သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတလႊား COVID ကူးစက္သူေပါင္း ၁၆ သန္းေက်ာ္ထိရွိလာ


(Zawgyi/Unicode)

ကမၻာတလႊား ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၆.၃ သန္းရွိၿပီး ေသဆံုးသူက ၆၅၀,၀၀၀ နီးပါး ရွိၿပီလို႔ Johns Hopkins တကၠသုိလ္ရဲ႕ မွတ္တမ္းေတြက ေဖာ္ျပပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ထပ္မေတြ႔ရေတာ့တဲ့အထိ အေစာပိုင္း ေအာင္ေအာင္ျမင္ျမင္ ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ ေနရာတခ်ိဳ႕မွာ ေရာဂါထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြ ျပန္လည္ ႐ုပ္သိမ္းခဲ့ျပီး ေနာက္ပိုင္း ကူးစက္မႈသစ္ေတြ ျပန္ေတြ႔လာေနရျပီး ဒီအထဲမွာ ဗီယက္နမ္၊ ၾသစေေၾတးလ် နဲ႔ ေဟာင္ေကာင္ကၽြန္းတို႔ ပါ ပါတယ္။

ဗီယက္နမ္ႏုိင္ငံ အပန္းေျဖကမ္းေျချမိဳ႕Danang မွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္သူတခ်ိဳ႕ေတြ႔ခဲ့ရျပီးတဲ့ေနာက္ ေဒသတြင္း အလည္အပတ္ခရီး ေရာက္ေနသူေတြကို ေနရာကေန ေျပာင္းေရႊ႕ ထြက္ခြာၾကဖို႔ အစိုးရက တနလၤာေန႔က ေၾကညာခဲ့ပါတယ္။ ျပည္တြင္းခရီးသြားေတြ အမ်ားစုပါ၀င္တဲ့ လူ ၈ ေသာင္းေလာက္ကို ေနရာကေန ေျပာင္းေရႊ႕ ေပးခဲ့တယ္လုိ႔ အစိုးရေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဗီယက္နမ္မွာ ကိုဗစ္-၁၉ကူးစက္မႈေတြေၾကာင့္ ျပည္ပခရီးသြားေတြ ၀င္ေရာက္မႈကိုေတာ့ ပိတ္ထားဆဲျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြကို ထိထိေရာက္ေရာက္ ကိုင္တြယ္ ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ႏုိင္ငံအျဖစ္ အသိအမွတ္ျပဳခံထားရတဲ့ ဗီယက္နမ္မွာ ျပီးခဲ့တဲ့ စေနေန႔က ေဒသတြင္း ကူးစက္မႈေတြ ပထမဆံုးအၾကိမ္ ျပန္ေတြ႔လာခဲ့တာျဖစ္ပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွာေတာ့ အေရွ႕ေတာင္ပိုင္းျပည္နယ္ Victoria မွာ တနလၤာေန႔ တရက္တည္းမွာတင္ ကူးစက္သူ ၅၃၂ ထပ္မံ ေတြ႔ရွိခဲ့တာေၾကာင့္ သီတင္း ၆ ပတ္ၾကာ အသြားအလာ ကန္႔သတ္မႈ ခ်မွတ္ထားတာကို အခ်ိန္ ထပ္တိုးေကာင္း တိုးမယ္လို႔ အစိုးရက သတိေပးထားပါတယ္။

အလားတူ အေစာပိုင္း ကူးစက္မႈေတြကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ႏုိင္ခဲ့တဲ့ ေဟာင္ေကာင္မွာလည္း ျပီးခဲ့တဲ့ သီတင္း ၂ ပတ္အတြင္း ကုိ႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၁ ေထာင္ေက်ာ္ ထပ္မံ ေတြ႔ခဲ့ရတာေၾကာင့္ အာဏာပိုင္ေတြက ေရာဂါထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြကို တနလၤာေန႔က ထုတ္ျပန္လိုက္ပါတယ္။

စားေသာက္ဆိုင္ေတြမွာ ထိုင္ျပီး စားေသာက္ခြင့္ ပိတ္ပင္လိုက္သလို၊ အရင္က လူ ၄ ေယာက္ အထက္ စုေ၀းခြင့္ မျပဳရ ကန္႔သတ္ခ်က္ကိုလည္း အခုေတာ့ ၂ ေယာက္ထက္ ပိုမစုဖို႔ ကန္႔သတ္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကမ္ဘာတလွှား COVID ကူးစက်သူပေါင်း ၁၆ သန်းကျော်ထိရှိလာ

(Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆.၃ သန်းရှိပြီး သေဆုံးသူက ၆၅၀,၀၀၀ နီးပါး ရှိပြီလို့ Johns Hopkins တက္ကသိုလ်ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ထပ်မတွေ့ရတော့တဲ့အထိ အစောပိုင်း အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့တဲ့ နေရာတချို့မှာ ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ပြန်လည် ရုပ်သိမ်းခဲ့ပြီး နောက်ပိုင်း ကူးစက်မှုသစ်တွေ ပြန်တွေ့လာနေရပြီး ဒီအထဲမှာ ဗီယက်နမ်၊ သြစေတြေးလျ နဲ့ ဟောင်ကောင်ကျွန်းတို့ ပါ ပါတယ်။

ဗီယက်နမ်နိုင်ငံ အပန်းဖြေကမ်းခြေမြို့Danang မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူတချို့တွေ့ခဲ့ရပြီးတဲ့နောက် ဒေသတွင်း အလည်အပတ်ခရီး ရောက်နေသူတွေကို နေရာကနေ ပြောင်းရွှေ့ ထွက်ခွာကြဖို့ အစိုးရက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ ပြည်တွင်းခရီးသွားတွေ အများစုပါဝင်တဲ့ လူ ၈ သောင်းလောက်ကို နေရာကနေ ပြောင်းရွှေ့ ပေးခဲ့တယ်လို့ အစိုးရကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဗီယက်နမ်မှာ ကိုဗစ်-၁၉ကူးစက်မှုတွေကြောင့် ပြည်ပခရီးသွားတွေ ဝင်ရောက်မှုကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ် ထိန်းချုပ်နိုင်ခဲ့တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဗီယက်နမ်မှာ ပြီးခဲ့တဲ့ စနေနေ့က ဒေသတွင်း ကူးစက်မှုတွေ ပထမဆုံးအကြိမ် ပြန်တွေ့လာခဲ့တာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာတော့ အရှေ့တောင်ပိုင်းပြည်နယ် Victoria မှာ တနင်္လာနေ့ တရက်တည်းမှာတင် ကူးစက်သူ ၅၃၂ ထပ်မံ တွေ့ရှိခဲ့တာကြောင့် သီတင်း ၆ ပတ်ကြာ အသွားအလာ ကန့်သတ်မှု ချမှတ်ထားတာကို အချိန် ထပ်တိုးကောင်း တိုးမယ်လို့ အစိုးရက သတိပေးထားပါတယ်။

အလားတူ အစောပိုင်း ကူးစက်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့တဲ့ ဟောင်ကောင်မှာလည်း ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁ ထောင်ကျော် ထပ်မံ တွေ့ခဲ့ရတာကြောင့် အာဏာပိုင်တွေက ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။

စားသောက်ဆိုင်တွေမှာ ထိုင်ပြီး စားသောက်ခွင့် ပိတ်ပင်လိုက်သလို၊ အရင်က လူ ၄ ယောက် အထက် စုဝေးခွင့် မပြုရ ကန့်သတ်ချက်ကိုလည်း အခုတော့ ၂ ယောက်ထက် ပိုမစုဖို့ ကန့်သတ်လိုက်ပါတယ်။

XS
SM
MD
LG