သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ-အေမရိကန္ အမ်ိဳးသမီးသိပၸံဆု ဆန္ခါတင္စာရင္း၀င္ ေဒါက္တာသဲ၀င့္ေအာင္


NATIONAL FINALISTS FOR ASEAN-US SCIENCE PRIZE FOR WOMEN 2020

(Zawgyi/Unicode)

သိပၸံနဲ႔ နည္းပညာဆုိင္ရာ သုေတသနေတြ၊ လုပ္ငန္းေတြမွာ အမ်ိဳးသမီးေတြ ပိုမိုပါ၀င္လာမယ္ဆိုရင္ အေတြးအေခၚသစ္ေတြ၊ အျမင္သစ္ေတြနဲ႔ ကမၻာၾကီး ေရရွည္ ဖြံ႔ျဖိဳးတိုးတက္ေရးအတြက္ အမ်ားၾကီး အက်ိဳးျပဳလာႏုိင္တယ္လုိ႔ ၂၀၂၀ ခုႏွစ္အတြက္ အာဆီယံ-အေမရိကန္ အမ်ိဳးသမီးသိပၸံဆု ဆန္ခါတင္ ၁၀ ဦးထဲမွာ ပါတဲ့ ေဒါက္တာ သဲ၀င့္ေအာင္က ေျပာပါတယ္။ လက္ရွိ အေမရိကန္ျပည္ေထာင္စု ေျမာက္ကာ႐ိုလိုင္းနားျပည္နယ္မွာ PhD ပါရဂူ ဘြဲ႔လြန္တန္း တက္ေနတဲ့ ေဒါက္တာ သဲ၀င့္ေအာင္ဟာ သဘာ၀ပတ္၀န္းက်င္ဆုိင္ရာ က်န္းမာေရးပညာရွင္ တေယာက္ျဖစ္္ပါတယ္။ ဒီႏွစ္အတြက္ အာဆီယံ-အေမရိကန္ အမ်ိဳးသမီး သိပၸံဆုကို ျမန္မာႏုိင္ငံကိုယ္စား ၀င္ေရာက္ယွဥ္ျပိဳင္ခဲ့တာမွာ ဆန္ခါတင္စာရင္းမွာ ပါ၀င္ခဲ့တဲ့ ေဒါက္တာသဲ၀င့္ေအာင္ကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

၂၀၂၀ ခုႏွစ္ အာဆီယံ-အေမရိကန္ အမ်ိဳးသမီးသိပၸံဆုအတြက္ မသဲ၀င့္ေအာင္က ဆန္ခါတင္ ၁၀ ေယာက္ စာရင္းထဲမွာ ပါတဲ့အတြက္ Congratulations ပါ။ ဂုဏ္ယူပါတယ္။ ဒီဆုက က်မတို႔နားလည္သေလာက္က အာဆီယံႏုိင္ငံေတြထဲမွာရွိတဲ့ သိပၸံပညာပိုင္းဆိုင္ရာမွာ ေလ့လာေနတဲ့ ပညာရွင္ေတြ၊ အမ်ိဳးသမီးေတြကိုပဲ သီးသန္႔ေပးတဲ့ဆု ဆုိတာေတာ့ ေယဘုယ် နားလည္ထားပါတယ္။ ပိုျပီးေတာ့ ရွင္းရွင္းလင္းလင္း သိရေအာင္ ဒီဆုနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္ေလးေတြ။ ဒါက ဘယ္လိုဆုမ်ိဳးလဲ။ ဘယ္သူေတြကေပးအပ္တာလဲ ဆိုတာ ရွင္းျပေပးပါရွင့္။

“ဒီဆုကေတာ့ အာဆီယံႏုိင္ငံေတြက ေပးတဲ့ဆုလည္း ပါတယ္။ ေနာက္ျပီးေတာ့ အေမရိကန္ႏုိင္ငံက USAID (ႏိုင္ငံတကာဖြံျဖိဳးေရး ေအဂ်င္စီ) ေပါင္းျပီးေတာ့လုပ္တဲ့ ဆုေပါ့ေနာ္။ ေနာက္အဖြဲ႔တခုကလည္း Underwriters Laboratories ဆိုတဲ့အဖြဲ႔အစည္းတခု ရွိပါတယ္။ အဲ့ဒီအဖြဲ႔သံုးခုက အဖြဲ႔အစည္းလုပ္ျပီးေတာ့ ဒီဆုကို ေပးတာေပါ့ေနာ္။ သူတို႔ရဲ႕ရည္ရြယ္ခ်က္ကေတာ့ STEM ဆိုတဲ့ Science, Technology, Engineering and Mathematics ေပါ့ေနာ္။ ျမန္မာလုိေျပာမယ္ဆိုလို႔ရွိရင္ သိပၸံ၊ နည္းပညာ၊ အင္ဂ်င္နီယာ နဲ႔ သခ်ၤာေပါ့ေနာ္။ အဲ့ဒီနယ္ပယ္မွာဆိုလို႔ရွိရင္ အမ်ိဳးသမီးေတြ ပါ၀င္မႈက အားနည္းေနပါေသးတယ္။ အဲ့ဒီအတြက္ သူတို႔က က်ားမ တန္းတူညီမ ွ်လာေအာင္ လုပ္ေပးတဲ့ဆုေပါ့ေနာ္။ ဒီဆုကို ႏွစ္တိုင္း ဆုခ်တာပါ။ သူတို႔ရဲ႕၀က္ဘ္ဆိုက္ကို ၾကည့္လိုက္လို႔ ရွိရင္ ဒါက ၆ ႏွစ္ေျမာက္ ေပးတဲ့ဆု ဆုိတာ ေတြ႔ရပါတယ္။ တႏွစ္နဲ႔ တႏွစ္လည္း ေခါင္းစဥ္ကလည္း ေျပာင္းသြားပါတယ္ရွင့္။ ဆိုေတာ့ ဒီႏွစ္မွာက်ေတာ့ ၾကိဳတင္ကာကြယ္တားဆီးေရးဆိုင္ရာ က်န္းမာေရး ေစာင့္ေရွာက္မႈ ေခါင္းစဥ္နဲ႔ ဒီ ၂၀၂၀ မွာ လုပ္တာေပါ့ေနာ္။ အဲ့ဒီမွာ က်မက က်မလုပ္ေနတဲ့အလုပ္အကိုင္၊ သုေတသနလုပ္တာေတြနဲ႔ တူေနတဲ့အတြက္ က်မက ေလ ွ်ာက္လိုက္တာပါရွင့္။”

ဒီဆုအတြက္ ဘယ္လိုသတ္မွတ္ခ်က္ေတြ ခ်မွတ္ထားတာပါလဲ။

“သတ္မွတ္ခ်က္ေတြ ကေတာ့ ဒီ အာဆီယံႏုိင္ငံေတြက ႏုိင္ငံသူတေယာက္ ျဖစ္ရမယ္။ ပါရဂူဘြဲ႔ ရွိထားရမယ္။ ေနာက္ျပီးေတာ့ အသက္ ၄၅ ႏွစ္ေအာက္ အမ်ိဳးသမီးျဖစ္ရမယ္။ ေနာက္ျပီး ဒီႏွစ္ရဲ႕ ေခါင္းစဥ္ထဲမွာလည္း ၀င္ရမယ္ေပါ့ေနာ္။ ဒီႏွစ္ေခါင္းစဥ္က ေစာေစာကေျပာတဲ့ ၾကိဳတင္ကာကြယ္တားဆီးေရးဆိုင္ရာ က်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔ ပတ္သက္တာေပါ့ေနာ္။”

အဲ့ဒီေတာ့ မသဲ၀င့္ေအာင္ရဲ႕ အဓိက ေလ့လာသုေတသနလုပ္ေနတဲ့ နယ္ပယ္ကလည္း သိပၸံနဲ႔ပတ္သက္တဲ့ စြမ္းအင္အသံုးျပဳမႈ၊ ေလထုညစ္ညမ္းမႈ တို႔ကေန လူေတြရဲ႕က်န္းမာေရးအေပၚမွာ ဘယ္လိုသက္ေရာက္မႈေတြ ျဖစ္ႏိုင္မလဲဆုိတာ ပါေတာ့ သူတို႔ ဒီႏွစ္ ေခါင္းစဥ္ကလည္း 'ၾကိဳတင္ ကာကြယ္တားဆီးေရး ဆိုင္ရာ က်န္းမာေရးေစာင့္ေရွာက္မႈ' ဆိုေတာ့၊ ျမန္မာႏိုင္ငံလို အေနအထားမွာ မသဲ၀င့္ေအာင္က ဒီအေၾကာင္းအရာကို ၀င္ျပိဳင္ျဖစ္တယ္။ ဒါနဲ႔ဆက္စပ္လို႔ တဆက္တည္း သိခ်င္တာက ကိုယ့္ ျမန္မာႏိုင္ငံမွာကေရာ ေလထုညစ္ညမ္းမႈေတြ၊ စြမ္းအင္ျပႆနာေတြက လူထုရဲ႕က်န္းမာေရးကို ဘယ္လို ထိခိုက္ႏုိင္သလဲ ဆိုတဲ့အေပၚမွာ ကိုယ့္ရဲ႕ ရွာေဖြ ေတြ႔ရွိခ်က္ေတြက ဘာေတြရွိပါသလဲ။ ဘာေတြ တင္ျပျပီး ယွဥ္ျပိဳင္ခဲ့တာပါလဲ။

“သူက အခုယွဥ္ျပိဳင္ရတာက ျမန္မာျပည္မွာ လုပ္ခဲ့တာတင္မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ သိပၸံပညာလုပ္ခဲ့တဲ့ သုေတသနလုပ္ခဲ့တဲ့ဘ၀မွာ ဒီက်န္းမာေရးကို ဘယ္လို ကာကြယ္ႏုိင္မလဲဆိုတာနဲ႔ပတ္သက္ျပီး ဘာေတြ သုေတသနလုပ္ခဲ့သလဲဆိုတာကို ရွင္းျပရတာေပါ့ေနာ္။ က်မ စလုပ္တဲ့သုေတသနကေတာ့ အိႏိၵယႏုိင္ငံမွာ လုပ္ခဲ့တာပါ။ အဲ့ဒီ အိႏိၵယႏုိင္ငံမွာဆိုရင္ ဘာေတြ မ်ားမ်ားရွိလဲဆိုေတာ့ ထင္းေတြ မီးေသြးေတြ သံုးျပီးေတာ့ ဖိုခေနာင့္ မီးဖိုေတြ သံုးျပီးေတာ့ အဲ့ဒီကထြက္တဲ့ ေလထုညစ္ညမ္းမႈေပါ့ေနာ္။ ဒီေလထုညစ္ညမ္းမႈက အမ်ိဳးသမီးေတြ ကေလးေတြရဲ႕ က်န္းမာေရးကို ဘယ္လိုထိခိုက္သလဲဆိုတာ က်မက ေလ့လာခဲ့တာပါ။ ဆိုေတာ့ အဲ့ဒီလိုမ်ိဳး ထင္းေတြ မီးေသြးေတြ သံုးတယ္ဆိုတာကလည္း အိႏိၵယႏုိင္ငံအတြက္ပဲ ထူးျခားတာ မဟုတ္ပါဘူး။ ျမန္မာႏုိင္ငံမွာလည္း ရြာေတြမွာ ရွိပါတယ္။ ျမိဳ႕ေတြမွာလည္း ရန္ကုန္ျမိဳ႕မွာလည္း ရွိပါတယ္။ ဆိုေတာ့ အဲ့ဒီဟာက က်န္းမာေရးကို ဘယ္လိုထိခုိက္တာလဲ ဆိုတာကို ေလ့လာတာေပါ့ေနာ္။ က်မတို႔ သိသေလာက္ကေတာ့ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ကိုလည္း ထိခုိက္တယ္။ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါကိုလည္း ဒီေလထုညစ္ညမ္းမႈေတြ ႐ွဴလို႔ရွိရင္ ထိခိုက္တယ္ဆိုတာကို က်မတို႔သိရပါတယ္ရွင့္။”

ျမန္မာႏိုင္ငံမွာေရာ ဒါနဲ႔ပတ္သက္ျပီးေတာ့ ေသေသခ်ာခ်ာ စနစ္တက်လုပ္ထားတဲ့ သုေတသနေတြ ရွိပါသလား။ အဲ့ဒီလိုရွိဖို႔ ဘယ္ေလာက္ အေရးၾကီးမယ္ထင္ပါသလဲ။

“ဟုတ္ကဲ့။ အခုအခ်ိန္မွာေတာ့ ေသေသခ်ာခ်ာ လုပ္ထားတာေတြက ရွားပါးပါတယ္ရွင့္။ ဒါေပမဲ့ ခန္႔မွန္းေခ်နဲ႔ေတာ့ ေျပာလို႔ရတယ္ေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ ျမန္မာႏိုင္ငံမွာ ၈၀ % ေလာက္က နယ္ေတြဘက္မွာ ရြာေတြဘက္မွာ ေနတဲ့အတြက္ အဲ့ဒီဘက္မွာဆိုလုိ႔ရွိရင္ ထင္းေတြ မီးေသြးေတြ သံုးတာမ်ားပါတယ္။ ဆိုေတာ့ အဲ့ဒီကေန ေျပာလို႔ရတာက ၈၀ % က အိမ္ကထြက္တဲ့ မီးခုိးေတြ၊ ဟင္းထမင္းေတြခ်က္လို႔ ထြက္တဲ့မီးခိုးေတြကို ထိေတြ႔ေနရတယ္။ က်န္းမာေရးကို ထိခိုက္ႏုိင္တယ္လုိ႔ ေျပာလို႔ရပါတယ္။ ျပီးေတာ့ ျမိဳ႕ျပေတြမွာလည္း ဒီလို ထင္းေတြ မီးေသြးေတြဆက္သံုးေနတဲ့ လူေတြလည္း ရွိတယ္။ အဲ့ဒါအျပင္ အခုဆိုလို႔ရွိရင္ ရန္ကုန္တို႔ မႏၱေလးတို႔မွာဆိုရင္ အရင္ကထက္ ကားေတြလည္း မ်ားလာတယ္။ ေနာက္ စက္႐ံုေတြလည္း မ်ားလာျပီ။ ဆိုေတာ့ အဲ့ဒီကထြက္တဲ့ မီးခိုးေတြကလည္း လူေတြကို ထိခိုက္ေစႏုိင္တယ္ေပါ့ေနာ္။ ဆိုေတာ့ ႏွစ္မ်ိဳးေပါင္းလာတာေပါ့ ျမန္မာျပည္က ျမိဳ႕ျပေတြမွာဆိုရင္။ အဲ့ဒါေလးေတြလည္း ရွိပါတယ္ရွင့္။ အခ်က္အလက္ေတြနဲ႔ ေျပာမယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေတာ့ ရွားပါးပါတယ္။ အဲ့ဒီလို စီမံကိန္းတိုေလးေတြနဲ႔ လာၾကျပီး ခန လာလုပ္ျပီးေတာ့ data အခ်က္အလက္ေတြ နည္းနည္း စုေဆာင္း ၾကတာေလာက္ပဲရွိတယ္ေပါ့ေနာ္။ ေသေသခ်ာခ်ာ စနစ္တက်နဲ႔ လုပ္ထားတာ မရွိေသးဘူးေပါ့ေနာ္။”

အဲ့ဒီေတာ့ အခု ေစာေစာတုန္းကလည္း ေျပာခဲ့တဲ့ STEM ဆိုတဲ့ ပညာရပ္နယ္ပယ္မွာ၊ လုပ္ငန္းခြင္မွာဆိုရင္ အမ်ိဳးသမီးေတြြ ပါ၀င္မႈက နည္းေနေသးတဲ့အေနအထား ရွိတယ္ ဆိုေတာ့ ဒီက႑မွာ အမ်ိဳးသမီးေတြ ပိုျပီးပါ၀င္လာဖို႔ကေရာ ဘယ္ေလာက္အထိ အေရးၾကီးတယ္လို႔ ထင္ပါသလဲ။

“ဆိုေတာ့ ဒီ STEM နယ္ပယ္မွာဆိုလို႔ရွိရင္ အစ္မ ခုနကေျပာသလိုပဲ အမ်ိဳးသမီးပါ၀င္မႈက အရမ္းအားနည္း ေနပါတယ္။ ကမၻာနဲ႔ၾကည့္လုိက္လို႔ရွိရင္ ဒီ STEM နယ္ပယ္မွာ အမ်ိဳးသမီးေတြပါ၀င္မႈက ၃၀ % ပဲရွိပါတယ္။ ဆိုေတာ့ ၇၀ % က အမ်ိဳးသားေတြ ျဖစ္တယ္ေပါ့ေနာ္။ အဲ့ဒါတင္ မကပါဘူး။ အမိ်ဳးသမီးေတြ ဒီေနရာမွာ လုပ္ေနရတာဆိုရင္လည္း လစာ ကြာဟမႈလည္း ရွိတယ္။ ေနာက္ျပီးေတာ့ သူတို႔ရဲ႕တိုးတက္မႈမွာလည္း အတားအဆီးေတြ ပိုျပီးေတာ့ ရွိတယ္ေပါ့ေနာ္။ အမ်ိဳးသားေတြနဲ႔ ႏိႈင္းယွဥ္လိုက္လို႔ရွိရင္။ ျမန္မာျပည္အေနနဲ႔ ၾကည့္လို႔ရွိရင္ေတာ့ ဂုဏ္ယူစရာတခုရွိတာက ျမန္မာျပည္မွာကေတာ့ ဒီ သုေတသနလုပ္ေနတဲ့ ပညာရွင္ေတြက အမ်ိဳးသမီးေတြ ၈၀ % ေလာက္ရွိပါတယ္။ တြက္ထားတာေပါ့ေနာ္။ ဆိုေတာ့ ဒါက ကမၻာမွာ အျမင့္ဆံုးႏုိင္ငံေတြထဲမွာ ပါတယ္ေပါ့ေနာ္။ ေတာ္ေတာ္ေတာ့ ေကာင္းပါတယ္။ ဒါေပမဲ့ ဒီ STEM နယ္ပယ္နဲ႔ပတ္သက္ရင္ေတာ့ အဲ့ဒီ ရာခိုင္ႏႈန္းက ပိုနည္းမယ္လို႔ေတာ့ က်မ ထင္ပါတယ္။ ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္ ဒီ STEM နယ္ပယ္မွာ က်ားမ တန္းတူ ျမွင့္တင္ေပးဖို႔က အေရးၾကီးပါတယ္။ ဘာလို႔လဲဆိုေတာ့ အမ်ိဳးသမီးေတြ ပိုျပီးေတာ့ ပါ၀င္လာႏိုင္တယ္ဆိုရင္ အေတြးအေခၚအသစ္ေတြ၊ အျမင္သစ္ေတြ ပိုျပီးေတာ့ ပါ၀င္လာမယ္ေပါေ့နာ္။ ဒီ သုေတသနလုပ္တာေတြမွာ။ ဆိုေတာ့ ပိုျပီးေတာ့ အက်ိဳးေက်းဇူးေတြ ရႏိုင္ပါတယ္။ အဲ့ဒါေတြတင္မကဘဲ ေရရွည္ ဖြံ႔ျဖိဳးတိုးတက္မႈနဲ႔ ပတ္သက္ျပီးေတာ့လည္း ပိုျပီးေတာ့ ထိေရာက္ႏုိင္တယ္လို႔ က်မ ယူဆပါတယ္ရွင့္။”

အခု ဒါေတြနဲ႔ဆက္စပ္ျပီးေတာ့ပဲ ဒီ အာဆီယံ-အေမရိကန္ အမ်ိဳးသမီး သိပၸံပညာဆုမွာလည္း ၀င္ျပီးေတာ့ ယွဥ္ျပိဳင္ျဖစ္တယ္။ အခုဆိုရင္ ဆန္ခါတင္အဆင့္မွာလည္း ပါသြားခဲ့ျပီ။ ဒီဆုက ျမန္မာႏုိင္ငံမွာ ဘယ္သူမွ မရဖူးေသးဘူးလို႔လည္း က်မတို႔သိထားပါတယ္။ ဆိုေတာ့ အခု ယွဥ္ျပိဳင္တာက ဆန္ခါတင္ျပီးသြားျပီဆိုေတာ့ ေနာက္တဆင့္ကေရာ ဘယ္အခ်ိန္မွာ ထပ္ျပီးေတာ့ ေနာက္ဆံုးဖိုင္နယ္ကို ေရာက္မွာပါလဲ။ အဲ့ဒါကိုေရာ သိပါျပီလား။

“သူတို႔ေျပာတာကေတာ့ က်မတို႔ကို အီးေမးပို႔တာေပါ့ေနာ္။ အဲ့ဒီတုန္းကေတာ့ အခု ၅ လပိုင္းထဲမွာ သူတို႔ ဆံုးျဖတ္ခ်က္ ခ်ၾကမယ္ေပါ့ေနာ္။ အခု ၅ လပိုင္း ကုန္ခါနီးျပီဆိုေတာ့ ခ်ေတာ့မယ္လို႔ က်မ ထင္ပါတယ္။ ေနာက္ျပီးေတာ့ သူတို႔က အခု က်မတို႔ အာဆီယံႏုိင္ငံ ၁၀ ႏုိင္ငံရွိတယ္။ အဲ့ဒီ ၁၀ ႏုိင္ငံကေန ဆန္ခါတင္ ၁၀ ေယာက္ ေရြးထားတယ္။ အဲ့ဒီ ၁၀ ေယာက္ထဲက ၂ ေယာက္ကုိ သူတို႔က ေရြးလုိက္မယ္ေပါ့ေနာ္။ အဲ့ဒီ ၂ ေယာက္က ဒီဇြန္လ၊ ၆ လပိုင္းမွာ လာအိုႏုိင္ငံကိုသြားျပီး ဒိုင္ေတြေရွ႕မွာ ဆုရေအာင္ စကားသြားေျပာရမယ္ေပါ့ေနာ္။ အဲ့ဒီအထဲမွာ သူတို႔က ပထမဆုနဲ႔ ဒုတိယဆုကို သူတို႔က ေရြးမယ္ေပါ့။ ဒါေပမဲ့ အခု ကိုဗစ္-ႏုိင္တင္း ျဖစ္ေနတဲ့အတြက္ေတာ့ အင္တာနက္ေပၚကပဲ ဒိုင္ေတြနဲ႔စကားေျပာရမလား။ ဒါမွမဟုတ္ရင္ ေနာက္ဆုတ္လုိက္မလား။ အဲ့ဒါေတာ့ က်မတို႔ကို မေျပာေသးပါဘူးရွင့္။”

အဲ့ဒီေတာ့ အခု အကယ္၍မ်ား ေနာက္ဆံုးအဆင့္မွာ ပါသြားျပီး ဒီဆုရခဲ့မယ္ဆိုရင္ေရာ ကိုယ့္ႏုိင္ငံအတြက္ ဘယ္ေလာက္အထိ ဂုဏ္ေဆာင္ႏုိ္င္မယ္လို႔ ထင္ပါသလဲ။

“ဟုတ္ကဲ့။ ဒီဆုကို ရသြားမယ္ဆိုရင္ေတာ့ က်မ အရမ္း ၀မ္းသာပါမယ္။ ေနာက္ျပီးေတာ့ ျမန္မာျပည္အတြက္ ဘယ္လိုေကာင္းက်ိဳး ရမလဲဆိုေတာ့ ကမၻာ့အဆင့္၊ ဒါမွမဟုတ္ရင္လည္း အာဆီယံေဒသအဆင့္မွာ ျမန္မာေတြ ၀င္ျပီးေတာ့ ၀င္ျပိဳင္ႏုိင္တယ္ဆိုတာကုိ ကမၻာက သိသြားမယ္။ ေဒသက လူေတြသိသြားမယ္။ အဲ့ဒီလို သိသြားတဲ့အတြက္ တျခား ႏိုင္ငံေတြက သုေတသန ပညာရွင္ေတြနဲ႔ ပူးေပါင္း လုပ္လာႏုိင္မယ္၊ လမ္းေတြလည္း ပိုပြင့္လာမယ္လို႔ က်မ ေမ ွ်ာ္လင့္ပါတယ္ရွင့္။”

အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူး အမ်ားၾကီးတင္ပါတယ္။

“ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္။”

တိုက္႐ိုက္ လင့္ခ္

=============================

[Unicode Version]

သိပ္ပံနဲ့ နည်းပညာဆိုင်ရာ သုတေသနတွေ၊ လုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာမယ်ဆိုရင် အတွေးအခေါ်သစ်တွေ၊ အမြင်သစ်တွေနဲ့ ကမ္ဘာကြီး ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး အကျိုးပြုလာနိုင်တယ်လို့ ၂၀၂၀ ခုနှစ်အတွက် အာဆီယံ-အမေရိကန် အမျိုးသမီး သိပ္ပံဆု ဆန်ခါတင် ၁၀ ဦးထဲမှာ ပါတဲ့ ဒေါက်တာ သဲဝင့်အောင်က ပြောပါတယ်။ လက်ရှိ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်မှာ PhD ပါရဂူ ဘွဲ့လွန်တန်း တက်နေတဲ့ ဒေါက်တာ သဲဝင့်အောင်ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးပညာရှင် တယောက်ဖြစ်ပါတယ်။ ဒီနှစ်အတွက် အာဆီယံ-အမေရိကန် အမျိုးသမီး သိပ္ပံပဆုကို မြန်မာနိုင်ငံကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာမှာ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာသဲဝင့်အောင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

၂၀၂၀ ခုနှစ် အာဆီယံ-အမေရိကန် အမျိုးသမီးသိပ္ပံဆုအတွက် မသဲဝင့်အောင်က ဆန်ခါတင် ၁၀ ယောက် စာရင်းထဲမှာ ပါတဲ့အတွက် Congratulations ပါ။ ဂုဏ်ယူပါတယ်။ ဒီဆုက ကျမတို့နားလည်သလောက်က အာဆီယံနိုင်ငံတွေထဲမှာရှိတဲ့ သိပ္ပံပညာပိုင်းဆိုင်ရာမှာ လေ့လာနေတဲ့ ပညာရှင်တွေ၊ အမျိုးသမီးတွေကိုပဲ သီးသန့်ပေးတဲ့ဆု ဆိုတာတော့ ယေဘုယျ နားလည်ထားပါတယ်။ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိရအောင် ဒီဆုနဲ့ပတ်သက်တဲ့ ထူးခြားချက်လေးတွေ။ ဒါက ဘယ်လိုဆုမျိုးလဲ။ ဘယ်သူတွေကပေးအပ်တာလဲ ဆိုတာ ရှင်းပြပေးပါရှင့်။

“ဒီဆုကတော့ အာဆီယံနိုင်ငံတွေက ပေးတဲ့ဆုလည်း ပါတယ်။ နောက်ပြီးတော့ အမေရိကန်နိုင်ငံက USAID (နိုင်ငံတကာဖွံဖြိုးရေး အေဂျင်စီ) ပေါင်းပြီးတော့လုပ်တဲ့ ဆုပေါ့နော်။ နောက်အဖွဲ့တခုကလည်း Underwriters Laboratories ဆိုတဲ့အဖွဲ့အစည်းတခု ရှိပါတယ်။ အဲ့ဒီအဖွဲ့သုံးခုက အဖွဲ့အစည်းလုပ်ပြီးတော့ ဒီဆုကို ပေးတာပေါ့နော်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ STEM ဆိုတဲ့ Science, Technology, Engineering and Mathematics ပေါ့နော်။ မြန်မာလိုပြောမယ်ဆိုလို့ရှိရင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ နဲ့ သင်္ချာပေါ့နော်။ အဲ့ဒီနယ်ပယ်မှာဆိုလို့ရှိရင် အမျိုးသမီးတွေ ပါဝင်မှုက အားနည်းနေပါသေးတယ်။ အဲ့ဒီအတွက် သူတို့က ကျားမ တန်းတူညီမ ျှလာအောင် လုပ်ပေးတဲ့ဆုပေါ့နော်။ ဒီဆုကို နှစ်တိုင်း ဆုချတာပါ။ သူတို့ရဲ့ဝက်ဘ်ဆိုက်ကို ကြည့်လိုက်လို့ ရှိရင် ဒါက ၆ နှစ်မြောက် ပေးတဲ့ဆု ဆိုတာ တွေ့ရပါတယ်။ တနှစ်နဲ့ တနှစ်လည်း ခေါင်းစဉ်ကလည်း ပြောင်းသွားပါတယ်ရှင့်။ ဆိုတော့ ဒီနှစ်မှာကျတော့ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ခေါင်းစဉ်နဲ့ ဒီ ၂၀၂၀ မှာ လုပ်တာပေါ့နော်။ အဲ့ဒီမှာ ကျမက ကျမလုပ်နေတဲ့အလုပ်အကိုင်၊ သုတေသနလုပ်တာတွေနဲ့ တူနေတဲ့အတွက် ကျမက လေ ျှာက်လိုက်တာပါရှင့်။”

ဒီဆုအတွက် ဘယ်လိုသတ်မှတ်ချက်တွေ ချမှတ်ထားတာပါလဲ။

“သတ်မှတ်ချက်တွေ ကတော့ ဒီ အာဆီယံနိုင်ငံတွေက နိုင်ငံသူတယောက် ဖြစ်ရမယ်။ ပါရဂူဘွဲ့ ရှိထားရမယ်။ နောက်ပြီးတော့ အသက် ၄၅ နှစ်အောက် အမျိုးသမီးဖြစ်ရမယ်။ နောက်ပြီး ဒီနှစ်ရဲ့ ခေါင်းစဉ်ထဲမှာလည်း ဝင်ရမယ်ပေါ့နော်။ ဒီနှစ်ခေါင်းစဉ်က စောစောကပြောတဲ့ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်တာပေါ့နော်။”

အဲ့ဒီတော့ မသဲဝင့်အောင်ရဲ့ အဓိက လေ့လာသုတေသနလုပ်နေတဲ့ နယ်ပယ်ကလည်း သိပ္ပံနဲ့ပတ်သက်တဲ့ စွမ်းအင်အသုံးပြုမှု၊ လေထုညစ်ညမ်းမှု တို့ကနေ လူတွေရဲ့ကျန်းမာရေးအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်နိုင်မလဲဆိုတာ ပါတော့ သူတို့ ဒီနှစ် ခေါင်းစဉ်ကလည်း 'ကြိုတင် ကာကွယ်တားဆီးရေး ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု' ဆိုတော့၊ မြန်မာနိုင်ငံလို အနေအထားမှာ မသဲဝင့်အောင်က ဒီအကြောင်းအရာကို ဝင်ပြိုင်ဖြစ်တယ်။ ဒါနဲ့ဆက်စပ်လို့ တဆက်တည်း သိချင်တာက ကိုယ့် မြန်မာနိုင်ငံမှာကရော လေထုညစ်ညမ်းမှုတွေ၊ စွမ်းအင်ပြဿနာတွေက လူထုရဲ့ကျန်းမာရေးကို ဘယ်လို ထိခိုက်နိုင်သလဲ ဆိုတဲ့အပေါ်မှာ ကိုယ့်ရဲ့ ရှာဖွေ တွေ့ရှိချက်တွေက ဘာတွေရှိပါသလဲ။ ဘာတွေ တင်ပြပြီး ယှဉ်ပြိုင်ခဲ့တာပါလဲ။

“သူက အခုယှဉ်ပြိုင်ရတာက မြန်မာပြည်မှာ လုပ်ခဲ့တာတင်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ သိပ္ပံပညာလုပ်ခဲ့တဲ့ သုတေသနလုပ်ခဲ့တဲ့ဘဝမှာ ဒီကျန်းမာရေးကို ဘယ်လို ကာကွယ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ဘာတွေ သုတေသနလုပ်ခဲ့သလဲဆိုတာကို ရှင်းပြရတာပေါ့နော်။ ကျမ စလုပ်တဲ့သုတေသနကတော့ အိန္ဒိယနိုင်ငံမှာ လုပ်ခဲ့တာပါ။ အဲ့ဒီ အိန္ဒိယနိုင်ငံမှာဆိုရင် ဘာတွေ များများရှိလဲဆိုတော့ ထင်းတွေ မီးသွေးတွေ သုံးပြီးတော့ ဖိုခနောင့် မီးဖိုတွေ သုံးပြီးတော့ အဲ့ဒီကထွက်တဲ့ လေထုညစ်ညမ်းမှုပေါ့နော်။ ဒီလေထုညစ်ညမ်းမှုက အမျိုးသမီးတွေ ကလေးတွေရဲ့ ကျန်းမာရေးကို ဘယ်လိုထိခိုက်သလဲဆိုတာ ကျမက လေ့လာခဲ့တာပါ။ ဆိုတော့ အဲ့ဒီလိုမျိုး ထင်းတွေ မီးသွေးတွေ သုံးတယ်ဆိုတာကလည်း အိန္ဒိယနိုင်ငံအတွက်ပဲ ထူးခြားတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာလည်း ရွာတွေမှာ ရှိပါတယ်။ မြို့တွေမှာလည်း ရန်ကုန်မြို့မှာလည်း ရှိပါတယ်။ ဆိုတော့ အဲ့ဒီဟာက ကျန်းမာရေးကို ဘယ်လိုထိခိုက်တာလဲ ဆိုတာကို လေ့လာတာပေါ့နော်။ ကျမတို့ သိသလောက်ကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာကိုလည်း ထိခိုက်တယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါကိုလည်း ဒီလေထုညစ်ညမ်းမှုတွေ ရှူလို့ရှိရင် ထိခိုက်တယ်ဆိုတာကို ကျမတို့သိရပါတယ်ရှင့်။”

မြန်မာနိုင်ငံမှာရော ဒါနဲ့ပတ်သက်ပြီးတော့ သေသေချာချာ စနစ်တကျလုပ်ထားတဲ့ သုတေသနတွေ ရှိပါသလား။ အဲ့ဒီလိုရှိဖို့ ဘယ်လောက် အရေးကြီးမယ်ထင်ပါသလဲ။

“ဟုတ်ကဲ့။ အခုအချိန်မှာတော့ သေသေချာချာ လုပ်ထားတာတွေက ရှားပါးပါတယ်ရှင့်။ ဒါပေမဲ့ ခန့်မှန်းချေနဲ့တော့ ပြောလို့ရတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ၈၀ % လောက်က နယ်တွေဘက်မှာ ရွာတွေဘက်မှာ နေတဲ့အတွက် အဲ့ဒီဘက်မှာဆိုလို့ရှိရင် ထင်းတွေ မီးသွေးတွေ သုံးတာများပါတယ်။ ဆိုတော့ အဲ့ဒီကနေ ပြောလို့ရတာက ၈၀ % က အိမ်ကထွက်တဲ့ မီးခိုးတွေ၊ ဟင်းထမင်းတွေချက်လို့ ထွက်တဲ့မီးခိုးတွေကို ထိတွေ့နေရတယ်။ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ မြို့ပြတွေမှာလည်း ဒီလို ထင်းတွေ မီးသွေးတွေဆက်သုံးနေတဲ့ လူတွေလည်း ရှိတယ်။ အဲ့ဒါအပြင် အခုဆိုလို့ရှိရင် ရန်ကုန်တို့ မန္တလေးတို့မှာဆိုရင် အရင်ကထက် ကားတွေလည်း များလာတယ်။ နောက် စက်ရုံတွေလည်း များလာပြီ။ ဆိုတော့ အဲ့ဒီကထွက်တဲ့ မီးခိုးတွေကလည်း လူတွေကို ထိခိုက်စေနိုင်တယ်ပေါ့နော်။ ဆိုတော့ နှစ်မျိုးပေါင်းလာတာပေါ့ မြန်မာပြည်က မြို့ပြတွေမှာဆိုရင်။ အဲ့ဒါလေးတွေလည်း ရှိပါတယ်ရှင့်။ အချက်အလက်တွေနဲ့ ပြောမယ်ဆိုရင်တော့ တော်တော်တော့ ရှားပါးပါတယ်။ အဲ့ဒီလို စီမံကိန်းတိုလေးတွေနဲ့ လာကြပြီး ခန လာလုပ်ပြီးတော့ data အချက်အလက်တွေ နည်းနည်း စုဆောင်း ကြတာလောက်ပဲရှိတယ်ပေါ့နော်။ သေသေချာချာ စနစ်တကျနဲ့ လုပ်ထားတာ မရှိသေးဘူးပေါ့နော်။”

အဲ့ဒီတော့ အခု စောစောတုန်းကလည်း ပြောခဲ့တဲ့ STEM ဆိုတဲ့ ပညာရပ်နယ်ပယ်မှာ၊ လုပ်ငန်းခွင်မှာဆိုရင် အမျိုးသမီးတွေ ပါဝင်မှုက နည်းနေသေးတဲ့အနေအထား ရှိတယ် ဆိုတော့ ဒီကဏ္ဍမှာ အမျိုးသမီးတွေ ပိုပြီးပါဝင်လာဖို့ကရော ဘယ်လောက်အထိ အရေးကြီးတယ်လို့ ထင်ပါသလဲ။

“ဆိုတော့ ဒီ STEM နယ်ပယ်မှာဆိုလို့ရှိရင် အစ်မ ခုနကပြောသလိုပဲ အမျိုးသမီးပါဝင်မှုက အရမ်းအားနည်း နေပါတယ်။ ကမ္ဘာနဲ့ကြည့်လိုက်လို့ရှိရင် ဒီ STEM နယ်ပယ်မှာ အမျိုးသမီးတွေပါဝင်မှုက ၃၀ % ပဲရှိပါတယ်။ ဆိုတော့ ၇၀ % က အမျိုးသားတွေ ဖြစ်တယ်ပေါ့နော်။ အဲ့ဒါတင် မကပါဘူး။ အမျိုးသမီးတွေ ဒီနေရာမှာ လုပ်နေရတာဆိုရင်လည်း လစာ ကွာဟမှုလည်း ရှိတယ်။ နောက်ပြီးတော့ သူတို့ရဲ့တိုးတက်မှုမှာလည်း အတားအဆီးတွေ ပိုပြီးတော့ ရှိတယ်ပေါ့နော်။ အမျိုးသားတွေနဲ့ နှိုင်းယှဉ်လိုက်လို့ရှိရင်။ မြန်မာပြည်အနေနဲ့ ကြည့်လို့ရှိရင်တော့ ဂုဏ်ယူစရာတခုရှိတာက မြန်မာပြည်မှာကတော့ ဒီ သုတေသနလုပ်နေတဲ့ ပညာရှင်တွေက အမျိုးသမီးတွေ ၈၀ % လောက်ရှိပါတယ်။ တွက်ထားတာပေါ့နော်။ ဆိုတော့ ဒါက ကမ္ဘာမှာ အမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါတယ်ပေါ့နော်။ တော်တော်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီ STEM နယ်ပယ်နဲ့ပတ်သက်ရင်တော့ အဲ့ဒီ ရာခိုင်နှုန်းက ပိုနည်းမယ်လို့တော့ ကျမ ထင်ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီ STEM နယ်ပယ်မှာ ကျားမ တန်းတူ မြှင့်တင်ပေးဖို့က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်လာနိုင်တယ်ဆိုရင် အတွေးအခေါ်အသစ်တွေ၊ အမြင်သစ်တွေ ပိုပြီးတော့ ပါဝင်လာမယ်ပေါေ့နာ်။ ဒီ သုတေသနလုပ်တာတွေမှာ။ ဆိုတော့ ပိုပြီးတော့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ အဲ့ဒါတွေတင်မကဘဲ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့လည်း ပိုပြီးတော့ ထိရောက်နိုင်တယ်လို့ ကျမ ယူဆပါတယ်ရှင့်။”

အခု ဒါတွေနဲ့ဆက်စပ်ပြီးတော့ပဲ ဒီ အာဆီယံ-အမေရိကန် အမျိုးသမီး သိပ္ပံပညာဆုမှာလည်း ဝင်ပြီးတော့ ယှဉ်ပြိုင်ဖြစ်တယ်။ အခုဆိုရင် ဆန်ခါတင်အဆင့်မှာလည်း ပါသွားခဲ့ပြီ။ ဒီဆုက မြန်မာနိုင်ငံမှာ ဘယ်သူမှ မရဖူးသေးဘူးလို့လည်း ကျမတို့သိထားပါတယ်။ ဆိုတော့ အခု ယှဉ်ပြိုင်တာက ဆန်ခါတင်ပြီးသွားပြီဆိုတော့ နောက်တဆင့်ကရော ဘယ်အချိန်မှာ ထပ်ပြီးတော့ နောက်ဆုံးဖိုင်နယ်ကို ရောက်မှာပါလဲ။ အဲ့ဒါကိုရော သိပါပြီလား။

“သူတို့ပြောတာကတော့ ကျမတို့ကို အီးမေးပို့တာပေါ့နော်။ အဲ့ဒီတုန်းကတော့ အခု ၅ လပိုင်းထဲမှာ သူတို့ ဆုံးဖြတ်ချက် ချကြမယ်ပေါ့နော်။ အခု ၅ လပိုင်း ကုန်ခါနီးပြီဆိုတော့ ချတော့မယ်လို့ ကျမ ထင်ပါတယ်။ နောက်ပြီးတော့ သူတို့က အခု ကျမတို့ အာဆီယံနိုင်ငံ ၁၀ နိုင်ငံရှိတယ်။ အဲ့ဒီ ၁၀ နိုင်ငံကနေ ဆန်ခါတင် ၁၀ ယောက် ရွေးထားတယ်။ အဲ့ဒီ ၁၀ ယောက်ထဲက ၂ ယောက်ကို သူတို့က ရွေးလိုက်မယ်ပေါ့နော်။ အဲ့ဒီ ၂ ယောက်က ဒီဇွန်လ၊ ၆ လပိုင်းမှာ လာအိုနိုင်ငံကိုသွားပြီး ဒိုင်တွေရှေ့မှာ ဆုရအောင် စကားသွားပြောရမယ်ပေါ့နော်။ အဲ့ဒီအထဲမှာ သူတို့က ပထမဆုနဲ့ ဒုတိယဆုကို သူတို့က ရွေးမယ်ပေါ့။ ဒါပေမဲ့ အခု ကိုဗစ်-နိုင်တင်း ဖြစ်နေတဲ့အတွက်တော့ အင်တာနက်ပေါ်ကပဲ ဒိုင်တွေနဲ့စကားပြောရမလား။ ဒါမှမဟုတ်ရင် နောက်ဆုတ်လိုက်မလား။ အဲ့ဒါတော့ ကျမတို့ကို မပြောသေးပါဘူးရှင့်။”

အဲ့ဒီတော့ အခု အကယ်၍များ နောက်ဆုံးအဆင့်မှာ ပါသွားပြီး ဒီဆုရခဲ့မယ်ဆိုရင်ရော ကိုယ့်နိုင်ငံအတွက် ဘယ်လောက်အထိ ဂုဏ်ဆောင်နိုင်မယ်လို့ ထင်ပါသလဲ။

“ဟုတ်ကဲ့။ ဒီဆုကို ရသွားမယ်ဆိုရင်တော့ ကျမ အရမ်း ဝမ်းသာပါမယ်။ နောက်ပြီးတော့ မြန်မာပြည်အတွက် ဘယ်လိုကောင်းကျိုး ရမလဲဆိုတော့ ကမ္ဘာ့အဆင့်၊ ဒါမှမဟုတ်ရင်လည်း အာဆီယံဒေသအဆင့်မှာ မြန်မာတွေ ဝင်ပြီးတော့ ဝင်ပြိုင်နိုင်တယ်ဆိုတာကို ကမ္ဘာက သိသွားမယ်။ ဒေသက လူတွေသိသွားမယ်။ အဲ့ဒီလို သိသွားတဲ့အတွက် တခြား နိုင်ငံတွေက သုတေသန ပညာရှင်တွေနဲ့ ပူးပေါင်း လုပ်လာနိုင်မယ်၊ လမ်းတွေလည်း ပိုပွင့်လာမယ်လို့ ကျမ မေ ျှာ်လင့်ပါတယ်ရှင့်။”

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။

“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။”

XS
SM
MD
LG