သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥတုရာသီအေရး ကမာၻႀကီးကုိ ႏႈိးေဆာ္သူ Greta Thunberg


သဘာ၀ပတ္၀န္းက်င္အေရး တက္ၾကြလႈပ္ရွားသူ Greta Thunberg ဥေရာပပါလီမန္မွာ မိန္႔ခြန္းေျပာေနစဥ္ (မတ္လ ၄ က္၊ ၂၀၂၀)

(Zawgyi/Unicode)

ကမာၻႀကီးပူေႏြးမႈနဲ႔ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈေတြကို ျဖစ္ေစတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႕ ထုတ္လႊတ္မႈ ေလွ်ာ့ခ်ေရး တကိုယ္ေတာ္ဆႏၵျပရာကေန ကမာၻတဝွမ္း သန္းနဲ႔ခ်ီတဲ့ ေက်ာင္းသားလူငယ္ေတြ ပါဝင္လာတဲ့အထိ စည္း႐ုံး လႈံ႕ေဆာ္ ႏိုင္ခဲ့တဲ့ ဆြီဒင္ႏိုင္ငံက Greta Thunberg ဟာ သူ႔ရဲ႕ လႈပ္ရွားမႈေတြေၾကာင့္ ကမာၻ႔ေခါင္းေဆာင္ေတြကပါ အသိအမွတ္ျပဳ အေလးထားခံလာရတဲ့ ဆယ္ေက်ာ္သက္ လူငယ္အမ်ိဳးသမီး တဦးပဲျဖစ္ပါတယ္။ ဒီကေန႔ ကမာၻႀကီးႀကဳံေတြ႕ေနရတဲ့ အႀကီးမားဆုံးျပႆနာတခုကို အက်ယ္ေလာင္ဆုံး ႏိုးေဆာ္ လႈပ္ရွား ႏိုင္သူအျဖစ္ အသိအမွတ္ျပဳ ခံထားရသူလည္း ျဖစ္ပါတယ္။ ယုံၾကည္ခ်က္ခိုင္မာမႈနဲ႔ မဆုတ္မနစ္ ခြန္အားစိုက္ထုတ္မႈေတြေၾကာင့္ အသက္ငယ္ငယ္အ႐ြယ္မွာပဲ သဘာဝပတ္ဝန္းက်င္ေရးရာ ေခါင္းေဆာင္တေယာက္ ျဖစ္လာတဲ့ ဆယ္ေက်ာ္သက္ အမ်ိဳးသမီးငယ္ Greta Thunberg နဲ႔ သူ႔ရဲ႕လႈပ္ရွားမႈေတြအေၾကာင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ျပထားပါတယ္။

ဒီကေန႔ ကမာၻႀကီးဟာ ေဝဒနာမ်ိဳးစုံ ခံစားေနရတဲ့ ခ်ိဳ႕တဲ့ ခႏၶာ တခုလိုျဖစ္လာေနၿပီး မိုးေခါင္ေရရွား၊ ေတာမီးေလာင္၊ မုန္တိုင္းေဘး ေရေဘးသင့္ စသျဖင့္ သဘာဝေဘးဒဏ္ အမ်ိဳးမ်ိဳးနဲ႔ ေရာဂါကပ္ေဘး ဒဏ္ေတြကိုပါ တႏွစ္ထက္တႏွစ္ ပိုၿပီးေတာ့ ခပ္စိပ္စိပ္ ႀကဳံေတြ႕လာေနရပါတယ္။ ကမာၻႀကီး ပူေႏြးလာမႈနဲ႔ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈေတြကို ျဖစ္ေစတဲ့ ကာဘြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈေတြကို အတိုင္းအတာတခုအထိ မေလွ်ာ့ခ်ႏိုင္ဘူးဆိုရင္ေတာ့ ဒီလို အေျခအေနေတြက ပိုၿပီးေတာ့ ဆိုး႐ြားလာဖို႔သာ ရွိတယ္ဆိုတာကိုလည္း သိပၸံပညာရွင္ေတြက သတိေပးေနၾကတာပါ။ ဒီလိုပဲ သဘာဝပတ္ဝန္းက်င္အေရး တက္ႂကြ လႈပ္ရွားသူေတြကလည္း ကာဘြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈေတြကို အျမန္ဆုံး ေလွ်ာ့ခ်ဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြကို ဖိအားေပး တိုက္တြန္းေနၾကပါတယ္။ ဒီအထဲမွာ ထင္ရွားတဲ့ တက္ႂကြလႈပ္ရွားသူတဦးကေတာ့ ဆြီဒင္ႏိုင္ငံက ဆယ္ေက်ာ္သက္ အမ်ိဳးသမီးလူငယ္ Greta Thunberg ပဲ ျဖစ္ပါတယ္။

ဥတုရာသီေဖာက္ျပန္ ေျပာင္းလဲမႈေတြေၾကာင့္ လူ႔ အသက္ေပါင္းမ်ားစြာ ဆုံးရႈံးရၿပီး အတိဒုကၡ ေရာက္ေနၾကရတာဟာ ကမာၻ႔ေခါင္းေဆာင္ေတြရဲ႕ လက္ေတြ႕မပါတဲ့ ကတိကဝတ္ေတြနဲ႔ ကာဘြန္ဓာတ္ေငြ႕ ေလ်ာ့က်ေအာင္ မလုပ္ေဆာင္ႏိုင္တာေၾကာင့္ ျဖစ္တယ္လို႔ Greta Thunberg က ျပင္းျပင္းထန္ထန္ ေဝဖန္ပါတယ္။ ကမာၻႀကီး ေရရွည္ တည္တံ့ေရးကို ေရွးမရႈဘဲ ေငြနဲ႔ အက်ိဳးစီးပြားကိုသာ ၾကည့္ၿပီး ျဖစ္လာတဲ့အက်ိဳးဆက္ကို တာဝန္မခံခ်င္ၾကတဲ့ လူႀကီးေတြေၾကာင့္ ဒီကေန႔ေခတ္ မ်ိဳးဆက္လူငယ္ေတြဟာ ဆိုး႐ြားတဲ့ သဘာဝေဘးဒဏ္ေတြကို ႀကဳံၾကရတယ္လို႔ သူက ေျပာပါတယ္။

“ ရွင္တို႔လူႀကီးေတြ က်မတို႔အေပၚမွာ ပ်က္ကြက္ခဲ့ၾကတယ္။ ရွင္တို႔ရဲ႕ တာဝန္မေက်မႈေတြကို လူငယ္ေတြက ခုေတာ့ နားလည္လာၾကပါၿပီ။ အနာဂတ္မ်ိဳးဆက္ေတြက ရွင္တို႔ကို ေစာင့္ၾကည့္ေနၾကပါတယ္။ ထပ္ၿပီး ပ်က္ကြက္ၾကဦးမယ္ ဆိုရင္ေတာ့ က်မတို႔ ဘယ္ေတာ့မွခြင့္လႊတ္မွာ မဟုတ္ပါဘူး။ ဒီအတိုင္း လက္ပိုက္ၾကည့္ေနေတာ့မွာ မဟုတ္ပါဘူး။ ခုထက္ပိုၿပီး ေဘာင္ေက်ာ္မလာဖို႔ ဒီအခ်ိန္ ဒီေနရာမွာပဲ စည္းကန႔္လိုက္ပါတယ္။ ရွင္တို႔ ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ အေျပာင္းအလဲ အတြက္ ကမာၻႀကီးက ႏိုးထလာေနပါၿပီ။''

ဒါကေတာ့ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလက ကမာၻတဝွမ္း သမၼတေတြ၊ ဝန္ႀကီးခ်ဳပ္ေတြနဲ႔ ကမာၻ႔ေခါင္းေဆာင္ေတြ အမ်ားအျပား တက္ေရာက္ခဲၾကတဲ့ ကုလသမဂၢ အေထြေထြ ညီလာခံအတြင္း ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈ ဟန႔္တားေရးဆိုင္ရာ ထိပ္သီးေဆြးေႏြးပြဲမွာ Greta Thunberg က ကမာၻ႔ေခါင္းေဆာင္ေတြကို ရဲရဲဝံ့ဝံ့ သတိေပး ေျပာဆိုခဲ့တာပါ။ ကမာၻႀကီးပူေႏြးမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔ ဒီကေန႔ ကမာၻ႔ေခါင္းေဆာင္ေတြ အေနနဲ႔ မွန္ကန္တဲ့မူဝါဒေတြ ခ်မွတ္ၿပီး တာဝန္ယူေျဖရွင္းၾကရလိမ့္မယ္ ဆိုတာကို Greta Thunberg က ဥေရာပ ပါလီမန္မွာေရာ၊ ဥေရာပႏိုင္ငံတခ်ိဳ႕က လႊတ္ေတာ္ေတြမွာပါ တက္ေရာက္ ေျပာၾကားခဲ့သလို၊ ဥတုရာသီအေရးဆိုင္ရာ ကမာၻ႔ညီလာခံေတြမွာလည္း ၿပီးခဲ့တဲ့ ၂ ႏွစ္ဆက္တိုက္ တက္ေရာက္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္၊ အသက္ ၁၅ ႏွစ္အ႐ြယ္တုန္းကေတာ့ Greta Thunberg ဟာ ေသာၾကာေန႔ တရက္၊ ေက်ာင္းခ်ိန္အတြင္းမွာ ေက်ာင္းမသြားဘဲ ဆြီဒင္ပါလီမန္ေရွ႕ သြားၿပီး ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈေတြနဲ႔ ပတ္သက္လို႔ တာဝန္ရွိသူေတြက ထိထိေရာက္ေရာက္ တုံ႔ျပန္ကိုင္တြယ္ဖို႔ တကိုယ္ေတာ္ ဆႏၵျပ ေတာင္းဆိုခဲ့ပါတယ္။ မီးေလာင္ေနတဲ့အိမ္တလုံးလို ျဖစ္ေနတဲ့ကမာၻႀကီးမွာ သူတို႔လိုမ်ိဳးဆက္ေတြအတြက္ အနာဂတ္မဲ့ရတာမို႔ ဒီအေျခအေနကို ေျပာင္းလဲႏိုင္မယ့္ ဘယ္အရာမဆို သူ လုပ္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ Greta Thunberg က ေျပာပါတယ္။ သူ႔အသံကို လူေတြ နားေထာင္လာတဲ့အထိ မဆုတ္မနစ္ ေသာၾကာေန႔တိုင္း လႊတ္ေတာ္ေရွ႕ ဆႏၵျပခဲ့ရာကေန ကမာၻတဝန္း လူငယ္ေတြ သန္းေပါင္းမ်ားစြာ ပါဝင္လာတဲ့အထိ သဘာဝပတ္ဝန္းက်င္အေရး ကမာၻလုံးဆိုင္ရာ လႈပ္ရွားမႈႀကီး ျဖစ္လာေအာင္ လႈံ႕ေဆာ္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္က တကိုယ္ေတာ္စခဲ့တဲ့ လႈပ္ရွားမႈဟာ ဒီကေန႔မွာေတာ့ “Friday’s for Future” ေသာၾကာေန႔ဟာ အနာဂတ္အတြက္ ဆိုတဲ့ေဆာင္ပုဒ္နဲ႔ ႏိုင္ငံေပါင္း ၁၅၀ ေက်ာ္မွာ လူေတြသန္းေပါင္း မ်ားစြာပါဝင္တဲ့ လႈပ္ရွားမႈႀကီးေတြ ေပၚေပါက္လာခဲ့ပါတယ္။ Greta Thunberg ဟာ ဒီကေန႔ကမာၻႀကီး ႀကဳံေနရတဲ့ အႀကီးမားဆုံး ျပႆနာတခုကို အက်ယ္ေလာင္ဆုံး ႏိုးေဆာ္ႏိုင္ခဲ့သူျဖစ္တယ္လို႔ ဆိုၿပီး ကမာၻေက်ာ္ Times မဂၢဇင္းႀကီးက ၂၀၁၉ ခုႏွစ္အတြက္ အထူးျခားဆုံး လူပုဂၢိဳလ္အျဖစ္ သူ႔ကို ဂုဏ္ျပဳ ခဲ့သလို၊ ၂၀၁၉ ႏိုဘဲလ္ ၿငိမ္းခ်မ္းေရးဆုအတြက္ အဆိုျပဳခံရတဲ့အထဲမွာလည္း Greta Thunberg ပါဝင္ခဲ့ပါတယ္။

ကမာၻ႔ေခါင္းေဆာင္ေတြ တာဝန္မဲ့စြာ လစ္လ်ဴရႈေနတဲ့ ကိစၥတခုကို ယုံၾကည္ခ်က္အျပည့္နဲ႔ ေထာက္ျပ ေျပာဆိုဝံ့သူ Greta Thunberg ဟာ တကယ္ေတာ့ သူ စိတ္ဝင္စားတဲ့ အေၾကာင္းအရာတခုမွာသာ အာ႐ုံစူးစိုက္ေနတတ္ၿပီး လူေတြနဲ႔ ဆက္ဆံေပါင္းသင္း ဆက္ဆံရာမွာ အခက္အခဲရွိတဲ့ Asperger syndrome လို႔ေခၚတဲ့ ေဝဒနာတမ်ိဳး ခံစားခဲ့ရတဲ့ လူငယ္တေယာက္ပါ။ အသက္ ၈ ႏွစ္အ႐ြယ္ေလာက္မွာ ရာသီဥတုေဖာက္ျပန္ ေျပာင္းလဲမႈေတြအေၾကာင္းကို ေက်ာင္းမွာ စတင္ေလ့လာရၿပီး ကမာၻႀကီးဟာ ဖန္လုံအိမ္ဓာတ္ေငြ႕ ထုတ္လႊတ္မႈေတြေၾကာင့္ ပူေႏြးလာေနတယ္ဆိုတဲ့ အေျခခံအခ်က္ကို သူ နားလည္လာတဲ့အခါမွာေတာ့ ဒီအေပၚမွာ လူေတြက ဘာလို႔ အေလးအနက္ထား မတုံ႔ျပန္ၾကတာလဲဆိုတာ နားမလည္ႏုိင္ေအာင္ သိပ္ကို အံ့ၾသ စိတ္ပ်က္ခဲ့ရတယ္လို႔ Greta Thunberg က ေျပာပါတယ္။ သူ႔အတြက္ကေတာ့ ဒါက ဘယ္လိုမွ လစ္လ်ဴရႈ မရခဲ့တာေၾကာင့္ တကိုယ္ေတာ္ ဆႏၵျပဖို႔အထိ ျဖစ္ခဲ့တာလို႔ ေျပာပါတယ္။

''လူေတြ ဒုကၡမ်ိဳးစုံ ခံစားေနၾကရပါတယ္။ လူေတြ ေသေနၾကရပါတယ္။ ေဂဟစနစ္ႀကီး တခုလုံး ပ်က္စီးလာေနပါတယ္။ လူေတြ အစုလိုက္ အၿပဳံလိုက္ ေသေၾက ပ်က္စီး ေပ်ာက္ကြယ္မယ့္ အေျခအေန အစကို က်မတို႔ ႀကဳံလာေနရတာပါ။ ဒီလိုအခ်ိန္မွာေတာင္ ေငြေၾကးနဲ႔ အဆုံးစြန္ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ဖို႔ ဆိုတာေတြကိုပဲ ေျပာေကာင္းေနၾကတုန္းပဲ။ ရွင္တို႔မို႔ ေျပာဝံ့ႏိုင္ၾကပါတယ္။”

ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈေတြဟာ လူေတြရဲ႕ က်န္းမာေရးနဲ႔ ဒီကေန႔ ေခတ္ေမြးဖြားတဲ့ ကေလးငယ္ေတြရဲ႕ ဘဝေနထိုင္မႈ အရည္အေသြးကို ၿခိမ္းေျခာက္လာလိမ့္မယ္ဆိုတာကို သိပၸံပညာရွင္ေတြ၊ သုေတသီေတြကလည္း ေထာက္ျပ ေျပာဆိုေနၾကတာပါ။ အပူခ်ိန္ျမင့္တက္မႈကေန ရာသီဥတု ေဖာက္ျပန္မႈေတြ ပိုဆိုးလာၿပီး ေရာဂါေတြ ပိုမို ထူေျပာလာေစသလို၊ လက္ရွိနဲ႔ အနာဂတ္မ်ိဳးဆက္ ေတြအတြက္ စားနပ္ရိကၡာဖူလုံမႈ အႏၲရာယ္ရွိလာမယ္လို႔ ပညာရွင္ေတြက သတိေပးပါတယ္။ ကမာၻႀကီးပူေႏြးမႈရဲ႕ ဒဏ္ကို လူေတြ တေန႔တျခား သိသိသာသာ ပိုၿပီး ခံစားလာေနရတဲ့တိုင္ေအာင္ ကမာၻ႔ေခါင္းေဆာင္ေတြ ကေတာ့ ဒါကို အေလးအနက္ မထားခ်င္ၾကေသးဘူးလို႔ Greta Thunberg က ေျပာပါတယ္။

“မေရမတြက္ႏိုင္ေလာက္ေအာင္ မ်ားတဲ့သူေတြ ကုလသမဂၢ႐ုံးေရွ႕လာၿပီး ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈေတြ ေလ ွ်ာ့ခ်ဖို႔ ႏိုင္ငံ့ေခါင္းေဆာင္ေတြကို ႏွစ္မ်ားစြာ ေတာင္းဆိုခဲ့ၾကေပမဲ့၊ ေခါင္းေဆာင္ေတြကေတာ့ နားမေထာင္ခဲ့ပါဘူး။ ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈက ဆက္ၿပီးမ်ားလာေနဆဲပါ။ ဒါေၾကာင့္ သူတို႔ကို ဘာမွမေတာင္းဆိုေတာ့ဘဲ ကမာၻတဝွမ္းက ျပည္သူေတြကိုပဲ ႏိုင္ငံ့ေခါင္းေဆာင္ေတြ ဘယ္ေလာက္ ပ်က္ကြက္ၾကတယ္ဆိုတာ နားလည္ေအာင္ က်မ ႀကိဳးစားပါမယ္။ ဒီကေန႔ က်မတို႔ ရင္ဆိုင္ေနရတာက လူသားေတြရဲ႕ အသက္ရွင္ေနထိုင္ ရပ္တည္မႈေတြကို ၿခိမ္းေျခာက္ခံလာေနရတာပါ။ ဒါကို ဆက္ၿပီး ခြင့္ျပဳဖို႔ အခ်ိန္မရွိေတာ့ပါဘူး။”

စက္မႈေတာ္လွန္ေရးေခတ္ကေန ဒီကေန႔ေခတ္အထိ ေျပာင္းလဲလာခဲ့တဲ့ ကာလတေလ ွ်ာက္ စက္႐ုံ အလုပ္႐ုံေတြ၊ ေမာ္ေတာ္ကားေတြနဲ႔ လူေတြရဲ႕ ေန႔စဥ္ ေနထိုင္မႈ ပုံစံေတြေၾကာင့္ ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈေတြ အဆမတန္ မ်ားလာခဲ့ၿပီး ကမာၻႀကီး ပူေႏြးမႈက တေန႔တျခား သိသိသာသာ ပိုဆိုးလာခဲ့တာပါ။ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကေတာ့ ကမာၻတဝွမ္း ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမႈေတြနဲ႔ အက်ပ္အတည္းေတြ ပိုမ်ားလာတာပါ။ Greta Thunberg ကေတာ့ ကမာၻေျမႀကီးကို အခ်ိန္မီကယ္တင္ႏိုင္ဖို႔အတြက္ ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈကို လုံးဝ ရပ္ပစ္ရလိမ့္မယ္လို႔ ေျပာပါတယ္။

"ရွင္းရွင္းေျပာပါမယ္။ ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈနည္းတဲ့ စီးပြားေရးတို႔၊ ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈ ေလ ွ်ာ့ခ်တာေတြ လုပ္ရမယ့္အေျခအေန မဟုတ္ပါဘူး။ ကမာၻ႔အပူခ်ိန္ကို ၁.၅ ဒီဂရီ စင္တီဂရိတ္ေအာက္မွာ ထားႏိုင္ဖို႔ဆိုရင္ ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈကို အခုကတည္းက ရပ္ပစ္ရမွာျဖစ္ပါတယ္။''

ကမာၻ႔အပူခ်ိန္ကို ၂ ဒီဂရီ စင္တီဂရိတ္ထက္ မပိုေအာင္ မထိန္းထားႏိုင္ဘူးဆိုရင္ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈေတြရဲ႕ ဆိုးက်ိဳးေတြကို အႀကီးအက်ယ္ႀကဳံရမယ္လို႔ ပညာရွင္ေတြက အေစာပိုင္း တြက္ခ်က္ေျပာခဲ့ၾကၿပီး၊ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီသတ္မွတ္ခ်က္နဲ႔ ေတာင္ မလုံေလာက္ႏိုင္ေတာ့ဘူးလို႔ ဆိုၿပီး ကမာၻႀကီးရဲ႕ အပူခ်ိန္ကို ၁.၅ ဒီဂရီစင္တီဂရိတ္ထက္ မပိုေအာင္ ထိန္းထားႏိုင္မွသာ လူေတြ ေရရွည္ အသက္ရွင္ ရပ္တည္ႏိုင္လိမ့္မယ္လို႔ ပညာရွင္ေတြက ေျပာဆိုထားၾကပါတယ္။ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာ ပါရီသေဘာတူညီခ်က္မွာလည္း ကမာၻႀကီးရဲ႕အပူခ်ိန္ကို ၂ ဒီဂရီ စင္တီဂရိတ္ထက္မပိုေအာင္ ထိန္းထားႏိုင္ဖို႔အတြက္ ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈေတြ အခ်ိန္ကာလတခု သတ္မွတ္ ေလွ်ာ့ခ်ဖို႔ သေဘာတူထားပါတယ္။ ဒါေပမဲ့ လက္ေတြ႕ အေကာင္အထည္ေဖာ္မႈေတြမွာေတာ့ အားနည္းေနဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ Greta Thunberg ကေတာ့ ကမာၻ႔ေခါင္းေဆာင္ေတြ အေနနဲ႔ လက္ေတြ႕မပါတဲ့ စကားလုံးေတြကို ရပ္ၿပီး ကမာၻႀကီးကို အျမန္ဆုံး ကယ္တင္ၾကဖို႔ ႏိုးေဆာ္ေနတာပါ။

" ဒီ့ထက္ပို အခ်ိန္ၾကာေစာင့္ေလ... ျပင္ဆင္ဖို႔ခက္ေလ ျဖစ္လာပါလိမ့္မယ္။ ဒါေၾကာင့္ အခ်ိန္ေတြ ထပ္မျဖဳန္းေတာ့ဘဲ လက္ေတြ႕ အေကာင္အထည္ ေဖာ္ၾကရေအာင္ပါ။''

ဥတုရာသီအေရး အပါအဝင္ ဒီကေန႔ကမာၻႀကီး ႀကဳံေတြ႕ေနရတဲ့ အက်ပ္အတည္းေတြကို ေဆြေႏြးၾကတဲ့ R20 Austrian ကမာၻ႔ထိပ္သီးေဆြးေႏြးပြဲမွာ Greta Thunberg က တိုက္တြန္းေျပာၾကားခဲ့တာပါ။ အေျပာင္းအလဲေတြ ျဖစ္လာေအာင္ ဒီကေန႔ လူသားေတြကပဲ လုပ္ေဆာင္ၾကရမွာျဖစ္ၿပီး ကမာၻႀကီးကို ကာကြယ္ေစာင့္ေရွာက္ၾကဖို႔၊ သဘာဝပတ္ဝန္းက်င္ႀကီးကို ထိန္းသိမ္းဖို႔ ဘယ္လိုလူမ်ိဳးမဆို စြမ္းေဆာင္ႏိုင္တယ္ဆိုတာနဲ႔ မွန္ကန္တဲ့ ယုံၾကည္ခ်က္နဲ႔ ခိုင္မာတဲ့ဇြဲလုံ႔လသာ ရွိဖို လိုတယ္ဆိုတာကို Greta Thunberg က လက္ေတြ႕ ျပခဲ့တယ္ဆိုတာ တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲရပ္နားခြင့္ ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

ဥတုရာသီအေရး ကမာၻႀကီးကိုႏိုးေဆာ္သူ Greta Thunberg
please wait

No media source currently available

0:00 0:10:44 0:00
တိုက္႐ိုက္ လင့္ခ္

=========================

[Unicode Version]
ဥတုရာသီအရေး ကမ္ဘာကြီးကိုနိုးဆော်သူ Greta Thunberg (အမျိုးသမီးကဏ္ဍ)

ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး တကိုယ်တော်ဆန္ဒပြရာကနေ ကမ္ဘာတဝှမ်း သန်းနဲ့ချီတဲ့ ကျောင်းသားလူငယ်တွေ ပါဝင်လာတဲ့အထိ စည်းရုံး လှုံ့ဆော် နိုင်ခဲ့တဲ့ ဆွီဒင်နိုင်ငံက Greta Thunberg ဟာ သူ့ရဲ့ လှုပ်ရှားမှုတွေကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေကပါ အသိအမှတ်ပြု အလေးထားခံလာရတဲ့ ဆယ်ကျော်သက် လူငယ်အမျိုးသမီး တဦးပဲဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာကြီးကြုံတွေ့နေရတဲ့ အကြီးမားဆုံးပြဿနာတခုကို အကျယ်လောင်ဆုံး နိုးဆော် လှုပ်ရှား နိုင်သူအဖြစ် အသိအမှတ်ပြု ခံထားရသူလည်း ဖြစ်ပါတယ်။ ယုံကြည်ချက်ခိုင်မာမှုနဲ့ မဆုတ်မနစ် ခွန်အားစိုက်ထုတ်မှုတွေကြောင့် အသက်ငယ်ငယ်အရွယ်မှာပဲ သဘာဝပတ်ဝန်းကျင်ရေးရာ ခေါင်းဆောင်တယောက် ဖြစ်လာတဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ် Greta Thunberg နဲ့ သူ့ရဲ့လှုပ်ရှားမှုတွေအကြောင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ ကမ္ဘာကြီးဟာ ဝေဒနာမျိုးစုံ ခံစားနေရတဲ့ ချို့တဲ့ ခန္ဓာ တခုလိုဖြစ်လာနေပြီး မိုးခေါင်ရေရှား၊ တောမီးလောင်၊ မုန်တိုင်းဘေး ရေဘေးသင့် စသဖြင့် သဘာဝဘေးဒဏ် အမျိုးမျိုးနဲ့ ရောဂါကပ်ဘေး ဒဏ်တွေကိုပါ တနှစ်ထက်တနှစ် ပိုပြီးတော့ ခပ်စိပ်စိပ် ကြုံတွေ့လာနေရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို ဖြစ်စေတဲ့ ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို အတိုင်းအတာတခုအထိ မလျှော့ချနိုင်ဘူးဆိုရင်တော့ ဒီလို အခြေအနေတွေက ပိုပြီးတော့ ဆိုးရွားလာဖို့သာ ရှိတယ်ဆိုတာကိုလည်း သိပ္ပံပညာရှင်တွေက သတိပေးနေကြတာပါ။ ဒီလိုပဲ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွ လှုပ်ရှားသူတွေကလည်း ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို အမြန်ဆုံး လျှော့ချဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ဖိအားပေး တိုက်တွန်းနေကြပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတဦးကတော့ ဆွီဒင်နိုင်ငံက ဆယ်ကျော်သက် အမျိုးသမီးလူငယ် Greta Thunberg ပဲ ဖြစ်ပါတယ်။

ဥတုရာသီဖောက်ပြန် ပြောင်းလဲမှုတွေကြောင့် လူ့ အသက်ပေါင်းများစွာ ဆုံးရှုံးရပြီး အတိဒုက္ခ ရောက်နေကြရတာဟာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ လက်တွေ့မပါတဲ့ ကတိကဝတ်တွေနဲ့ ကာဘွန်ဓာတ်ငွေ့ လျော့ကျအောင် မလုပ်ဆောင်နိုင်တာကြောင့် ဖြစ်တယ်လို့ Greta Thunberg က ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ ကမ္ဘာကြီး ရေရှည် တည်တံ့ရေးကို ရှေးမရှုဘဲ ငွေနဲ့ အကျိုးစီးပွားကိုသာ ကြည့်ပြီး ဖြစ်လာတဲ့အကျိုးဆက်ကို တာဝန်မခံချင်ကြတဲ့ လူကြီးတွေကြောင့် ဒီကနေ့ခေတ် မျိုးဆက်လူငယ်တွေဟာ ဆိုးရွားတဲ့ သဘာဝဘေးဒဏ်တွေကို ကြုံကြရတယ်လို့ သူက ပြောပါတယ်။

“ ရှင်တို့လူကြီးတွေ ကျမတို့အပေါ်မှာ ပျက်ကွက်ခဲ့ကြတယ်။ ရှင်တို့ရဲ့ တာဝန်မကျေမှုတွေကို လူငယ်တွေက ခုတော့ နားလည်လာကြပါပြီ။ အနာဂတ်မျိုးဆက်တွေက ရှင်တို့ကို စောင့်ကြည့်နေကြပါတယ်။ ထပ်ပြီး ပျက်ကွက်ကြဦးမယ် ဆိုရင်တော့ ကျမတို့ ဘယ်တော့မှခွင့်လွှတ်မှာ မဟုတ်ပါဘူး။ ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မှာ မဟုတ်ပါဘူး။ ခုထက်ပိုပြီး ဘောင်ကျော်မလာဖို့ ဒီအချိန် ဒီနေရာမှာပဲ စည်းကန့်လိုက်ပါတယ်။ ရှင်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက် အပြောင်းအလဲ အတွက် ကမ္ဘာကြီးက နိုးထလာနေပါပြီ။''

ဒါကတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလက ကမ္ဘာတဝှမ်း သမ္မတတွေ၊ ဝန်ကြီးချုပ်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အများအပြား တက်ရောက်ခဲကြတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဟန့်တားရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ Greta Thunberg က ကမ္ဘာ့ခေါင်းဆောင်တွေကို ရဲရဲဝံ့ဝံ့ သတိပေး ပြောဆိုခဲ့တာပါ။ ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်ဖို့ ဒီကနေ့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ မှန်ကန်တဲ့မူဝါဒတွေ ချမှတ်ပြီး တာဝန်ယူဖြေရှင်းကြရလိမ့်မယ် ဆိုတာကို Greta Thunberg က ဥရောပ ပါလီမန်မှာရော၊ ဥရောပနိုင်ငံတချို့က လွှတ်တော်တွေမှာပါ တက်ရောက် ပြောကြားခဲ့သလို၊ ဥတုရာသီအရေးဆိုင်ရာ ကမ္ဘာ့ညီလာခံတွေမှာလည်း ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် တက်ရောက် ပြောကြားခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်၊ အသက် ၁၅ နှစ်အရွယ်တုန်းကတော့ Greta Thunberg ဟာ သောကြာနေ့ တရက်၊ ကျောင်းချိန်အတွင်းမှာ ကျောင်းမသွားဘဲ ဆွီဒင်ပါလီမန်ရှေ့ သွားပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ဖို့ တကိုယ်တော် ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ မီးလောင်နေတဲ့အိမ်တလုံးလို ဖြစ်နေတဲ့ကမ္ဘာကြီးမှာ သူတို့လိုမျိုးဆက်တွေအတွက် အနာဂတ်မဲ့ရတာမို့ ဒီအခြေအနေကို ပြောင်းလဲနိုင်မယ့် ဘယ်အရာမဆို သူ လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Greta Thunberg က ပြောပါတယ်။ သူ့အသံကို လူတွေ နားထောင်လာတဲ့အထိ မဆုတ်မနစ် သောကြာနေ့တိုင်း လွှတ်တော်ရှေ့ ဆန္ဒပြခဲ့ရာကနေ ကမ္ဘာတဝန်း လူငယ်တွေ သန်းပေါင်းများစွာ ပါဝင်လာတဲ့အထိ သဘာဝပတ်ဝန်းကျင်အရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီး ဖြစ်လာအောင် လှုံ့ဆော်နိုင်ခဲ့သူ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က တကိုယ်တော်စခဲ့တဲ့ လှုပ်ရှားမှုဟာ ဒီကနေ့မှာတော့ “Friday’s for Future” သောကြာနေ့ဟာ အနာဂတ်အတွက် ဆိုတဲ့ဆောင်ပုဒ်နဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ လူတွေသန်းပေါင်း များစွာပါဝင်တဲ့ လှုပ်ရှားမှုကြီးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ Greta Thunberg ဟာ ဒီကနေ့ကမ္ဘာကြီး ကြုံနေရတဲ့ အကြီးမားဆုံး ပြဿနာတခုကို အကျယ်လောင်ဆုံး နိုးဆော်နိုင်ခဲ့သူဖြစ်တယ်လို့ ဆိုပြီး ကမ္ဘာကျော် Times မဂ္ဂဇင်းကြီးက ၂၀၁၉ ခုနှစ်အတွက် အထူးခြားဆုံး လူပုဂ္ဂိုလ်အဖြစ် သူ့ကို ဂုဏ်ပြု ခဲ့သလို၊ ၂၀၁၉ နိုဘဲလ် ငြိမ်းချမ်းရေးဆုအတွက် အဆိုပြုခံရတဲ့အထဲမှာလည်း Greta Thunberg ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေ တာဝန်မဲ့စွာ လစ်လျူရှုနေတဲ့ ကိစ္စတခုကို ယုံကြည်ချက်အပြည့်နဲ့ ထောက်ပြ ပြောဆိုဝံ့သူ Greta Thunberg ဟာ တကယ်တော့ သူ စိတ်ဝင်စားတဲ့ အကြောင်းအရာတခုမှာသာ အာရုံစူးစိုက်နေတတ်ပြီး လူတွေနဲ့ ဆက်ဆံပေါင်းသင်း ဆက်ဆံရာမှာ အခက်အခဲရှိတဲ့ Asperger syndrome လို့ခေါ်တဲ့ ဝေဒနာတမျိုး ခံစားခဲ့ရတဲ့ လူငယ်တယောက်ပါ။ အသက် ၈ နှစ်အရွယ်လောက်မှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတွေအကြောင်းကို ကျောင်းမှာ စတင်လေ့လာရပြီး ကမ္ဘာကြီးဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကြောင့် ပူနွေးလာနေတယ်ဆိုတဲ့ အခြေခံအချက်ကို သူ နားလည်လာတဲ့အခါမှာတော့ ဒီအပေါ်မှာ လူတွေက ဘာလို့ အလေးအနက်ထား မတုံ့ပြန်ကြတာလဲဆိုတာ နားမလည်နိုင်အောင် သိပ်ကို အံ့သြ စိတ်ပျက်ခဲ့ရတယ်လို့ Greta Thunberg က ပြောပါတယ်။ သူ့အတွက်ကတော့ ဒါက ဘယ်လိုမှ လစ်လျူရှု မရခဲ့တာကြောင့် တကိုယ်တော် ဆန္ဒပြဖို့အထိ ဖြစ်ခဲ့တာလို့ ပြောပါတယ်။

''လူတွေ ဒုက္ခမျိုးစုံ ခံစားနေကြရပါတယ်။ လူတွေ သေနေကြရပါတယ်။ ဂေဟစနစ်ကြီး တခုလုံး ပျက်စီးလာနေပါတယ်။ လူတွေ အစုလိုက် အပြုံလိုက် သေကြေ ပျက်စီး ပျောက်ကွယ်မယ့် အခြေအနေ အစကို ကျမတို့ ကြုံလာနေရတာပါ။ ဒီလိုအချိန်မှာတောင် ငွေကြေးနဲ့ အဆုံးစွန် စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာတွေကိုပဲ ပြောကောင်းနေကြတုန်းပဲ။ ရှင်တို့မို့ ပြောဝံ့နိုင်ကြပါတယ်။”

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေဟာ လူတွေရဲ့ ကျန်းမာရေးနဲ့ ဒီကနေ့ ခေတ်မွေးဖွားတဲ့ ကလေးငယ်တွေရဲ့ ဘဝနေထိုင်မှု အရည်အသွေးကို ခြိမ်းခြောက်လာလိမ့်မယ်ဆိုတာကို သိပ္ပံပညာရှင်တွေ၊ သုတေသီတွေကလည်း ထောက်ပြ ပြောဆိုနေကြတာပါ။ အပူချိန်မြင့်တက်မှုကနေ ရာသီဥတု ဖောက်ပြန်မှုတွေ ပိုဆိုးလာပြီး ရောဂါတွေ ပိုမို ထူပြောလာစေသလို၊ လက်ရှိနဲ့ အနာဂတ်မျိုးဆက် တွေအတွက် စားနပ်ရိက္ခာဖူလုံမှု အန္တရာယ်ရှိလာမယ်လို့ ပညာရှင်တွေက သတိပေးပါတယ်။ ကမ္ဘာကြီးပူနွေးမှုရဲ့ ဒဏ်ကို လူတွေ တနေ့တခြား သိသိသာသာ ပိုပြီး ခံစားလာနေရတဲ့တိုင်အောင် ကမ္ဘာ့ခေါင်းဆောင်တွေ ကတော့ ဒါကို အလေးအနက် မထားချင်ကြသေးဘူးလို့ Greta Thunberg က ပြောပါတယ်။

“မရေမတွက်နိုင်လောက်အောင် များတဲ့သူတွေ ကုလသမဂ္ဂရုံးရှေ့လာပြီး ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လေ ျှာ့ချဖို့ နိုင်ငံ့ခေါင်းဆောင်တွေကို နှစ်များစွာ တောင်းဆိုခဲ့ကြပေမဲ့၊ ခေါင်းဆောင်တွေကတော့ နားမထောင်ခဲ့ပါဘူး။ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုက ဆက်ပြီးများလာနေဆဲပါ။ ဒါကြောင့် သူတို့ကို ဘာမှမတောင်းဆိုတော့ဘဲ ကမ္ဘာတဝှမ်းက ပြည်သူတွေကိုပဲ နိုင်ငံ့ခေါင်းဆောင်တွေ ဘယ်လောက် ပျက်ကွက်ကြတယ်ဆိုတာ နားလည်အောင် ကျမ ကြိုးစားပါမယ်။ ဒီကနေ့ ကျမတို့ ရင်ဆိုင်နေရတာက လူသားတွေရဲ့ အသက်ရှင်နေထိုင် ရပ်တည်မှုတွေကို ခြိမ်းခြောက်ခံလာနေရတာပါ။ ဒါကို ဆက်ပြီး ခွင့်ပြုဖို့ အချိန်မရှိတော့ပါဘူး။”

စက်မှုတော်လှန်ရေးခေတ်ကနေ ဒီကနေ့ခေတ်အထိ ပြောင်းလဲလာခဲ့တဲ့ ကာလတလေ ျှာက် စက်ရုံ အလုပ်ရုံတွေ၊ မော်တော်ကားတွေနဲ့ လူတွေရဲ့ နေ့စဉ် နေထိုင်မှု ပုံစံတွေကြောင့် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ အဆမတန် များလာခဲ့ပြီး ကမ္ဘာကြီး ပူနွေးမှုက တနေ့တခြား သိသိသာသာ ပိုဆိုးလာခဲ့တာပါ။ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ကမ္ဘာတဝှမ်း ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေနဲ့ အကျပ်အတည်းတွေ ပိုများလာတာပါ။ Greta Thunberg ကတော့ ကမ္ဘာမြေကြီးကို အချိန်မီကယ်တင်နိုင်ဖို့အတွက် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လုံးဝ ရပ်ပစ်ရလိမ့်မယ်လို့ ပြောပါတယ်။

"ရှင်းရှင်းပြောပါမယ်။ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုနည်းတဲ့ စီးပွားရေးတို့၊ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လေ ျှာ့ချတာတွေ လုပ်ရမယ့်အခြေအနေ မဟုတ်ပါဘူး။ ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီ စင်တီဂရိတ်အောက်မှာ ထားနိုင်ဖို့ဆိုရင် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို အခုကတည်းက ရပ်ပစ်ရမှာဖြစ်ပါတယ်။''

ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီ စင်တီဂရိတ်ထက် မပိုအောင် မထိန်းထားနိုင်ဘူးဆိုရင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေရဲ့ ဆိုးကျိုးတွေကို အကြီးအကျယ်ကြုံရမယ်လို့ ပညာရှင်တွေက အစောပိုင်း တွက်ချက်ပြောခဲ့ကြပြီး၊ နောက်ပိုင်းမှာတော့ အဲ့ဒီသတ်မှတ်ချက်နဲ့ တောင် မလုံလောက်နိုင်တော့ဘူးလို့ ဆိုပြီး ကမ္ဘာကြီးရဲ့ အပူချိန်ကို ၁.၅ ဒီဂရီစင်တီဂရိတ်ထက် မပိုအောင် ထိန်းထားနိုင်မှသာ လူတွေ ရေရှည် အသက်ရှင် ရပ်တည်နိုင်လိမ့်မယ်လို့ ပညာရှင်တွေက ပြောဆိုထားကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပါရီသဘောတူညီချက်မှာလည်း ကမ္ဘာကြီးရဲ့အပူချိန်ကို ၂ ဒီဂရီ စင်တီဂရိတ်ထက်မပိုအောင် ထိန်းထားနိုင်ဖို့အတွက် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ အချိန်ကာလတခု သတ်မှတ် လျှော့ချဖို့ သဘောတူထားပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖော်မှုတွေမှာတော့ အားနည်းနေဆဲဖြစ်ပါတယ်။ ဒါကြောင့် Greta Thunberg ကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ လက်တွေ့မပါတဲ့ စကားလုံးတွေကို ရပ်ပြီး ကမ္ဘာကြီးကို အမြန်ဆုံး ကယ်တင်ကြဖို့ နိုးဆော်နေတာပါ။

" ဒီ့ထက်ပို အချိန်ကြာစောင့်လေ... ပြင်ဆင်ဖို့ခက်လေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အချိန်တွေ ထပ်မဖြုန်းတော့ဘဲ လက်တွေ့ အကောင်အထည် ဖော်ကြရအောင်ပါ။''

ဥတုရာသီအရေး အပါအဝင် ဒီကနေ့ကမ္ဘာကြီး ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဆွေနွေးကြတဲ့ R20 Austrian ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲမှာ Greta Thunberg က တိုက်တွန်းပြောကြားခဲ့တာပါ။ အပြောင်းအလဲတွေ ဖြစ်လာအောင် ဒီကနေ့ လူသားတွေကပဲ လုပ်ဆောင်ကြရမှာဖြစ်ပြီး ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ကြဖို့၊ သဘာဝပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းဖို့ ဘယ်လိုလူမျိုးမဆို စွမ်းဆောင်နိုင်တယ်ဆိုတာနဲ့ မှန်ကန်တဲ့ ယုံကြည်ချက်နဲ့ ခိုင်မာတဲ့ဇွဲလုံ့လသာ ရှိဖို လိုတယ်ဆိုတာကို Greta Thunberg က လက်တွေ့ ပြခဲ့တယ်ဆိုတာ တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG