သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသည်းရောင်အသားဝါ A ပိုး ကူးစက်မှု


အသည်းရောင်အသားဝါ
အသည်းရောင်အသားဝါ

မြန်မာနိုင်ငံတွင်းမှာ အသည်းရောင်အသားဝါ A ပိုး ကူးစက်မှုတချို့ များလာတာမို့ ကာကွယ်နိုင်ရေး၊ ကူးစက်ပုံတွေ သိထားသင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက အကြံပြုပြောဆိုနေပါတယ်။

အသည်းရောင်အသားဝါ ဗိုင်းရပ်ပိုးအမျိုးမျိုးရှိရာမှာ A အမျိုးအစားကတော့၊ မစင်က တနည်းနည်းနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းထဲရောက်ပြီး ကူးတာပါ။ တခြား အသည်းရောင်အသားဝါပိုး အမျိုးအစား B နဲ့ C ကတော့ သွေးကနေတဆင့် ကူးစက်တာမို့၊ ဆေးထိုးတာ၊ ကလေးမွေးတာနဲ့ လိင်ဆက်ဆံတာမျိုးတွေကနေ ကူးတာပါ။ နောက် အသည်းရောင်အသားဝါပိုး E အမျိုးအစားကလည်း A ပိုးနည်းတူ၊ မစင်ကလာတဲ့ ပိုးပါတဲ့ဟာ စားသောက်မိလို့ ပါးစပ်ကတဆင့် ကူးတာ (Fecal-Oral Route) အများဆုံးပါ။ သွေးသွင်းတာက ကူးနိုင်ပေမဲ့ အခုခေတ်မှာ မရှိသလောက် ရှားသွားပါပြီ။

အသည်းရောင်အသားဝါ A ပိုး ကူးစက်ခံရနိုင်ခြေ များသူတွေကတော့ A ပိုးရှိသူနဲ့အတူနဲ့ လူစုလူဝေးထဲ နေထိုင်ရသူတွေပါ။ အိမ်ထဲအတူတူနေသူနဲ့ အတူတွဲနေသူကနေတဆင့် ကူးနိုင်သလို၊ လူစုလူဝေးနဲ့နေရတဲ့ ဘုန်းကြီးကျောင်းတွေ၊ ကျောင်းအဆောင်တွေ၊ လူအိုရုံတွေ၊ စစ်တပ်နဲ့ ရဲတပ်ဝန်းလိုင်းခန်းတွေ၊ အကျဉ်းထောင်တွေမျိုးမှာ အဓိက ပိုကူးစက်လွယ်ပါတယ်။ အကြောင်းက အစားအသောက်နဲ့ အိမ်သာ အသုံးအဆောင်တွေကို အားလုံးမျှပြီး သုံးစွဲရတာကြောင့် ဒီထိတွေ့မှုတွေကနေတဆင့် နောက်ဆုံး ပါးစပ်ထဲ ပိုးဝင်သွားတာပါ။

ကူးစက်ပျံနှံ့မှုအတွက်တော့ စဖြစ်တဲ့နေရာကို ရှာဖွေနိုင်ဖို့ လိုပါတယ်။ ဒီအတွက် ကျန်းမာရေးဦးစီးဌာန (ရောဂါနှိမ်နင်းရေး) ရှိ ကပ်ရောဂါပညာရှင် (Epidemiologist) တွေနဲ့အတူ စဖြစ်ပျံ့ပွားလာတဲ့နေရာကို ကွင်းဆင်း ရှာဖွေစစ်ဆေးရလေ့ ရှိပါတယ်။ ဒီပိုးရောဂါပျိုးချိန် (Incubation Period) က သတင်းပတ်တွေကနေ လပိုင်းတွေအထိရှိပြီး၊ အဓိက လက္ခဏာတွေဖြစ်တဲ့ အသားဝါတာ (မျက်လုံးဝါတာ)၊ မစားမသောက်ချင်တာ၊ အန်တာ၊ ဗိုက်နာတာ၊ နုံးချိ့တာ ဖြစ်လာသူတွေ ဆေးခန်းလာပြတာကို ဆေးစစ်ကြည့်ခြင်းဖြင့် ဒီပိုးကို ရှာနိုင်ပါတယ်။ ပိုးတွေ့လျှင် အိမ်ထဲမှာ ကူးတာလား၊ စားသောက်ဆိုင် (ချက်ပြုတ်ပြင်ဆင်သူ သန့်ရှင်းမှုအားနည်းတာ) က ကူးတာလားကို ဆက်ရှာဖွေ စစ်ဆေးရလေ့ ရှိပါတယ်။

ဒီရောဂါပိုးအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံ အထွေထွေရောဂါကုဌာန ဒုဆေးရုံအုပ်ကြီးနဲ့၊ မြန်မာလူနာတွေကို အင်တာနက်ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Forum

XS
SM
MD
LG