သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်မှာ COVID-19 နောက်တကျော့ ပြန်ကူးစက်နေ


ဗီယက်နမ်နိုင်ငံ Hanoi မြို့မှာ ဆောက်လုပ်ရေးအလုပ်သမားတွေကို ပိုးသတ်ဆေးဖြန်းပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (ဇူလိုင် ၂၉၊ ၂၀၂၀)
ဗီယက်နမ်နိုင်ငံ Hanoi မြို့မှာ ဆောက်လုပ်ရေးအလုပ်သမားတွေကို ပိုးသတ်ဆေးဖြန်းပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (ဇူလိုင် ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ဗီယက်နမ်နိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ် ကိုး ဦးတွေ့ရှိခဲ့တာကြောင့် ဒါဟာ ၃ လအကြာမှာ ပထဆုံးအကြိမ် ရောဂါပိုး ပြန်ကူးစက်လာတာဖြစ်ပြီး ကူးစက်မှုတွေ ဘယ်လိုပြန်ဖြစ်လာသလဲဆိုတာ ခြေရာမခံနိုင်သေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

နောက်ထပ်ကူးစက်သူတွေထဲက ရှစ် ယောက်က Danang မြို့ကဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကတော့ ဟနွိုင်းမြို့ကဖြစ်တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ တခြားမြို့ တွေ နဲ့ ခရိုင် ၅ ခုကိုလည်း ပျံ့နှံခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ ကူးစက်ခံရသူ ၄၃ ယောက်ရှိသွားပြီဖြစ်ပါတယ်။

Dak Lak ခရိုင်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာနေဖို့၊ မဖြစ်မနေဖွင့်ဖို့မလိုတဲ့ လုပ်ငန်းတွေကို မဖွင့်ဖို့နဲ့ လူ ၂၀ ထက်ကျော်ပြီး မစုဝေးကြဖို့ အမိန့်ထုတ်လိုက်သလို Da Nang မြို့နားက ခရိုင်တွေမှာလည်း ကမ်းခြေတွေကို ပိတ်လိုက်ပြီး စီးပွားရေးလုပ်ငန်းတွေကို ကန့်သတ်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀,၀၀၀ ကျော်ရှိတယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။ ဒါဟာ အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ တရက်တည်း ၅၀,၀၀၀ ကျော်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁,၅၈၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

သေဆုံးသူ နောက်ထပ် ၇၇၅ ယောက်ရှိတာကြောင့် အခုဆိုရင် တနိုင်ငံလုံးမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၅,၀၀၀ နီးပါး ရှိသွားပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် ရောဂါသက်သာပျောက်ကင်းလာသူ ၁,၀၀၀,၀၀၀ ကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၄.၄ ရာခိုင်နှုန်း ရှိတာကြောင့် ရောဂါပျောက်ကင်းလာသူလည်း တိုးလာနေတယ်လို့ ပြောပါတယ်။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံပြီးရင် ဗိုင်းရပ်စ်ကူးစက်မှု တတိယအများဆုံး ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၅ ယောက်တွေ့ရှိခဲ့ပြီး ၉၆ ယောက်က နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဖြစ်ပါတယ်။ သုံး ယောက်က Liaoning ပြည်နယ်ကဖြစ်ပြီး တစ်ယောက်ကတော့ ဘေဂျင်းကဖြစ်ပါတယ်။ ကျန်တဲ့ သုံး ယောက်ကတော့ ပြည်ပက ပြန်လာသူတွေဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG