သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္မွာ တရက္အတြင္း ကုိဗစ္ကူးစက္သူ အေရအတြက္ စံခ်ိန္တင္


(Zawgyi/Unicode)

ဂ်ပန္နိုင္ငံမွာ မေန႔ ဗုဒၶဟူးေန႔တရက္တည္း COVID-19 ကူးစက္သူ လူနာသစ္ ၁၀၀၀ ေက်ာ္ရွိတဲ့အတြက္ ဒါဟာ ကပ္ေရာဂါစျဖစ္ ကတည္းကစလို႔ ကူးစက္မႈ စံခ်ိန္တင္ သြားတာျဖစ္ပါတယ္။

မေန႔က တရက္တည္းမွာ ကူးစက္သူ ၁၂၀၀ ေက်ာ္ရွိတယ္လို႔ ဂ်ပန္ NHK သတင္းက ေဖာ္ျပခဲ့တာပါ။ ကူးစက္မႈ ျမင့္တက္လာတာေၾကာင့္ တစ္ခ်ိဳ႕ နယ္ေျမေဒသေတြမွာ သီးျခားေစာင့္ၾကည့္ဖို႔ေနရာေတြ အလုံ အေလာက္မရွိေတာ့ဘူးလို႔ဂ်ပန္အစိုးရအဖြဲ႕ အတြင္း ဝန္ခ်ဳပ္ Yoshihide Suga ကေျပာပါတယ္။

“ေရာဂါလကၡဏာသိပ္မျပင္းထန္တဲ့ အတည္ျပဳလူနာေတြကို သီးျခားေစာင့္ၾကည့္ဖို႔ ထားတဲ့ေနရာ အလုံ အေလာက္မရွိတဲ့ ေနရာေတြ မွာ လူနာေတြကိုအတတ္နိုင္ဆုံး လုံလုံျခဳံျခဳံထားရွိဖို႔ ေဒသဆိုင္ရာ အစိုးရေတြကို ေျပာထားတယ္” လို႔ အတြင္းဝန္ခ်ဳပ္ Suga က မေန႔ အေစာပိုင္းတုန္းက တိုက်ိဳၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ သတင္း စာရွင္းလင္းပြဲ မွာေျပာပါတယ္။

အစိုးရအေနနဲ႔အကူအညီ လိုအပ္ေနတဲ့နယ္ေျမေဒသေတြကိုကူညီဖို႔ျပင္ဆင္ထားေၾကာင္းနဲ႔ လူခ်င္းခပ္ခြာခြာေနရတဲ့စည္းကမ္း social distancing မလိုက္နာဘဲ ေတြ႕ဆုံခဲ့ၾကတဲ့ လူ တစ္စုေၾကာင့္ ေရာဂါကူးစက္မႈေတြ ပိုမ်ားလာရတာလို႔ လည္း Suga က ျပစ္တင္ေျပာဆို ခဲ့ပါတယ္။

နိုင္ငံ အေနာက္ပိုင္း Osaka မွာ မေန႔က ကူးစက္သူ ၂၂၁ ေယာက္ရွိတဲ့အတြက္ ပထမဆုံးအႀကိမ္ ကူးစက္သူ ၂၀၀ အထက္ကို ေရာက္ခဲ့ ပါတယ္။ နိုင္ငံ့အလယ္ပိုင္း Aichi နယ္ေျမေဒသမွာ မေန႔က ကူးစက္သူ ၁၆၇ေယာက္ရွိပါတယ္။ ေတာင္ပိုင္း Okinawa ကၽြန္းမွာလည္း ကူးစက္မႈ စံခ်ိန္တင္ခဲ့ပါတယ္။ ဂ်ပန္နိုင္ငံက နယ္ေျမေဒသ ၄၇ ခုထဲ၊ အေစာပိုင္းတုန္းက ေရာဂါကူးစက္မႈ မရွိတဲ့ Iwate ျပည္နယ္မွာ လည္း မေန႔တုန္းက ပိုးေတြ႕လူနာ ၂ ေယာက္ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ဂျပန်မှာ တရက်အတွင်း ကိုဗစ်ကူးစက်သူအရေအတွက် စံချိန်တင်

(Unicode)

ဂျပန်နိုင်ငံမှာ မနေ့ ဗုဒ္ဓဟူးနေ့တရက်တည်း COVID-19 ကူးစက်သူ လူနာသစ် ၁၀၀၀ ကျော်ရှိတဲ့အတွက် ဒါဟာ ကပ်ရောဂါစဖြစ် ကတည်းကစလို့ ကူးစက်မှု စံချိန်တင် သွားတာဖြစ်ပါတယ်။

မနေ့က တရက်တည်းမှာ ကူးစက်သူ ၁၂၀၀ ကျော်ရှိတယ်လို့ ဂျပန် NHK သတင်းက ဖော်ပြခဲ့တာပါ။ ကူးစက်မှု မြင့်တက်လာတာကြောင့် တစ်ချို့ နယ်မြေဒေသတွေမှာ သီးခြားစောင့်ကြည့်ဖို့နေရာတွေ အလုံ အလောက်မရှိတော့ဘူးလို့ဂျပန်အစိုးရအဖွဲ့ အတွင်း ဝန်ချုပ် Yoshihide Sugaကပြောပါတယ်။

“ရောဂါလက္ခဏာသိပ်မပြင်းထန်တဲ့ အတည်ပြုလူနာတွေကို သီးခြားစောင့်ကြည့်ဖို့ ထားတဲ့နေရာ အလုံ အလောက်မရှိတဲ့ နေရာတွေ မှာ လူနာတွေကိုအတတ်နိုင်ဆုံး လုံလုံခြုံခြုံထားရှိဖို့ ဒေသဆိုင်ရာ အစိုးရတွေကို ပြောထားတယ်” လို့ အတွင်းဝန်ချုပ် Suga က မနေ့ အစောပိုင်းတုန်းက တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်း စာရှင်းလင်းပွဲ မှာပြောပါတယ်။

အစိုးရအနေနဲ့အကူအညီ လိုအပ်နေတဲ့နယ်မြေဒေသတွေကိုကူညီဖို့ပြင်ဆင်ထားကြောင်းနဲ့ လူချင်းခပ်ခွာခွာနေရတဲ့စည်းကမ်း social distancing မလိုက်နာဘဲ တွေ့ဆုံခဲ့ကြတဲ့ လူ တစ်စုကြောင့် ရောဂါကူးစက်မှုတွေ ပိုများလာရတာလို့ လည်း Suga က ပြစ်တင်ပြောဆို ခဲ့ပါတယ်။

နိုင်ငံ အနောက်ပိုင်း Osaka မှာ မနေ့က ကူးစက်သူ ၂၂၁ ယောက်ရှိတဲ့အတွက် ပထမဆုံးအကြိမ် ကူးစက်သူ ၂၀၀ အထက်ကို ရောက်ခဲ့ ပါတယ်။ နိုင်ငံ့အလယ်ပိုင်း Aichi နယ်မြေဒေသမှာ မနေ့က ကူးစက်သူ ၁၆၇ယောက်ရှိပါတယ်။ တောင်ပိုင်း Okinawa ကျွန်းမှာလည်း ကူးစက်မှု စံချိန်တင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက နယ်မြေဒေသ ၄၇ ခုထဲ၊ အစောပိုင်းတုန်းက ရောဂါကူးစက်မှု မရှိတဲ့ Iwate ပြည်နယ်မှာ လည်း မနေ့တုန်းက ပိုးတွေ့လူနာ ၂ ယောက် ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG