သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတဝန္း ကိုဗစ္ကူးစက္သူ ၁၇ သန္းေက်ာ္သြားၿပီ


ဂ်ာမနီႏိုင္ငံ Bergen ၿမိဳ႕မွာ COVID 19 ေရာဂါရွိ၊ မရွိ စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻတ၀န္း COVID-19 ေရာဂါကူးစက္ခံရသူဦးေရ ၁၇ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၆၇၀,၀၀၀ နီးပါးရွိသြားၿပီျဖစ္ပါတယ္။ အဲဒီထဲမွာ အေမရိကန္ျပည္ေထာင္စုကေတာ့ ေရာဂါကူးစက္သူနဲ႔ ေသဆုံးသူ အမ်ားဆံုး ရွိေနၿပီး ကူးစက္သူ စုစုေပါင္း ၄.၄ သန္း ေက်ာ္သြားၿပီျဖစ္ပါတယ္။ ဒါ့အျပင္ အေမရိကန္မွာ ေသဆုံးသူအေရအတြက္ဟာ ၁၅၀,၀၀၀ ေက်ာ္သြားၿပီလို႔ Johns Hopkins တကၠသိုလ္က မေန႔က ေဖာ္ျပပါတယ္။

California, Florida နဲ႔ Texas လို တခ်ိဳ႕ျပည္နယ္ေတြမွာေတာ့ ေသဆုံးမႈေတြဟာ အပတ္စဥ္ ဒါမွမဟုတ္ ေန႔စဥ္ စံခ်ိန္တင္ တိုးေနတာျဖစ္ပါတယ္။ ကယ္လီဖိိုးနီးယားျပည္နယ္မွာေတာ့ မေန႔ ဗုဒၶဟူးေန႔က ဗုိင္းရပ္စ္ေၾကာင့္ေသဆုံးသူ ၁၉၇ ေယာက္ရွိခဲ့ၿပီး ဒါဟာ ၿပီးခဲ့တဲ့ တပတ္က ၁၅၉ ေယာက္ စံခ်ိန္ထက္ ေက်ာ္လြန္ခဲ့တာျဖစ္တယ္လို႔ ျပည္နယ္က်န္းမာေရးတာ၀န္ရွိသူေတြက ေျပာပါတယ္။ ဖေလာ္ရီဒါျပည္နယ္မွာေတာ့ ေသဆုံးသူ ၂၁၆ ေယာက္ရွိၿပီး တကၠဆက္ျပည္နယ္မွာေတာ့ ၃၁၃ ေယာက္ထက္ မနည္းေသဆုံးခဲ့ပါတယ္။

ျပည္နယ္အေတာ္မ်ားမ်ားဟာ စီးပြားေရးလုပ္ငန္းေတြ၊ အမ်ားျပည္သူ စိတ္၀င္စားမယ့္ ေနရာေတြကို အခ်ိန္မတုိင္ခင္ ျပန္ဖြင့္ခဲ့ၾကတယ္လို႔ က်န္းမာေရးဆုိင္ရာ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။ ဒါ့အျပင္ ဗဟိုအစိုးရအဆင့္ကေန ရွင္းလင္းျပတ္သားတဲ့ လမ္းညႊန္ခ်က္ေတြနဲ႔ အေရးယူမႈေတြ မရွိတာေၾကာင့္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြဟာ သူတုိ႔ဘာသာသူတုိ႔ အမ်ားျပည္သူအတြက္ က်န္းမာေရးဆုိင္ရာ လမ္းညႊန္ခ်က္ေတြကို ထုတ္ခဲ့ရၿပီး ျပည္နယ္တခုနဲတခု ညႊန္ၾကားခ်က္ေတြ ကန္႔သတ္ခ်က္ေတြ မတူဘဲျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ ကမာၻတဝန္းက တျခားနုိင္ငံေတြမွာလည္း ေရာဂါကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ သုေတသီေတြက ကာကြယ္ေဆးထုတ္ႏုိင္ဖို႔ အပူတျပင္း လုပ္ေဆာင္ေနၾကပါတယ္။

အေမရိကန္မွာ သတ္မွတ္ထားတဲ့ စံခ်ိန္စံၫႊန္းေတြနဲ႔ ျပည့္မီတယ္ဆုိရင္ ေရာဂါကာကြယ္ဖို႔အတြက္ စမ္းသပ္အသုံးျပဳမယ့္ေဆး၀ါးေတြကို အေရးေပၚအသုံးျပဳဖို႔ ခြင့္ျပဳသြားမွာျဖစ္တယ္လို႔ အေမရိကန္ အစားအစာနဲ႔ ေဆး၀ါကြပ္ကဲေရးဌာနက ဗုဒၶဟူးေန႔က ေၾကျငာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ ၁၇ သန်းကျော်သွားပြီ

ကမ္ဘာတဝန်း COVID-19 ရောဂါကူးစက်ခံရသူဦးရေ ၁၇ သန်းကျော်နဲ့ သေဆုံးသူ ၆၇၀,၀၀၀ နီးပါးရှိသွားပြီဖြစ်ပါတယ်။ အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုကတော့ ရောဂါကူးစက်သူနဲ့ သေဆုံးသူ အများဆုံး ရှိနေပြီး ကူးစက်သူ စုစုပေါင်း ၄.၄ သန်း ကျော်သွားပြီဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်မှာ သေဆုံးသူအရေအတွက်ဟာ ၁၅၀,၀၀၀ ကျော်သွားပြီလို့ Johns Hopkins တက္ကသိုလ်က မနေ့က ဖော်ပြပါတယ်။

California, Florida နဲ့ Texas လို တချို့ပြည်နယ်တွေမှာတော့ သေဆုံးမှုတွေဟာ အပတ်စဉ် ဒါမှမဟုတ် နေ့စဉ် စံချိန်တင် တိုးနေတာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ မနေ့ ဗုဒ္ဓဟူးနေ့က ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁၉၇ ယောက်ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ တပတ်က ၁၅၉ ယောက် စံချိန်ထက် ကျော်လွန်ခဲ့တာဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဖလော်ရီဒါပြည်နယ်မှာတော့ သေဆုံးသူ ၂၁၆ ယောက်ရှိပြီး တက္ကဆက်ပြည်နယ်မှာတော့ ၃၁၃ ယောက်ထက် မနည်းသေဆုံးခဲ့ပါတယ်။

ပြည်နယ်အတော်များများဟာ စီးပွားရေးလုပ်ငန်းတွေ၊ အများပြည်သူ စိတ်ဝင်စားမယ့် နေရာတွေကို အချိန်မတိုင်ခင် ပြန်ဖွင့်ခဲ့ကြတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါ့အပြင် ဗဟိုအစိုးရအဆင့်ကနေ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေနဲ့ အရေးယူမှုတွေ မရှိတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ သူတို့ဘာသာသူတို့ အများပြည်သူအတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို ထုတ်ခဲ့ရပြီး ပြည်နယ်တခုနဲတခု ညွှန်ကြားချက်တွေ ကန့်သတ်ချက်တွေ မတူဘဲဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာတဝန်းက တခြားနိုင်ငံတွေမှာလည်း ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် သုတေသီတွေက ကာကွယ်ဆေးထုတ်နိုင်ဖို့ အပူတပြင်း လုပ်ဆောင်နေကြပါတယ်။

အမေရိကန်မှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ပြည့်မီတယ်ဆိုရင် ရောဂါကာကွယ်ဖို့အတွက် စမ်းသပ်အသုံးပြုမယ့်ဆေးဝါးတွေကို အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုသွားမှာဖြစ်တယ်လို့ အမေရိကန် အစားအစာနဲ့ ဆေးဝါကွပ်ကဲရေးဌာနက ဗုဒ္ဓဟူးနေ့က ကြေငြာထားပါတယ်။

XS
SM
MD
LG