(Zawgyi / Unicode)
ဗီယက္နမ္ႏုိင္ငံမွာ ရက္ေပါင္း ၁၀၀ အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ျပည္တြင္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္သူတဦး ေတြ႔ရွိခဲ့တယ္လို႔ ဗီယက္နမ္ အာဏာပိုင္ေတြက စေနေန႔က ေျပာပါတယ္။
အသက္ ၅၇ ႏွစ္အရြယ္ ဗီယက္နမ္အမ်ိဳးသား လူနာအမွတ္ ၄၁၆ ဟာ ႏုိင္ငံေတာင္ပိုင္း Danang ၿမိဳ႕ကျဖစ္ၿပီး ဧၿပီလ ၁၆ ရက္ေနာက္ပိုင္း ပထမဆုံး ျပည္တြင္းမွာ ေရာဂါပိုး ကူးစက္ခံရသူ ျဖစ္ပါတယ္။ သူနဲ႔ အနီးကပ္ ထိေတြ႔ခဲ့သူ ၁၀၅ ေယာက္ကို ေရာဂါပိုး စစ္ေဆးေပးခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။
ဗီယက္နမ္ႏုိင္ငံဟာ ေရာဂါကို အလွ်င္အျမန္ ထိန္းခ်ဳပ္ကိုင္တြယ္ႏုိင္ခဲ့တာေၾကာင့္ ခ်ီးက်ဴးခံရတဲ့ႏုိင္ငံ ျဖစ္ပါတယ္။ ႏုိင္ငံတြင္း ေရာဂါကူးစက္မႈမရွိတာ လနဲ႔ခ်ီေနၿပီးေနာက္မွာ အခု ဒီအမ်ိဳးသားမွာ ဘယ္လို ေရာဂါကူးစက္ခဲ့သလဲ ဆိုတာကိုေတာ့ တိတိက်က် မသိရေသးပါဘူး။
လြန္ခဲ့တဲ့ ရက္ပိုင္းေတြတုန္းက ေနမေကာင္းတဲ့ သူ႔အေမကို ေဆး႐ုံ လိုက္ပို႔တာေတာ့ ရွိတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ လူနာက အသက္႐ွဴရ ခက္ခဲတဲ့အတြက္ အသက္႐ွဴစက္ေပၚတင္ၿပီး ကုသေပးေနရေၾကာင္းလည္း က်န္းမာေရးဌာနက ေျပာပါတယ္။
ဗီယက္နမ္ႏုိင္ငံမွာ အသြားအလာေတြ ေျဖေလွ်ာ့ေပးလိုက္ၿပီး ေနာက္ပိုင္း Danang ၿမိဳ႕ ကမ္းေျခေတြနဲ႔ စားေသာက္ဆိုင္ေတြကို ျပည္တြင္းခရီးသြားေတြ အမ်ားအျပား လာေရာက္လည္ပတ္ေနၾကပါတယ္။
တ႐ုတ္နဲ႔ ရွည္လ်ားတဲ့ နယ္နိမိတ္ခ်င္း ထိစပ္ေနေပမယ့္လည္း အခုအခ်ိန္အထိ ဗီယက္နမ္မွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္သူ ၄၁၆ ေယာက္ပဲ ရွိပါတယ္။
---------------------------------
(Unicode)
ဗီယက်နမ်မှာ ရက် ၁၀၀ အတွင်း ပထမဆုံး COVID ကူးစက်သူတွေ့
ဗီယက်နမ်နိုင်ငံမှာ ရက်ပေါင်း ၁၀၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတဦး တွေ့ရှိခဲ့တယ်လို့ ဗီယက်နမ် အာဏာပိုင်တွေက စနေနေ့က ပြောပါတယ်။
အသက် ၅၇ နှစ်အရွယ် ဗီယက်နမ်အမျိုးသား လူနာအမှတ် ၄၁၆ ဟာ နိုင်ငံတောင်ပိုင်း Danang မြို့ကဖြစ်ပြီး ဧပြီလ ၁၆ ရက်နောက်ပိုင်း ပထမဆုံး ပြည်တွင်းမှာ ရောဂါပိုး ကူးစက်ခံရသူ ဖြစ်ပါတယ်။ သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူ ၁၀၅ ယောက်ကို ရောဂါပိုး စစ်ဆေးပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ရောဂါကို အလျှင်အမြန် ထိန်းချုပ်ကိုင်တွယ်နိုင်ခဲ့တာကြောင့် ချီးကျူးခံရတဲ့နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတွင်း ရောဂါကူးစက်မှုမရှိတာ လနဲ့ချီနေပြီးနောက်မှာ အခု ဒီအမျိုးသားမှာ ဘယ်လို ရောဂါကူးစက်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
လွန်ခဲ့တဲ့ ရက်ပိုင်းတွေတုန်းက နေမကောင်းတဲ့ သူ့အမေကို ဆေးရုံ လိုက်ပို့တာတော့ ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လူနာက အသက်ရှူရ ခက်ခဲတဲ့အတွက် အသက်ရှူစက်ပေါ်တင်ပြီး ကုသပေးနေရကြောင်းလည်း ကျန်းမာရေးဌာနက ပြောပါတယ်။
ဗီယက်နမ်နိုင်ငံမှာ အသွားအလာတွေ ဖြေလျှော့ပေးလိုက်ပြီး နောက်ပိုင်း Danang မြို့ ကမ်းခြေတွေနဲ့ စားသောက်ဆိုင်တွေကို ပြည်တွင်းခရီးသွားတွေ အများအပြား လာရောက်လည်ပတ်နေကြပါတယ်။
တရုတ်နဲ့ ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေပေမယ့်လည်း အခုအချိန်အထိ ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၄၁၆ ယောက်ပဲ ရှိပါတယ်။