(Zawgyi/Unicode)
ဗီယက္နမ္ႏုိင္ငံကုိ ေရာက္ေနတဲ့ ျမန္မာသေဘၤာသားတဦးမွာ ကုိဗစ္ ကူးစက္ေနေၾကာင္း ဗီယက္နမ္ အာဏာပုိင္ေတြက ေသာၾကာေန႔မွာ ေျပာၾကားလုိက္တာေၾကာင့္ ဗီယက္နမ္ရဲ႕ လူနာအမွတ္ ၄၁၃ ဦးေျမာက္ ျဖစ္လာခဲ့ပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္ အဲဒီသေဘၤာသားဟာ ဂ်ပန္ႏုိင္ငံကေန ဇြန္လ ၁၆ ရက္ေန႔က ထြက္ခြာလာၿပီး ဗီယက္နမ္ႏုိင္ငံ Hon Gai ဆိပ္ကမ္းကုိ ဇြန္လ ၂၃ ရက္ေန႔မွာ ဆုိက္ေရာက္လာတဲ့ လုိင္ေဘးရီးယား မွတ္ပုံတင္ IPANEMA သေဘၤာက ၀န္ထမ္းျဖစ္တယ္လုိ႔ ဆုိပါတယ္။ သူ႔ကုိ ဇူလုိင္လ ၆ ရက္ေန႔အထိ Quarantine လုပ္ထားၿပီးတဲ့ေနာက္မွာ ဟုိတယ္ကုိ ေျပာင္းထားခဲ့တယ္လုိ႔ ဆုိပါတယ္။
ဇူလုိင္လ ၉ ရက္ေန႔မွာ ျပဳလုပ္တဲ့ စမ္းသပ္မႈအတြင္း ကုိဗစ္ ျဖစ္ေနတယ္ဆုိတဲ့ ေရာဂါလကၡဏာ မျပခဲ့ဘူးလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ ဒုတိယအႀကိမ္ စမ္းသပ္မႈျပဳလုပ္ၿပီးတဲ့ေနာက္ ဇူလုိင္လ ၂၃ ရက္ေန႔မွာ ေရာဂါျဖစ္ေနတယ္ဆုိတဲ့ အေျဖထြက္လာခဲ့တာပါ။ သူ႔ကုိ အပူပုိင္းေဒသ အေထြေထြေရာဂါကု အထူးေဆးရုံ အမွတ္ (၂) မွာ ကုသမႈေပးေနတယ္လုိ႔ ဆုိပါတယ္။
ၿပီးခဲ့တဲ့ ဇူလုိင္လ ၁၉ ရက္ေန႔ကလည္း ဒီသေဘၤာေပၚကဘဲ ျမန္မာသေဘၤာသားတဦးမွာ ကုိဗစ္ ကူးစက္ေနတာကုိ စမ္းသပ္ ေတြ႔ရွိခဲ့ေၾကာင္း ဗီယက္နမ္ က်န္းမာေရးတာ၀န္ရွိသူေတြက ေျပာၾကားခဲ့တာေၾကာင့္ ဒီသေဘၤာ တခုထဲက ျမန္မာ၀န္ထမ္း ၂ ဦးမွာ ကုိဗစ္ ကူးစက္ေနတာကုိ စမ္းသပ္ ေတြ႔ရွိခဲ့တာပါ။
ဗီယက္နမ္ႏုိင္ငံမွာ ကုိဗစ္ကူးစက္သူ ၄၁၃ ဦးကုိ စမ္းသပ္ ေတြ႔ရွိခဲ့ၿပီး အဲဒီထဲက ၄၈ ဦးကုိ လက္ရွိ ကုသေပးေနဆဲလုိ႔ ဆုိပါတယ္။ အခုခ်ိန္ထိ ဗီယက္နမ္မွာ ကုိဗစ္ေၾကာင့္ ေသဆုံးသူ တဦးမွ မရွိေသးပါဘူး။
................
ဗီယက်နမ်မှာ ကိုဗစ်ဖြစ်နေတဲ့ မြန်မာသင်္ဘောသား နောက်တဦးတွေ့
(Unicode)
ဗီယက်နမ်နိုင်ငံကို ရောက်နေတဲ့ မြန်မာသင်္ဘောသားတဦးမှာ ကိုဗစ် ကူးစက်နေကြောင်း ဗီယက်နမ် အာဏာပိုင်တွေက သောကြာနေ့မှာ ပြောကြားလိုက်တာကြောင့် ဗီယက်နမ်ရဲ့ လူနာအမှတ် ၄၁၃ ဦးမြောက် ဖြစ်လာခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် အဲဒီသင်္ဘောသားဟာ ဂျပန်နိုင်ငံကနေ ဇွန်လ ၁၆ ရက်နေ့က ထွက်ခွာလာပြီး ဗီယက်နမ်နိုင်ငံ Hon Gai ဆိပ်ကမ်းကို ဇွန်လ ၂၃ ရက်နေ့မှာ ဆိုက်ရောက်လာတဲ့ လိုင်ဘေးရီးယား မှတ်ပုံတင် IPANEMA သင်္ဘောက ဝန်ထမ်းဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ကို ဇူလိုင်လ ၆ ရက်နေ့အထိ Quarantine လုပ်ထားပြီးတဲ့နောက်မှာ ဟိုတယ်ကို ပြောင်းထားခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ စမ်းသပ်မှုအတွင်း ကိုဗစ် ဖြစ်နေတယ်ဆိုတဲ့ ရောဂါလက္ခဏာ မပြခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ် စမ်းသပ်မှုပြုလုပ်ပြီးတဲ့နောက် ဇူလိုင်လ ၂၃ ရက်နေ့မှာ ရောဂါဖြစ်နေတယ်ဆိုတဲ့ အဖြေထွက်လာခဲ့တာပါ။ သူ့ကို အပူပိုင်းဒေသ အထွေထွေရောဂါကု အထူးဆေးရုံ အမှတ် (၂) မှာ ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ဒီသင်္ဘောပေါ်ကဘဲ မြန်မာသင်္ဘောသားတဦးမှာ ကိုဗစ် ကူးစက်နေတာကို စမ်းသပ် တွေ့ရှိခဲ့ကြောင်း ဗီယက်နမ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့တာကြောင့် ဒီသင်္ဘော တခုထဲက မြန်မာဝန်ထမ်း ၂ ဦးမှာ ကိုဗစ် ကူးစက်နေတာကို စမ်းသပ် တွေ့ရှိခဲ့တာပါ။
ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၄၁၃ ဦးကို စမ်းသပ် တွေ့ရှိခဲ့ပြီး အဲဒီထဲက ၄၈ ဦးကို လက်ရှိ ကုသပေးနေဆဲလို့ ဆိုပါတယ်။ အခုချိန်ထိ ဗီယက်နမ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တဦးမှ မရှိသေးပါဘူး။