သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္ဘဝက ႐ုန္းကန္လႈပ္ရွားခဲ့တဲ့ အမ်ိဳးသမီးရဲစြမ္းသတၱိဆုရွင္


၂၀၁၉ ခုႏွစ္ ႏုိင္ငံတကာ အမ်ိဳးသမီးရဲစြမ္းသတၱိရွင္ဆုရ ေနာ္ကေညာေဖာ (မတ္လ ၈ ရက္၊ ၂၀၁၉)

(Zawgyi/Unicode)

ကမာၻတဝွမ္း စစ္ပြဲေတြနဲ႔ ပဋိပကၡေတြေၾကာင့္ ကိုယ့္တိုင္းျပည္အတြင္းမွာပဲ အိုးအိမ္စြန႔္ခြာထြက္ေျပးေနၾကရသူေတြ အပါအဝင္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ ဒုကၡသည္ သန္း ၈၀ နီးပါး ရွိၿပီး ဒီအထဲမွာ တဝက္နီးပါးက အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြျဖစ္ပါတယ္။ ဒုကၡသည္ဆိုတဲ့အတိုင္း ပညာေရး၊ လူမႈေရး စားဝတ္ေနေရး အေျခခံ အခြင့္အေရးေတြကို သာမန္လူေတြလို အျပည့္အ၀ ခံစားခြင့္ မရၾကသလို႔ ဒုကၡသည္ဘဝမွာ အခြင့္အလမ္းဆိုတာ ကလည္း မရွိသေလာက္ပါ။ ဒီလိုအေျခအေနမ်ိဳးမွာ ဘဝကိုအရႈံးမေပးဘဲ၊ ေအာင္ျမင္တဲ့ အနာဂတ္တခုရဖို႔ ပုံေဖာ္ႀကိဳးစားေနၾကတဲ့ ဒုကၡသည္ေတြ၊ လူမႈအသိုင္းအဝိုင္းကို ျပန္လည္ အက်ိဳးျပဳေနၾကတဲ့ ဒုကၡသည္ေတြလည္း အမ်ားအျပား ရွိပါတယ္။ ဒီ ဇြန္လ ၂၀ ရက္ေန႔ကေတာ့ ဒီလိုဒုကၡသည္ေတြရဲ႕ ဘဝေတြကို အသိအမွတ္ျပဳၿပီး ဒုကၡသည္ အေရးကို ကမာၻက ပိုမို နားလည္သိရွိ လာႏိုင္ေစဖို႔ ရည္႐ြယ္တဲ့ ကမာၻ႔ဒုကၡသည္မ်ားေန႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလိုေန႔မွာ ဒုကၡသည္ဘ၀ အခက္အခဲေတြကို ႐ုန္းကန္ ေက်ာ္ျဖတ္ၿပီး လူမႈအသိုင္းအဝိုင္းအတြက္ ျပန္လည္ အက်ိဳးျပဳေနတဲ့ အမ်ိဳးသမီးေခါင္းေဆာင္ တေယာက္လည္းျဖစ္၊ အေမရိကန္ႏိုင္ငံျခားေရးဌာနက ခ်ီးျမႇင့္တဲ့ ၂၀၁၉ ခုႏွစ္ အမ်ိဳးသမီးရဲစြမ္းသတၱိဆုရွင္ လည္းျဖစ္တဲ့ ေနာ္ကေညာေဖာ္ရဲ႕ ျဖတ္သန္းမႈတခ်ိဳ႕ကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ဆက္ထားပါတယ္။

“က်မ နာမည္က ေနာ္ကေညာေဖာ ပါ။ က်မကို ထိုင္းနယ္စပ္တေနရာမွာ ေမြးခဲ့တာပါ။ ၁၉ ၇၅-၇၆ ခုႏွစ္ေလာက္က ကရင္ေဒသမွာ ျမန္မာ့တပ္မေတာ္က ျဖတ္ေလးျဖတ္မူ သုံးၿပီး ကရင္ေတာ္လွန္ေရး တပ္ဖြဲ႕ေတြကို ႏွိမ္နင္းဖို႔ႀကိဳးစားတာမွာ လက္နက္ကိုင္ရယ္ အရပ္သားရယ္လို႔ မခြဲျခားဘဲ အားလုံးကို ပစ္မွတ္ထား တိုက္ခိုက္တာေၾကာင့္ က်မ မိဘေတြ အပါအဝင္ ကရင္မိသားစုေတြ အမ်ားအျပား ထိုင္း-ျမန္မာနယ္စပ္ကို ထြက္ေျပးခဲ့ၾကရပါတယ္။ ဒီလိုနဲ႔ က်မ မိဘေတြဟာ နယ္စပ္တေလွ်ာက္ ေဘးလြတ္ရာ တိမ္းေရွာင္ ေျပးလႊားေနခဲ့ၾကရၿပီး က်မကိုလည္း ထိုင္းနယ္စပ္တေနရာမွာပဲ ေမြးခဲ့တာပါ။”


ေနာ္ကေညာေဖာတို႔ မိသားစုလိုပဲ ျမန္မာႏိုင္ငံတြင္း လက္နက္ကိုင္တိုက္ပြဲေတြေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္တေလ ွ်ာက္မွာ ျပည္တြင္း အိုးအိမ္စြန႔္ခြာထြက္ေျပးေနရသူေတြ၊ ထိုင္းႏိုင္ငံဘက္ျခမ္းကိုေရာက္လာၿပီး ဒုကၡသည္စခန္းေတြမွာ ခိုလုံေနၾကရတဲ့ ဒုကၡသည္ေတြ သိန္းနဲ႔ခ်ီ ရွိပါတယ္။ လက္နက္ကိုင္ပဋိပကၡေတြနဲ႔ ႏိုင္ငံေရး လူမႈေရး ဖိႏွိပ္မႈ အၾကာင္းမ်ိဳးစုံေၾကာင့္ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ ဒုကၡသည္ေတြဟာ ကမာၻတဝွမ္းမွာ ၇၉ သန္းခြဲေလာက္ ရွိၿပီး ဒါဟာ ကမာၻ႔လူဦးေရရဲ႕ ၁ % ေလာက္ ရွိတယ္လို႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံး UNHCR က ထုတ္ျပန္ထားပါတယ္။ ဒီအထဲမွာ တဝက္ေလာက္က အမ်ိဳးသမီးေတြနဲ႔ မိန္းခေလးငယ္ေတြပဲ ျဖစ္ပါတယ္။


ေနာ္ကေညာေဖာ ဆိုရင္လည္း နယ္စပ္ေဒသ လက္နက္ကိုင္ပဋိပကၡေတြၾကား ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းေနထိုင္ရင္း ေနာက္ဆုံး ထိုင္းႏိုင္ငံဘက္ျခမ္းက ဒုကၡသည္စခန္းတခုကို ေရာက္ခဲ့ခ်ိန္မွာ အသက္ ၁၁ ႏွစ္ရွိေနပါၿပီ။ ဒုကၡသည္စခန္းတြင္းမွာပဲ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ႀကီးျပင္းခဲ့ရေပမဲ့ ပညာကို ရသေလာက္ ေလ့လာဆည္းပူးခဲ့ပါတယ္။ ဘဝကို လြယ္လြယ္ အရႈံးမေပးဘဲ၊ သူ႔လိုပဲ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ ဒုကၡႀကဳံေတြ႕ ၾကရတဲ့သူေတြကို ျပန္လည္ ကူညီေပးႏိုင္ဖို႔ လူ႔အခြင့္အေရး ကာကြယ္ ျမႇင့္တင္သူတေယာက္ျဖစ္လာဖို႔ ရည္မွန္း ႀကိဳးစားခဲ့သူပဲျဖစ္ပါတယ္။

“ဒုကၡသည္စခန္းထဲမွာ အေန အထိုင္ အစားအေသာက္ အမ်ားႀကီး ဆင္းရဲ ခဲ့ပါတယ္။ အခြင့္အလမ္းဆိုတာလည္း မရွိပါဘူး။ ဒါေပမဲ့ က်မက ဒုကၡသည္ထဲမွာ ကံေကာင္းတဲ့သူတေယာက္လို႔ ခံယူပါတယ္။ ဘာျဖစ္လို႔လဲ ဆိုရင္ ကရင္အမ်ိဳးသမီးအစည္းအ႐ုံး KWO နဲ႔ ေတြ႕ဆုံၿပီး ဒီအဖြဲ႕ထဲမွာ ပါဝင္ခြင့္ရခဲ့သလို လူ႔အခြင့္အေရး အမ်ိဳးသမီး အခြင့္အေရး စတဲ့ သင္တန္းေတြ ေလ့လာခြင့္ရခဲ့ပါတယ္။ တျခား တိုင္းရင္းသား အဖြဲ႕အစည္းေတြနဲ႔လည္း ေတြ႕ဆုံခြင့္ ရခဲ့ၿပီး ကိုယ့္ႏိုင္ငံရဲ႕ အေျခအေနေတြကို ေလ့လာသိရွိခြင့္ရပါတယ္။ မ်က္စိပြင့္နားပြင့္ ျဖစ္လာခဲ့ရပါတယ္။ ဒီလိုသိလာခ်ိန္မွာ တျခား ကိုယ္လို ဒုကၡသည္ေတြကိုလည္း ျပန္ၿပီး အကူအညီေပးခ်င္ပါတယ္။ စစ္ပြဲေတြၾကား ႀကီးျပင္းခဲ့သူ တေယာက္အေနနဲ႔ စစ္ပြဲေတြရဲ႕ ဒဏ္ေတြ၊ မတရားမႈေတြနဲ႔ ဖိႏွိပ္မႈေတြကို တြန္းလွန္ တိုက္ဖ်က္ခ်င္တဲ့စိတ္နဲ႔ က်မ ႀကိဳးစားခဲ့ပါတယ္။”


ေနာ္ကေညာေဖာဟာ ခုခ်ိန္မွာေတာ့ အေရးပါတဲ့ အမ်ိဳးသမီးေခါင္းေဆာင္တေယာက္ ျဖစ္ေနပါၿပီ။ ကရင္အမ်ိဳးသမီးအစည္းအ႐ုံး KWO ရဲ႕ အတြင္းေရးမႉး တာဝန္ယူထားသလို စစ္ပြဲေတြ၊ ပဋိပကၡေဒသေတြအတြင္းက အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြရဲ႕ ဘဝေတြကို ကာကြယ္ ျမႇင့္တင္ဖို႔၊ လူသားတိုင္း တန္းတူ အခြင့္အေရး ခံစားၾကရေစဖို႔ ေရွ႕တန္းကေန ႀကိဳးပမ္းေနတဲ့ အမ်ိဳးသမီး ေခါင္းေဆာင္ တေယာက္ပါ။ သူ႔ဘဝတေလ ွ်ာက္ ဖိႏွိပ္ခံရသူေတြနဲ႔ အကာအကြယ္မဲ့သူေတြဘက္က ရပ္တည္ခဲ့သလို၊ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး အေျခအေနေတြ တိုးတက္ေကာင္းမြန္လာေအာင္ တာဝန္ရွိသူေတြကို ရဲရဲဝံ့ဝံ့ ေထာက္ျပေျပာဆိုခဲ့ပါတယ္။ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ ေ ဆြးေႏြးပြဲေတြမွာလည္း အကာအကြယ္မဲ့သူေတြရဲ႕ အခြင့္အေရးေတြကို ကာကြယ္ေပးဖို႔ စဥ္ဆက္အျပတ္ လႈံ႕ေဆာ္ေျပာဆိုေနသူတေယာက္ပဲ ျဖစ္ပါတယ္။ ဒီလို ႀကိဳးပမ္းအားထုတ္မႈေတြေၾကာင့္ပဲ အေမရိကန္ႏိုင္ငံျခားေရးဌာနက ခ်ီးျမႇင့္တဲ့ ၂၀၁၉ ခုႏွစ္အတြက္ အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ဆု International Women of Courage Award ဂုဏ္ျပဳ ခ်ီးျမႇင့္ခံထားရသူလည္း ျဖစ္ပါတယ္။


လူငယ္ အမ်ိဳးသမီး ဒုကၡသည္တေယာက္အေနနဲ႔ ခုလို အေျခအေနေရာက္လာေအာင္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ဘယ္လိုတည္ေဆာက္ယူခဲ့တာပါလဲ။ ေနာ္ကေညာေဖာ္ကေတာ့ ပညာေရးက သူ႔အတြက္ သိပ္ကို အေရးပါခဲ့ပါတယ္လို႔ ေျပာပါတယ္။

“ပညာေရးက အေရးႀကီးပါတယ္။ က်မ ဒုကၡသည္စခန္းထဲမွာ အထက္တန္းပညာ ရေအာင္ သင္ယူခဲ့တဲ့အခ်ိန္မွာ လူ႔အခြင့္အေရး၊ အမ်ိဳးသမီးအခြင့္အေရး ဆိုတာေတြကို က်မ ေလ့လာခြင့္ ရခဲ့တယ္။ ဒီလို ေလ့လာေတာ့မွပဲ ကိုယ့္ရဲ႕ အခြင့္အေရး ဘာလဲဆိုတာကို သိလာခဲ့ပါတယ္။ ဒီလို သိလာေတာ့မွ တျခားသူေတြရဲ႕ အခြင့္အေရးကိုလည္း ကာကြယ္ေပးႏိုင္၊ ကူညီေပးႏိုင္ပါတယ္။ လူ႔အခြင့္အေရးကို မသိ နားမလည္ၾကေသးတဲ့ လူငယ္ေတြ၊ အမ်ိဳးသမီးေတြ၊ တျခား ဒုကၡသည္ေတြကိုလည္း ကိုယ္သိတဲ့အေၾကာင္းအရာေတြကို မ ွ်ေဝေပးလာႏိုင္ခဲ့ပါတယ္။”

အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ဆု ခ်ီးျမႇင့္ခံခဲ့ရတာနဲ႔ပတ္သက္လို႔လည္း ေနာ္ကေညာေဖာက ခုလိုေျပာပါတယ္။

“အမ်ိဳးသမီးေတြရဲ႕ စြမ္းေဆာင္မႈေတြကို အသိအမွတ္ျပဳတဲ့ဆုမို႔ က်မတို႔အတြက္ေတာ့ အေရး ပါ ပါတယ္။ ထိုင္း-ျမန္မာနယ္စပ္မွာ ရွိေနၾကတဲ့ ဒုကၡသည္ေတြဆိုတာ ထိုင္းအစိုးရက တရားဝင္ အသိအမွတ္ျပဳထားတဲ့သူေတြ မဟုတ္ပါဘူး။ ထိုင္းႏိုင္ငံဟာ ႏိုင္ငံတကာ ဒုကၡသည္မ်ားဆိုင္ရာ ပဋိညာဥ္စာတမ္းကို လက္မွတ္ထိုးထားတဲ့ႏိုင္ငံ မဟုတ္တဲ့အတြက္ ဒုကၡသည္ေတြကို လက္ခံထားေပမဲ့လို႔၊ ဒုကၡသည္အျဖစ္ တရားဝင္အသိအမွတ္ျပဳထားတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒုကၡသည္ေတြအတြက္ လုံၿခဳံမႈဆိုတာ မရွိပါဘူး။ သြားလာေနထိုင္ရတဲ့ေနရာမွာ အကာအကြယ္ မရၾကပါဘူး။ ဒီလိုအေျခအေနေတြၾကားမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနၾကတဲ့ အစိုးရေတြရဲ႕ လုပ္ရပ္ေတြကို ေထာက္ျပၿပီး လူ႔အခြင့္အေရးကို ကာကြယ္ဖို႔ ႀကိဳးစားေနၾကတဲ့သူေတြကို အသိအမွတ္ျပဳေပးတဲ့ အတြက္ပဲျဖစ္ပါတယ္။ ဒီလိုအသိအမွတ္ျပဳေပးတဲ့အတြက္ ခြန္အားေတြ ပိုျဖစ္ေစပါတယ္။ ဒီဆု ခ်ီးျမႇင့္ခံရတဲ့အတြက္ ကရင္အမ်ိဳးသမီး အစည္းအ႐ုံးအတြက္လည္း က်မ ဂုဏ္ယူပါတယ္။ တျခား အမ်ိဳးသမီးေတြ အတြက္လည္း ေရွ႕တန္းကေန နမူနာေကာင္းျဖစ္ဖို႔ ေမ ွ်ာ္လင့္ပါတယ္။ ဒုကၡသည္စခန္းမွာ ႀကီးျပင္းခဲ့ရသူျဖစ္ေပမဲ့၊ ဒုကၡသည္ေတြကိုယ္တိုင္လည္း ကိုယ့္ရဲ႕ လူမႈအသိုင္းအဝိုင္းအတြက္ ျပန္ၿပီး အက်ိဳးျပဳႏိုင္တယ္၊ တရားမမ ွ်တမႈေတြကို တြန္းလွန္ႏိုင္တယ္ဆိုတဲ့ သတင္းစကားမ်ိဳးလည္း ေပးရာေရာက္ပါတယ္။”

ေနာ္ကေညာေဖာ ဦးေဆာင္ပါဝင္လႈပ္ရွားေနတဲ့ ကရင္အမ်ိဳးသမီးအစည္းအ႐ုံးဟာဆိုရင္လည္း နယ္စပ္ေဒသနဲ႔ ဒုကၡသည္စခန္းေတြအတြင္းက အမ်ိဳးသမီးေတြအတြက္ စြမ္းရည္ျမင့္တင္ေရး သင္တန္းေတြ ပို႔ေခ်ေပးၿပီး လူ႔အခြင့္အေရးဆိုင္ရာ ဗဟုသုတေတြ မ ွ်ေ၀ ေပးသလို၊ အမ်ိဳးသမီးေခါင္းေဆာင္ေတြ ပိုမို ေပၚထြက္လာေအာင္ အားေပးကူညီေနတဲ့ အဖြဲ႕တခုပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ကရင္အမ်ိဳးသမီး အစည္းအ႐ုံးကေန ေမြးထုတ္ေပးလိုက္တဲ့ အမ်ိဳးသမီး ေခါင္းေဆာင္ေတြ အမ်ားအျပား ရွိလာခဲ့တယ္လို႔ ေနာ္ကေညာေဖာက ေျပာပါတယ္။

တကယ္ေတာ့ ဒုကၡသည္ အမ်ိဳးသမီးတေယာက္ ဆိုၿပီး ကိုယ့္ကိုယ္ကို သိမ္ငယ္ေနစရာမလိုဘဲ ကိုယ္ရွိတဲ့ပတ္ဝန္းက်င္ကို သင္ယူစရာတခုေနရာအျဖစ္ မွတ္ယူၿပီး ရႏိုင္တဲ့ပညာ အခြင့္အလမ္းေတြကို အသုံးခ်ၿပီး အပတ္တကုတ္ ေလ့လာဆည္းပူးမယ္။ ကိုယ့္ရဲ႕အခြင့္အေရးကို နားလည္ၿပီး ကိုယ့္ရဲ႕ ယုံၾကည္ခ်က္ကို ရဲရဲဝံ့ဝံ့ ထုတ္ေဖာ္ေျပာဆိုႏိုင္မယ္ဆိုရင္ လူမႈအသိုင္းအဝိုင္း အတြက္ အက်ိဳးျပဳသူ ျဖစ္လာႏိုင္ပါတယ္လို႔ ေနာ္ကေညာေဖာ္က ေျပာပါတယ္။

“ဒုကၡသည္ျဖစ္လို႔ စိတ္ပ်က္စရာ မလိုပါဘူး။ ဒုကၡသည္ျဖစ္ရတာ က်မတို႔အျပစ္လည္း မဟုတ္ပါဘူး။ က်မတို႔လည္း လူသားေတြပါပဲ။ လူသားအခြင့္အေရး အျပည့္အ၀ ရွိပါတယ္။ က်မတို႔ ႀကိဳးစားဖို႔ အရႈံးမေပးဖို႔ပဲ လိုပါတယ္။ ဒုကၡသည္ စခန္းထဲမွာေနရင္းနဲ႔ပဲ ကိုယ္ရႏိုင္တဲ့ အခြင့္အေရးေလးေတြကို ယူၿပီး ေလ့လာဆည္းပူးပါ။ ဒုကၡသည္စခန္းကို ကိုယ့္အတြက္ သင္ယူစရာ ေနရာတခုလို႔ သတ္မွတ္ပါ။ ရတဲ့ပညာေရးကို ရသေလာက္ ေလ့လာသင္ယူၿပီး လူမႈအသိုင္းအဝိုင္းအတြက္ ကိုယ္တတ္ႏိုင္တဲ့ဘက္ကေန ျပန္ၿပီး ကူညီေပးပါ။ ဒီလိုနည္းနဲ႔ တိုးတက္မႈေတြ ရေအာင္ ယူႏိုင္ပါတယ္။”

ခိုင္မာတဲ့ ယုံၾကည္ခ်က္နဲ႔ ဇြဲလုံ႔လသာ စိုက္ထုတ္မယ္ဆိုရင္ ကိုယ့္အတြက္ အခြင့္အလမ္းေတြ ဆိုတာ ေပၚေပါက္လာႏိုင္ၿပီး အဲ့ဒီလို ေပၚေပါက္လာတဲ့အခါ လက္လြတ္ဆုံးရႈံး မခံဖို႔သာ အေရးႀကီးပါတယ္။ တကယ္ေတာ့ ဒုကၡသည္ပဲျဖစ္ျဖစ္၊ အမ်ိဳးသမီးပဲျဖစ္ျဖစ္ လူတဦးတေယာက္တိုင္းဟာ ကိုယ္တတ္စြမ္းႏိုင္တဲ့ တေထာင့္တေနရာကေန လူမႈအသိုင္းအဝိုင္းအတြက္ အေျပာင္းအလဲေတြ ျဖစ္ေအာင္ လုပ္ႏိုင္တယ္ဆိုတာကို စစ္ပြဲေတြၾကား ေျပးလႊာ ႐ုန္းကန္ရင္း ဒုကၡသည္စခန္းအတြင္းမွာ ႀကီးျပင္းလာခဲ့ေပမဲ့၊ ဒီကေန႔မွာေတာ့ ကိုယ့္ရဲ႕လူမႈအသိုင္းအဝိုင္းအတြင္းမွာသာမက ႏိုင္ငံတကာကပါ ေလးစား အသိအမွတ္ျပဳရတဲ့ အမ်ိဳးသမီး ေခါင္းေဆာင္တေယာက္ျဖစ္လာတဲ့ ေနာ္ကေညာေဖာရဲ႕ ျဖတ္သန္းမႈ အေတြ႕အႀကဳံေတြက သက္ေသျပေနတယ္ဆိုတာ တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲရပ္နားခြင့္ ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္

============================

[Unicode Version]

ဒုက္ခသည်ဘဝက ရုန်းကန်လှုပ်ရှားခဲ့တဲ့ အမျိုးသမီးရဲစွမ်းသတ္တိဆုရှင် (အမျိုးသမီးကဏ္ဍ)

ကမ္ဘာတဝှမ်း စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် ကိုယ့်တိုင်းပြည်အတွင်းမှာပဲ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသူတွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည် သန်း ၈၀ နီးပါး ရှိပြီး ဒီအထဲမှာ တဝက်နီးပါးက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်ပါတယ်။ ဒုက္ခသည်ဆိုတဲ့အတိုင်း ပညာရေး၊ လူမှုရေး စားဝတ်နေရေး အခြေခံ အခွင့်အရေးတွေကို သာမန်လူတွေလို အပြည့်အ၀ ခံစားခွင့် မရကြသလို့ ဒုက္ခသည်ဘဝမှာ အခွင့်အလမ်းဆိုတာ ကလည်း မရှိသလောက်ပါ။ ဒီလိုအခြေအနေမျိုးမှာ ဘဝကိုအရှုံးမပေးဘဲ၊ အောင်မြင်တဲ့ အနာဂတ်တခုရဖို့ ပုံဖော်ကြိုးစားနေကြတဲ့ ဒုက္ခသည်တွေ၊ လူမှုအသိုင်းအဝိုင်းကို ပြန်လည် အကျိုးပြုနေကြတဲ့ ဒုက္ခသည်တွေလည်း အများအပြား ရှိပါတယ်။ ဒီ ဇွန်လ ၂၀ ရက်နေ့ကတော့ ဒီလိုဒုက္ခသည်တွေရဲ့ ဘဝတွေကို အသိအမှတ်ပြုပြီး ဒုက္ခသည် အရေးကို ကမ္ဘာက ပိုမို နားလည်သိရှိ လာနိုင်စေဖို့ ရည်ရွယ်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနေ့မှာ ဒုက္ခသည်ဘ၀ အခက်အခဲတွေကို ရုန်းကန် ကျော်ဖြတ်ပြီး လူမှုအသိုင်းအဝိုင်းအတွက် ပြန်လည် အကျိုးပြုနေတဲ့ အမျိုးသမီးခေါင်းဆောင် တယောက်လည်းဖြစ်၊ အမေရိကန်နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် အမျိုးသမီးရဲစွမ်းသတ္တိဆုရှင် လည်းဖြစ်တဲ့ နော်ကညောဖော်ရဲ့ ဖြတ်သန်းမှုတချို့ ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။

“ကျမ နာမည်က နော်ကညောဖော ပါ။ ကျမကို ထိုင်းနယ်စပ်တနေရာမှာ မွေးခဲ့တာပါ။ ၁၉ ၇၅-၇၆ ခုနှစ်လောက်က ကရင်ဒေသမှာ မြန်မာ့တပ်မတော်က ဖြတ်လေးဖြတ်မူ သုံးပြီး ကရင်တော်လှန်ရေး တပ်ဖွဲ့တွေကို နှိမ်နင်းဖို့ကြိုးစားတာမှာ လက်နက်ကိုင်ရယ် အရပ်သားရယ်လို့ မခွဲခြားဘဲ အားလုံးကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် ကျမ မိဘတွေ အပါအဝင် ကရင်မိသားစုတွေ အများအပြား ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးခဲ့ကြရပါတယ်။ ဒီလိုနဲ့ ကျမ မိဘတွေဟာ နယ်စပ်တလျှောက် ဘေးလွတ်ရာ တိမ်းရှောင် ပြေးလွှားနေခဲ့ကြရပြီး ကျမကိုလည်း ထိုင်းနယ်စပ်တနေရာမှာပဲ မွေးခဲ့တာပါ။”


နော်ကညောဖောတို့ မိသားစုလိုပဲ မြန်မာနိုင်ငံတွင်း လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်တလေ ျှာက်မှာ ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ၊ ထိုင်းနိုင်ငံဘက်ခြမ်းကိုရောက်လာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလုံနေကြရတဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နိုင်ငံရေး လူမှုရေး ဖိနှိပ်မှု အကြာင်းမျိုးစုံကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေဟာ ကမ္ဘာတဝှမ်းမှာ ၇၉ သန်းခွဲလောက် ရှိပြီး ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ ၁ % လောက် ရှိတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ တဝက်လောက်က အမျိုးသမီးတွေနဲ့ မိန်းခလေးငယ်တွေပဲ ဖြစ်ပါတယ်။


နော်ကညောဖော ဆိုရင်လည်း နယ်စပ်ဒေသ လက်နက်ကိုင်ပဋိပက္ခတွေကြား ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရင်း နောက်ဆုံး ထိုင်းနိုင်ငံဘက်ခြမ်းက ဒုက္ခသည်စခန်းတခုကို ရောက်ခဲ့ချိန်မှာ အသက် ၁၁ နှစ်ရှိနေပါပြီ။ ဒုက္ခသည်စခန်းတွင်းမှာပဲ ချို့ချို့တဲ့တဲ့ ကြီးပြင်းခဲ့ရပေမဲ့ ပညာကို ရသလောက် လေ့လာဆည်းပူးခဲ့ပါတယ်။ ဘဝကို လွယ်လွယ် အရှုံးမပေးဘဲ၊ သူ့လိုပဲ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒုက္ခကြုံတွေ့ ကြရတဲ့သူတွေကို ပြန်လည် ကူညီပေးနိုင်ဖို့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူတယောက်ဖြစ်လာဖို့ ရည်မှန်း ကြိုးစားခဲ့သူပဲဖြစ်ပါတယ်။

“ဒုက္ခသည်စခန်းထဲမှာ အနေ အထိုင် အစားအသောက် အများကြီး ဆင်းရဲ ခဲ့ပါတယ်။ အခွင့်အလမ်းဆိုတာလည်း မရှိပါဘူး။ ဒါပေမဲ့ ကျမက ဒုက္ခသည်ထဲမှာ ကံကောင်းတဲ့သူတယောက်လို့ ခံယူပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကရင်အမျိုးသမီးအစည်းအရုံး KWO နဲ့ တွေ့ဆုံပြီး ဒီအဖွဲ့ထဲမှာ ပါဝင်ခွင့်ရခဲ့သလို လူ့အခွင့်အရေး အမျိုးသမီး အခွင့်အရေး စတဲ့ သင်တန်းတွေ လေ့လာခွင့်ရခဲ့ပါတယ်။ တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခွင့် ရခဲ့ပြီး ကိုယ့်နိုင်ငံရဲ့ အခြေအနေတွေကို လေ့လာသိရှိခွင့်ရပါတယ်။ မျက်စိပွင့်နားပွင့် ဖြစ်လာခဲ့ရပါတယ်။ ဒီလိုသိလာချိန်မှာ တခြား ကိုယ်လို ဒုက္ခသည်တွေကိုလည်း ပြန်ပြီး အကူအညီပေးချင်ပါတယ်။ စစ်ပွဲတွေကြား ကြီးပြင်းခဲ့သူ တယောက်အနေနဲ့ စစ်ပွဲတွေရဲ့ ဒဏ်တွေ၊ မတရားမှုတွေနဲ့ ဖိနှိပ်မှုတွေကို တွန်းလှန် တိုက်ဖျက်ချင်တဲ့စိတ်နဲ့ ကျမ ကြိုးစားခဲ့ပါတယ်။။”


နော်ကညောဖောဟာ ခုချိန်မှာတော့ အရေးပါတဲ့ အမျိုးသမီးခေါင်းဆောင်တယောက် ဖြစ်နေပါပြီ။ ကရင်အမျိုးသမီးအစည်းအရုံး KWO ရဲ့ အတွင်းရေးမှူး တာဝန်ယူထားသလို စစ်ပွဲတွေ၊ ပဋိပက္ခဒေသတွေအတွင်းက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ဘဝတွေကို ကာကွယ် မြှင့်တင်ဖို့၊ လူသားတိုင်း တန်းတူ အခွင့်အရေး ခံစားကြရစေဖို့ ရှေ့တန်းကနေ ကြိုးပမ်းနေတဲ့ အမျိုးသမီး ခေါင်းဆောင် တယောက်ပါ။ သူ့ဘဝတလေ ျှာက် ဖိနှိပ်ခံရသူတွေနဲ့ အကာအကွယ်မဲ့သူတွေဘက်က ရပ်တည်ခဲ့သလို၊ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် တာဝန်ရှိသူတွေကို ရဲရဲဝံ့ဝံ့ ထောက်ပြပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ေ ဆွးနွေးပွဲတွေမှာလည်း အကာအကွယ်မဲ့သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ စဉ်ဆက်အပြတ် လှုံ့ဆော်ပြောဆိုနေသူတယောက်ပဲ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းအားထုတ်မှုတွေကြောင့်ပဲ အမေရိကန်နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ်အတွက် အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု International Women of Courage Award ဂုဏ်ပြု ချီးမြှင့်ခံထားရသူလည်း ဖြစ်ပါတယ်။
လူငယ် အမျိုးသမီး ဒုက္ခသည်တယောက်အနေနဲ့ ခုလို အခြေအနေရောက်လာအောင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ဘယ်လိုတည်ဆောက်ယူခဲ့တာပါလဲ။ နော်ကညောဖော်ကတော့ ပညာရေးက သူ့အတွက် သိပ်ကို အရေးပါခဲ့ပါတယ်လို့ ပြောပါတယ်။

“ပညာရေးက အရေးကြီးပါတယ်။ ကျမ ဒုက္ခသည်စခန်းထဲမှာ အထက်တန်းပညာ ရအောင် သင်ယူခဲ့တဲ့အချိန်မှာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး ဆိုတာတွေကို ကျမ လေ့လာခွင့် ရခဲ့တယ်။ ဒီလို လေ့လာတော့မှပဲ ကိုယ့်ရဲ့ အခွင့်အရေး ဘာလဲဆိုတာကို သိလာခဲ့ပါတယ်။ ဒီလို သိလာတော့မှ တခြားသူတွေရဲ့ အခွင့်အရေးကိုလည်း ကာကွယ်ပေးနိုင်၊ ကူညီပေးနိုင်ပါတယ်။ လူ့အခွင့်အရေးကို မသိ နားမလည်ကြသေးတဲ့ လူငယ်တွေ၊ အမျိုးသမီးတွေ၊ တခြား ဒုက္ခသည်တွေကိုလည်း ကိုယ်သိတဲ့အကြောင်းအရာတွေကို မ ျှဝေပေးလာနိုင်ခဲ့ပါတယ်။”

အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ချီးမြှင့်ခံခဲ့ရတာနဲ့ပတ်သက်လို့လည်း နော်ကညောဖောက ခုလိုပြောပါတယ်။

အမျိုးသမီတွေရဲ့ စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုတဲ့ဆုမို့ ကျမတို့အတွက်တော့ အရေး ပါ ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ ရှိနေကြတဲ့ ဒုက္ခသည်တွေဆိုတာ ထိုင်းအစိုးရက တရားဝင် အသိအမှတ်ပြုထားတဲ့သူတွေ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်စာတမ်းကို လက်မှတ်ထိုးထားတဲ့နိုင်ငံ မဟုတ်တဲ့အတွက် ဒုက္ခသည်တွေကို လက်ခံထားပေမဲ့လို့၊ ဒုက္ခသည်အဖြစ် တရားဝင်အသိအမှတ်ပြုထားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒုက္ခသည်တွေအတွက် လုံခြုံမှုဆိုတာ မရှိပါဘူး။ သွားလာနေထိုင်ရတဲ့နေရာမှာ အကာအကွယ် မရကြပါဘူး။ ဒီလိုအခြေအနေတွေကြားမှာ လူ့အခွင့်အရေး ချိုးဖောက်နေကြတဲ့ အစိုးရတွေရဲ့ လုပ်ရပ်တွေကို ထောက်ပြပြီး လူ့အခွင့်အရေးကို ကာကွယ်ဖို့ ကြိုးစားနေကြတဲ့သူတွေကို အသိအမှတ်ပြုပေးတဲ့ အတွက်ပဲဖြစ်ပါတယ်။ ဒီလိုအသိအမှတ်ပြုပေးတဲ့အတွက် ခွန်အားတွေ ပိုဖြစ်စေပါတယ်။ ဒီဆု ချီးမြှင့်ခံရတဲ့အတွက် ကရင်အမျိုးသမီး အစည်းအရုံးအတွက်လည်း ကျမ ဂုဏ်ယူပါတယ်။ တခြား အမျိုးသမီးတွေ အတွက်လည်း ရှေ့တန်းကနေ နမူနာကောင်းဖြစ်ဖို့ မေ ျှာ်လင့်ပါတယ်။ ဒုက္ခသည်စခန်းမှာ ကြီးပြင်းခဲ့ရသူဖြစ်ပေမဲ့၊ ဒုက္ခသည်တွေကိုယ်တိုင်လည်း ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းအတွက် ပြန်ပြီး အကျိုးပြုနိုင်တယ်၊ တရားမမ ျှတမှုတွေကို တွန်းလှန်နိုင်တယ်ဆိုတဲ့ သတင်းစကားမျိုးလည်း ပေးရာရောက်ပါတယ်။”

နော်ကညောဖော ဦးဆောင်ပါဝင်လှုပ်ရှားနေတဲ့ ကရင်အမျိုးသမီးအစည်းအရုံးဟာဆိုရင်လည်း နယ်စပ်ဒေသနဲ့ ဒုက္ခသည်စခန်းတွေအတွင်းက အမျိုးသမီးတွေအတွက် စွမ်းရည်မြင့်တင်ရေး သင်တန်းတွေ ပို့ချေပေးပြီး လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတတွေ မ ျှေ၀ ပေးသလို၊ အမျိုးသမီးခေါင်းဆောင်တွေ ပိုမို ပေါ်ထွက်လာအောင် အားပေးကူညီနေတဲ့ အဖွဲ့တခုပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကရင်အမျိုးသမီး အစည်းအရုံးကနေ မွေးထုတ်ပေးလိုက်တဲ့ အမျိုးသမီး ခေါင်းဆောင်တွေ အများအပြား ရှိလာခဲ့တယ်လို့ နော်ကညောဖောက ပြောပါတယ်။

တကယ်တော့ ဒုက္ခသည် အမျိုးသမီးတယောက် ဆိုပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်နေစရာမလိုဘဲ ကိုယ်ရှိတဲ့ပတ်ဝန်းကျင်ကို သင်ယူစရာတခုနေရာအဖြစ် မှတ်ယူပြီး ရနိုင်တဲ့ပညာ အခွင့်အလမ်းတွေကို အသုံးချပြီး အပတ်တကုတ် လေ့လာဆည်းပူးမယ်။ ကိုယ့်ရဲ့အခွင့်အရေးကို နားလည်ပြီး ကိုယ့်ရဲ့ ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုနိုင်မယ်ဆိုရင် လူမှုအသိုင်းအဝိုင်း အတွက် အကျိုးပြုသူ ဖြစ်လာနိုင်ပါတယ်လို့ နော်ကညောဖော်က ပြောပါတယ်။

“ဒုက္ခသည်ဖြစ်လို့ စိတ်ပျက်စရာ မလိုပါဘူး။ ဒုက္ခသည်ဖြစ်ရတာ ကျမတို့အပြစ်လည်း မဟုတ်ပါဘူး။ ကျမတို့လည်း လူသားတွေပါပဲ။ လူသားအခွင့်အရေး အပြည့်အ၀ ရှိပါတယ်။ ကျမတို့ ကြိုးစားဖို့ အရှုံးမပေးဖို့ပဲ လိုပါတယ်။ ဒုက္ခသည် စခန်းထဲမှာနေရင်းနဲ့ပဲ ကိုယ်ရနိုင်တဲ့ အခွင့်အရေးလေးတွေကို ယူပြီး လေ့လာဆည်းပူးပါ။ ဒုက္ခသည်စခန်းကို ကိုယ့်အတွက် သင်ယူစရာ နေရာတခုလို့ သတ်မှတ်ပါ။ ရတဲ့ပညာရေးကို ရသလောက် လေ့လာသင်ယူပြီး လူမှုအသိုင်းအဝိုင်းအတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပြန်ပြီး ကူညီပေးပါ။ ဒီလိုနည်းနဲ့ တိုးတက်မှုတွေ ရအောင် ယူနိုင်ပါတယ်။”

ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ဇွဲလုံ့လသာ စိုက်ထုတ်မယ်ဆိုရင် ကိုယ့်အတွက် အခွင့်အလမ်းတွေ ဆိုတာ ပေါ်ပေါက်လာနိုင်ပြီး အဲ့ဒီလို ပေါ်ပေါက်လာတဲ့အခါ လက်လွတ်ဆုံးရှုံး မခံဖို့သာ အရေးကြီးပါတယ်။ တကယ်တော့ ဒုက္ခသည်ပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် လူတဦးတယောက်တိုင်းဟာ ကိုယ်တတ်စွမ်းနိုင်တဲ့ တထောင့်တနေရာကနေ လူမှုအသိုင်းအဝိုင်းအတွက် အပြောင်းအလဲတွေ ဖြစ်အောင် လုပ်နိုင်တယ်ဆိုတာကို စစ်ပွဲတွေကြား ပြေးလွှာ ရုန်းကန်ရင်း ဒုက္ခသည်စခန်းအတွင်းမှာ ကြီးပြင်းလာခဲ့ပေမဲ့၊ ဒီကနေ့မှာတော့ ကိုယ့်ရဲ့လူမှုအသိုင်းအဝိုင်းအတွင်းမှာသာမက နိုင်ငံတကာကပါ လေးစား အသိအမှတ်ပြုရတဲ့ အမျိုးသမီး ခေါင်းဆောင်တယောက်ဖြစ်လာတဲ့ နော်ကညောဖောရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေက သက်သေပြနေတယ်ဆိုတာ တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG