သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ုိနာဗိုင္းရပ္စ္အေရး ၿဗိတိန္နဲ႔ စပိန္ အေခ်အတင္


စပိန္ႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံလူနာကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဧၿပီ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ စပိန္ႏုိင္ငံက ၀င္လာသူအားလံုး ႏွစ္ပတ္ Quarantine သီးသန္႔ေနထိုင္ရမယ္လို႔ ၿဗိတိန္ႏုိင္ငံမွာ အမိန္႔ထုတ္ျပန္ထားတာကို တုံ႔ျပန္တဲ့အေနနဲ႔ စပိန္ႏိုင္ငံဟာ ကမၻာလွည့္ခရီးသြားေတြအတြက္ လံုၿခံဳမႈရွိေနပါတယ္လို႔ စပိန္ႏိုင္ငံျခားေရး၀န္ႀကီးက ေျပာၾကားခဲ့ပါတယ္။

စပိန္ျပည္သူေတြအတြက္သာမက စပိန္ကိုလာတဲ့ ကမၻာလွည့္ခရီးသြားေတြ အတြက္ပါ လံုၿခံဳမႈရွိေၾကာင္း ႏိုင္ငံျခားေရး၀န္ႀကီး Arancha Gonzalez Laya က သတင္းေထာက္ေတြကို ေျပာပါတယ္။

စပိန္နဲ႔ပတ္သက္လို႔ ၿဗိတိန္ရဲ႕ ကန္႔သတ္ခ်က္ထဲမွာ လူႀကိဳက္မ်ားတဲ့ Balearic နဲ႔ Canary ကြ်န္းေတြ ထည့္သြင္းမထားဖို႔ သူ႔အေနနဲ႔ ၿဗိတိန္အစိုးရကို ဆဲြေဆာင္ေျပာၾကားမွာ ျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။ အဲဒီႏွစ္ေနရာလံုးမွာ ၿဗိတိန္ႏိုင္ငံထက္ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈ နည္းပါးတယ္လို႔ သူကေျပာပါတယ္။

လြန္ခဲ့တဲ့တႏွစ္က စပိန္ႏိုင္ငံကိုလာတဲ့ ႏိုင္ငံျခား ခရီးသြားေတြထဲမွာ ၿဗိတိန္ႏိုင္ငံသားက ငါးပံုတပံု ရွိခဲ့တာပါ။ ဒါေၾကာင့္ အခုလို ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ အားလံုးပိတ္ထားတာကေန ျပန္ဖြင့္ၿပီး စီးပြားေရး နာလန္ထူဖို႔ ႀကိဳးစားေနတဲ့ စပိန္ႏိုင္ငံအတြက္ ၿဗိတိန္ရဲ႕ ကန္႔သတ္ခ်က္ဟာ အထိနာေစတာပါ။

စပိန္မွာ COVID-19 ျဖစ္ပြားမႈႏႈန္း ျပန္ျမင့္တက္လာတဲ့အတြက္ အႏၱရာယ္ရွိတဲ့ ႏိုင္ငံအျဖစ္ သတ္မွတ္ၿပီး ကန္႔သတ္မႈေတြလုပ္ဖို႔ လုိအပ္တာေၾကာင့္ ျဖစ္တယ္လို႔ ၿဗိတိန္ႏိုင္ငံျခားေရး၀န္ႀကီး Dominic Raab က ေျပာပါတယ္။

ဒီအေတာအတြင္း ေျမာက္ကိုရီးယားမွာ ပထမဆံုး သံသယရွိတဲ့ COVID-19 ကူးစက္မႈကို ေတြ႔ရွိခဲ့ေၾကာင္း အာဏာပိုင္ေတြက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈ မရွိဘူးလို႔ လေပါင္းမ်ားစြာ ေျမာက္ကိုရီးယား အစိုးရက ျငင္းပယ္ေနခဲ့ၿပီးေနာက္ အခုလို ပထမဆံုးအႀကိမ္ ထုတ္ေဖာ္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ကူးစက္မႈရွိေၾကာင္း သံသယျဖစ္ခံထားရတဲ့လူကို ပထမဆံုး ေရာဂါကူးစက္လာသူ အျဖစ္ သတ္မွတ္ၿပီး အထူးသီးသန္႔ထား ၾကပ္ၾကပ္မတ္မတ္ ေစာင့္ၾကည့္ေနတယ္လို႔ ေျမာက္ကိုရီးယား အစိုးရပိုင္ KCNA သတင္းဌာနက ေျပာပါတယ္။ ဒါ့အျပင္ Kaesong ၿမိဳ႕မွာ လြန္ခဲ့တဲ့ ငါးရက္အတြင္း အဲဒီလူနဲ႔ ဆက္သြယ္ထိေတြ႔ခဲ့သူ အားလံုးကို က်န္းမာေရးအရ အေသးစိတ္ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနၿပီး သီးသန္႔ထားရွိတယ္လို႔ ဆိုပါတယ္။

ကမၻာမွာ ကူးစက္မႈအမ်ားဆံုးႏိုင္ငံ စာရင္းေတြထဲ ငါးခုေျမာက္မွာ ရွိေနတဲ့ ေတာင္အာဖရိကႏိုင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈေပါင္း ၄၃၄,၀၀၀ ေက်ာ္ရွိေနၿပီး ကူးစက္မႈအသစ္ ၁၂,၀၀၀ ေက်ာ္ထိရွိခဲ့ေၾကာင္း တနဂၤေႏြေန႔က သတင္းထုတ္ျပန္ထားပါတယ္။

အမ်ားဆံုးႏိုင္ငံျဖစ္တဲ့ အေမရိကန္မွာေတာ့ ကူးစက္မႈေပါင္း ၄.၁ သန္းရွိၿပီး ဘရာဇီးက ၂.၃ သန္း၊ အိႏၵိယ ၁.၃ သန္းနဲ႔ ႐ုရွားမွာ ၈၀၀,၀၀၀ ေက်ာ္ထိ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်အရေး ဗြိတိန်နဲ့ စပိန် အချေအတင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စပိန်နိုင်ငံက ဝင်လာသူအားလုံး နှစ်ပတ် Quarantine သီးသန့်နေထိုင်ရမယ်လို့ ဗြိတိန်နိုင်ငံမှာ အမိန့်ထုတ်ပြန်ထားတာကို တုံ့ပြန်တဲ့အနေနဲ့ စပိန်နိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် လုံခြုံမှုရှိနေပါတယ်လို့ စပိန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

စပိန်ပြည်သူတွေအတွက်သာမက စပိန်ကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အတွက်ပါ လုံခြုံမှုရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး Arancha Gonzalez Laya က သတင်းထောက်တွေကို ပြောပါတယ်။

စပိန်နဲ့ပတ်သက်လို့ ဗြိတိန်ရဲ့ ကန့်သတ်ချက်ထဲမှာ လူကြိုက်များတဲ့ Balearic နဲ့ Canary ကျွန်းတွေ ထည့်သွင်းမထားဖို့ သူ့အနေနဲ့ ဗြိတိန်အစိုးရကို ဆွဲဆောင်ပြောကြားမှာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ အဲဒီနှစ်နေရာလုံးမှာ ဗြိတိန်နိုင်ငံထက် ဗိုင်းရပ်စ်ပျံ့နှံ့မှု နည်းပါးတယ်လို့ သူကပြောပါတယ်။

လွန်ခဲ့တဲ့တနှစ်က စပိန်နိုင်ငံကိုလာတဲ့ နိုင်ငံခြား ခရီးသွားတွေထဲမှာ ဗြိတိန်နိုင်ငံသားက ငါးပုံတပုံ ရှိခဲ့တာပါ။ ဒါကြောင့် အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားလုံးပိတ်ထားတာကနေ ပြန်ဖွင့်ပြီး စီးပွားရေး နာလန်ထူဖို့ ကြိုးစားနေတဲ့ စပိန်နိုင်ငံအတွက် ဗြိတိန်ရဲ့ ကန့်သတ်ချက်ဟာ အထိနာစေတာပါ။

စပိန်မှာ COVID-19 ဖြစ်ပွားမှုနှုန်း ပြန်မြင့်တက်လာတဲ့အတွက် အန္တရာယ်ရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ပြီး ကန့်သတ်မှုတွေလုပ်ဖို့ လိုအပ်တာကြောင့် ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ပြောပါတယ်။

ဒီအတောအတွင်း မြောက်ကိုရီးယားမှာ ပထမဆုံး သံသယရှိတဲ့ COVID-19 ကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု မရှိဘူးလို့ လပေါင်းများစွာ မြောက်ကိုရီးယား အစိုးရက ငြင်းပယ်နေခဲ့ပြီးနောက် အခုလို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကူးစက်မှုရှိကြောင်း သံသယဖြစ်ခံထားရတဲ့လူကို ပထမဆုံး ရောဂါကူးစက်လာသူ အဖြစ် သတ်မှတ်ပြီး အထူးသီးသန့်ထား ကြပ်ကြပ်မတ်မတ် စောင့်ကြည့်နေတယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ပြောပါတယ်။ ဒါ့အပြင် Kaesong မြို့မှာ လွန်ခဲ့တဲ့ ငါးရက်အတွင်း အဲဒီလူနဲ့ ဆက်သွယ်ထိတွေ့ခဲ့သူ အားလုံးကို ကျန်းမာရေးအရ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး သီးသန့်ထားရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ ကူးစက်မှုအများဆုံးနိုင်ငံ စာရင်းတွေထဲ ငါးခုမြောက်မှာ ရှိနေတဲ့ တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၄၃၄,၀၀၀ ကျော်ရှိနေပြီး ကူးစက်မှုအသစ် ၁၂,၀၀၀ ကျော်ထိရှိခဲ့ကြောင်း တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ထားပါတယ်။

အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာတော့ ကူးစက်မှုပေါင်း ၄.၁ သန်းရှိပြီး ဘရာဇီးက ၂.၃ သန်း၊ အိန္ဒိယ ၁.၃ သန်းနဲ့ ရုရှားမှာ ၈၀၀,၀၀၀ ကျော်ထိ ရှိနေပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG