သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလ လုံၿခံဳေရးေကာင္စီ ယာယီအဖြဲ႔၀င္ ႏုိင္ငံသစ္ေတြ ေရြးခ်ယ္


၂၀၂၀ ေဖေဖာ္၀ါရီ ၁၂ ရက္တုန္းက ကုလ လုံၿခံဳေရးေကာင္စီ က်င္းပစဥ္

(Zawgyi/Unicode)

ကုလသမဂၢ လုံျခဳံေရးေကာင္စီအျမဲတမ္း အဖြဲ႕ဝင္မဟုတ္တဲ့ အဖြဲ႕ဝင္ ေနရာအတြက္ ေရြးခ်ယ္ပြဲေတြကို ဗုဒၶဟူးေန႔က က်င္းပခဲ့ရာ မွာ အိႏၵိယ၊ အိုင္ယာလန္၊ မကၠဆီကိုနဲ႔ ေနာ္ေဝးနိုင္ငံတို႔ အေရြးခံခဲ့ရပါတယ္။

ဗုဒၶဟူးေန႔က ကုလသမဂၢ အေထြေထြညီလာခံရဲ့ မဲ အေရအတြက္ သုံးပုံ ႏွစ္ပုံ ျပတ္ျပတ္သားသား မရခဲ့ၾကတဲ့ ကင္ညာနဲ႔ Djibouti နိုင္ငံတို႔အတြက္ ဒုတိယအေက်ာ့ ေရြးခ်ယ္ပြဲကို ၾကာသပေတးေန႔မွာ ထပ္မံ ျပဳလုပ္ခဲ့ရာမွာေတာ့ အာဖရိကတိုက္ေနရာအတြက္ ကင္ညာ နိုင္ငံက ပြတ္ကာသီကာနဲ႔ အနိုင္ရခဲ့ပါတယ္။

ဗုဒၶဟူးေန႔က ေရြးခ်ယ္ပြဲမွာလည္း လစ္လပ္ေနတဲ့ ၂ ေနရာအတြက္ အိုင္ယာလန္နဲ႔ ေနာ္ေဝးတို႔က ကေနဒါနိုင္ငံနဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကရတာပါ။ အိႏၵိယနဲ႔ မကၠဆီကိုတို႔ကေတာ့ ၿပိဳင္ဘက္မရွိဘဲ ေရြးခ်ယ္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

အျမဲတမ္းအဖြဲ႕ဝင္မဟုတ္တဲ့ လုံျခဳံေရးေကာင္စီ အဖြဲ႕ဝင္ေနရာေတြကို ေဒသအုပ္စုအလိုက္ အလွည့္က် ေရြးခ်ယ္ၾကရတာျဖစ္ပါတယ္။ ရံဖန္ရံခါ ေဒသတြင္းမွာပဲ အဖြဲ႕ဝင္နိုင္ငံေလာင္းကို ကနဦး ေရြးခ်ယ္ထားၿပီး ျဖစ္လို႔ ၿပိဳင္ဘက္ မရွိဘဲ ေရြးခ်ယ္ခံတာလည္း ျဖစ္ပါတယ္။ ေရြးခ်ယ္ခံရတဲ့ အဖြဲ႕ဝင္သစ္ ၅ နိုင္ငံဟာ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔ကစၿပီး ၂ ႏွစ္သက္တမ္း တာဝန္ထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။ လက္ရွိ အျမဲတမ္း အဖြဲ႕ဝင္ မဟုတ္တဲ့ လုံျခဳံေရးေကာင္စီ အဖြဲ႕ဝင္နိုင္ငံေတြကေတာ့ Estonia ၊ Niger ၊ St. Vincent and the Grenadines ၊ Tunisia နဲ႔ Vietnam တို႔ျဖစ္ပါတယ္။ ကုလသမဂၢ လုံျခဳံေရးေကာင္စီမွာ အျမဲတမ္း အဖြဲ႕ဝင္ ၅ နိုင္ငံအပါအဝင္ စုစုေပါင္း ၁၅ နိုင္ငံရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ကုလ လုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင်နိုင်ငံသစ်တွေ ရွေးချယ်

(Unicode)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင်မဟုတ်တဲ့ အဖွဲ့ဝင် နေရာအတွက် ရွေးချယ်ပွဲတွေကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာ မှာ အိန္ဒိယ၊ အိုင်ယာလန်၊ မက္ကဆီကိုနဲ့ နော်ဝေးနိုင်ငံတို့ အရွေးခံခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မဲ အရေအတွက် သုံးပုံ နှစ်ပုံ ပြတ်ပြတ်သားသား မရခဲ့ကြတဲ့ ကင်ညာနဲ့ Djibouti နိုင်ငံတို့အတွက် ဒုတိယအကျော့ ရွေးချယ်ပွဲကို ကြာသပတေးနေ့မှာ ထပ်မံ ပြုလုပ်ခဲ့ရာမှာတော့ အာဖရိကတိုက်နေရာအတွက် ကင်ညာ နိုင်ငံက ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ရွေးချယ်ပွဲမှာလည်း လစ်လပ်နေတဲ့ ၂ နေရာအတွက် အိုင်ယာလန်နဲ့ နော်ဝေးတို့က ကနေဒါနိုင်ငံနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရတာပါ။ အိန္ဒိယနဲ့ မက္ကဆီကိုတို့ကတော့ ပြိုင်ဘက်မရှိဘဲ ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နေရာတွေကို ဒေသအုပ်စုအလိုက် အလှည့်ကျ ရွေးချယ်ကြရတာဖြစ်ပါတယ်။ ရံဖန်ရံခါ ဒေသတွင်းမှာပဲ အဖွဲ့ဝင်နိုင်ငံလောင်းကို ကနဦး ရွေးချယ်ထားပြီး ဖြစ်လို့ ပြိုင်ဘက် မရှိဘဲ ရွေးချယ်ခံတာလည်း ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ အဖွဲ့ဝင်သစ် ၅ နိုင်ငံဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ၂ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အမြဲတမ်း အဖွဲ့ဝင် မဟုတ်တဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကတော့ Estonia ၊ Niger ၊ St. Vincent and the Grenadines ၊ Tunisia နဲ့ Vietnam တို့ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံအပါအဝင် စုစုပေါင်း ၁၅ နိုင်ငံရှိပါတယ် ။

XS
SM
MD
LG