သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္-၁၉ ကပ္ေဘးၾကားက အမ်ိဳးသမီး စက္႐ုံအလုပ္သမားေတြရဲ႕ဘဝ


(Zawgyi/Unicode)

ကမာၻတဝွမ္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြနဲ႔ ႀကဳံေတြ႕ေနရတဲ့ကာလမွာ ျမန္မာႏိုင္ငံအတြင္းမွာလည္း စက္႐ုံ အလုပ္႐ုံေတြ အမ်ားအျပား ပိတ္ပစ္လိုက္ရၿပီး အလုပ္သမားေတြ ေထာင္ေသာင္းခ်ီ အလုပ္လက္မဲ့ျဖစ္ခဲ့ၾကရပါတယ္။ လုပ္ငန္းေတြ ျပန္လည္ ဖြင့္လွစ္လာတယ္ ဆိုေပမဲ့လည္း အရင္ကလို ပုံမွန္အေျခအေနကိုေတာ့ ျပန္မေရာက္ေသးပါဘူး။ အလုပ္ျပန္ဆင္းခြင့္ မရၾကေသးတဲ့ အလုပ္သမားေတြ အမ်ားအျပား ရွိေနဆဲျဖစ္ၿပီး ျပန္ဆင္းခြင့္ရတဲ့ သူေတြအတြက္မွာလည္း ေရာဂါကူးစက္မႈအႏၲရာယ္ စိုးရိမ္မႈေတြနဲ႔ အခက္အခဲ အက်ပ္အတည္းေတြကေတာ့ ႀကဳံေနၾကရဆဲပါ။ ဒီလို စက္႐ုံဝန္ထမ္းေတြထဲမွာ အမ်ိဳးသမီးေတြအမ်ားစု ပါဝင္ပါတယ္။ ဒါေၾကာင့္ ကိုဗစ္-၁၉ ကာလအတြင္း မိသားစု စားဝတ္ေနေရးအတြက္ ႐ုန္းကန္ လႈပ္ရွားရွင္သန္ေနၾကတဲ့ အမ်ိဳးသမီး စက္႐ုံအလုပ္သမားတခ်ိဳ႕ ေျပာျပတဲ့ သူတို႔ရဲ႕အေတြ႕အႀကဳံေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ျပထားပါတယ္။

“အခု ဒီကာလမွာေတာ့ အလုပ္သမားေတြ အေနနဲ႔ ေတာ္ေတာ္ အက်ပ္အတည္း အခက္အခဲ ဆိုက္ေရာက္တဲ့ ကာလမ်ိဳး ျဖစ္ေနတာေပါ့ေနာ္။ သာမန္ေျခအေနနဲ႔ မတူတဲ့ အေျခအေနတခုကို ရင္ဆိုင္ေနရတယ္။ ညီမ မွမဟုတ္ဘူး တျခားအလုပ္သမားေတြ အကုန္လုံး ဘယ္ေန႔ ငါေရာ အလုပ္ျပဳတ္မလဲ။ ဒီ ကိုဗစ္ ကေရာ ဘယ္ေန႔ၿပီးမလဲ။ ကိုဗစ္ မၿပီးသမ ွ် ကာလပတ္လုံး ညီမတို႔ အလုပ္သမားေတြက အလုပ္လက္မဲ့ဘဝကို ဒီေန႔ သို႔မဟုတ္ မနက္ျဖန္ အလုပ္လက္မဲ့ဘဝကို ေရာက္ရေတာ့မယ့္ အေျခအေနမ်ိဳးကို ရင္ဆိုင္ေနရတာေပါ့။”


ဒါကေတာ့ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံဆိပ္ကမ္း စက္မႈဇုံမွာရွိတဲ့ ရီခြၽန္ ဖုန္းအားသြင္းႀကိဳး စက္႐ုံမွာ အလုပ္ လုပ္ေနတဲ့ မသက္ထားေဆြ ေျပာျပသြားတာပါ။ မသက္ထားေဆြဟာ ကိုဗစ္-၁၉ ကူးစက္မႈေတြ မျဖစ္ခင္တုန္းကေတာ့ အလုပ္ရွင္-အလုပ္သမား ျပႆနာေတြ ျပင္းျပင္းထန္ထန္ျဖစ္ေနတဲ့ ဖုယြင္ အထည္ခ်ဳပ္စက္႐ုံမွာ အလုပ္ လုပ္ခဲ့တဲ့သူပါ။ လက္ရွိမွာ ဖုယြင္ အလုပ္သမားသမဂၢ ဥကၠ႒ အျဖစ္ တာဝန္ယူထားဆဲျဖစ္သလို၊ ဗမာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားအဖြဲ႕ ဗဟိုအလုပ္အမႈေဆာင္တေယာက္လည္း ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ ၿပီးခဲ့တဲ့မတ္လထဲ အထည္ခ်ဳပ္လုပ္ငန္းေတြ အပါအဝင္ စီးပြားေရးလုပ္ငန္းေတြ ပိတ္ပစ္ခဲ့ရတာမွာ အလုပ္သမားေတြ အမ်ားအျပား ေန႔ခ်င္းညခ်င္း အလုပ္လက္မဲ့ ျဖစ္ခဲ့ရတာပါ။ ေနာက္ပိုင္း ကူးစက္မႈေတြ က်ဆင္းလာတဲ့အတြက္ လုပ္ငန္းေတြ ျပန္စ လာေနၾကေပမဲ့လို႔ ကူးစက္မႈေတြ ရွိေနဆဲကာလ ျဖစ္တာမို႔ က်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္ေတြကို အေသခ်အခ်ာ လိုက္နာဖို႔ကေတာ့ အေရးႀကီးေနေသးတဲ့ အခ်ိန္ပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ စက္႐ုံေတြဟာ ၫႊန္ၾကားခ်က္ေတြကို လိုက္ပါေဆာင္႐ြက္တာ အားနည္းသလို၊ ဒီအေပၚမွာ သက္ဆိုင္ရာအစိုးရဌာနေတြကလည္း အေရးတယူ ကိုင္တြယ္ ေဆာင္႐ြက္တာ မရွိလို႔ အလုပ္သမားေတြအတြက္ကေတာ့ စိုးရိမ္မႈေတြနဲ႔ အလုပ္ လုပ္ေနၾကရတယ္လို႔ မသက္ထားေဆြက ေျပာပါတယ္။


“ဒီေရာဂါ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ စက္႐ုံ အလုပ္႐ုံေတြကို ၫႊန္ၾကားခ်က္ ထုတ္ထားတာေတြကို ညီမတို႔ သိတယ္။ ၫႊန္ၾကားခ်က္ထဲမွာ တေယာက္ကို ၆ ေပအကြာတို႔။ ၃ ေပ အကြာတို႔ ထားၿပီး အလုပ္ လုပ္ရမယ္။ ၿပီးရင္ mask တပ္ရမယ္။ လက္ေဆး ဆပ္ျပာေတြ ထားရမယ္။ လက္ေဆးကန္ေတြ ထားရမယ္။ အိမ္သာမွာကအစ ဒါေတြကို စနစ္တက်ကိုပဲ နာရီပိုင္းျခားၿပီး သန႔္ရွင္းေရးေတြ လုပ္ရမယ္ဆိုတာေတြ ၫႊန္ၾကားခ်က္ေတြထဲမွာ ပါၿပီးသား။ ဒါေပမဲ့ သက္ဆိုင္ရာ ဌာနေတြက ထုတ္ထားတာပဲရွိတယ္။ အဲ့ဒီက်န္းမာေရး ကာကြယ္ေစာင့္ေရွာက္မႈက တကယ္တမ္း အျပည့္အ၀ ရလားဆိုေတာ့ မရဘူး။ ညီမတို႔ အလုပ္သမားေတြကိုယ္တိုင္က ေန႔တိုင္း mask ေတြ ဝယ္တပ္ဖို႔ ဆိုတာကလည္း အလုပ္သမားေတြက တေန႔လုပ္မွ တေန႔စားရတာျဖစ္တယ္။ ဒီ mask ကို ဝယ္ၿပီး တပ္ဖို႔ဆိုတာ လုံး၀ မျဖစ္ႏိုင္ဘူး။ တခ်ိဳ႕ စက္႐ုံေတြကေတာ့ mask တို႔ ဘာတို႔ကို အထည္ခ်ဳပ္စက္႐ုံေတြမွာဆိုရင္ ပိတ္စကိုခ်ဳပ္ၿပီး ေပးတဲ့ဟာမ်ိဳးေတြ။ ဒါကို ေလ ွ်ာ္သုံးရတာမ်ိဳးေတြ ရွိတယ္။ သက္ဆိုင္ရာဌာနေတြက ၫႊန္ၾကားခ်က္ ထုတ္ထားတယ္။ ဒါေပမဲ့ စက္႐ုံေတြက မလိုက္နာဘူး။ အဲ့ဒီလို မလိုက္နာလို႔ အလုပ္သမားေတြက တိုင္ၾကားတာေတြ ရွိတယ္။ သက္ဆိုင္ရာ အလုပ္သမား ဝန္ႀကီးဌာနအထိ တိုင္တာေတာင္မွ ဝန္ႀကီးဌာနက ဘာမွေျဖရွင္း ေဆာင္႐ြက္ေပးတာ မရွိေတာ့ ညီမတို႔ အေနနဲ႔ကေတာ့ ဒီေရာဂါပိုးကိုလည္း ေၾကာက္တယ္။ ကူးမလား ဆိုၿပီးေတာ့လည္း စိုးရိမ္တယ္။ စိုးရိမ္ ေၾကာင့္ၾကေသာ္ျငားလည္း မိသားစု စားဝတ္ေနေေရး ဘဝရပ္တည္ေရးက လက္လႈပ္မွ ပါးစပ္လႈပ္ရတာ ျဖစ္တဲ့အတြက္ မလုပ္မလုပ္ဘဲ၊ အလုပ္မဆင္းဘဲ ငါေတာ့ ေရာဂါကူးခံရမွာေၾကာက္လို႔ ဆိုၿပီး အလုပ္သြားမဆင္းရင္လည္း ဒီမွာက အငတ္ေဘးဆိုက္ေရာက္မယ့္ အေျခအေနမ်ိဳး ဆိုေတာ့ ေရာဂါကို ေၾကာက္ေနေပမဲ့လည္း ညီမတို႔ အေနနဲ႔ကေတာ့ အလုပ္ေတြ သြားဆင္းေနရတဲ့ အေျခအေန ရွိတာေပါ့။”

ဒီလို ကိုဗစ္-၁၉ ကာလ အခက္အခဲေတြၾကားမွာ အလုပ္ဆင္းေနရတဲ့ စက္႐ုံ အလုပ္႐ုံဝန္ထမ္းေတြ အမ်ားအျပား ရွိေနသလို၊ အလုပ္ကေန ရပ္နားခံရၿပီး ခုခ်ိန္ထိ ျပန္ဆင္းခြင့္မရေသးတဲ့ သူေတြကလည္း ရွိေနတာပါ။ ကိုဗစ္-၁၉ ကူးစက္မႈေတြ မျဖစ္ခင္က KGG အထည္ခ်ဳပ္စက္႐ုံမွာ အလုပ္လုပ္ေနခဲ့တဲ့ မအိသႏၲာေအး ကေတာ့ အလုပ္သမားေတြကို ႀကိဳတင္ အေၾကာင္းၾကားအသိေပးတာမ်ိဳးေတြ မရွိဘဲ စက္႐ုံ ႐ုတ္တရက္ ပိတ္လိုက္တာနဲ႔ ႀကဳံရၿပီး ခုဆိုရင္ အလုပ္လက္မဲ့ ျဖစ္ေနတာ လေတြနဲ႔ခ်ီေနၿပီလို႔ ေျပာပါတယ္။

“ညီမ ေနာက္ဆုံး အလုပ္ လုပ္ခဲ့တဲ့ စက္႐ုံ ကေတာ့ KGG ေပါ့ေနာ္။ ဒဂုံဆိပ္ကမ္းထဲမွာပဲ ရွိတယ္။ အဲ့ဒီ KGG ကေနၿပီးေတာ့ ကိုဗစ္-၁၉ ေရာဂါေတြ စၿပီးျဖစ္ေတာ့ ညီမတို႔အတြက္ တျခား စက္႐ုံေတြက ပိတ္မယ္ ဘာမယ္ဆိုၿပီးေတာ့ ေကာလာဟလ သတင္းေတြ ၾကားတာေပါ့ေနာ္။ ဒါေပမဲ့ တ႐ုံမွေတာ့ မပိတ္ေသးဘူးေပါ့။ ညီမတို႔စက္႐ုံကေတာ့ ဘယ္ေတာ့မွ မပိတ္ႏိုင္ဘူးလို႔ လက္ခံထားခဲ့တယ္။ ဘာလို႔လဲ ဆိုရင္ ညီမတို႔စက္႐ုံက ေအာ္ဒါေတြ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့လို႔ ညီမတို႔ စက္႐ုံကပဲ စၿပီးေတာ့ ပိတ္လိုက္တယ္။ ပိတ္လိုက္တယ္ဆိုတာက တပ္မေတာ္ေန႔ အလုပ္ပိတ္တဲ့ေန႔နဲ႔ ခံၿပီးေတာ့ အဲ့ဒီရက္မွာ တပ္မေတာ္ေန႔ရယ္၊ တနဂၤေႏြေန႔ရယ္၊ ၾကားထဲက စေနေပါ့ေနာ္။ အဲ့ဒီလိုမ်ိဳး သုံးရက္ ပိတ္လိုက္တယ္။ ညီမတို႔ ေနာက္ဆုံး ဆင္းခဲ့တဲ့ရက္မွာလည္း ဘယ္လိုမ်ိဳးအသံမွ မၾကားခဲ့ဖူးေပါ့ေနာ္။ စက္႐ုံပိတ္မယ္ဆိုတာမ်ိဳးကို သတင္းသဲ့သဲ့ေလးမွ မၾကားဘူး။ တနဂၤေႏြေန႔က်ေတာ့မွ ညီမတို႔ သမဂၢထဲကေန ေကာင္မေလးတေယာက္က ဖုန္းဆက္တယ္ေပါ့ေနာ္။ စက္႐ုံက ပိတ္ေတာ့မယ္ဆိုတာ။ ဟယ္.. ဟုတ္ေကာ ဟုတ္ရဲ႕လားဆိုေတာ့ ဟုတ္တယ္ ေသခ်ာတယ္ဆိုၿပီးေတာ့ ေျပာတယ္။ အဲ့ဒါနဲ႔ ညီမတို႔ ဥကၠ႒က ေနၿပီးေတာ့လည္း ညီမကို ဖုန္းဆက္တယ္။ အေရးေပၚအစည္းအေဝး ရွိတယ္ေပါ့ေနာ္။ အဖြဲ႕ခ်ဳပ္ကိုလာခဲ့ ဆိုၿပီးေတာ့။ ဟိုလည္းေရာက္ေရာ သူ႔ကို ရဲစခန္းကေနၿပီးေတာ့ ေျပာတယ္ေပါ့။ ဒီ ကိုဗစ္ ကာလနဲ႔ ေအာ္ဒါေတြလည္း မရွာႏိုင္တဲ့အတြက္ ဒီစက္႐ုံကို မလည္ပတ္ႏိုင္ေတာ့ဘူးလို႔ ေျပာတယ္ေပါ့ေနာ္။"

ဒီလိုအေျခအေနေတြေၾကာင့္ပဲ ကိုဗစ္-၁၉ ကူးစက္မႈေတြ ရွိေနတဲ့ကာလမွာ အလုပ္ရွင္-အလုပ္သမား ျပႆနာေတြလည္း အေတာ္ေလး ျပင္းထန္ခဲ့ပါတယ္။ အလုပ္ရွင္ေတြဟာ ဝန္ထမ္းေတြကို ဂ႐ုမစိုက္ဘဲ အလြယ္တကူ အလုပ္ျဖဳတ္ပစ္တယ္ဆိုၿပီး အလုပ္သမားေတြဘက္က မေက်မနပ္ ျဖစ္ေနၾကတာပါ။ ေနာက္ပိုင္း ေရာဂါကူးစက္မႈေတြ က်ဆင္းလာတဲ့အတြက္ စက္႐ုံ အလုပ္႐ုံေတြ ျပန္လည္ လည္ပတ္ခြင့္ရတဲ့ အခါမွာလည္း အလုပ္သမားအေရးေဆာင္႐ြက္တဲ့ အဖြဲ႕ေတြမွာ ဦးေဆာင္ ပါဝင္သူ အမ်ားအျပားကေတာ့ နာမည္ဆိုး စာရင္းသြင္ခံရၿပီး စက္႐ုံေတြက အလုပ္ခန႔္ဖို႔ ျငင္းဆန္တာနဲ႔ ႀကဳံရတယ္လို႔ သူ႔ရဲ႕ ကိုယ္ေတြ႕ အေတြ႕အႀကဳံကို မအိသႏၲာေအးက ေျပာျပပါတယ္။

''အခုဆိုရင္ ကိုဗစ္ကာလမွာ အလုပ္အကိုင္ ရွားပါးတယ္။ တခ်ိဳ႕စက္႐ုံေတြဆိုလို႔ရွိရင္ လူေတြမေခၚဘူး။ အဲ့ဒီလူေတြ မေခၚဘူးဆိုတာေတာင္မွကို ေခၚတဲ့စက္႐ုံေတြကို၊ စက္႐ုံတိုင္း စက္႐ုံတိုင္းမွာ ညီမတို႔ အီးစီ (ဗမာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားအဖြဲ႕ ဗဟိုအလုပ္မႈေဆာင္) ေတြရဲ႕ ပုံေတြ မွတ္ပုံတင္ေတြနဲ႔ကို လိုက္ၿပီးေတာ့ ေပးထားတယ္။ black list သြင္းထားတယ္ေပါ့ေလ။ ဒါက အလုပ္သမား ေခါင္းေဆာင္ေတြ ဆိုတဲ့ဟာမ်ိဳးေတြနဲ႔ ဒီလိုလူမ်ိဳးေတြ လာရင္ အလုပ္မခန႔္ဖို႔ ဆိုၿပီး လိုက္ေပးထားတဲ့အတြက္ ညီမဆိုလို႔ရွိရင္ အခုခ်ိန္ထိ အလုပ္ လိုက္ေလ ွ်ာက္လို႔ မရဘူးေပါ့ေနာ္။ ေန႔တိုင္းလည္း အလုပ္ လိုက္ေလ ွ်ာက္တယ္။ ဒါေပမဲ့ တခ်ိဳ႕ ညီမတို႔ကို မမွတ္မိဘူး။ မမွတ္မိလို႔ သြင္းလိုက္တယ္။ တရက္ အဲ့လိုမ်ိဳးေပါ့ေနာ္။ ေန႔စားနဲ႔ သြားဆင္းတယ္။ ဒီနားက စက္႐ုံမွာပဲ။ အဲ့ဒီလိုဆင္းၿပီးေတာ့ ညီမကို မွတ္မိသြားတာနဲ႔ ျပန္ၿပီးေတာ့ အလုပ္ဆင္းစရာ မလိုေတာ့ဘူးလို႔ ေျပာၿပီးေတာ့ ထုတ္လိုက္တာမ်ိဳးေပါ့။ ဘာျဖစ္လို႔လဲ ေမးေတာ့ ညီမတို႔ကို အဲ့ဒီလိုမ်ိဳး ေဘးေပါက္ကေန ဓာတ္ပုံျပတယ္။ ညီမက KGG မွာလုပ္ခဲ့တာမလား ဆိုတဲ့ဟာမ်ိဳးနဲ႔ အဲ့ဒီလိုလုပ္တယ္။ ညီမတို႔ကလည္း အဲ့မွာက်ေတာ့ ေန႔စားဆိုေတာ့ သူတို႔ကို သြားေျပာလို႔လည္း မရဘူးေလ။ အခုဆိုလို႔ရွိရင္ ညီမတို႔ေတြ စားဝတ္ေနေရးအတြက္ အရမ္း အခက္အခဲျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုရင္ ညီမ မိသားစုကို နယ္ကေန လွမ္းေခၚထားတာေပါ့ေနာ္။ ဒီမွာပဲ အေျခခ်မယ္ ဆိုၿပီး လွမ္းေခၚခဲ့တာ။ ဒါေပမဲ့ မိသားစုေတြေရာက္တာျဖင့္ ေလး-ငါး-ေျခာက္လ ေလာက္ပဲ ၾကာဦးမွာေပါ့။ အခုက်ေတာ့ ညီမ အလုပ္ ျပဳတ္သြားတယ္။ ညီမရဲ႕စက္႐ုံမွာ ညီမရဲ႕ ညီမေလးလည္း ျပဳတ္သြားတယ္။”

ကိုဗစ္-၁၉ ကူးစက္မႈေတြေၾကာင့္ စားဝတ္ေနေရး အခက္အခဲ ျဖစ္ေနသူေတြကို အစိုးရက အကူအညီ တခ်ိဳ႕ ေပးတာေတြရွိေပမဲ့၊ မိသားစုတိုင္းမရၾကသလို ဒီအထဲမွာ သူတို႔မိသားစုလည္း မပါဘူးလို႔ မအိသႏၲာေအးက ေျပာျပပါတယ္။ ဒီလိုအေျခအေနမွာ ဥေရာပသမဂၢ အီးယူက ကိုဗစ္-၁၉ ကူးစက္မႈေတြေၾကာင့္ ထိခိုက္နစ္နာမႈေတြ ႀကဳံေတြ႕ေနရတဲ့ အလုပ္သမားေတြအတြက္ အကူအညီတခ်ိဳ႕ ေပးမယ္ဆိုတာ သိရလို႔ စာရင္းေပးခဲ့ေပမဲ့ ခုထိေတာ့ ဘာေထာက္ပံ့မႈမွ မရေသးဘူးလို႔လည္း မအိသႏၲာေအးက ေျပာပါတယ္။

“စၿပီးေတာ့ ကိုဗစ္ ျဖစ္ခါစက တအိမ္ေထာင္ကို ဆန္ ၈ ျပည္ဆိုတာမ်ိဳး ေပးတုန္းကေတာင္မွ ညီမတို႔ေတြက အလုပ္ျပဳတ္ခါစမိုလို႔ အလုပ္ကေန ေလ်ာ္ေၾကးေငြ ရထားတာျဖစ္တဲ့အတြက္ မေပးဘူးဆိုၿပီး ညီမတို႔ရဲ႕ အုပ္ခ်ဳပ္ေရးမႉးက အဲ့ဒီလို မေပးခဲ့ဘူး။ အခုဆိုလို႔ရွိရင္ အီးယူကေနၿပီးေတာ့ ေပးမယ္ေပါ့ေနာ္။ အလုပ္ ျပဳတ္သြားတဲ့သူေတြကို စာရင္းတင္ဆိုလို႔ ညီမတို႔ေတြ စာရင္းတင္တာ သူတို႔ေတြေျပာၿပီးတာနဲ႔ စာရင္းတင္တာ။ ဒါေပမဲ့ အခ်ိန္ထိ ညီမတို႔နာမည္ မပါလာေသးဘူး။ ညီမတို႔ကို ဖုန္းမဆက္ေသးဘူးေပါ့ေနာ္။ ရတဲ့သူေတြ ရွိတယ္လို႔ေတာ့ ၾကားတယ္။ ဒါေပမဲ့ ညီမလည္း မရဘူး။ ညီမရဲ႕ ညီမေလးလည္း မရဘူး။ အဲ့လိုမ်ိဳး။”


ဒီလိုအခ်ိန္မွာ အစိုးရက လူမႈဖူလုံေရး ေထာက္ပံ့မယ္ဆိုတဲ့ သတင္းသာၾကားရၿပီး ခုထိေတာ့ ဘာခံစားခြင့္မွ မရရွိေသးဘူးလို႔ မသက္ထားေဆြကလည္း ေျပာပါတယ္။


“လူမႈဖူလုံေရးက ၄၀ % ေပးမယ္ဆိုတဲ့ ေၾကညာခ်က္ ထြက္လာတယ္ဆိုတဲ့ဥစၥာကို သိတယ္။ အလုပ္သမားေတြ အကုန္လုံးကလည္း သိတယ္။ ဧၿပီလထဲကေနၿပီးေတာ့ လူမႈဖူလုံေရးကေန ၄၀ % ေပး ေထာက္ပံ့မယ္ေျပာတယ္။ အဲ့ဒီအလုပ္သမားေတြကို ေထာက္ပံ့မယ့္ ၄၀ % က တကယ္တမ္း အလုပ္သမားေတြလက္ထဲကိုလည္း မေရာက္ေသးဘူး။ ၿပီးရင္ အလုပ္ရွင္ကေနၿပီးေတာ့ - အစိုးရကေတာ့ ၄၀ % ေပးထားမယ္။ သူတို႔ကေတာ့ lock down ကာလမွာ စက္႐ုံ အလုပ္႐ုံေတြ ပိတ္ထားရတာျဖစ္တဲ့အတြက္ သူတို႔ဘက္က ၆၀ % ကိုလည္း မေပးဘူး။ သာမန္ က်မတို႔ ၄၈၀၀ ရေနတဲ့ အေျခအေနမွာေတာင္ ေလာက္ငွမႈမရွိတဲ့ဥစၥာ။ ဒီအစိုးရက ေပးမယ့္ ၄၀ % နဲ႔၊ ၄၀ % ဆိုတာလည္း လက္ရွိမွာလည္း မရေသးဘူး။ ဒီ ၄၀ % နဲ႔ ဘယ္လိုရပ္တည္မလဲ။ အိမ္လခဖိုးေတာင္မွပဲ အဆင္မေျပတဲ့ အေျခအေနမ်ိဳးေပါ့ေနာ္။''

တကယ္ေတာ့ ကိုဗစ္-၁၉ ေရာကူးစက္မႈေတြျဖစ္လာတဲ့အခ်ိန္မွာ ခုလို အလုပ္သမားေတြ အက်ပ္အတည္းႀကဳံရသလို၊ လုပ္ငန္းရွင္ေတြဘက္မွာလည္း အနည္းနဲ႔အမ်ား ထိခိုက္ နစ္နာ ဆုံးရႈံးမႈေတြ ႀကဳံေတြ႕ေနၾကရတာျဖစ္ပါတယ္။ ျမန္မာ အပါအဝင္ တကမာၻလုံးကို ႐ိုက္ခတ္ေနတဲ့ ဒီကပ္ေရာဂါ ကူးစက္မႈေတြနဲ႔ စီးပြားေရးအေပၚ ႐ိုက္ခတ္မႈေတြကို သက္ဆိုင္ရာ အစိုးရေတြ၊ ေခါင္းေဆာင္ေတြက ျမန္ျမန္ဆန္ဆန္နဲ႔ ထိထိေရာက္ေရာက္ ကိုင္တြယ္ မေျဖရွင္းႏိုင္ဘူးဆိုရင္ေတာ့ အက်ပ္အတည္းေတြက ပိုၿပီး ဆိုးလာႏိုင္ဖြယ္ ရွိေနၿပီး ေနာက္ပိုင္း စီးပြားေရး ျပန္လည္ နာလန္ထူဖို႔ ႀကိဳးစားတဲ့အခါ မွာလည္း ပိုၿပီး ခက္ခဲႏိုင္ပါတယ္။ လက္ရွိ အလုပ္သမားေတြရဲ႕ အခက္အခဲေတြမွာဆိုရင္လည္း အစိုးရ၊ အလုပ္ရွင္၊ အလုပ္သမား၊ အရပ္ဘက္ လူမႈကူညီေပးေရးအဖြဲ႕ေတြနဲ႔ လူမႈအသိုင္းအဝိုင္း တခုလုံး ပါဝင္ ပူးေပါင္းၿပီး အျပန္အလွန္ နားလည္ စာနာစိတ္နဲ႔ ေျဖရွင္းကိုင္တြယ္ၾကမယ္ ဆိုရင္ေတာ့ အက်ပ္အတည္းေတြ သက္သာရာ ရေစႏိုင္တယ္ဆိုတာ တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္

===================================

[Unicode Version]

ကိုဗစ်-၁၉ ကပ်ဘေးကြားက အမျိုးသမီး စက်ရုံအလုပ်သမားတွေရဲ့ဘဝ

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ကာလမှာ မြန်မာနိုင်ငံအတွင်းမှာလည်း စက်ရုံ အလုပ်ရုံတွေ အများအပြား ပိတ်ပစ်လိုက်ရပြီး အလုပ်သမားတွေ ထောင်သောင်းချီ အလုပ်လက်မဲ့ဖြစ်ခဲ့ကြရပါတယ်။ လုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်လာတယ်ဆိုပေမဲ့လည်း အရင်ကလို ပုံမှန်အခြေအနေကိုတော့ ပြန်မရောက်သေးပါဘူး။ အလုပ်ပြန်ဆင်းခွင့် မရကြသေးတဲ့ အလုပ်သမားတွေ အများအပြား ရှိနေဆဲဖြစ်ပြီး ပြန်ဆင်းခွင့်ရတဲ့ သူတွေအတွက်မှာလည်း ရောဂါကူးစက်မှုအန္တရာယ် စိုးရိမ်မှုတွေနဲ့ အခက်အခဲ အကျပ်အတည်းတွေကတော့ ကြုံနေကြရဆဲပါ။ ဒီလို စက်ရုံဝန်ထမ်းတွေထဲမှာ အမျိုးသမီးတွေအများစု ပါဝင်ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကာလအတွင်း မိသားစု စားဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှားရှင်သန်နေကြတဲ့ အမျိုးသမီး စက်ရုံအလုပ်သမားတချို့ ပြောပြတဲ့ သူတို့ရဲ့အတွေ့အကြုံတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

“အခု ဒီကာလမှာတော့ အလုပ်သမားတွေ အနေနဲ့ တော်တော် အကျပ်အတည်း အခက်အခဲ ဆိုက်ရောက်တဲ့ ကာလမျိုး ဖြစ်နေတာပေါ့နော်။ သာမန်ခြေအနေနဲ့ မတူတဲ့ အခြေအနေတခုကို ရင်ဆိုင်နေရတယ်။ ညီမ မှမဟုတ်ဘူး တခြားအလုပ်သမားတွေ အကုန်လုံး ဘယ်နေ့ ငါရော အလုပ်ပြုတ်မလဲ။ ဒီ ကိုဗစ် ကရော ဘယ်နေ့ပြီးမလဲ။ ကိုဗစ် မပြီးသမ ျှ ကာလပတ်လုံး ညီမတို့ အလုပ်သမားတွေက အလုပ်လက်မဲ့ဘဝကို ဒီနေ့ သို့မဟုတ် မနက်ဖြန် အလုပ်လက်မဲ့ဘဝကို ရောက်ရတော့မယ့် အခြေအနေမျိုးကို ရင်ဆိုင်နေရတာပေါ့။”


ဒါကတော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း စက်မှုဇုံမှာရှိတဲ့ ရီချွန် ဖုန်းအားသွင်းကြိုး စက်ရုံမှာ အလုပ် လုပ်နေတဲ့ မသက်ထားဆွေ ပြောပြသွားတာပါ။ မသက်ထားဆွေဟာ ကိုဗစ်-၁၉ ကူးစက်မှုတွေ မဖြစ်ခင်တုန်းကတော့ အလုပ်ရှင်-အလုပ်သမား ပြဿနာတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ ဖုယွင် အထည်ချုပ်စက်ရုံမှာ အလုပ် လုပ်ခဲ့တဲ့သူပါ။ လက်ရှိမှာ ဖုယွင် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားဆဲဖြစ်သလို၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ ဗဟိုအလုပ်အမှုဆောင်တယောက်လည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပြီးခဲ့တဲ့မတ်လထဲ အထည်ချုပ်လုပ်ငန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေ ပိတ်ပစ်ခဲ့ရတာမှာ အလုပ်သမားတွေ အများအပြား နေ့ချင်းညချင်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရတာပါ။ နောက်ပိုင်း ကူးစက်မှုတွေ ကျဆင်းလာတဲ့အတွက် လုပ်ငန်းတွေ ပြန်စ လာနေကြပေမဲ့လို့ ကူးစက်မှုတွေ ရှိနေဆဲကာလ ဖြစ်တာမို့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို အသေချအချာ လိုက်နာဖို့ကတော့ အရေးကြီးနေသေးတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စက်ရုံတွေဟာ ညွှန်ကြားချက်တွေကို လိုက်ပါဆောင်ရွက်တာ အားနည်းသလို၊ ဒီအပေါ်မှာ သက်ဆိုင်ရာအစိုးရဌာနတွေကလည်း အရေးတယူ ကိုင်တွယ် ဆောင်ရွက်တာ မရှိလို့ အလုပ်သမားတွေအတွက်ကတော့ စိုးရိမ်မှုတွေနဲ့ အလုပ် လုပ်နေကြရတယ်လို့ မသက်ထားဆွေက ပြောပါတယ်။


“ဒီရောဂါ အခြေအနေနဲ့ ပတ်သက်ပြီးတော့ စက်ရုံ အလုပ်ရုံတွေကို ညွှန်ကြားချက် ထုတ်ထားတာတွေကို ညီမတို့ သိတယ်။ ညွှန်ကြားချက်ထဲမှာ တယောက်ကို ၆ ပေအကွာတို့။ ၃ ပေ အကွာတို့ ထားပြီး အလုပ် လုပ်ရမယ်။ ပြီးရင် mask တပ်ရမယ်။ လက်ဆေး ဆပ်ပြာတွေ ထားရမယ်။ လက်ဆေးကန်တွေ ထားရမယ်။ အိမ်သာမှာကအစ ဒါတွေကို စနစ်တကျကိုပဲ နာရီပိုင်းခြားပြီး သန့်ရှင်းရေးတွေ လုပ်ရမယ်ဆိုတာတွေ ညွှန်ကြားချက်တွေထဲမှာ ပါပြီးသား။ ဒါပေမဲ့ သက်ဆိုင်ရာ ဌာနတွေက ထုတ်ထားတာပဲရှိတယ်။ အဲ့ဒီကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုက တကယ်တမ်း အပြည့်အ၀ ရလားဆိုတော့ မရဘူး။ ညီမတို့ အလုပ်သမားတွေကိုယ်တိုင်က နေ့တိုင်း mask တွေ ဝယ်တပ်ဖို့ ဆိုတာကလည်း အလုပ်သမားတွေက တနေ့လုပ်မှ တနေ့စားရတာဖြစ်တယ်။ ဒီ mask ကို ဝယ်ပြီး တပ်ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ဘူး။ တချို့ စက်ရုံတွေကတော့ mask တို့ ဘာတို့ကို အထည်ချုပ်စက်ရုံတွေမှာဆိုရင် ပိတ်စကိုချုပ်ပြီး ပေးတဲ့ဟာမျိုးတွေ။ ဒါကို လေ ျှာ်သုံးရတာမျိုးတွေ ရှိတယ်။ သက်ဆိုင်ရာဌာနတွေက ညွှန်ကြားချက် ထုတ်ထားတယ်။ ဒါပေမဲ့ စက်ရုံတွေက မလိုက်နာဘူး။ အဲ့ဒီလို မလိုက်နာလို့ အလုပ်သမားတွေက တိုင်ကြားတာတွေ ရှိတယ်။ သက်ဆိုင်ရာ အလုပ်သမား ဝန်ကြီးဌာနအထိ တိုင်တာတောင်မှ ဝန်ကြီးဌာနက ဘာမှဖြေရှင်း ဆောင်ရွက်ပေးတာ မရှိတော့ ညီမတို့ အနေနဲ့ကတော့ ဒီရောဂါပိုးကိုလည်း ကြောက်တယ်။ ကူးမလား ဆိုပြီးတော့လည်း စိုးရိမ်တယ်။ စိုးရိမ် ကြောင့်ကြသော်ငြားလည်း မိသားစု စားဝတ်နေေရေး ဘဝရပ်တည်ရေးက လက်လှုပ်မှ ပါးစပ်လှုပ်ရတာ ဖြစ်တဲ့အတွက် မလုပ်မလုပ်ဘဲ၊ အလုပ်မဆင်းဘဲ ငါတော့ ရောဂါကူးခံရမှာကြောက်လို့ ဆိုပြီး အလုပ်သွားမဆင်းရင်လည်း ဒီမှာက အငတ်ဘေးဆိုက်ရောက်မယ့် အခြေအနေမျိုး ဆိုတော့ ရောဂါကို ကြောက်နေပေမဲ့လည်း ညီမတို့ အနေနဲ့ကတော့ အလုပ်တွေ သွားဆင်းနေရတဲ့ အခြေအနေ ရှိတာပေါ့။”

ဒီလို ကိုဗစ်-၁၉ ကာလ အခက်အခဲတွေကြားမှာ အလုပ်ဆင်းနေရတဲ့ စက်ရုံ အလုပ်ရုံဝန်ထမ်းတွေ အများအပြား ရှိနေသလို၊ အလုပ်ကနေ ရပ်နားခံရပြီး ခုချိန်ထိ ပြန်ဆင်းခွင့်မရသေးတဲ့ သူတွေကလည်း ရှိနေတာပါ။ ကိုဗစ်-၁၉ ကူးစက်မှုတွေ မဖြစ်ခင်က KGG အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေခဲ့တဲ့ မအိသန္တာအေး ကတော့ အလုပ်သမားတွေကို ကြိုတင် အကြောင်းကြားအသိပေးတာမျိုးတွေ မရှိဘဲ စက်ရုံ ရုတ်တရက် ပိတ်လိုက်တာနဲ့ ကြုံရပြီး ခုဆိုရင် အလုပ်လက်မဲ့ ဖြစ်နေတာ လတွေနဲ့ချီနေပြီလို့ ပြောပါတယ်။

“ညီမ နောက်ဆုံး အလုပ် လုပ်ခဲ့တဲ့ စက်ရုံ ကတော့ KGG ပေါ့နော်။ ဒဂုံဆိပ်ကမ်းထဲမှာပဲ ရှိတယ်။ အဲ့ဒီ KGG ကနေပြီးတော့ ကိုဗစ်-၁၉ ရောဂါတွေ စပြီးဖြစ်တော့ ညီမတို့အတွက် တခြား စက်ရုံတွေက ပိတ်မယ် ဘာမယ်ဆိုပြီးတော့ ကောလာဟလ သတင်းတွေ ကြားတာပေါ့နော်။ ဒါပေမဲ့ တရုံမှတော့ မပိတ်သေးဘူးပေါ့။ ညီမတို့စက်ရုံကတော့ ဘယ်တော့မှ မပိတ်နိုင်ဘူးလို့ လက်ခံထားခဲ့တယ်။ ဘာလို့လဲ ဆိုရင် ညီမတို့စက်ရုံက အော်ဒါတွေ အများကြီးရှိတယ်။ ဒါပေမဲ့လို့ ညီမတို့ စက်ရုံကပဲ စပြီးတော့ ပိတ်လိုက်တယ်။ ပိတ်လိုက်တယ်ဆိုတာက တပ်မတော်နေ့ အလုပ်ပိတ်တဲ့နေ့နဲ့ ခံပြီးတော့ အဲ့ဒီရက်မှာ တပ်မတော်နေ့ရယ်၊ တနင်္ဂနွေနေ့ရယ်၊ ကြားထဲက စနေပေါ့နော်။ အဲ့ဒီလိုမျိုး သုံးရက် ပိတ်လိုက်တယ်။ ညီမတို့ နောက်ဆုံး ဆင်းခဲ့တဲ့ရက်မှာလည်း ဘယ်လိုမျိုးအသံမှ မကြားခဲ့ဖူးပေါ့နော်။ စက်ရုံပိတ်မယ်ဆိုတာမျိုးကို သတင်းသဲ့သဲ့လေးမှ မကြားဘူး။ တနင်္ဂနွေနေ့ကျတော့မှ ညီမတို့ သမဂ္ဂထဲကနေ ကောင်မလေးတယောက်က ဖုန်းဆက်တယ်ပေါ့နော်။ စက်ရုံက ပိတ်တော့မယ်ဆိုတာ။ ဟယ်.. ဟုတ်ကော ဟုတ်ရဲ့လားဆိုတော့ ဟုတ်တယ် သေချာတယ်ဆိုပြီးတော့ ပြောတယ်။ အဲ့ဒါနဲ့ ညီမတို့ ဥက္ကဋ္ဌက နေပြီးတော့လည်း ညီမကို ဖုန်းဆက်တယ်။ အရေးပေါ်အစည်းအဝေး ရှိတယ်ပေါ့နော်။ အဖွဲ့ချုပ်ကိုလာခဲ့ ဆိုပြီးတော့။ ဟိုလည်းရောက်ရော သူ့ကို ရဲစခန်းကနေပြီးတော့ ပြောတယ်ပေါ့။ ဒီ ကိုဗစ် ကာလနဲ့ အော်ဒါတွေလည်း မရှာနိုင်တဲ့အတွက် ဒီစက်ရုံကို မလည်ပတ်နိုင်တော့ဘူးလို့ ပြောတယ်ပေါ့နော်။"

ဒီလိုအခြေအနေတွေကြောင့်ပဲ ကိုဗစ်-၁၉ ကူးစက်မှုတွေ ရှိနေတဲ့ကာလမှာ အလုပ်ရှင်-အလုပ်သမား ပြဿနာတွေလည်း အတော်လေး ပြင်းထန်ခဲ့ပါတယ်။ အလုပ်ရှင်တွေဟာ ဝန်ထမ်းတွေကို ဂရုမစိုက်ဘဲ အလွယ်တကူ အလုပ်ဖြုတ်ပစ်တယ်ဆိုပြီး အလုပ်သမားတွေဘက်က မကျေမနပ် ဖြစ်နေကြတာပါ။ နောက်ပိုင်း ရောဂါကူးစက်မှုတွေ ကျဆင်းလာတဲ့အတွက် စက်ရုံ အလုပ်ရုံတွေ ပြန်လည် လည်ပတ်ခွင့်ရတဲ့ အခါမှာလည်း အလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့တွေမှာ ဦးဆောင် ပါဝင်သူ အများအပြားကတော့ နာမည်ဆိုး စာရင်းသွင်ခံရပြီး စက်ရုံတွေက အလုပ်ခန့်ဖို့ ငြင်းဆန်တာနဲ့ ကြုံရတယ်လို့ သူ့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံကို မအိသန္တာအေးက ပြောပြပါတယ်။

''အခုဆိုရင် ကိုဗစ်ကာလမှာ အလုပ်အကိုင် ရှားပါးတယ်။ တချို့စက်ရုံတွေဆိုလို့ရှိရင် လူတွေမခေါ်ဘူး။ အဲ့ဒီလူတွေ မခေါ်ဘူးဆိုတာတောင်မှကို ခေါ်တဲ့စက်ရုံတွေကို၊ စက်ရုံတိုင်း စက်ရုံတိုင်းမှာ ညီမတို့ အီးစီ (ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ ဗဟိုအလုပ်မှုဆောင်) တွေရဲ့ ပုံတွေ မှတ်ပုံတင်တွေနဲ့ကို လိုက်ပြီးတော့ ပေးထားတယ်။ black list သွင်းထားတယ်ပေါ့လေ။ ဒါက အလုပ်သမား ခေါင်းဆောင်တွေ ဆိုတဲ့ဟာမျိုးတွေနဲ့ ဒီလိုလူမျိုးတွေ လာရင် အလုပ်မခန့်ဖို့ ဆိုပြီး လိုက်ပေးထားတဲ့အတွက် ညီမဆိုလို့ရှိရင် အခုချိန်ထိ အလုပ် လိုက်လေ ျှာက်လို့ မရဘူးပေါ့နော်။ နေ့တိုင်းလည်း အလုပ် လိုက်လေ ျှာက်တယ်။ ဒါပေမဲ့ တချို့ ညီမတို့ကို မမှတ်မိဘူး။ မမှတ်မိလို့ သွင်းလိုက်တယ်။ တရက် အဲ့လိုမျိုးပေါ့နော်။ နေ့စားနဲ့ သွားဆင်းတယ်။ ဒီနားက စက်ရုံမှာပဲ။ အဲ့ဒီလိုဆင်းပြီးတော့ ညီမကို မှတ်မိသွားတာနဲ့ ပြန်ပြီးတော့ အလုပ်ဆင်းစရာ မလိုတော့ဘူးလို့ ပြောပြီးတော့ ထုတ်လိုက်တာမျိုးပေါ့။ ဘာဖြစ်လို့လဲ မေးတော့ ညီမတို့ကို အဲ့ဒီလိုမျိုး ဘေးပေါက်ကနေ ဓာတ်ပုံပြတယ်။ ညီမက KGG မှာလုပ်ခဲ့တာမလား ဆိုတဲ့ဟာမျိုးနဲ့ အဲ့ဒီလိုလုပ်တယ်။ ညီမတို့ကလည်း အဲ့မှာကျတော့ နေ့စားဆိုတော့ သူတို့ကို သွားပြောလို့လည်း မရဘူးလေ။ အခုဆိုလို့ရှိရင် ညီမတို့တွေ စားဝတ်နေရေးအတွက် အရမ်း အခက်အခဲဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ညီမ မိသားစုကို နယ်ကနေ လှမ်းခေါ်ထားတာပေါ့နော်။ ဒီမှာပဲ အခြေချမယ် ဆိုပြီး လှမ်းခေါ်ခဲ့တာ။ ဒါပေမဲ့ မိသားစုတွေရောက်တာဖြင့် လေး-ငါး-ခြောက်လ လောက်ပဲ ကြာဦးမှာပေါ့။ အခုကျတော့ ညီမ အလုပ် ပြုတ်သွားတယ်။ ညီမရဲ့စက်ရုံမှာ ညီမရဲ့ ညီမလေးလည်း ပြုတ်သွားတယ်။”

ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေသူတွေကို အစိုးရက အကူအညီ တချို့ ပေးတာတွေရှိပေမဲ့၊ မိသားစုတိုင်းမရကြသလို ဒီအထဲမှာ သူတို့မိသားစုလည်း မပါဘူးလို့ မအိသန္တာအေးက ပြောပြပါတယ်။ ဒီလိုအခြေအနေမှာ ဥရောပသမဂ္ဂ အီးယူက ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ထိခိုက်နစ်နာမှုတွေ ကြုံတွေ့နေရတဲ့ အလုပ်သမားတွေအတွက် အကူအညီတချို့ ပေးမယ်ဆိုတာ သိရလို့ စာရင်းပေးခဲ့ပေမဲ့ ခုထိတော့ ဘာထောက်ပံ့မှုမှ မရသေးဘူးလို့လည်း မအိသန္တာအေးက ပြောပါတယ်။

“စပြီးတော့ ကိုဗစ် ဖြစ်ခါစက တအိမ်ထောင်ကို ဆန် ၈ ပြည်ဆိုတာမျိုး ပေးတုန်းကတောင်မှ ညီမတို့တွေက အလုပ်ပြုတ်ခါစမိုလို့ အလုပ်ကနေ လျော်ကြေးငွေ ရထားတာဖြစ်တဲ့အတွက် မပေးဘူးဆိုပြီး ညီမတို့ရဲ့ အုပ်ချုပ်ရေးမှူးက အဲ့ဒီလို မပေးခဲ့ဘူး။ အခုဆိုလို့ရှိရင် အီးယူကနေပြီးတော့ ပေးမယ်ပေါ့နော်။ အလုပ် ပြုတ်သွားတဲ့သူတွေကို စာရင်းတင်ဆိုလို့ ညီမတို့တွေ စာရင်းတင်တာ သူတို့တွေပြောပြီးတာနဲ့ စာရင်းတင်တာ။ ဒါပေမဲ့ အချိန်ထိ ညီမတို့နာမည် မပါလာသေးဘူး။ ညီမတို့ကို ဖုန်းမဆက်သေးဘူးပေါ့နော်။ ရတဲ့သူတွေ ရှိတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ ညီမလည်း မရဘူး။ ညီမရဲ့ ညီမလေးလည်း မရဘူး။ အဲ့လိုမျိုး။”


ဒီလိုအချိန်မှာ အစိုးရက လူမှုဖူလုံရေး ထောက်ပံ့မယ်ဆိုတဲ့ သတင်းသာကြားရပြီး ခုထိတော့ ဘာခံစားခွင့်မှ မရရှိသေးဘူးလို့ မသက်ထားဆွေကလည်း ပြောပါတယ်။


“လူမှုဖူလုံရေးက ၄၀ % ပေးမယ်ဆိုတဲ့ ကြေညာချက် ထွက်လာတယ်ဆိုတဲ့ဥစ္စာကို သိတယ်။ အလုပ်သမားတွေ အကုန်လုံးကလည်း သိတယ်။ ဧပြီလထဲကနေပြီးတော့ လူမှုဖူလုံရေးကနေ ၄၀ % ပေး ထောက်ပံ့မယ်ပြောတယ်။ အဲ့ဒီအလုပ်သမားတွေကို ထောက်ပံ့မယ့် ၄၀ % က တကယ်တမ်း အလုပ်သမားတွေလက်ထဲကိုလည်း မရောက်သေးဘူး။ ပြီးရင် အလုပ်ရှင်ကနေပြီးတော့ - အစိုးရကတော့ ၄၀ % ပေးထားမယ်။ သူတို့ကတော့ lock down ကာလမှာ စက်ရုံ အလုပ်ရုံတွေ ပိတ်ထားရတာဖြစ်တဲ့အတွက် သူတို့ဘက်က ၆၀ % ကိုလည်း မပေးဘူး။ သာမန် ကျမတို့ ၄၈၀၀ ရနေတဲ့ အခြေအနေမှာတောင် လောက်ငှမှုမရှိတဲ့ဥစ္စာ။ ဒီအစိုးရက ပေးမယ့် ၄၀ % နဲ့၊ ၄၀ % ဆိုတာလည်း လက်ရှိမှာလည်း မရသေးဘူး။ ဒီ ၄၀ % နဲ့ ဘယ်လိုရပ်တည်မလဲ။ အိမ်လခဖိုးတောင်မှပဲ အဆင်မပြေတဲ့ အခြေအနေမျိုးပေါ့နော်။''

တကယ်တော့ ကိုဗစ်-၁၉ ရောကူးစက်မှုတွေဖြစ်လာတဲ့အချိန်မှာ ခုလို အလုပ်သမားတွေ အကျပ်အတည်းကြုံရသလို၊ လုပ်ငန်းရှင်တွေဘက်မှာလည်း အနည်းနဲ့အများ ထိခိုက် နစ်နာ ဆုံးရှုံးမှုတွေ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ မြန်မာ အပါအဝင် တကမ္ဘာလုံးကို ရိုက်ခတ်နေတဲ့ ဒီကပ်ရောဂါ ကူးစက်မှုတွေနဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေကို သက်ဆိုင်ရာ အစိုးရတွေ၊ ခေါင်းဆောင်တွေက မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ကိုင်တွယ် မဖြေရှင်းနိုင်ဘူးဆိုရင်တော့ အကျပ်အတည်းတွေက ပိုပြီး ဆိုးလာနိုင်ဖွယ် ရှိနေပြီး နောက်ပိုင်း စီးပွားရေး ပြန်လည် နာလန်ထူဖို့ ကြိုးစားတဲ့အခါ မှာလည်း ပိုပြီး ခက်ခဲနိုင်ပါတယ်။ လက်ရှိ အလုပ်သမားတွေရဲ့ အခက်အခဲတွေမှာဆိုရင်လည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ အရပ်ဘက် လူမှုကူညီပေးရေးအဖွဲ့တွေနဲ့ လူမှုအသိုင်းအဝိုင်း တခုလုံး ပါဝင် ပူးပေါင်းပြီး အပြန်အလှန် နားလည် စာနာစိတ်နဲ့ ဖြေရှင်းကိုင်တွယ်ကြမယ် ဆိုရင်တော့ အကျပ်အတည်းတွေ သက်သာရာ ရစေနိုင်တယ်ဆိုတာ တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG