သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္-၁၉ တိုက္ဖ်က္ေရး ေရွ႕တန္းက ၾကက္ေျခနီ ေစတနာ့၀န္ထမ္း


(Zawgyi/Unicode)

ျမန္မာႏိုင္ငံအတြင္း ကိုဗစ္-၁၉ ေရာဂါ ကာကြယ္တားဆီးေရး လုပ္ငန္းေတြမွာ က်န္းမာေရး၀န္ထမ္းေတြနဲ႔အတူ ေရွ႕တန္းကေန ပါ၀င္လႈပ္ရွားေနသူေတြကေတာ့ ေစတနာ့၀န္ထမ္း ၾကက္ေျခနီေတြပဲျဖစ္ပါတယ္။ ႏိုင္ငံေတာ္ရဲ႕ က်န္းမာေရးက႑မွာ အရန္အင္အားတခု အေနနဲ႔႔ရွိေနတဲ့ ေစတနာ့၀န္ထမ္း ၾကက္ေျခနီေတြဟာ ႏိုင္ငံတ၀ွမ္း မီးေဘး၊ ေရေဘး၊ ေရာဂါဘယေဘး စတဲ့ အကူအညီ လိုအပ္တဲ့ ေနရာေတြမွာ ပါ၀င္ကူညီေပးေနၾကတဲ့ သူေတြပါ။ ဒါေၾကာင့္ အခု ကိုဗစ္-၁၉ ေရာဂါ ၾကံဳေတြ႔လာရတဲ့အခ်ိန္ ေစတနာ့၀န္ထမ္း ၾကက္ေျခနီေတြ ဘယ္လို အခန္းက႑ကေန ပါ၀င္လႈပ္ရွားေနၾကသလဲ ဆိုတာကို ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္းရဲ႕ ရန္ကုန္တိုင္း၊ မရမ္းကုန္းျမိဳ႕နယ္ အမ်ိဳးသမီးတပ္စုမွဴး မခိုင္၀င့္သူထက္ကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

ေမး။ ။ မခိုင္၀င့္သူထက္က အခု ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ကူးစက္မႈေတြျဖစ္တဲ့အခ်ိန္မွာ ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္းမွာ ေစတနာ့၀န္ထမ္း ၾကက္ေျခနီ တေယာက္အေနနဲ႔ ပါ၀င္ေဆာင္ရြကေ္နတယ္လို႔ သိရပါတယ္။ အဲ့ဒီေတာ့ ပါ၀င္လႈပ္ရွားေနတဲ့အေၾကာင္းေလး အရင္ဆံုး ေျပာျပေပးပါလားရွင့္။

ေျဖ။ ။ က်မတို႔ Quarantine Center ေတြမွာ က်န္းမာေရး၀န္ထမ္းေတြနဲ႔ ပူးေပါင္းျပီးေတာ့ Quarantine Center ေတြမွာရွိတဲ့ ေစာင့္ၾကည့္ခံျပည္သူေတြကို အဖ်ားတိုင္းတာတို႔၊ သူတုိ႔ လိုအပ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးတာတို႔ လုပ္ေပးပါတယ္။ ျပီးေတာ့ ရပ္ကြက္ေတြမွာလည္း ဒီအေၾကာင္းအရာေတြကို ေျပာျပတဲ့အခါမွာလည္း အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ တြဲျပီးေတာ့ ညီမတို႔ ၾကက္ေျခနီအဖြဲ႔ေတြက ႏိုးေဆာ္ေပးပါတယ္။ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ျပီး ေသခ်ာနားလည္ေအာင္ အုပ္ခ်ဳပ္ေရးပိုင္းေတြနဲ႔ ပူးေပါင္းျပီးေတာ့ ကူညီေပးပါတယ္ရွင့္။

ေမး။ ။ ကိုဗစ္-၁၉ ျဖစ္ေနတဲ့ကာလမွာ အခ်ိန္ျပည့္ ကူညီတာေတြ လုပ္ျဖစ္ေနတာလား။

ေျဖ။ ။ ဟုတ္ကဲ့။ လုပ္ျဖစ္ပါတယ္။ အခ်ိန္ျပည့္ ကူညီပါတယ္။ ေန႔စဥ္လုပ္တဲ့ ေဆာင္ရြက္ခ်က္ေတြကေတာ့ Quarantine Center ေတြမွာဆိုရင္ မနက္ပိုင္းတၾကိမ္၊ ညေနပိုင္းတၾကိမ္ ေစာင့္ၾကည့္ခံရတဲ့ ျပည္သူေတြကို အဖ်ားလိုက္တိုင္းေပးတယ္။ PPE ကေတာ့ ၀တ္ရတာေပါ့ေနာ္။ laboratory PPE ၀တ္ျပီးေတာ့ သူတို႔ကို အဖ်ား လိုက္တိုင္းေပးတယ္။ ျပီးသြားရင္ သူတို႔အကယ္၍ ေရခ်ိဳးခန္းသံုး ပစၥည္းေတြ၊ အသံုးအေဆာင္ပစၥည္းေတြ၊ တစ္႐ွဴးတို႔ သူတို႔ လိုအပ္တာေပါ့ေနာ္။ သူတို႔အခန္းေရွ႕ေတြမွာ လုိက္ထားေပးတယ္။ တျခား ေစတနာ့၀န္ထမ္းေတြလည္း ရွိတဲ့အခါက်ေတာ့ သူတို႔နဲ႔အတူ ပူးေပါင္းျပီးေတာ့ ထမင္းပို႔တာတို႔၊ ျပီးရင္ သူတို႔ တျခား လိုအပ္တာေတြ သူတို႔အိမ္က ပစၥည္းမွာတဲ့အခါေတြမွာဆိုရင္လည္း သူတို႔ကေတာ့ မိဘေတြနဲ႔ ေတြ႔လို႔မရဘူး။ အခန္းထဲက အခန္းျပင္ ထြက္လို႔မရတဲ့အတြက္ ညီမတို႔ကေနပဲ တဆင့္ သူတို႔ဆီကို ပစၥည္းေတြ ေရာက္ေအာင္ ပို႔ေပးရပါတယ္။

ေမး။ ။ ဒီလို လိုက္ပါကူညီေပးတဲ့အခါမွာေရာ အခက္အခဲ ၾကံဳရတာေတြရွိပါသလား။

ေျဖ။ ။ ဟုတ္ကဲ့အစ္မ။ အခက္အခဲေတြ ေတာ့ ရွိပါတယ္။ စစခ်င္း Quarantine Center ေတြမွာ ကိုဗစ္ စျဖစ္ကတည္းက Quarantine Center ေတြမွာ တာ၀န္ေတြဘာေတြျပီးလို႔ ကိုယ့္ကိုယ္ကို ေရာဂါမရွိသေလာက္ျဖစ္ေအာင္ အဲ့ဒီမွာ စစ္ေဆးမႈေတြ လုပ္ျပီး ျပန္လာတဲ့အခါမ်ိဳးမွာ ကိုယ့္ရပ္ကြက္ထဲကို ၀င္တဲ့အခါမွာျဖစ္ျဖစ္၊ ကိုယ္ျမိဳ႕နယ္ထဲမွာပဲ ျဖစ္ျဖစ္ ယူနီေဖာင္းေလး ၀တ္ျပီးသြားရင္ေတာင္မွ ဒီၾကက္ေျခနီ တေယာက္က ဘယ္ကေန လာတာလဲ။ ဘယ္ Quarantine Center မွာ လုပ္ေနတာလဲ သိခ်င္ၾကတာေပါ့ေနာ္။ ညီမတို႔က ေစာင့္ၾကည့္ခံျပည္သူေတြနဲ႔ အနီးစပ္ဆံုး ရွိေနတဲ့အတြက္ေၾကာင့္ ညီမတို႔ကို သူတို႔ရဲ႕အျမင္မွာေတာ့ ေရာဂါရွိတဲ့သူတေယာက္လို နည္းနည္းေလး ေၾကာက္ၾကတာေပါ့ေနာ္။ ေရွာင္ၾကတယ္။ အဲ့ဒီအတြက္ ကေတာ့ စိတ္မေကာင္းဘူးေပါ့ေနာ္။ ဒါေပမဲ့ ေနာက္ပိုင္း ကိုယ္ေတြ ဘာေတြလုပ္ေနတာလဲ။ ဘယ္ေလာက္အထိ စြမ္းစြမ္းတမံ လုပ္ေနရသလဲဆိုတာ သိသြားတဲ့အခါမွာေတာ့ နားလည္လာတဲ့အတြက္ အခုေနာက္ပိုင္းမွာေတာ့ အဲ့ဒီလိုျပႆနာမ်ိဳး ၾကံဳရတာမရွိေတာ့ပါဘူး။ စစျဖစ္ခ်င္းမွာေတာ့ အဲ့ဒီလိုမ်ိဳး ၾကံဳရတာေလးေတြ ရွိတာေပါ့ေနာ္။ ကိုယ့္ကိုယ္ကိုလည္း နည္းနည္းေတာ့ အားငယ္တာေပါ့။ ဒါေပမဲ့ ကိုယ္က ေရာဂါရွိတဲ့သူမဟုတ္ဘူး။ ကိုယ္က လုိက္ျပီး ကူညီေပးတာ။ အကယ္၍ ကိုယ္ ကိုယ္တိုင္ ေရာဂါရွိတဲ့သူတေယာက္လို ျဖစ္သြားျပီဆိုရင္လည္း က်န္းမာေရးကေန ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း ေဆးကုသမႈ အျပည့္အ၀ ခံယူမယ္ ဆုိတဲ့စိတ္နဲ႔ပဲ လိုက္လုပ္ေနတာပါ။

ေမး။ ။ အဲ့ဒီေတာ့ မခိုင္၀င့္သူထက္က လက္ရွိကေရာ ဘယ္ျမိဳ႕နယ္က ၾကက္ေျခနီအသင္းမွာ ပါ၀င္ေနတာပါလဲ။

ေျဖ။ ။ ဟုတ္ကဲ့။ မရမ္းကုန္းျမိဳ႕နယ္မွာ အမ်ိဳးသမီး တပ္စုမွဴး အေနနဲ႔ တာ၀န္ယူေနပါတယ္။ အခုလက္ရွိေပါ့။

ေမး။ ။ ေစတနာ့၀န္ထမ္း ၾကက္ေျခနီ အလုပ္ကိုေရာ ဘယ္လို၀င္လုပ္ျဖစ္သြားတာပါလဲ။

ေျဖ။ ။ ဟုတ္ကဲ့။ အဓိက ကေတာ့ ဝါသနာပါလို႔ေပါ့ေနာ္။ ၿပီးေတာ့ ညီမ အေဖကလည္း ၾကက္ေျခနီ တပ္ဖြဲ႕ဝင္တေယာက္ ျဖစ္တယ္။ အေဖ ၾကက္ေျခနီအလုပ္နဲ႔ အျပင္သြားတိုင္း ညီမက လိုက္သြားတယ္။ လိုက္သြားေတာ့ အေဖ အလုပ္ လုပ္ေနတာေတြ၊ သူမ်ားကို ကူညီေပးေနတာေတြကို ေတြ႕ေတာ့ ကိုယ္လည္း အရမ္း ကူညီခ်င္တယ္။ ငယ္ငယ္တုန္းကေတာ့ ကေလးမိုလို႔ မလုပ္ေပးႏိုင္ေပမဲ့၊ အခု ကိုယ္ အလယ္တန္းေလာက္ကတည္းက စၿပီးေတာ့ ကိုယ္ ကူညီႏိုင္တဲ့ဘက္က ကူညီေပးတယ္။ ၿပီးရင္ လိုအပ္တဲ့ေနရာေတြမွာလည္း အတတ္ႏိုင္ဆုံး ကိုယ္ မိန္းခေလးတေယာက္ ျဖစ္ေပမဲ့လည္း ေယာက်္ားေလးေတြနဲ႔ တန္းတူ အကုန္လုံး လိုက္လုပ္ေပးတယ္။
ေမး။ ။ ဒီ ကိုဗစ္-၁၉ တိုက္ဖ်က္ေရး လုပ္ငန္းေတြ မတိုင္ခင္မွာေရာ ၾကက္ေျခနီ ေစတနာ့၀န္ထမ္း တေယာက္အေနနဲ႔ အရင္က တျခားဘယ္ေနရာေတြမွာေရာ ပါ၀င္ကူညီေပးခဲ့တာေတြ ရွိပါသလဲ။

ေျဖ။ ။ ဟုတ္ကဲ့။ ညီမ ဒီ ရန္ကုန္တိုင္းအတြင္းမွာပဲမဟုတ္ဘဲ ျမန္မာႏိုင္ငံက မီးေဘး ေလေဘး ေရေဘးေတြ ျဖစ္တဲ့အခါ အဲ့ဒီလို ေနရာေတြကိုလည္း သြားတယ္။ ေရေဘးကယ္ဆယ္ေရးေတြ ထြြက္တယ္။ မီးေဘးနဲ႔ပတ္သက္ရင္လည္း မီးေဘး ျပင္းထန္တဲ့ေနရာေတြဆိုလည္း ညီမတို႔ ရန္ကုန္တိုင္းအတြင္းမွာတင္ မဟုတ္ဘဲ တျခားေနရာေတြမွာလည္း အခက္အခဲျဖစ္ေနတဲ့ ေနရာေတြ ဆိုရင္ သြားေရာက္ျပီး ကူညီေပးပါတယ္။

ေမး။ ။ အဲ့ဒီလို သြားေရာက္ခဲ့တဲ့အထဲက အေျခအေနေလးေတြလည္း ေျပာျပေပးပါဦး။ ဘယ္ေတြသြားခဲ့ဖူးသလဲဆိုတာေပါ့။

ေျဖ။ ။ နာဂစ္ကာလတုန္းကေတာ့ လက္ပြတ္တာ တို႔၊ ေျမာင္းျမတို႔ေပါ့ေနာ္။ ေရေဘးသင့္ ေနရာေတြကို ေရာက္ခဲ့ဖူးပါတယ္။ ျပီးေတာ့ မိုးတြင္းဆိုရင္လည္း ေရေဘးေတြ ျဖစ္တဲ့အခါက်ေတာ့ ဆြာေရေဘးတုန္းကလည္း သြားေရာက္ ကူညီေပးခဲ့ဖူးပါတယ္။ ဆြာ ေရေဘး တုန္းကေတာ့ သူတို႔က ဆြာဆည္ၾကီး က်ိဳးသြားေတာ့ သူတို႔က ေရလမ္းခရီးနဲ႔ သြားရတာျဖစ္ေတာ့ သြားလာေရးက ခက္ခဲသြားတယ္။ သူတို႔ဆီကို ဘာပစၥည္းမွ မေရာက္ေတာ့ဘူး။ အစားအေသာက္က အစေပါ့ေနာ္။ အသံုးအေဆာင္ပစၥည္းေတြ အိမ္နဲ႔ပတ္သက္တဲ့ အသံုးအေဆာင္ပစၥည္းေတြ၊ အဲ့ဒီလိုမ်ိဳးေတြက သူတို႔ သြားလမ္း လာလမ္း ခက္ခဲတဲ့အတြက္ေၾကာင့္ သူတို႔ဆီကို မေရာက္ဘူး။ မေရာက္တဲ့ အတြက္ေၾကာင့္ ညီမတို႔ ရန္ကုန္တိုင္း အေနနဲ႔ သြားျပီးေတာ့ ျမန္မာႏိုင္ငံ ၾကက္ေျခနီ အသင္းေတြ ပူးေပါင္းျပီးေတာ့ ကူညီမႈေတြ လုပ္ခဲ့ဖူးပါတယ္။ တျခား နယ္ေတြကလည္း ၾကက္ေျခနီအသင္းေတြ လာျပီးေတာ့ကူညီေပးပါတယ္။

ေမး။ ။ ဒီလို ေရေဘး လိုက္ပါကူညီတဲ့အခါမွာေရာ ဘယ္လို ခက္ခက္ခဲခဲ ကူညီခဲ့ရတာေတြ ရွိပါသလဲ။

ေျဖ။ ။ ဟုတ္ကဲ့။ ခက္ခက္ခဲခဲ ကူညီခဲ့ရတာ ကေတာ့ အဲ့ဒီ ဆြာ ေရေဘးပါပဲ။ ဆြာ ေရေဘးက အသြားအလာ အရမ္း ခက္ခဲသြားေတာ့ ေရလမ္းေၾကာင္းနဲ႔ပဲ သြားရေတာ့ ကုန္းလမ္းက မရွိေတာ့ဘူး။ သူတို႔ ဆြာ ဆည္ၾကီး က်ိဳးသြားတယ္။ တံတားေတြ ထိတယ္။ သြားလမ္း လာလမ္း ခက္ခဲသြားတဲ့အခ်ိန္မွာ သူတို႔က ေတာလမ္းၾကီးတခု ေဖာက္ပစ္လိုက္တယ္။ ေတာလမ္း တလမ္းလံုးကေတာ့ အကုန္လံုးက ရႊံ႕ေျမေတြ ခ်ည္းပဲ။ အဲ့ဒီရႊ႕ံေျမေတြကို နင္းလိုက္ရင္ ေအာက္မွာက ဇီးဆူးေတြ ေပါ့ေနာ္။ အဆူးေတြအခတ္ေတြ အေညွာင့္ေတြ အကုန္ရွိတယ္။ ညီမတို႔က အဲ့ဒီလမ္းၾကီးကို ၃ နာရီေလာက္ ပစၥည္းေတြနဲ႔ ရေအာင္ သြားတယ္။ ၃ နာရီေလာက္ လမ္းေလ ွ်ာက္ရတယ္။ အျပန္ဆိုရင္လည္း ၃ နာရီေလာက္ လမ္းျပန္ေလ ွ်ာက္ရတယ္။ ညီမတို႔ မနက္ အေစာၾကီးထြက္သြားတာေတာင္မွ ညေနေလာက္မွ အျမန္လမ္းေပၚကို ျပန္ေရာက္တယ္။

ေမး။ ။ ဒါက တကယ့္ကို ခက္ခက္ခဲခဲ သြားျပီး ကူညီခဲ့ရတာေပါ့ေနာ္။ အခုဆိုရင္လည္း ဒီ ကိုဗစ္-၁၉ ေရာဂါနဲ႔ပတ္သက္လာရင္လည္း ဒါက ေတာ္ေတာ္ကို ကမၻာတ၀ွမ္းမွာလည္း ကပ္ေဘး တခုအျဖစ္နဲ႔ေတာင္မွ ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) က သတ္မွတ္လိုက္ရတယ္။ ကူးစက္မႈေတြ မ်ားတယ္။ ေသဆံုးမႈေတြ ျမန္တယ္။ ေနာက္ပိုင္းမွာ ကာကြယ္ေဆးေတြ စမ္းသပ္လာေပမဲ့လို႔လည္း ဒါေတြက မေရရာေသးတဲ့ အေျခအေနေတြက အမ်ားၾကီး ရွိေနေသးတယ္။ ျမန္မာႏုိင္ငံလို အေနအထားမ်ိဳးမွာ ကူးစက္မႈနည္းတယ္ဆိုေပမဲ့လည္း ဒါက အခ်ိန္မေရြး ကူးစက္မႈေတြ မ်ားလာႏိုင္တယ္ဆုိတာကို က်န္းမာေရး တာ၀န္ရွိသူေတြကလည္း ေျပာထားတယ္။ အျမဲတမ္း သတိမျပတ္ မေပါ့ဆၾကဖို႔ ဆိုတာေတြေပါ့ေနာ္။ ဒီလို သတိေပးခ်က္ေတြ ရွိေနတယ္။ ေျပာရမယ္ဆိုရင္ေတာ့ ေၾကာက္မယ္ဆိုေၾကာက္လို႔ရတဲ့ ေရာဂါတခုေပါေ့နာ္။ ဒါေပမဲ့ အဲ့ဒီလိုၾကားမွာမွ ေစတနာ့၀န္ထမ္း ဒီလို လုပ္ျဖစ္ရတဲ့ ခံယူခ်က္၊ ဘယ္လိုစိတ္ကူးနဲ႔ ခုလို ပါ၀င္လႈပ္ရွား ေဆာင္ရြက္ျဖစ္တာပါလဲ။

ေျဖ။ ။ ဟုတ္ကဲ့။ အဓိက ခံယူခ်က္ကေတာ့ ဒီက်န္းမာေရးနဲ႔ပတ္သက္တာပဲျဖစ္ျဖစ္၊ တျခား သဘာ၀ေဘးေတြနဲ႔ ပတ္သက္တာပဲျဖစ္ျဖစ္ေပါ့ေနာ္။ ကိုယ္လည္း ျပည္သူေတြထဲက ျပည္သူ တေယာက္ျဖစ္တဲ့အတြက္ေၾကာင့္ ျပည္သူေတြခံစားေနရတဲ့ ေ၀ဒနာေတြကို ကိုယ္က တတ္ႏိုင္သေလာက္ ကိုယ္တတ္ႏုိင္တဲ့ဘက္ကေန ကူညီေပးတာေပါ့ေနာ္။ ေဆး၀ါးနဲ႔ပတ္သက္တာေတြ ဆိုရင္လည္း လိုအပ္တဲ့သူေတြကို ကူညီႏိုင္သေလာက္ ကူညီတယ္။ စိတ္ပိုင္းဆိုင္ရာ အားနည္းေနတယ္။ စိတ္ပိုင္းဆိုင္ရာနဲ႔ပတ္သက္ျပီး ထိခိုက္ထားတဲ့သူေတြ ဆိုရင္လည္း စိတ္ပိုင္းဆိုင္ရာ ျမွင့္တင္ေပးႏုိင္တဲ့ ေနရာေတြမွာ ညီမတို႔က ပါ၀င္ ကူညီေပးတယ္။ အဓိက ကေတာ့ ကုိယ္လည္း လူသားတေယာက္ျဖစ္တယ္။ ကိုယ္လည္းခံစားတတ္တယ္။ ျပည္သူေတြ တေယာက္နဲ႔တေယာက္ အခက္အခဲ ျဖစ္ေနတဲ့အခါမွာ ၀ိုင္း၀န္းကူညီေပးရတာျဖစ္တဲ့အတြက္ ညီမတို႔က ကိုယ္တတ္ႏုိင္တဲ့ဘက္ကေန အမြန္ျမတ္ဆံုး အလုပ္တခုအေနနဲ႔ ညီမတို႔က ကူညီေပးပါတယ္။

ေမး။ ။ ဆိုေတာ့ အခု ကိုဗစ္-၁၉ တုိက္ဖ်က္ေရး ေဆာင္ရြက္တဲ့ေနရာမွာ ေစတနာ့၀န္ထမ္း ၾကက္ေျခနီေတြရဲ႕ ပါ၀င္မႈက ဘယ္ေလာက္အထိ အေရးပါတယ္လုိ႔ ထင္ပါသလဲ။

ေျဖ။ ။ ဟုတ္ကဲ့။ ေတာ္ေတာ္မ်ားမ်ား အေရးပါ ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ညီမတို႔က ႏိုင္ငံေတာ္ရဲ႕ က်န္းမာေရးဘက္မွာ အရန္အင္အားတခု အေနနဲ႔လည္း ပါထားတယ္။ ျပီးေတာ့ က်န္းမာေရးေတြနဲ႔ ပတ္သက္ျပီးေတာ့လည္း ညီမတို႔က က်န္းမာေရး၀န္ထမ္းေတြနဲ႔ အဓိက ပူးေပါင္းျပီး ေဆာင္ရြက္ရတဲ့ အဖြဲ႔အစည္းတခုလည္း ျဖစ္တယ္။ အဲ့ဒီအတြက္ေၾကာင့္ ညီမတို႔က ကိုဗစ္ကာလမွ မဟုတ္ဘူး။ တျခား ကာလေတြမွာလည္း တျခား က်န္းမာေရးနဲ႔ပတ္သက္တဲ့ကိစၥေတြမွာလည္း ကိုယ္တတ္ႏုိင္တဲ့ဘက္ကေန အစြမ္းကုန္ ကူညီေပးပါတယ္။ ေတာ္ေတာ္မ်ားမ်ား အခန္းက႑ေတြမွာ ပါ၀င္ပါတယ္။

ေမး။ ။ ဒါက ဘာပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕လူမႈအသိုင္းအ၀ိုင္းအတြက္ တဘက္တလမ္းကေန ေစတနာ့၀န္ထမ္း လုပ္ၾကတာျဖစ္တယ္။ ဒါေပမဲ့ တဘက္မွာလည္း ကိုယ့္ ကိုယ္ပိုင္အခ်ိန္ေတြလည္း လိုအပ္ဦးမွာပါပဲ။ ဆိုေတာ့ မခုိင္၀င့္သူထက္ အေနနဲ႔ေရာ ဒီေစတနာ့၀န္ထမ္း လုပ္ေနတယ္ဆိုေတာ့ တျခား အျပင္မွာေရာ ကိုယ္က အလုပ္ ပံုမွန္လုပ္ေနျပီးေတာ့မွ ေစတနာ့၀န္ထမ္း လုပ္တာလား။ ကိုယ့္ရဲ႕ အေၾကာင္းေလးလည္း နည္းနည္း ေျပာျပပါဦး။

ေျဖ။ ။ ဟုတ္ကဲ့။ ညီမက ေက်ာင္းကေတာ့ အေ၀းသင္ တက္ေနပါတယ္။ ေနာက္ဆံုးႏွစ္ပါ။ ဒဂံုတကၠသိုလ္မွာ ႐ုကၡေဗဒ ဘာသာရပ္ကို ေလ့လာဆည္းပူးေနပါတယ္။ အလုပ္ ကေတာ့ ကိုယ္ပိုင္ေက်ာင္းတခုမွာ guide ဆရာမအေနနဲ႔ အခ်ိန္ပိုင္း ၀င္လုပ္ပါတယ္။ အားတဲ့အခ်ိန္ေတြမွာေတာ့ ဒီၾကက္ေျခနီအတြက္ အခ်ိန္ျပည့္ ကူညီေပးပါတယ္။

ေမး။ ။ အခု ကိုဗစ္-၁၉ ေရာဂါေတြ ျဖစ္လာတဲ့အခ်ိန္မွာေတာ့ ပိုျပီးေတာ့ လုပ္ျဖစ္ေနတာေပါ့

ေျဖ။ ။ ဟုတ္ပါတယ္။ အခ်ိန္ျပည့္ လုပ္ျဖစ္ပါတယ္။

ေမး။ ၾကက္ေျခနီဆိုတာ ေစတနာ့၀န္ထမ္း အလုပ္တခုျဖစ္တယ္။ အခု ကိုဗစ္ ျဖစ္ေနတဲ့အခ်ိန္မွာဆိုလို႔ရွိရင္ ၾကက္ေျခနီေတြေရာ၊ တျခား ရပ္ရြာထဲမွာလည္း အလွဴရွင္ေတြ၊ ေစတနာ့၀န္ထမ္းေတြ အမ်ားၾကီး ေပၚလာတယ္လို႔ က်မတို႔ ၾကားရတာပါတယ္။ ဆိုတဲ့အခါက်ေတာ့ ဒီလိုအခ်ိန္မ်ိဳးမွာ ကိုယ့္လူမႈအသိုင္းအ၀ိုင္းထဲမွာ ပါ၀င္ရတဲ့အတြက္ ကိုယ့္ကိုယ္ကိုေရာ ဘယ္လို ခံယူ ဂုဏ္ယူမိပါသလဲ။ ေနာက္တခုကေတာ့ အခုလို ရပ္ရြာအေရးမွာ ပါ၀င္ဖို႔အတြက္ ဘယ္ေလာက္အထိ အေရးၾကီးတယ္လို႔ ထင္ပါသလဲ။

ေျဖ။ ။ ကိုယ့္ကိုယ္ကို ဘယ္လို ဂုဏ္ယူသလဲ ဆိုေတာ့ ညီမတို႔က ကိုယ္တတ္ႏိုင္တဲ့ဘက္ကေန ကိုယ္စြမ္းရွိသေလာက္ ဥာဏ္စြမ္းရွိသေလာက္ အစြမ္းကုန္ ကူညီေပးတယ္။ အကုန္လံုးေပါ့ေနာ္။ ျပည္သူေတြမွာျဖစ္ေနတဲ့ ေရာဂါ ေ၀ဒနာေတြနဲ႔ ပတ္သက္တာပဲျဖစ္ျဖစ္၊ စိတ္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္တာပဲျဖစ္ျဖစ္ အဲ့ဒီလိုကိစၥေတြမွာ ပါ၀င္ကူညီရတဲ့အတြက္ေၾကာင့္ေရာ၊ မိန္းခေလး တေယာက္ျဖစ္ေပမဲ့ ခုလို ကူညီႏုိင္တဲ့အတြက္လည္း ကိုယ့္ကိုယ္ကို မိန္းခေလးျဖစ္တဲ့အတြက္ ပိုျပီးေတာ့ ဂုဏ္ယူမိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တခ်ိဳ႕ကိစၥေတြမွာ ေယာက်္ားေလးေတြပဲ လုပ္ႏိုင္တယ္လို႔ထင္တဲ့ အရာေတြရွိပါတယ္။ ဒါေပမဲ့ ညီမတို႔ေတြက ေယာက်္ားေလးေတြလုပ္ႏုိင္တဲ့အလုပ္ကိုလည္း မိန္းခေလးတေယာက္ အေနနဲ႔ လုပ္ႏုိင္တဲ့အတြက္ေၾကာင့္ ကိုယ့္ကိုယ္ကို ဂုဏ္ယူပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============================

[Unicode Version]

ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်းက စေတနာ့ဝန်ထမ်း ကြက်ခြေနီ (အမျိုးသမီးကဏ္ဍ)


မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ရှေ့တန်းကနေ ပါဝင်လှုပ်ရှားနေသူတွေကတော့ စေတနာ့ဝန်ထမ်း ကြက်ခြေနီတွေပဲဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍမှာ အရန်အင်အားတခု အနေနဲ့ရှိနေတဲ့ စေတနာ့ဝန်ထမ်း ကြက်ခြေနီတွေဟာ နိုင်ငံတဝှမ်း မီးဘေး၊ ရေဘေး၊ ရောဂါဘယဘေး စတဲ့ အကူအညီ လိုအပ်တဲ့ နေရာတွေမှာ ပါဝင်ကူညီပေးနေကြတဲ့ သူတွေပါ။ ဒါကြောင့် အခု ကိုဗစ်-၁၉ ရောဂါ ကြုံတွေ့လာရတဲ့အချိန် စေတနာ့ဝန်ထမ်း ကြက်ခြေနီတွေ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားနေကြသလဲ ဆိုတာကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမျိုးသမီးတပ်စုမှူး မခိုင်ဝင့်သူထက်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မေး။ ။ မခိုင်ဝင့်သူထက်က အခု မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေဖြစ်တဲ့အချိန်မှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှာ စေတနာ့ဝန်ထမ်း ကြက်ခြေနီ တယောက်အနေနဲ့ ပါဝင်ဆောင်ရွကေ်နတယ်လို့ သိရပါတယ်။ အဲ့ဒီတော့ ပါဝင်လှုပ်ရှားနေတဲ့အကြောင်းလေး အရင်ဆုံး ပြောပြပေးပါလားရှင့်။

ဖြေ။ ။ ကျမတို့ Quarantine Center တွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးတော့ Quarantine Center တွေမှာရှိတဲ့ စောင့်ကြည့်ခံပြည်သူတွေကို အဖျားတိုင်းတာတို့၊ သူတို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးတာတို့ လုပ်ပေးပါတယ်။ ပြီးတော့ ရပ်ကွက်တွေမှာလည်း ဒီအကြောင်းအရာတွေကို ပြောပြတဲ့အခါမှာလည်း အုပ်ချုပ်ရေးပိုင်းနဲ့ တွဲပြီးတော့ ညီမတို့ ကြက်ခြေနီအဖွဲ့တွေက နိုးဆော်ပေးပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သေချာနားလည်အောင် အုပ်ချုပ်ရေးပိုင်းတွေနဲ့ ပူးပေါင်းပြီးတော့ ကူညီပေးပါတယ်ရှင့်။

မေး။ ။ ကိုဗစ်-၁၉ ဖြစ်နေတဲ့ကာလမှာ အချိန်ပြည့် ကူညီတာတွေ လုပ်ဖြစ်နေတာလား။

ဖြေ။ ။ ဟုတ်ကဲ့။ လုပ်ဖြစ်ပါတယ်။ အချိန်ပြည့် ကူညီပါတယ်။ နေ့စဉ်လုပ်တဲ့ ဆောင်ရွက်ချက်တွေကတော့ Quarantine Center တွေမှာဆိုရင် မနက်ပိုင်းတကြိမ်၊ ညနေပိုင်းတကြိမ် စောင့်ကြည့်ခံရတဲ့ ပြည်သူတွေကို အဖျားလိုက်တိုင်းပေးတယ်။ PPE ကတော့ ဝတ်ရတာပေါ့နော်။ laboratory PPE ဝတ်ပြီးတော့ သူတို့ကို အဖျား လိုက်တိုင်းပေးတယ်။ ပြီးသွားရင် သူတို့အကယ်၍ ရေချိုးခန်းသုံး ပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ တစ်ရှူးတို့ သူတို့ လိုအပ်တာပေါ့နော်။ သူတို့အခန်းရှေ့တွေမှာ လိုက်ထားပေးတယ်။ တခြား စေတနာ့ဝန်ထမ်းတွေလည်း ရှိတဲ့အခါကျတော့ သူတို့နဲ့အတူ ပူးပေါင်းပြီးတော့ ထမင်းပို့တာတို့၊ ပြီးရင် သူတို့ တခြား လိုအပ်တာတွေ သူတို့အိမ်က ပစ္စည်းမှာတဲ့အခါတွေမှာဆိုရင်လည်း သူတို့ကတော့ မိဘတွေနဲ့ တွေ့လို့မရဘူး။ အခန်းထဲက အခန်းပြင် ထွက်လို့မရတဲ့အတွက် ညီမတို့ကနေပဲ တဆင့် သူတို့ဆီကို ပစ္စည်းတွေ ရောက်အောင် ပို့ပေးရပါတယ်။

မေး။ ။ ဒီလို လိုက်ပါကူညီပေးတဲ့အခါမှာရော အခက်အခဲ ကြုံရတာတွေရှိပါသလား။

ဖြေ။ ။ ဟုတ်ကဲ့အစ်မ။ အခက်အခဲတွေ တော့ ရှိပါတယ်။ စစချင်း Quarantine Center တွေမှာ ကိုဗစ် စဖြစ်ကတည်းက Quarantine Center တွေမှာ တာဝန်တွေဘာတွေပြီးလို့ ကိုယ့်ကိုယ်ကို ရောဂါမရှိသလောက်ဖြစ်အောင် အဲ့ဒီမှာ စစ်ဆေးမှုတွေ လုပ်ပြီး ပြန်လာတဲ့အခါမျိုးမှာ ကိုယ့်ရပ်ကွက်ထဲကို ဝင်တဲ့အခါမှာဖြစ်ဖြစ်၊ ကိုယ်မြို့နယ်ထဲမှာပဲ ဖြစ်ဖြစ် ယူနီဖောင်းလေး ဝတ်ပြီးသွားရင်တောင်မှ ဒီကြက်ခြေနီ တယောက်က ဘယ်ကနေ လာတာလဲ။ ဘယ် Quarantine Center မှာ လုပ်နေတာလဲ သိချင်ကြတာပေါ့နော်။ ညီမတို့က စောင့်ကြည့်ခံပြည်သူတွေနဲ့ အနီးစပ်ဆုံး ရှိနေတဲ့အတွက်ကြောင့် ညီမတို့ကို သူတို့ရဲ့အမြင်မှာတော့ ရောဂါရှိတဲ့သူတယောက်လို နည်းနည်းလေး ကြောက်ကြတာပေါ့နော်။ ရှောင်ကြတယ်။ အဲ့ဒီအတွက် ကတော့ စိတ်မကောင်းဘူးပေါ့နော်။ ဒါပေမဲ့ နောက်ပိုင်း ကိုယ်တွေ ဘာတွေလုပ်နေတာလဲ။ ဘယ်လောက်အထိ စွမ်းစွမ်းတမံ လုပ်နေရသလဲဆိုတာ သိသွားတဲ့အခါမှာတော့ နားလည်လာတဲ့အတွက် အခုနောက်ပိုင်းမှာတော့ အဲ့ဒီလိုပြဿနာမျိုး ကြုံရတာမရှိတော့ပါဘူး။ စစဖြစ်ချင်းမှာတော့ အဲ့ဒီလိုမျိုး ကြုံရတာလေးတွေ ရှိတာပေါ့နော်။ ကိုယ့်ကိုယ်ကိုလည်း နည်းနည်းတော့ အားငယ်တာပေါ့။ ဒါပေမဲ့ ကိုယ်က ရောဂါရှိတဲ့သူမဟုတ်ဘူး။ ကိုယ်က လိုက်ပြီး ကူညီပေးတာ။ အကယ်၍ ကိုယ် ကိုယ်တိုင် ရောဂါရှိတဲ့သူတယောက်လို ဖြစ်သွားပြီဆိုရင်လည်း ကျန်းမာရေးကနေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆေးကုသမှု အပြည့်အ၀ ခံယူမယ် ဆိုတဲ့စိတ်နဲ့ပဲ လိုက်လုပ်နေတာပါ။

မေး။ ။ အဲ့ဒီတော့ မခိုင်ဝင့်သူထက်က လက်ရှိကရော ဘယ်မြို့နယ်က ကြက်ခြေနီအသင်းမှာ ပါဝင်နေတာပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ မရမ်းကုန်းမြို့နယ်မှာ အမျိုးသမီး တပ်စုမှူး အနေနဲ့ တာဝန်ယူနေပါတယ်။ အခုလက်ရှိပေါ့။

မေး။ ။ စေတနာ့ဝန်ထမ်း ကြက်ခြေနီ အလုပ်ကိုရော ဘယ်လိုဝင်လုပ်ဖြစ်သွားတာပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ အဓိက ကတော့ ဝါသနာပါလို့ပေါ့နော်။ ပြီးတော့ ညီမ အဖေကလည်း ကြက်ခြေနီ တပ်ဖွဲ့ဝင်တယောက် ဖြစ်တယ်။ အဖေ ကြက်ခြေနီအလုပ်နဲ့ အပြင်သွားတိုင်း ညီမက လိုက်သွားတယ်။ လိုက်သွားတော့ အဖေ အလုပ် လုပ်နေတာတွေ၊ သူများကို ကူညီပေးနေတာတွေကို တွေ့တော့ ကိုယ်လည်း အရမ်း ကူညီချင်တယ်။ ငယ်ငယ်တုန်းကတော့ ကလေးမိုလို့ မလုပ်ပေးနိုင်ပေမဲ့၊ အခု ကိုယ် အလယ်တန်းလောက်ကတည်းက စပြီးတော့ ကိုယ် ကူညီနိုင်တဲ့ဘက်က ကူညီပေးတယ်။ ပြီးရင် လိုအပ်တဲ့နေရာတွေမှာလည်း အတတ်နိုင်ဆုံး ကိုယ် မိန်းခလေးတယောက် ဖြစ်ပေမဲ့လည်း ယောကျ်ားလေးတွေနဲ့ တန်းတူ အကုန်လုံး လိုက်လုပ်ပေးတယ်။

မေး။ ။ ဒီ ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်းတွေ မတိုင်ခင်မှာရော ကြက်ခြေနီ စေတနာ့ဝန်ထမ်း တယောက်အနေနဲ့ အရင်က တခြားဘယ်နေရာတွေမှာရော ပါဝင်ကူညီပေးခဲ့တာတွေ ရှိပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ညီမ ဒီ ရန်ကုန်တိုင်းအတွင်းမှာပဲမဟုတ်ဘဲ မြန်မာနိုင်ငံက မီးဘေး လေဘေး ရေဘေးတွေ ဖြစ်တဲ့အခါ အဲ့ဒီလို နေရာတွေကိုလည်း သွားတယ်။ ရေဘေးကယ်ဆယ်ရေးတွေ ထွက်တယ်။ မီးဘေးနဲ့ပတ်သက်ရင်လည်း မီးဘေး ပြင်းထန်တဲ့နေရာတွေဆိုလည်း ညီမတို့ ရန်ကုန်တိုင်းအတွင်းမှာတင် မဟုတ်ဘဲ တခြားနေရာတွေမှာလည်း အခက်အခဲဖြစ်နေတဲ့ နေရာတွေ ဆိုရင် သွားရောက်ပြီး ကူညီပေးပါတယ်။

မေး။ ။ အဲ့ဒီလို သွားရောက်ခဲ့တဲ့အထဲက အခြေအနေလေးတွေလည်း ပြောပြပေးပါဦး။ ဘယ်တွေသွားခဲ့ဖူးသလဲဆိုတာပေါ့။

ဖြေ။ ။ နာဂစ်ကာလတုန်းကတော့ လက်ပွတ်တာ တို့၊ မြောင်းမြတို့ပေါ့နော်။ ရေဘေးသင့် နေရာတွေကို ရောက်ခဲ့ဖူးပါတယ်။ ပြီးတော့ မိုးတွင်းဆိုရင်လည်း ရေဘေးတွေ ဖြစ်တဲ့အခါကျတော့ ဆွာရေဘေးတုန်းကလည်း သွားရောက် ကူညီပေးခဲ့ဖူးပါတယ်။ ဆွာ ရေဘေး တုန်းကတော့ သူတို့က ဆွာဆည်ကြီး ကျိုးသွားတော့ သူတို့က ရေလမ်းခရီးနဲ့ သွားရတာဖြစ်တော့ သွားလာရေးက ခက်ခဲသွားတယ်။ သူတို့ဆီကို ဘာပစ္စည်းမှ မရောက်တော့ဘူး။ အစားအသောက်က အစပေါ့နော်။ အသုံးအဆောင်ပစ္စည်းတွေ အိမ်နဲ့ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အဲ့ဒီလိုမျိုးတွေက သူတို့ သွားလမ်း လာလမ်း ခက်ခဲတဲ့အတွက်ကြောင့် သူတို့ဆီကို မရောက်ဘူး။ မရောက်တဲ့ အတွက်ကြောင့် ညီမတို့ ရန်ကုန်တိုင်း အနေနဲ့ သွားပြီးတော့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတွေ ပူးပေါင်းပြီးတော့ ကူညီမှုတွေ လုပ်ခဲ့ဖူးပါတယ်။ တခြား နယ်တွေကလည်း ကြက်ခြေနီအသင်းတွေ လာပြီးတော့ကူညီပေးပါတယ်။

မေး။ ။ ဒီလို ရေဘေး လိုက်ပါကူညီတဲ့အခါမှာရော ဘယ်လို ခက်ခက်ခဲခဲ ကူညီခဲ့ရတာတွေ ရှိပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ခက်ခက်ခဲခဲ ကူညီခဲ့ရတာ ကတော့ အဲ့ဒီ ဆွာ ရေဘေးပါပဲ။ ဆွာ ရေဘေးက အသွားအလာ အရမ်း ခက်ခဲသွားတော့ ရေလမ်းကြောင်းနဲ့ပဲ သွားရတော့ ကုန်းလမ်းက မရှိတော့ဘူး။ သူတို့ ဆွာ ဆည်ကြီး ကျိုးသွားတယ်။ တံတားတွေ ထိတယ်။ သွားလမ်း လာလမ်း ခက်ခဲသွားတဲ့အချိန်မှာ သူတို့က တောလမ်းကြီးတခု ဖောက်ပစ်လိုက်တယ်။ တောလမ်း တလမ်းလုံးကတော့ အကုန်လုံးက ရွှံ့မြေတွေ ချည်းပဲ။ အဲ့ဒီရွှံ့မြေတွေကို နင်းလိုက်ရင် အောက်မှာက ဇီးဆူးတွေ ပေါ့နော်။ အဆူးတွေအခတ်တွေ အညှောင့်တွေ အကုန်ရှိတယ်။ ညီမတို့က အဲ့ဒီလမ်းကြီးကို ၃ နာရီလောက် ပစ္စည်းတွေနဲ့ ရအောင် သွားတယ်။ ၃ နာရီလောက် လမ်းလေ ျှာက်ရတယ်။ အပြန်ဆိုရင်လည်း ၃ နာရီလောက် လမ်းပြန်လေ ျှာက်ရတယ်။ ညီမတို့ မနက် အစောကြီးထွက်သွားတာတောင်မှ ညနေလောက်မှ အမြန်လမ်းပေါ်ကို ပြန်ရောက်တယ်။

မေး။ ။ ဒါက တကယ့်ကို ခက်ခက်ခဲခဲ သွားပြီး ကူညီခဲ့ရတာပေါ့နော်။ အခုဆိုရင်လည်း ဒီ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လာရင်လည်း ဒါက တော်တော်ကို ကမ္ဘာတဝှမ်းမှာလည်း ကပ်ဘေး တခုအဖြစ်နဲ့တောင်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ရတယ်။ ကူးစက်မှုတွေ များတယ်။ သေဆုံးမှုတွေ မြန်တယ်။ နောက်ပိုင်းမှာ ကာကွယ်ဆေးတွေ စမ်းသပ်လာပေမဲ့လို့လည်း ဒါတွေက မရေရာသေးတဲ့ အခြေအနေတွေက အများကြီး ရှိနေသေးတယ်။ မြန်မာနိုင်ငံလို အနေအထားမျိုးမှာ ကူးစက်မှုနည်းတယ်ဆိုပေမဲ့လည်း ဒါက အချိန်မရွေး ကူးစက်မှုတွေ များလာနိုင်တယ်ဆိုတာကို ကျန်းမာရေး တာဝန်ရှိသူတွေကလည်း ပြောထားတယ်။ အမြဲတမ်း သတိမပြတ် မပေါ့ဆကြဖို့ ဆိုတာတွေပေါ့နော်။ ဒီလို သတိပေးချက်တွေ ရှိနေတယ်။ ပြောရမယ်ဆိုရင်တော့ ကြောက်မယ်ဆိုကြောက်လို့ရတဲ့ ရောဂါတခုပေါေ့နာ်။ ဒါပေမဲ့ အဲ့ဒီလိုကြားမှာမှ စေတနာ့ဝန်ထမ်း ဒီလို လုပ်ဖြစ်ရတဲ့ ခံယူချက်၊ ဘယ်လိုစိတ်ကူးနဲ့ ခုလို ပါဝင်လှုပ်ရှား ဆောင်ရွက်ဖြစ်တာပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ အဓိက ခံယူချက်ကတော့ ဒီကျန်းမာရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်၊ တခြား သဘာဝဘေးတွေနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်ပေါ့နော်။ ကိုယ်လည်း ပြည်သူတွေထဲက ပြည်သူ တယောက်ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေခံစားနေရတဲ့ ဝေဒနာတွေကို ကိုယ်က တတ်နိုင်သလောက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးတာပေါ့နော်။ ဆေးဝါးနဲ့ပတ်သက်တာတွေ ဆိုရင်လည်း လိုအပ်တဲ့သူတွေကို ကူညီနိုင်သလောက် ကူညီတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းနေတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ထိခိုက်ထားတဲ့သူတွေ ဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးနိုင်တဲ့ နေရာတွေမှာ ညီမတို့က ပါဝင် ကူညီပေးတယ်။ အဓိက ကတော့ ကိုယ်လည်း လူသားတယောက်ဖြစ်တယ်။ ကိုယ်လည်းခံစားတတ်တယ်။ ပြည်သူတွေ တယောက်နဲ့တယောက် အခက်အခဲ ဖြစ်နေတဲ့အခါမှာ ဝိုင်းဝန်းကူညီပေးရတာဖြစ်တဲ့အတွက် ညီမတို့က ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အမွန်မြတ်ဆုံး အလုပ်တခုအနေနဲ့ ညီမတို့က ကူညီပေးပါတယ်။

မေး။ ။ ဆိုတော့ အခု ကိုဗစ်-၁၉ တိုက်ဖျက်ရေး ဆောင်ရွက်တဲ့နေရာမှာ စေတနာ့ဝန်ထမ်း ကြက်ခြေနီတွေရဲ့ ပါဝင်မှုက ဘယ်လောက်အထိ အရေးပါတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ တော်တော်များများ အရေးပါ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမတို့က နိုင်ငံတော်ရဲ့ ကျန်းမာရေးဘက်မှာ အရန်အင်အားတခု အနေနဲ့လည်း ပါထားတယ်။ ပြီးတော့ ကျန်းမာရေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ညီမတို့က ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဓိက ပူးပေါင်းပြီး ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် ညီမတို့က ကိုဗစ်ကာလမှ မဟုတ်ဘူး။ တခြား ကာလတွေမှာလည်း တခြား ကျန်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန် ကူညီပေးပါတယ်။ တော်တော်များများ အခန်းကဏ္ဍတွေမှာ ပါဝင်ပါတယ်။

မေး။ ။ ဒါက ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့လူမှုအသိုင်းအဝိုင်းအတွက် တဘက်တလမ်းကနေ စေတနာ့ဝန်ထမ်း လုပ်ကြတာဖြစ်တယ်။ ဒါပေမဲ့ တဘက်မှာလည်း ကိုယ့် ကိုယ်ပိုင်အချိန်တွေလည်း လိုအပ်ဦးမှာပါပဲ။ ဆိုတော့ မခိုင်ဝင့်သူထက် အနေနဲ့ရော ဒီစေတနာ့ဝန်ထမ်း လုပ်နေတယ်ဆိုတော့ တခြား အပြင်မှာရော ကိုယ်က အလုပ် ပုံမှန်လုပ်နေပြီးတော့မှ စေတနာ့ဝန်ထမ်း လုပ်တာလား။ ကိုယ့်ရဲ့ အကြောင်းလေးလည်း နည်းနည်း ပြောပြပါဦး။

ဖြေ။ ။ ဟုတ်ကဲ့။ ညီမက ကျောင်းကတော့ အဝေးသင် တက်နေပါတယ်။ နောက်ဆုံးနှစ်ပါ။ ဒဂုံတက္ကသိုလ်မှာ ရုက္ခဗေဒ ဘာသာရပ်ကို လေ့လာဆည်းပူးနေပါတယ်။ အလုပ် ကတော့ ကိုယ်ပိုင်ကျောင်းတခုမှာ guide ဆရာမအနေနဲ့ အချိန်ပိုင်း ဝင်လုပ်ပါတယ်။ အားတဲ့အချိန်တွေမှာတော့ ဒီကြက်ခြေနီအတွက် အချိန်ပြည့် ကူညီပေးပါတယ်။

မေး။ ။ အခု ကိုဗစ်-၁၉ ရောဂါတွေ ဖြစ်လာတဲ့အချိန်မှာတော့ ပိုပြီးတော့ လုပ်ဖြစ်နေတာပေါ့။

ဖြေ။ ။ ဟုတ်ပါတယ်။ အချိန်ပြည့် လုပ်ဖြစ်ပါတယ်။

မေး။ ကြက်ခြေနီဆိုတာ စေတနာ့ဝန်ထမ်း အလုပ်တခုဖြစ်တယ်။ အခု ကိုဗစ် ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင် ကြက်ခြေနီတွေရော၊ တခြား ရပ်ရွာထဲမှာလည်း အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ အများကြီး ပေါ်လာတယ်လို့ ကျမတို့ ကြားရတာပါတယ်။ ဆိုတဲ့အခါကျတော့ ဒီလိုအချိန်မျိုးမှာ ကိုယ့်လူမှုအသိုင်းအဝိုင်းထဲမှာ ပါဝင်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုရော ဘယ်လို ခံယူ ဂုဏ်ယူမိပါသလဲ။ နောက်တခုကတော့ အခုလို ရပ်ရွာအရေးမှာ ပါဝင်ဖို့အတွက် ဘယ်လောက်အထိ အရေးကြီးတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကိုယ့်ကိုယ်ကို ဘယ်လို ဂုဏ်ယူသလဲ ဆိုတော့ ညီမတို့က ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် အစွမ်းကုန် ကူညီပေးတယ်။ အကုန်လုံးပေါ့နော်။ ပြည်သူတွေမှာဖြစ်နေတဲ့ ရောဂါ ဝေဒနာတွေနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် အဲ့ဒီလိုကိစ္စတွေမှာ ပါဝင်ကူညီရတဲ့အတွက်ကြောင့်ရော၊ မိန်းခလေး တယောက်ဖြစ်ပေမဲ့ ခုလို ကူညီနိုင်တဲ့အတွက်လည်း ကိုယ့်ကိုယ်ကို မိန်းခလေးဖြစ်တဲ့အတွက် ပိုပြီးတော့ ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကိစ္စတွေမှာ ယောကျ်ားလေးတွေပဲ လုပ်နိုင်တယ်လို့ထင်တဲ့ အရာတွေရှိပါတယ်။ ဒါပေမဲ့ ညီမတို့တွေက ယောကျ်ားလေးတွေလုပ်နိုင်တဲ့အလုပ်ကိုလည်း မိန်းခလေးတယောက် အနေနဲ့ လုပ်နိုင်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူပါတယ်။

XS
SM
MD
LG