သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွာေခါင္းစည္းမတပ္လုိတဲ့ ကန္ ေအာက္လႊတ္ေတာ္အမတ္ ကုိဗစ္ကူးစက္ခံရ


ရီပါပလင္ကန္ ေအာက္လႊတ္ေတာ္အမတ္ Louie Gohmert

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု တကၠဆက္ျပည္နယ္ ရီပါပလင္ကန္ ေအာက္လႊတ္ေတာ္အမတ္ Louie Gohmert က သူ႔မွာ ေရာဂါလကၡဏာမျပပဲ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေနရေၾကာင္း ေျပာၾကားခဲ့ပါတယ္။ သူ႔ကို လႊတ္ေတာ္မွာ မၾကာေသးခင္ကပဲ ႏွာေခါင္းစည္းတပ္မထားတာကို ေတြ႕ျမင္ခဲ့ၾကရတာပါ။ အဂၤါေန႔က ေအာက္လႊတ္ေတာ္ တရားစီရင္ေရးေကာ္မတီမွာျပဳလုပ္တဲ့ ေရွ႕ေနခ်ဳပ္ ဝီလ်ံဘားရဲ႕ ၾကားနားပြဲကို တက္ေရာက္လာခ်ိန္မွာလည္းGohmert ဟာ ႏွာေခါင္းစည္း တပ္ဆင္ထားျခင္းမရွိခဲ့ပါဘူး။

Gohmert ဟာ သမၼတ Donald Trump နဲ႔ အတူ သူ႔ရဲ႕ျပည္နယ္ တကၠဆက္ကို သြားဖို႔ အစီအစဥ္ရွိေနတာေၾကာင့္ အိမ္ျဖဴေတာ္မွာ ဗုဒၶဟူးေန႔က စစ္ခဲ့ရာကေန သူ႔မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ေနတာ ေတြ႕ခဲ့ရတယ္လို႔Gohmertက သူ႔ရဲ႕ ဗီြဒီယိုထဲမွာ ေျပာထားပါတယ္။ ဒါေပမယ္ သူဟာ သမၼတနဲ႔ အတူ ခရီးသြားခဲ့ျခင္းမရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ လက CNN နဲ႔ေတြ႕ဆုံေမးျမန္းခန္းမွာေတာ့ သူဟာ ပုံမွန္စစ္ေဆးမႈ ခံယူေနတဲ့အတြက္ ႏွာေခါင္းစည္းကို တခါတရံ တပ္ဆင္ျခင္းမရွိဘူးလို႔ Gohmert ကေျပာခဲ့တာပါ။ ဒါေပမယ္လို႔ ၿပီးခဲ့တဲ့ သီတင္းတပတ္ ႏွစ္ပတ္အတြင္း သူဟာ ႏွာေခါင္းစည္းကို အႀကိမ္ေတာ္ေတာ္မ်ားမ်ား တပ္ခဲ့တယ္လို႔ ဗြီဒီယိုထဲမွာ Gohmert ကေျပာပါတယ္။ ဒါဟာဆိုရင္ လြန္ခဲ့တဲ့ ေလးလအတြင္း ႏွာေခါင္းစည္းတပ္တဲ့ အႀကိမ္အမ်ားဆုံးလို႔လည္း ဆိုပါတယ္။ အခုေတာ့ အျခားသူေတြကို မကူးေအာင္ သူ႔အေနနဲ႔ အထူးဂ႐ုစိုက္မယ္လို႔လည္း ေအာက္လႊတ္ေတာ္အမတ္က ေျပာပါတယ္။

အခုလို အသက္ ၆၆ႏွစ္အ႐ြယ္ Louie Gohmert အပါအဝင္ အျခား ရီပါပလင္ကန္လႊတ္ေတာ္အမတ္ေတြ ႏွာေခါင္းစည္းေတြ မတပ္ၾကတာနဲ႔ ပတ္သက္လို႔ ေအာက္လႊတ္ေတာ္တရားစီရင္ေရး ေကာ္မတီဥကၠ႒ Jerrold Nadler က ေဝဖန္ရႈတ္ခ်ထားေပမယ့္လည္း Gohmert အေနနဲ႔ အျမန္ဆုံးသက္သာလာဖို႔ ဆုေတာင္းေၾကာင္း သူ႔ရဲ႕ ေဖ့စ္ဘုတ္ခ္မွာ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

နှာခေါင်းစည်းမတပ်လိုတဲ့ ကန် အောက်လွှတ်တော်အမတ် ကိုဗစ်ကူးစက်ခံရ

(Unicode)

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ရီပါပလင်ကန် အောက်လွှတ်တော်အမတ်Louie Gohmert က သူ့မှာ ရောဂါလက္ခဏာမပြပဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေရကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ကို လွှတ်တော်မှာ မကြာသေးခင်ကပဲ နှာခေါင်းစည်းတပ်မထားတာကို တွေ့မြင်ခဲ့ကြရတာပါ။ အင်္ဂါနေ့က အောက်လွှတ်တော် တရားစီရင်ရေးကော်မတီမှာပြုလုပ်တဲ့ ရှေ့နေချုပ် ဝီလျံဘားရဲ့ ကြားနားပွဲကို တက်ရောက်လာချိန်မှာလည်းGohmert ဟာ နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိခဲ့ပါဘူး။

Gohmert ဟာ သမ္မတ Donald Trump နဲ့ အတူ သူ့ရဲ့ပြည်နယ် တက္ကဆက်ကို သွားဖို့ အစီအစဉ်ရှိနေတာကြောင့် အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က စစ်ခဲ့ရာကနေ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေတာ တွေ့ခဲ့ရတယ်လို့Gohmertက သူ့ရဲ့ ဗွီဒီယိုထဲမှာ ပြောထားပါတယ်။ ဒါပေမယ် သူဟာ သမ္မတနဲ့ အတူ ခရီးသွားခဲ့ခြင်းမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ လက CNN နဲ့တွေ့ဆုံမေးမြန်းခန်းမှာတော့ သူဟာ ပုံမှန်စစ်ဆေးမှု ခံယူနေတဲ့အတွက် နှာခေါင်းစည်းကို တခါတရံ တပ်ဆင်ခြင်းမရှိဘူးလို့ Gohmert ကပြောခဲ့တာပါ။ ဒါပေမယ်လို့ ပြီးခဲ့တဲ့ သီတင်းတပတ် နှစ်ပတ်အတွင်း သူဟာ နှာခေါင်းစည်းကို အကြိမ်တော်တော်များများ တပ်ခဲ့တယ်လို့ ဗွီဒီယိုထဲမှာ Gohmert ကပြောပါတယ်။ ဒါဟာဆိုရင် လွန်ခဲ့တဲ့ လေးလအတွင်း နှာခေါင်းစည်းတပ်တဲ့ အကြိမ်အများဆုံးလို့လည်း ဆိုပါတယ်။ အခုတော့ အခြားသူတွေကို မကူးအောင် သူ့အနေနဲ့ အထူးဂရုစိုက်မယ်လို့လည်း အောက်လွှတ်တော်အမတ်က ပြောပါတယ်။

အခုလို အသက် ၆၆နှစ်အရွယ် Louie Gohmert အပါအဝင် အခြား ရီပါပလင်ကန်လွှတ်တော်အမတ်တွေ နှာခေါင်းစည်းတွေ မတပ်ကြတာနဲ့ ပတ်သက်လို့ အောက်လွှတ်တော်တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ Jerrold Nadler က ဝေဖန်ရှုတ်ချထားပေမယ့်လည်း Gohmert အနေနဲ့ အမြန်ဆုံးသက်သာလာဖို့ ဆုတောင်းကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်ခ်မှာ ရေးသားထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG