သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ ၁၇ သန်းကျော်ပြီ


Australia နိုင်ငံအတွင်း ကျန်းမာရေးးဝန်ထမ်းတဦး
Australia နိုင်ငံအတွင်း ကျန်းမာရေးးဝန်ထမ်းတဦး

(Zawgyi/Unicode)

ကမ္ဘာတလွှား COVID-19 ကူးစက်သူ အရေအတွက် ၁၇ သန်းကျော်နဲ့ သေဆုံးသူ ၆ သိန်း ၇ သောင်းနီးပါးရှိနေပြီး အမေရိကန် ပြည်ထောင်စုမှာက ကူးစက်မှုနဲ့ အသေအပျောက်နှုန်း အများဆုံးဖြစ်ပါတယ်။

အခုအချိန်အထိ အမေရိကန်မှာ ကူးစက်သူ စုစုပေါင်း ၄.၄ သန်းကျော်နဲ့ ဗုဒ္ဓဟူးနေ့အထိသေဆုံးသူ ၁ သိန်းခွဲကျော်ရှိကြောင်း Johns Hopkins တက္ကသိုလ် က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ နိုင်ငံတွင်း California ၊ Florida နဲ့ Texas အပါအဝင် ပြည်နယ် တချို့မှာလည်း နေ့စဉ် ဒါမှမဟုတ် အပတ်စဉ် ကူးစက်မှု စံချိန်တင် မြင့်တက်နေတာပါ။

တချို့ပြည်နယ်တွေမှာ စီးပွါးရေးလုပ်ငန်းတွေနဲ့ လူအများလည်ပတ်တဲ့ နေရာတွေကို ပြန်ဖွင့်ပေးတာ အချိန်စောလွန်းတယ်လို့ အမေရိကန် ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။ ရောဂါထိန်းချုပ်ရေး ရှင်းလင်းတိကျတဲ့ လမ်းညွှန်ချက်တွေ နဲ့ အမိန့်တွေကို ဗဟို အစိုးရက ပြဌာန်းပေးတာမရှိတဲ့ အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရောဂါထိန်းချုပ်ရေး ဒေသဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်တွေကိုသာ ထုတ်ပြန်နေရတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် တပြည်နယ်နဲ့ တပြည်နယ်ကြား ခရီးသွားလာရေးနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းတွေအပါအဝင် စည်းကမ်း၊ လမ်းညွှန်ချက်တွေ ကွဲပြားနေရတာလည်း ဖြစ်ပါတယ်။

COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ နိုင်ငံတွေထဲ သြစတြေးလျနိုင်ငံ တောင်ပိုင်း Victoria ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ရက်ထဲ ကူးစက်သူ ၇၂၀ ကျော်၊ သေဆုံးသူ ၁၃ ယောက်နဲ့ တရက်တွင်း ကူးစက်မှု အများဆုံးစံချိန်တင်ခဲ့ပါတယ်။ ပြည်နယ်တွင်း ကူးစက်သူ စုစုပေါင်း ၉၉၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၅ ယောက် ရှိပြီး သြစတြေးလျ တနိုင်ငံလုံးမှာက ကူးစက်သူ ၁၆၂၀၀ ကျော်နဲ့ သေဆုံးသူက ၁၈၉ ယောက်ရှိပါတယ်။

အခုလို ကမ္ဘာနဲ့အဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေပိုတိုးလာတဲ့ အတွက် သုတေသန ပညာရှင်တွေက အလားအလာရှိတဲ့ ကာကွယ် ဆေး စမ်းသပ်မှုတွေကို အပြိုင်အဆိုင် စမ်းသပ်နေကြတာပါ။ သတ်မှတ်စံနှုန်းတဲ့ ကိုက်ညီတဲ့ ကာကွယ်ဆေးတွေ့ခဲ့မယ်ဆိုရင် သီတင်းပတ် များများ အချိန်မယူပဲ အရေးပေါ်စမ်းသပ် သုံးစွဲခွင့် ပြုသွားမယ်လို့လည်း အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDA က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်


....................



(Unicode)






XS
SM
MD
LG