ပိတ်ပစ်ခဲ့ရသလို၊ ဒီအခြေအနေက ကလေးငယ်တွေရဲ့ ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေမှာ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာစေတယ်လို့ ကျွမ်းကျင် ပညာရှင်တွေက သတိပေးနေကြပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ နေရာဒေသတွေမှာ ကလေးငယ်တွေသန်းနဲ့ချီ ပညာရေး အခွင့်အလမ်း ဆုံးရှုံးနေကြရသလို၊ ဒီအခြေအနေက မျိုးဆက်တခုလုံး ထိခိုက်သွားနိုင်တဲ့ အထိတောင် ဖြစ်နိုင်တယ်လို့ တွက်ဆပြောဆိုနေကြတာပါ။ ကူးစက်မှုတွေ တိုးလာနေဆဲဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးငယ်တွေရဲ့ ပညာရေးမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနေပါလဲ။ ဒီအပေါ်မှာ မိခင်တချို့ရဲ့ စိုးရိမ်မှုတွေ ဘယ်လိုရှိနေသလဲ။ ပညာရှင်တချို့ကရော ဘာတွေ သတိပေး ပြောဆိုနေကြသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ လတွေနဲ့ချီ ကြာမြင့်လာနေပြီဖြစ်သလို၊ ကူးစက်မှုတွေကလည်း တနေ့တခြား တိုးလာနေဆဲဖြစ်ပါတယ်။ ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့အတွက် အသွားအလာကန့်သတ်မှုတွေနဲ့အတူ စီးပွားရေးလုပ်ငန်းတွေ အများအပြား ပိတ်ပစ်လိုက်ရတဲ့အပြင် စာသင်ကျောင်းတံခါးတွေပိတ်၊ ကျောင်းတက် ကျောင်းဆင်း ခေါင်းလောင်းသံတွေတိတ်လို့ ကလေးကစားကွင်းတွေလည်း ခြောက်သွေ့သွားခဲ့ရတာပါ။ ဒီအပေါ် ကလေးမိခင်တွေရဲ့ စိုးရိမ်ချက် ဘာတွေရှိနေပါလဲ။

“ကျမကတော့ တော်တော်တော့ စိတ်ပူတာပေါ့နော်။ အခုဒီ လာမယ့် စာသင်နှစ် ပြန်စတဲ့အခါ ကျောင်းတွေ ဖွင့်မလား မဖွင့်ဘူးလား ဆိုတာ အရမ်းစိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရွယ်ပေါ့နော်။ ဒီလိုငယ်တဲ့အရွယ်က ကျောင်းမှာ စာသင်တာတခုတည်း မဟုတ်ဘဲနဲ့ သူတို့မှာ စိတ်ပိုင်းဆိုင်ရာအတွက် ကစားတာတွေ အများကြီး လိုအပ်ပါတယ်။ ကျောင်းကနေ လုပ်ပေးတဲ့ဟာတွေပေါ့။ မိဘတွေ အိမ်မှာ မပေးနိုင်တဲ့အရာတွေ ရှိတယ်။ ကျောင်းတက်တာက ပညာရေးအပြင် တခြား ဆက်ဆံရေး၊ လူမှုရေး၊ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေ အများကြီး ပါတယ်။ အဲ့ဒါတွေက သူတို့အရွယ်နဲ့သူတို့ အတူတူပေါင်းပြီးတော့ နေမှ သူတို့က အဲ့ဒါတွေကို နားလည်ကြမှာပါ။ ပြီးတော့ အိမ်မှာစာသင်တဲ့အခါ စာကြိုးစားဖို့က motivation လှုံ့ဆော်အား သိပ်မများဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က စာသင်ခန်းထဲမှာ သူငယ်ချင်းတွေနဲ့ စာဖတ်တာ မိနစ်အများဆုံး၊ ငါကတော့ သင်္ချာကို အမြန်ဆုံးပြီးတယ် ဆိုတာမျိုး။ အဲ့ဒီလိုမျိုး healthy competition (ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုမျိုး) တွေပေါ့။ အဲ့ဒီလို motivation တွေက စာသင်ခန်းထဲမှာ မရှိရင် အဲ့ဒါတွေက မရှိတော့ဘူး။ အဲ့တော့ ကလေးက စိတ်ဓာတ်ကျရင် ကျမယ်။ ငါ ဘယ်လောက် စာကြိုးစား ကြိုးစား အရာမထင်ဘူး ဆိုတာမျိုး ဖြစ်လာမယ်ပေါ့နော်။ သူတို့ရဲ့ စိတ်က။ ပြီးတော့ တခြားဟာတွေကလည်း ခန္ဓာကိုယ်လေ့ကျင့်ခန်း လုပ်တာတွေကလည်း အရမ်းအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရွယ်က ဆော့လေလေ လှုပ်ရှားလေလေ ခေါင်းက ပိုပြီးတော့ မြန်လေလေ ဖြစ်တယ်။ ဆိုတော့ ပိုစဉ်းစားဖို့ အာရုံစိုက်မှုလည်း ပိုရတယ်ပေါ့နော်။ အဲ့ဒါတွေကျတော့ မိဘတယောက် အနေနဲ့ အထူးသဖြင့် အလုပ် လုပ်နေတဲ့မိဘတွေက ဘယ်လို တနေ့လုံး တညလုံး သူတို့နဲ့ အချိန်ပေးကစားဖို့ အချိန်မရှိဘူးပေါ့နော်။ ဆိုတော့ အဲ့ဒါလည်း ကျမ စိတ်ပူတယ်။”

နယူးယောက်မြို့မှာ နေထိုင်တဲ့ သားတယောက်မိခင် မမြတ်နိုးဇော် ပြောသွားတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ကမ္ဘာတဝှမ်း ကလေးငယ်သန်းပေါင်းများစွာ လတ်တလော ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေရပြီး မိသားစု စားဝတ်နေရေး ပိုမို ခက်ခဲလာနေတဲ့ အခြေအေနေတွေ အောက်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေ ပိုပြီး ကြုံလာရတယ်လို့ University College London (UCL) တက္ကသိုလ်က စိတ်ရောဂါဆိုင်ရာ ပညာရှင် ဒေါက်တာ Amelia Roberts က ပြောပါတယ်။

"စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့ (Organisationfor Economic Cooperation and Development) ရဲ့ ပြောဆိုမှုအရ နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှာ ကလေးစာသင်ကျောင်းတွေ ပိတ်ထားရပြီး ကလေးငယ် သန်း ၅,၀၀၀ ထိခိုက်နေရတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဘဏ် ပြောတဲ့အထဲမှာလည်း ကိုဗစ်-၁၉ ရောဂါကြောင့် လူ သန်း ၇၀ လောက် ဆင်းရဲတွင်းထဲ ကျရောက်မယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ဒီလို ဆင်းရဲတွင်းထဲရောက်ဖို့ လွယ်ကူသူတွေ၊ အခက်အခဲကြုံနေရသူတွေနဲ့ ပတ်သက်လာရင် ဒီပြဿနာကို ကမ္ဘာလုံးဆိုင်ရာ ပြဿနာအဖြစ် ကြည့်ရပါလိမ့်မယ်။”

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံအများအပြားမှာတော့ ကွန်ပျူတာနဲ့ အင်တာနက်ဝန်ဆောင်မှုအပါအဝင် သင်ကြားထောက်ကူပစ္စည်းတွေ နေအိမ်မှာ သုံးနိုင်အောင် အစိုးရတာဝန်ရှိသူတွေက ထောက်ပံ့ စီစဉ်ပေးပြီး ကလေးငယ်တွေရဲ့ ပညာရေး အဆက်မပြတ်သွားရအောင် အွန်လိုင်းပေါ်ကနေ ဆက်ပြီး စာသင်ကြားပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးကို ကလေးငယ်တိုင်း ရကြတာတော့ မဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးတဲ့ နေရာဒေသတွေမှာ ဒီလိုသင်ကြားပေးနိုင်တဲ့ အခွင့်အလမ်းက အတော့်ကိုနည်းတယ်လို့ ဒေါက်တာ Amelia Roberts က ပြောပါတယ်။

“ပိုပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ နေရာတွေမှာဆိုရင် ကလေးတွေအတွက် နေ့စဉ် ကျောင်းစာ သင်ခန်းစာတွေ သင်ကြားပို့ချပေးဖို့က ပိုပြီးတော့ ခက်ပါတယ်။ အဲ့ဒီလို လုပ်ပေးနိုင်တဲ့ကျောင်းက ၃၀ % ပဲရှိတာပါ။ ချမ်းသာတဲ့နေရာတွေမှာ ဆိုရင်တော့ ၅၀ % လောက် ရှိပါတယ်။”

လက်ရှိအခြေအနေမှာ ရောဂါကူးစက်မှုတွေ ကျဆင်းမသွားသေးတာကြောင့် စာသင်ကျောင်းတွေ ပုံမှန်အတိုင်းဖွင့်ဖို့ မဖွင့်ဖို့ ဆိုတာကိုပါ တာဝန်ရှိသူတွေ စဉ်းစားနေကြရဆဲ ဖြစ်သလို၊ ဖွင့်တဲ့အခါမှာလည်း ကျန်းမာရေးအရ အန္တရာယ်ကင်းနိုင်မယ့် နည်းလမ်းတွေ စနစ်တကျ ချမှတ်ဆောင်ရွက်ဖို့ အရေးကြီးနေတာပါ။ မမြတ်နိုးဇော် ကတော့ ကလေးငယ်တွေ ကျောင်းပြန် တက်သင့် မသင့် ကိစ္စမှာ မိဘတွေလည်း ရွေးချယ်မှု ရှိသင့်တယ်လို့ပြောပါတယ်။

“ကျမ စိတ်ထင်တော့ ကျောင်းပြန်ဖွင့်သင့်တယ်။ ဆိုတော့ တချို့မိဘတွေကတော့ သူတို့သားသမီးတွေကို ပြန်ပို့ချင်မှာမဟုတ်ဘူး။ ဆိုတော့ option ရွေးချယ်မှု ပေးစေချင်တယ်။ အကယ်၍ ကိုယ်က ကိုယ့်သားသမီးတွေကို အိမ်မှာပဲ ထားနိုင်တယ်။ စာသင်နိုင်တယ်။ အရမ်းလည်းကြောက်တယ်။ exposure မဖြစ်စေချင်ဘူး။ (လူတွေနဲ့ မထိတွေ့စေချင်ဘူး။) အိမ်မှာထားသင့်တယ်ဆိုရင် သူတို့အတွက်ကို remote learning ပေး။ ဒါပေမဲ့ ကျန်တဲ့သူတွေ အရမ်းသွားချင်တယ်။ သွားဖို့လည်း လိုတယ်။ ဘာလို့လဲဆိုတော့ မိဘတွေက အလုပ်လုပ်ရမယ်။ အဲ့ဒီလူတွေအကုန်လုံးကို ပြန်သွားခိုင်းစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလိုသူတို့ခွဲလိုက်ရင် ကျောင်းမှာလည်း လူ နည်းနည်း နည်းသွားမယ်။ အားလုံးက ပြန်ပို့ချင်မှ ပို့မှာဆိုတော့လေ။ အဲ့ဒီလိုတော့ option ရွေးချယ်မှုတော့ ပေးသင့်တယ်လို့ ထင်တယ်။”

UCL တက္ကသိုလ်က ပါမောက္ခဟောင်း Uta Frith ကလည်း လက်ရှိ ကိုဗစ်-၁၉ ကာလမှာ ကလေးငယ်တွေရဲ့ ပညာရေးကို အခုထက်ပိုပြီး ဦးစားပေး စဉ်းစား တုံ့ပြန်သင့်တယ်လို့ ပြောပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့ဒေသတွေမှာ ကလေးငယ်တွေ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခွင့်အလမ်းတွေ ဆုံးရှုံးရတာဟာ အနာဂတ် လူ့အဖွဲ့အစည်းအတွင်း မညီမ ျှမှုတွေ ပိုပြီးဆိုးရွားအောင် လုပ်ဆောင်ရာ ကျနိုင်ပြီး ပြန်လည်ပြင်ဆင်ဖို့ခက်တဲ့ အကျိုးဆက်တွေ နောက်ပိုင်းမှာ ပိုပြီး ဆိုးဆိုးရွားရွား ကြုံလာရနိုင်တယ်လို့ Uta Frith က သတိပေးပါတယ်။

"ကျမတို့ ကြုံတွေ့လာရနိုင်တဲ့ အတိမ်းအစောင်းမခံတဲ့ အခြေအနေကို သတိမပြတ် စောင့်ကြည့်နေဖို့ လိုပါတယ်။ လူငယ်တွေ၊ လူသားတွေ ဘဝကို ကြံ့ကြံ့ခံနိုင်ရည် စွမ်းအားရှိစေဖို့ တည်ဆောက်ကြရတဲ့နေရာမှာ အခြေခံပညာရေးက တကယ်တော့ အရေးပါဆုံး တွန်းအားတခုပါ။ ခံနိုင်ရည်အားကို အဓိက တည်ဆောက်ပေးတဲ့အရာပါပဲ။ ဒီလိုအရာတခု - ခုချိန်မှာ ပြန်ပြီး ရုပ်သိမ်းခံရတဲ့အခါ ဒါက အင်မတန် အန္တရာယ်များစေတယ်လို့ ကျမတော့ ထင်ပါတယ်။"

ကလေးငယ်တွေဟာ လတ်တလောမှာကိုပဲ ကိုဗစ်-၁၉ ကြောင့်ဖြစ်လာတဲ့ မိသားစု အကျပ်အတည်းတွေနဲ့ အိမ်တွင်းအကြမ်းဖက်မှု ဒဏ်တွေကို တိုက်ရိုက် ခံစားနေကြရတယ်ဆိုတာကို အကူအညီပေးရေးအဖွဲ့တွေက သတိပေးနေပါတယ်။ တိုးတက်တဲ့ UK လို နိုင်ငံမှာတောင် ကိုဗစ်-၁၉ ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုတွေ၊ မိသားစု အဆင်မပြေမှုတွေေကြောင့် ဆက်သွယ် အကူအညီ တောင်းခံလာသူတွေဟာ သာမန်အချိန်မှာထက် အဆ ၇၀၀ ပိုများလာတယ်လို့ အိမ်တွင်းအကြမ်းဖက်မှု တားဆီးရေး ကူညီဆောင်ရွက်ပေးနေတဲ့ Refuge အဖွဲ့က ပြောပါတယ်။ အလားတူ ကလေးငယ်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှု တားဆီးရေးအဖွဲ့ NSPCC ကလည်း ကိုဗစ်ကာလအတွင်း သူတို့ဆီကို အကူအညီတောင်းခံလာတဲ့ အရေအတွက်က အဆ ၃၀၀ ပိုများလာတယ်လို့ ပြောပါတယ်။ ဒီလိုအခြေအနေတွေကြားမှာ ကျောင်းတွေကလည်း ပိတ်၊ အွန်လိုင်းပေါ်ကနေ စာဆက်သင်ဖို့ အခွင့်အလမ်းလည်း မရကြတဲ့ ကလေးငယ်တွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံ ကစားခွင့်မရဘဲ နေအိမ်တွေထဲမှာပဲ လှောင်ပိတ်မိနေကြတဲ့ ကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံလာရနိုင်တယ်လို့ UCL ပါမောက္ခဟောင်း Uta Frith က ပြောပါတယ်။

“စိတ်ကျ ရောဂါဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။ အခုကို အတော်လေး ဆိုးနေပါပြီ။ ရေရှည်ဆိုးကျိုးတွေ ကြုံလာရတဲ့အထိ အချိန်မဆွဲသင့်ပါဘူး။”

ဒါကြောင့် Uta Frith ကတော့ ကျောင်းတွေ ပြန်ဖွင့်ဖို့ကို တိုက်တွန်းနေသူပါ။ အရွယ်ရောက်ပြီး သူတယောက်အတွက် လေး-ငါး- ခြောက်လ ဆိုတဲ့အချိန်က ကွာဟမှုတွေ အများကြီး ဖြစ်မသွားစေပေမဲ့၊ ငယ်ရွယ်သေးတဲ့ ကလေးတွေ အတွက်ကတော့ စာသင်ကြားမှုတွေ ၆ လလောက် ရပ်သွားတာက သက်တမ်းတိုတောင်းလှတဲ့ သူတို့ရဲ့ ဘဝလေးတွေမှာ ကွာဟမှုတွေ အများကြီးဖြစ်သွား စေနိုင်တယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် ကလေးငယ်တွေရဲ့ ပညာရေး အချိန်ကြာပြတ်မသွားရအောင် ကျောင်းတွေ ပြန်ဖွင့်သင့်တယ်လို့ သူက အကြံပေးပါတယ်။

“ကျောင်းတွေကို မပိတ်ဘဲထားခဲ့တဲ့ ဒါမှမဟုတ်ရင်လည်း ခဏပဲ ပိတ်ပြီး ပြန်ဖွင့်ဖို့ဆုံးဖြတ်တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ ၂၀ ထက်မနည်း ရှိပါတယ်။ အဲ့ဒီနေရာတွေမှာ ကူးစက်မှု ဆိုးဆိုးရွားရွား ပိုများလာတယ်ဆိုတဲ့ သတင်းမျိုး ကျမတို့ မကြားရဘူးလို့ ထင်ပါတယ်။"

ဒါပေမဲ့ မိဘတွေ အတွက်ကလည်း သူတို့ရဲ့ကလေးငယ်တွေကို ကျောင်းပြန်ပို့ဖို့အရေး စိုးရိမ်မှုတွေ ရှိနေတာပါ။ လန်ဒန်မြို့က ကလေးမိခင်တဦးဖြစ်တဲ့ Christine Mazurek ကတော့ သူ့ရဲ့သမီးငယ်ကို ကလေးကစားကွင်းကိုတော့ မပို့ရဲဘူးလို့ ပြောပါတယ်။

“ကျမ ကတော့ ကြောက်တယ်။ သမီးကို ကလေး ကစားကွင်းကို ခေါ်မသွားချင်သေးဘူး။ အခု ပြန်ဖွင့်နေပြီဆိုတာ သိပါတယ်။ ဒါပေမဲ့ မသွားချင်သေးဘူး။ ဒီအချိန်မှာ မဖြစ်မနေ သွားရမယ်ဆိုရင်တောင် ကျမ မသွားဘူး။ အန္တရာယ် အဖြစ်မခံနိုင်ပါဘူး။”

လတ်တလော နိုင်ငံတချို့မှာ တကျော့ပြန် ကူးစက်မှုတွေ ရှိနေတာကြောင့်လည်း ကလေးမိခင်တွေကြား စိုးရိမ်မှုတွေ ပိုဖြစ်လာစေတာပါ။ တကယ်လို့ ကူးစက်မှုတွေ ပြန်ဆိုးလာမယ်ဆိုရင် စာသင်ကျောင်းတွေလည်း ဆက်ပြီး ပိတ်ရမယ့်အခြေ ဖြစ်နေတာမို့ ဒီအခြေအနေက ကလေးငယ်တွေရဲ့ အနာဂတ်အတွက် ဘယ်လောက် ရိုက်ခတ်မှုတွေ ဖြစ်လာမလဲ ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။ ဒီလို ခန့်မှန်းရခက်တဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ လူကြီး၊ လူငယ်၊ ကလေးသူငယ်မရွေး အကျပ်အတည်းကြုံကြရတာဖြစ်ပါတယ်။ ဒါကြောင့် ရောဂါကူးစက်မှုတွေ ထိန်းချုပ်ဖို့အတွက် လူတိုင်းက တာဝန်သိစိတ်နဲ့ ရောဂါကာကွယ် တားဆီးရေး လမ်းညွှန်ချက်တွေနဲ့အညီ လိုက်ပါ နေထိုင်ကြမယ်ဆိုရင်တော့ ဒီအကျပ်အတည်းကနေ အမြန်ဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်ဆိုတာကို တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG